Oct 31, 2007

Blog post တွေကို Rating ပေးမယ်

ဒီနေ့ ကိုပီကေ ရဲ့ blog ကို အလည်သွားတော့ စိတ်ဝင်စားစရာလေးတစ်ခုကိုတွေ့တယ်။ သူ့ post တွေရဲ့ အောက်ဆုံးမှာ ကြယ်လေးတွေနဲ့ Rating System တွေထည့်ထားတာပါ။ ချက်ချင်းကိုပဲ ကိုပီကေ့ကို ဘယ်လိုလုပ်ထားလို့ မေးတော့ ဒီမှာ လုပ်လို့ရတယ်တဲ့။ Install လုပ်တာလဲကြော်ညာထားတဲ့ အတိုင်း ၂ မိနှစ်မကြာဘူး။ Sign Up လဲလုပ်စရာ မလိုပါဘူး။ Blogger Sidebar ထဲကို Wiget တစ်ခုအနေနဲ့ ၀င်လာပါတယ်။ Template တွေ တစ်ခုမှ ပြင်စရာမလိုပါဘူး နောက်ပြီး post အဟောင်းတွေမှာလဲ effective ဖြစ်တယ်။ တစ်ခုပဲ.. Add Page Element ဆိုတဲ့နေရာမှာတော့ Title ကို "Ratings by outbrain"ကိုဖျက်ပြီး ဘာမှမထည့်ပဲထားလိုက်ပါ။ (Page Elements ထဲရောက်မှ ၀င်ပြင်လဲရပါတယ်)။ Blogger အပြင် Typepad,WordPress နဲ့ Javascript version လဲရှိပါတယ်။

ဒါက နမူနာပုံပါ။ အစစ်က post အောက်ဆုံးမှာ


တစ်ဆက်ထဲပြောလိုက်ဦးမယ်။ ကျွန်တော့်ရဲ့ post တွေကို ကြိုက်တယ်ဆိုရင် ကျေးဇူးပြုပြီး Rating လုပ်ပေးကြပါ။ အချိန်ဘယ်လောက်မှ မကုန်ပါဘူး။ ဒါမှ နောက်လာလည်တဲ့ Readers တွေအတွက်ရော ကျွန်တော့်အတွက်ပါ အဆင်ပြေအောင်လို့ပါ။ ကျေးဇူးတင်ပါတယ်။

>> Out Brain

Credits goes to Ko PK for this very useful plugin.

Read More...

သရဲ

အမှန်အတိုင်း ၀န်ခံရရင်တော့ Halloween ကို သိပ်ပြီးမခံစားတတ်ဘူး။ ကျွန်တော်တို့ မြန်မာ့ဓလေ့ မဟုတ်လို့ပါ။ ဒါပေမယ့်လည်း နောက်ပိုင်းကတော့ ယဉ်ကျေးမှုတွေ ကူးစက်ကြတာလာတော့ ဟောလိုးဝင်းကလည်း ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်လာပဲ။ ကျွန်တော်အခုပြောချင်တာက အဲဒီအကြောင်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြုံဖူးတဲ့ အတွေ့အကြုံလေးပါ။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကိုတော့ ပြောပြခဲ့ဖူးပါတယ်။

