Oct 7, 2007

Unlocker & HashTab

Unlocker နဲ့ HashTab က Windows Users တွေအတွက် တကယ် အသုံးဝင်တဲ့ Tool နှစ်ခုပါ။ Unlocker က common user တွေ အတွက် နဲ့ HashTab ကတော့ advanced users တွေ အတွက်လို့ ပြောလို့ ရပါတယ်။

၁။ Unlocker



- ဖိုင်တစ်ဖိုင်ကို ဖျက်လို့မရ၊ ရွှေ့လို့မရ ဖြစ်ဖူးလား ?? အပေါ်ကပုံလိုမျိုးလေ ဖြစ်ဖူးတယ်ဆိုရင် Unlocker ဘယ်လောက်အသုံးဝင်လဲဆိုတာ သိနိုင်ပါတယ်။ Unlocker ကို install လုပ်လိုက် File or Folder က ဖျက်လို့ ရွှေ့လို့မရဖြစ်ရင် right click နှိပ်ပြီး Unlockerလို့ပေးလိုက်ရင် အောက်မှပြထားတဲ့ ပုံမှာလို file or folder ကို access လုပ်နေတဲ့ process ကို ပြနေပါတယ်။ Unlock All ကိုနှိပ်လိုက်ပြီး ကိုယ်ကြိုက်တာလုပ်လို့ရပါပြီ။ (Pen Drives တွေ Safely Remove လုပ်လို့မရတဲ့ အခါလည်း သုံးနိုင်ပါတယ်)



၂။ HashTab

- အင်တာနက်ပေါ်ကနေ File size ကြီးတာတွေကို အချိန်အကြာကြီး download လုပ်ပြီးဖွင့်ကြည့်တော့မှ File Corrupt ဖြစ်သွားလို့ install လုပ်ရင်း ရပ်သွားတာမျိုးက တော်တော်ကို စိတ်ပျက်စရာပါ။ အဲဒီတော့ Actual File ကို download လုပ်မိလား ဆိုတာ HashTab နဲ့စစ်လို့ရပါတယ်။File or Folder ကို Right Click>Properties>FileHashes ဆိုရင် MD5, SHA1 နဲ့ CRC-32 Hash သုံးခုထုတ် ပေးပါတယ်။ Original File ရဲ့ Hash Number ကို သက်ဆိုင်ရာ အကွက်မှာထည့်ပြီး Compare နှိပ်ပြီး စစ်လို့ ရပါတယ်။ အသုံးများတဲ့ Hash က MD5 နဲ့ SHA1 ပါ။ What is HASH?

>> Unlocker
>> HashTab