ဖြစ်ပုံကဒီလို... ကျွန်တော် ဆယ်တန်းဖြေပြီးကာစ အချိန်ပေါ့.. Internet ကလည်း Unlimited ပေးနေတုန်းပဲဆိုတော့ ညဖက်ပိုင်းတွေမှာ အသည်းအသန်ကို သုံးတာပေါ့။ ညတိုင်းလိုလို ည ၁၂ ခွဲ ၁ နာရီ လောက်မှ အိပ်တာ (အခုတော့ ဒီထက်နောက်ကျတယ်.. :P)။ တစ်ရက်.. အင်တာနက်သုံးနေရင်း အိပ်ချင်လို့အိပ်မယ်လုပ်တော့ ည ၁၂ ခွဲကျော်နေပြီ။ ကွန်ပြူတာကိုပိတ် အိမ်အနောက်ဖက်က ရေချိုးခန်းမှာ မျက်နှာသစ် သွားတိုက်လုပ်တာပေါ့ ပြီးတော့ အိမ်ရှေ့ပိုင်းကိုပြန်လာတယ်.. ကျွန်တော်တို့ အိမ်က အိမ်ရှေ့နဲ့ အိမ်အနောက်ဖက်ကို ညဖက်ဆိုရင် တံခါးပိတ်ထားလေ့ရှိတော့ ကျွန်တော်ကိုယ်တိုင် သေချာကို အဲဒီတံခါးကို ပိတ်ထားခဲ့တယ်။ မီးအားမြှင့်စက်ကိုကျတော့ အိမ်ရှေ့အပြင်ဖက် ၀ရံတာမှာထားတော့ အပြင်ထွက်ပြီး မီးအားချတယ် ပြီးတော့ ဧည့်ခန်းထဲလဲ ပြန်ဝင်လာရော.... ခုနကလေးတင် ကျွန်တော်ပိတ်ခဲ့တဲ့ တံခါးက ပွင့်နေတယ်.. ဒါပေမယ့် မီးတွေကလဲ အားလုံးပိတ်ထားတော့ သိပ်မမြင်ရဘူး.. မျက်မှန်ကလည်း ချွတ်ထားတော့...ဒါနဲ့ သေချာအောင်လို့ အရှေ့နည်းနည်း တိုးပြီးကြည့်လိုက်တော့ တံခါးပွင့်နေတာ လုံးဝသေချာတဲ့အပြင် တံခါးနားမှာ ဖြူဖြူကြီးတစ်ခု လှုပ်နေတာ.. I was totally shocked! လုံးဝပဲ..ဆံပင်တွေပါထောင်တက်လာတယ်... ငါတော့ သရဲအခြောက်ခံရပြီဆိုပြီးတော့.. နှလုံးခုန်လည်း ချက်ချင်းကို မြန်တက်လာတယ်.. ဒါပေမယ့် ဘာလို့ လူက ဆက်ပြီး အရှေ့ကို တိုးနေလည်း မသိဘူး။ နောက်ထပ် ၃ လှမ်းလောက်လဲ လှမ်းမိရော ကျွန်တော်စကားပြောသံ တစ်ခုကို ပီပီသသ ကြားလိုက်ရတယ်......

“သား.. မအိပ်သေးဘူးလား” တဲ့... အောင်မလေး.. ကျွန်တော့် အမေဖြစ်နေတာကိုး.. :D အမေက ညဖက်ဝတ်တဲ့ ဂါဝန်အရှည်အဖြူရောင်ကြီး ၀တ်ပြီး ထလာတာ.... ဟားဟား..အဲဒီတော့မှပဲ ကျွန်တော်လဲ လန့်တာ ပျောက်သွားတော့တယ်...

Read More...

Oct 30, 2007

IE ကို ပိုကောင်းအောင် လုပ်ပေးတဲ့ IE Pro

IE Pro ဆိုတာ Internet Explorer အတွက် Addon တစ်ခုပါ။ Complete Addon လို့လဲပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ IE Pro မှာ Proxy Switch, AD Block, User Scripts, Spell Check, Inline Search, Crash Recovery, Plugins, Mouse Gustures စတဲ့ အမျိုးမျိုးသော Features တွေပါလို့ပါ။ IE 6 ရော 7 မှာ အလုပ်လုပ်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ Features တွေကတော့ Proxy Switch နဲ့ AD Block ပါပဲ။ Proxy Switch က Firefox Extension "Switch Proxy" လိုမျိုး အလုပ်လုပ်ပြီး AD Block ကတော့ Page တွေပေါ်က မလိုအပ်တဲ့ ကြော်ညာတွေကို ဖျောက်ထားပေးနိုင်တဲ့အတွက် မျက်စိနောက်သက်သာပြီး Page Load ပိုပြီးမြန်စေပါတယ်။ Install လုပ်ပြီးသွားတဲ့အခါမှာ IE ရဲ့ ညာဖက် အောက်နားလေးမှာ "e" ဆိုတဲ့ အစိမ်းရောင်လေး ပေါ်နေမှာပါ။ Right Click နှိပ်ပြီး လိုအပ်တဲ့ settings ကို ပြင်ပေးလို့ရပါတယ်။

Proxy List ကိုပြင်ချင်ရင်တော့ "e" ပေါ်မှာ right click နှိပ်ပြီး Proxy > Edit Proxy List.. ရွေးလိုက်ပါ။ proxy address နောက်မှာ port ကို : ခံပြီးထည့်ပေးရပါတယ် (ဥပမာ Bagan ရဲ့ 237 proxy ကို သုံးချင်ရင် 203.81.71.237:8080 လို့ထည့်ပေးရပါတယ်) ။ ပြီးရင်တော့ သုံးချင်တဲ့ proxy ကို ရွေးပေးထားလိုက်ရုံပါပဲ။



ဘာပဲပြောပြော ကျွန်တော်ကတော့ Firefox ပဲကြိုက်ပါတယ်။ Firefox ကပိုပြီးမြန်ပြီးပေါ့ပါတယ်။ IE Pro မှာ ရှိတဲ့ features တွေ အကုန်လုံးကိုလည်း Firefox Extensions တွေက လိုက်လုပ်နိုင်ပါတယ်(IE Pro လိုတော့ စုစုစည်းစည်းမဟုတ်ဘူးပေါ့)။ Firefox ရဲ့ Switch Proxy အကြောင်းကို ဖတ်ချင်ရင် ဒီမှာဖတ်ပါ။

> Download IE7 Pro
>> IE7 Pro Homepage

Read More...

Oct 29, 2007

Gtalk ကို အမြဲ idle လုပ်ထားချင်လား??

Google Talk မှာ Feature တစ်ခုပါတယ်လေ။ Keyboard နဲ့ Mouse ကို ၁၅ မိနစ် လှုပ်ရှားမှုမရှိရင် ကိုယ့်ရဲ့ Status ကို လိမ္မော်ရောင် အ၀ိုင်းလေးနဲ့ Idle ဆိုပြီးဖြစ်အောင်လုပ်ထားပေးတယ်။ Keyboard ဖြစ်ဖြစ် mouse ဖြစ်ဖြစ် ပြန်ပြီးလှုပ်လိုက်တာနဲ့ ကိုယ်လုပ်ထားတဲ့ Available or Busy ပြန်ဖြစ်သွားပါတယ်။ Google Talk မှာ Available or Busy Status ကိုကြိုက်သလိုပြောင်းလို့ ရပေမယ့် Idle ကိုတော့ ပြောင်းလို့မရပါဘူး။ Idle ကိုသာ ကြိုက်သလို ထိန်းထားခွင့်ရှိရင် ကိုယ်စကားမပြောချင်တဲ့သူတွေကို မရှိချင်ယောင်ဆောင်ပြီး လှည့်စားထားလို့ရတယ် :P ။

gAlwaysIdle ဆိုတဲ့ application သေးသေးလေးက idle status ကို ကြိုက်သလိုပြုပြင်လို့ရပါတယ်။ အမြဲပဲ idle ဖြစ်ချင်သလား normal ပဲထားမလား ဒါမှမဟုတ် လုံးဝကို idle မဖြစ်ချင်ဘူးပဲလား ဆိုတဲ့ options သုံးခုကို ရွေးလို့ရပါတယ်။ install လုပ်ရတာလဲ လွယ်ကူပြီးတော့ status ပြောင်းချင်ရင် System Tray ထဲက Google Talk Icon မှာ right click နှိပ်လိုက်ပြီး ရွေးရုံပါပဲ။



gAlwaysIdle က အခုအချိန်မှာတော့ Beta ပဲရှိနေသေးတဲ့အတွက် bug အနည်းငယ်ရှိနေပါတယ်။ အသိသာဆုံး bug ကတော့ status ကို idle ပြောင်းထားတုံး connection ကျနေရင် idle မဖြစ်သွားတာပါ။ နောက်ပြီး တစ်ခါတစ်လေ idle ဖြစ်အောင် ပြောင်းလို့မရတာပါ။ Connection ကောင်းတဲ့ အခါတွေမှာတော့ အဆင်ပြေပြေနဲ့ run နိုင်ပါတယ်။ ကဲ.. gAlwaysIdle နဲ့လူတွေကို လှည့်စားကြရအောင် ;)

>> Download gAlwaysIdle
>> gAlwaysIdle HomePage

Read More...

AVI, DIVX, SRT နဲ့ ရွာပတ်တဲ့ ကျွန်တော်

ကျွန်တော်ဘာလို့ ပျောက်နေလဲမှာ ရေးဖို့နည်းနည်းကျန်သွားတာနဲ့ ဒီမှာဆက်ရေးလိုက်တယ်။ ဒီ ၂ ရက်က ကျွန်တော် DVD တစ်ခုနဲ့ရွာပတ်နေတယ်။ ဖြစ်ပုံက ဒီလိုဗျ။ Harry Potter Order Of The Phoenix ကို crack site တစ်ခုကနေ DVD 9 Ripped Version ရလို့ဆိုပြီး ကျွန်တော်က ၂ ရက် (ညဖက်တွေမှာ) download ဆွဲလိုက်တယ်။ သူက ၂ ပိုင်း ပိုင်းပေးထားတာဗျ။ တစ်ပိုင်းကို ၇၀၀ မက်လောက်ရှိတယ်။ ဆွဲပြီးလို့ကြည့်လိုက်တော့ .AVI format နဲ့ ကွာလတီ တော်တော်ကောင်းတယ်ဗျ DVD 9 လေ။ ဒါပေမယ့် စာတမ်းထိုးမပါလို့ ထပ်ရှာတော့ .srt extension နဲ့ စာတန်းထိုးဖိုင် (subtitle only) ကိုတွေ့လို့ download ထပ်ဆွဲလိုက်တယ်။ ပြီးတော့ ရုပ်ရှင် ၂ ပိုင်းကို ဆက် ပြီးရင် စာတန်းထိုးထပ်ထည့်ဖို့လိုက်ကြည့်တော့ Divx MuzzWizz ဆိုတဲ့ application တစ်ခုတွေ့ပြီး စမ်းကြည့်တာ် movie က .divx extension ကိုပြောင်းသွားပြီး အောင်မြင်သွားတယ် ဒါနဲ့ ကွန်ပြူတာထဲမှာလည်း ကြည့်ပြီးရော DVD ခုတ်ချင်စိတ်ပေါ်လာတာနဲ့ Divx Player ထဲကနေ DVD burn လိုက်တာ ကိုရွှေ divx player က DVD Format မပြောင်းပဲ divx ဖိုင်လိုက်ကြီးအတိုင်း Data DVD ဖြစ်အောင် burn ပလိုက်ရော။

ကျွန်တော်လုပ်ချင်တာက ရုပ်ရှင်ကို DVD အချပ်ဖြစ်အောင်လုပ်ပြီး DVD စက်တွေနဲ့ ကြည့်လို့ရရမယ် နောက်ပြီး Subtitle ကိုလဲ အသေမဟုတ်ပဲ မလိုရင် ဖျောက်ထားလို့ရအောင် စမ်းလိုက်ရတာ software တွေစုံပြီး ပတ်ချာတွေ လည်သွားတယ်။ VirtualDUB, Subtitler, ffdshow, SRTtoSSA, SubtitleWorld, CucuSoft စုံလို့စုံလို့။ VirutalDUB ကျတော့လဲ သုံးရတာ ကောင်းတော့ ကောင်းပါတယ် ဒါပေမယ့် သူက subtitle ကို ရုပ်ရှင်ထဲမှာ အသေထည့်လိုက်တာ (VCD အတွက်ဆိုရင်အဆင်ပြေတယ်) နောက်ပြီး subtitle ထည့်လိုက်ရင် Video ကို compressပြန်လုပ်ပေးရတယ်။ အဲဒီ compress time ကလည်း အနည်းဆုံး ၁၀ နာရီကြာမယ်တဲ့ (ကျွန်တော့်စက်က Core2Duo 1.82Ghz FSB800Mhz 1GB DDR2 Ram ပါ) (ကျွန်တော်လုပ်တာလဲ တစ်ခုခုလိုသွားလို့ဖြစ်နိုင်တယ်)။ Cucusoft ကျတော့လည်း Subtitle ထည့်ပြီးသား Divx ဖိုင်ကို DVD လုပ်လို့ရပေမယ့် မသေချာပြန်ဘူး။

အခုတော့ ConvertXtoDVD ဆိုတဲ့ application တစ်ခုနဲ့ စမ်းကြည့်နေပြီ။ သူက .AVI ကို .srt subtitle ထည့်ပြီး dvd တစ်ခါထည်း burn လို့ရတယ်လို့ ရေးထားတယ်။ subtitle ကိုလည်း အရှင်ထားလို့ရတယ်ဆိုပဲ ညွှန်းတာ သိပ်ကောင်းလွန်းတာနဲ့ တစ်ခါထဲ crack ပါ ရှာလိုက်တယ် :P ။ ဒါတောင် ကံကောင်းလို့ဗျ။ ခုနက DVD တစ်ချပ်က အခွေ လိမ်နေတာ့ burn လဲ စရော.. အသံတွေမြည်လာပြီး စက်ပါရပ်သွားလို့ restart ချလိုက်တာ windows ပြန်မတက်တော့ဘူး ( သိပ်ကောင်းတယ်ဆိုတဲ့ Vista ပါ :P )။ အခုတော့ Burn နေတာ 61% ရောက်နေပြီ...

Read More...

ကျွန်တော်ဘာလို့ ပျောက်နေတာလဲ

ဒီရက်ပိုင်း ကျွန်တော် ဘလော့မရေးဖြစ်တာ ၃ ရက်လောက်ရှိသွားတယ်။ အဓိကကတော့ မအားလို့ပါဗျာ။ မအားလို့ရယ်။ ပင်ပန်းလို့ရယ် ပျင်းလို့ရတယ် အဲဒါသုံးခု ပေါင်းသွားတာ :P ဒါနဲ့ဆိုရင် ကျွန်တော် ဘလော့ရေးဖို့ပျင်းတာ ၂ ခါမြောက်ပဲ.. ဟိုတစ်လောကလည်း တစ်ခါဖြစ်တယ်။ ၂ ရက်လောက် ရပ်ထားပြီးတော့မှ ပြန်ရေးကြည့်ရင်း အရှိန်ပြန်ရသွားတာ။ အခုလဲ အဲဒီလိုဖြစ်လာလို့ မနည်းကို စိတ်ကိုပြန်ထိန်းပြီး ဒီပိုစ့်လေးကိုရေးလိုက်တာပါ။ ပထမဦးဆုံးပျင်းရတဲ့ အကြောင်း အရင်းကိုပြောပြမယ်။ သီတင်းကျွတ်လပြည့်နေ့ပေါ့။ ရုံးလဲပိတ်ရက်ဆိုတော့ ပျင်းပျင်းနဲ့ ဘာမှမလုပ်ပဲ အိမ်မှာ နားနေလိုက်တာ လုံးဝကို မှားသွားတယ်။ ဒါက ပျင်းတဲ့အကြောင်း :D ။ နောက်တစ်နေ့ (စနေ) ရုံးလဲပြန်ဖွင့်ရော လုပ်ရမယ့် အလုပ်တွေက တောင်လိုပုံသွားတယ်။ ဒီကြားထဲ စိတ်တိုစရာကိစ္စတွေက ပေါ်လာသေးတယ်။ လူကအလုပ် တွေများလို့ အချိန်လုပြီး အသည်းအသန်လုပ်နေပါတယ်ဆိုမှ အဲဒီမဖြစ်သင့်တဲ့ ကိစ္စတစ်ခုကိုလုပ်လိုက်တာ အလုပ်ချိန် တွေပါသွားတယ်။( အဲဒီစိတ်တိုစရာ အကြောင်းကိုလဲ ရေးသင့်ရင်ရေးရမယ် )။ အဲဒီနေ့က အလုပ်ပိသွားတာ ညနေ ၇ နာရီထိုးမှ အလုပ်ပြီးတယ်။ တစ်ကိုယ်လုံးလဲ ကိုက်ခဲနေတာပဲ။ သူများကို အကူအညီတောင်းရင် ရပေမယ့် ကိုယ့်အလုပ်ကို ကိုယ့်ဟာကိုပဲလုပ်ချင်လို့။

ဒါနဲ့ စနေညက ဘလော့ရေးမယ့် အစီအစဉ်လဲ ပျက်သွားတယ်။ ဒီနေ့ ကျတော့လဲ ဘလော့ရေးဖို့ကို စိတ်ဘယ်လိုမှကို သွင်းလို့မရပဲ အပျင်းတစ်နေတာနဲ့ တစ်နေကုန်သွားတယ် :D ။ အပျင်းတစ်လိုက်တာ လပြည့်နေကလဲ ဘလော့မှာ မီးပုံးလေးတွေ တင်မလို့စီစဉ်ထားတာလဲ အကုန်ပျက်။ Blog ကလည်း အသစ်မရေးရင် သိသာတယ်။ လူအ၀င် hit count က သိသိသာသာကို ကျသွားတယ်။ မဖြစ်ချေဘူးဆိုပြီး အခုပြန်ရေးနေပါပြီဗျာ :) ။ (ဟိုက်.. ၃ ရက် မဟုတ်ဘူးဗျ...၄ ရက်တောင်)

Read More...

Oct 25, 2007

Warhead!

Click on below picture!


Read More...

Proxy တွေကို အလွယ်တကူ ပြောင်းလို့ရတဲ့ Switch Proxy


Switch Proxy က Firefox ရဲ့ အသုံးဝင်တဲ့ extension တစ်ခုပါ။ Proxy တွေအများကြီးကို ခဏခဏ ပြောင်းပြီးသုံးနေရတယ်ဆိုရင် ဒီ extension ကို သုံးဖို့သင့်ပါတယ်။ ဥပမာအားဖြင့် Bagan ရော MPT မှာပါ Proxy တွေအများကြီးရှိပါတယ်။ Bagan ရဲ့ proxy တွေကလဲ ခဏခဏ ဒေါင်းတတ်ပါတယ် ခဏခဏကို ပြောင်းသုံးရတယ်။ ဒါ့အပြင် YourFreedom နဲ့ UltraSurf လို bypass လုပ်တဲ့ application တွေကလဲ proxy ကို လိုက် ပြောင်းပေးရပါတယ်။ ပုံမှန်ဆိုရင်တော့ Firefox ထဲက Tools > Options > Advanced > Network > Setting ထဲဝင်ပြီး proxy ကို ပြောင်းပေးရပါတယ်။ Switch Proxy ကိုသုံးပြီးတော့ အလွယ်တကူ ပြောင်းလို့ရတာကို အောက်မှာ ဖတ်ကြည့်ပါ.. ;)

၁။ Switch Proxy ကို ဒီမှာ ၀င်ပြီး Install လုပ်ပါ။ (Install ပြီးရင် Firefox ကို restart ချရပါတယ်)
၂။ Firefox ပြန်တက်လာရင် Address Bar အောက်မှာ Switch Proxy Toolbar ပေါ်နေပါပြီ။
၃။ "Add" ကို ကလစ်နှိပ်ပါ။
၎။ Select Proxy Type မှာ "Standard" လို့ပဲရွေးပြီး "Next >>" ကိုနှိပ်ပါ။


၅။ Proxy Label ကိုအဆင်ပြေတဲ့နာမည်ပေးပြီးအောက်မှာ Proxy တွေကို ထည့်ပေးပါ။ (အဓိကက HTTP,SSL,FTP ပါ) ပြီးရင် OK နှိပ်ပါ။(ပုံက ultrasurf proxy ကိုဥပမာပြထားပါ)

၆။ ဒါဆိုရင် အောက်မှာပြထားတဲ့ပုံလိုမျိုး List ထဲမှာ Proxy တွေ ၀င်လာပါပြီ။ ကိုယ်သုံးချင်တဲ့ Proxy ကိုရွေးပြီး "Apply" ကိုနှိပ်လိုက်ရုံပါပဲ။

မှတ်ချက်။ Switch Proxy ရဲ့ bug ကြောင့် တစ်ခါတစ်လေ Firefox crash ဖြစ်ရင် Proxy တွေ အကုန်ပျောက်သွားတတ်ပါတယ်။ (ဒါပေမယ့် ဖြစ်ခဲပါတယ်)
IE မှာ Proxy အလွယ်တကူ ပြောင်းချင်ရင် ဒါကိုဖတ်ပါ။

Read More...

Oct 24, 2007

Your Freedom ထက်ပိုမြန်တဲ့ Ultra Surf

Your Freedom (YF) ကိုတော့ တော်တော်များများ သိကြပါတယ်။ Banned လုပ်ထားတဲ့ site တွေ port အပိတ်ခံရတဲ့ application တွေကို YF သုံးပြီး Firewall ကိုကျော်ထွက်လို့ရပါတယ်။ Your Freedom application က free ဆိုပေမယ့် limit တွေရှိပါတယ်။ Uplink/Downlink ကို 64Kbps သတ်မှတ်ထားတဲ့အတွက် connection speed 64kbps အောက်ပဲရှိတဲ့ Dialup Users တွေအတွက်ကတော့ အဆင်ပြေပေမယ့် BroadBand, ADSL လို connection မျိုးကတော့ 64kbps ကြောင့် ရသင့်တဲ့ connection မရပဲ အ၀ကျဉ်းတဲ့ ပုလင်းမှာ ဆို့နေသလိုနှေးသွားပါတယ်။ အဲဒီလို High Speed user တွေ bandwidth ကိုအပြည့်သုံးချင်ရင် YF Package ကို ပိုက်ဆံထပ်ပေးပြီးဝယ်လို့ရပါတယ်။ ဒါပေမယ့်လဲ ဒီကလူတွေကတော့ Online ၀ယ်ဖို့ဆိုတာအဆင်မပြေပါဘူး။ YF ကို run ဖို့ Java Runtime လဲရှိရပါတယ်။ YF Account ကိုလဲရှိရမယ်။ YF Installer ကလဲ 1Mb ပတ်ဝန်းကျင်မှာရှိပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော့်အသိ အစ်မကြီးတစ်ယောက်က Ultra Surf (US) ဆိုတဲ့ Tunnel Application ကို သုံးကြည့်ဖို့ပြောပြခဲ့တယ်။ ဒါနဲ့ စမ်းပြီး သုံးကြည့်တော့ US ကအဆင် တော်တော်ပြေပါတယ်။ အဓိက အားသာချက်ကတော့ Bandwidth limit မရှိတဲ့ Feature ပါပဲ။ နောက်တစ်ချက်က Config: လုပ်ရတာ ရှင်းလင်းလွယ်ကူပါတယ်။ Price က FREE ပါ။ သူ့မှာလဲ Limit တစ်ချို့တော့ရှိပါတယ်။ Socks မရတာပါ။ ဒါကလဲ Proxifier လို မျိုးသုံးပြီး socks ပြောင်းလို့ရတယ်။ (နောက်ပြီး socks ကဒီမှာ အသုံးနည်းပါတယ်၊) Website တွေကြည့်ရုံလောက်ပဲ ဆိုရင် US ကိုသုံးရတာကောင်းပါတယ်။ Connection ကောင်းတဲ့အချိန်မှာဆိုရင် US ခံထားရင်တောင် Download Speed က 40-50 kbps ပတ်ဝန်းကျင်ရပါတယ်။ Account ဖွင့်စရာမလိုပါ။ ဘာ Runtime မှမလိုတဲ့အပြင် installer လုပ်စရာလဲမလိုပါ။ File size ကို ကြားရင်ယုံစရာတောင်မရှိပါ ( 106kb ) ပဲရှိပါတယ်။

ဒီတော့ US ကို ဒီမှာ Download လိုက်ပါ။ Home Page ကတော့ ဒီမှာပါ။ Download လုပ်ပြီးလို့ ပထမဦးဆုံးအကြိမ် Run လိုက်ရင် အောက်မှပြထားတဲ့ proxy setting တက်လာပါတယ်။ Auto Detect Proxy နေရာမှာ Proxy address မှန်လားဆိုတာ ကြည့်လိုက်ပါ။ မှားနေရင် "Manual Proxy Setting" ကို ရွေးပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ Proxy ကိုထည့်ပေးပါ။ (Bagan user တွေအတွက် proxy တွေကို ဒီမှာ ကြည့်လို့ရပါတယ်။ MPT ဆိုရင်တော့ ကျွန်တော်ပုံမှာ ထည့်ထားတဲ့အတိုင်း ထည့်လိုက်ပါ။). OK ၂ ခါနှိပ်လိုက်ရင် US စပြီး Connect လုပ်ပါတော့မယ်။



ကွန်နက်ရှင် ချိတ်လို့ရသွားပြီ ဆိုရင် Speed Percentage နဲ့ အောက်မှာ အနီနဲ့ ခတ်ပြထားတဲ့နေရာမှာ "Successfully Connected" ဆိုပြီး ပေါ်လာပါမယ်။ ( ၂ ကြိမ်ဖြစ်တတ်ပါတယ်။ Connecting.. ပြန်ဖြစ်သွားတတ်တယ်ပြီးမှ "Successfully Connected" ဆိုတာပြန်ပေါ်လာတယ်။)



ဒါဆိုရင် US အပိုင်းကို ပြီးသွားပါပြီ။ Browser တွေရဲ့ proxy address မှာ localhost နဲ့ port ကို 9666 လို့ပြောင်းပေးလိုက်ရင် စပြီးသုံးလို့ရပါပြီ။ Proxy Address ကိုမပြောင်းတတ်ရင် အောက်မှပြထားပါတယ်။ Proxy တွေကို လွယ်လွယ်ကူကူပြောင်းလို့ရအောင် Firefox မှာ Switch Proxy ဆိုတဲ့ Extension ရှိပြီး IE မှာ IE Pro ဆိုတဲ့ Addon ရှိပါတယ်။(အဲဒီ ၂ ခုအကြောင်းလဲ ထပ်ရေးသွားပါမယ်) ရေးပြီးသွားပါပြီ။ Switch Proxy ကို ဒီမှာဖတ်ပြီး IE Pro ကို ဒီမှာဖတ်ပါ။

Firefox
Go to Tools > Options > Advanced > Network > Settings



IE
Go to Tools > Internet Options > Connections > Lan Settings (or Select Dialup Connection > Settings)



Google Talk
Go to Settings > Connections

Enjoy!!!

Notes: US ကို ဖွင့်လိုက်လို့ IE က auto တက်လာတာမလိုချင်ဘူးဆိုရင် setting ထဲက ပိတ်လို့ရပါတယ်။ ရွှေရောင် သော့ဂလောက်ကြီး ကိုဖျောက်ထားချင်ရင်လဲ setting ထဲမှာပဲပိတ်လို့ရပါတယ်။

Special Thanks to "Ma Thet Htar" for pointing this super cool application :)

>> Download Ultra Surf
> Visit Ultra Surf Website

Read More...

How to configure Executor

Executor ရဲ့ config တစ်ချို့ကို ပုံနဲ့အတူတင်ပေးလိုက်ပါတယ်။ Executor အကြောင်းဖတ်ပြီး download လုပ်ချင်ရင် ဒီကိုကြွပါ။



Application တစ်ခုကို Keyword နဲ့ shortcut ပေးချင်ရင်-

Windows Key နဲ့ Z ကိုတွဲနှိပ်ပါ။
Right Click on Executor ဒါမှမဟုတ် Ctrl + Alt + K နှိပ်ပါ။
"Find" ကိုနှိပ်ပြီး ကိုယ့်ထည့်ချင်တဲ့ Application ကိုရွေးပါ။
"Keywords" နေရာမှာ ကိုယ်အဆင်ပြေမယ့် နာမည်ကို ထည့်ပေးလိုက်ပါ (ဥပမာ၊ GoogleTalk ကိုထည့်ထားလျှင် gtalk လို့ပေးပါ။)
Apply ကိုနှိပ်ပါ။



Folder ကို keword နဲ့ shortcut ကို အလွယ်ဆုံးပေးချင်ရင်-

Windows Key + Z နှိပ်ပါ။
Right Click နှိပ်ပြီး Settings လို့ရွေး ဒါမှမဟုတ် Ctrl + S နှိပ်ပါ။
Settings Tab ကို သွားပြီး "Add to Windows 'Send to' Menu. ကို Check လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ် folder ကို right click လုပ်ပြီး send to မှာ executor လို့ရွေးလိုက်ပါ။ ပြီးရင် keyword ကို အဆင်ပြေသလိုပေးပြီး Apply ကိုနှိပ်လိုက်ရင်ရပါပြီ။




Windows Key + R နေရာမှာအစားထိုးချင်ရင် -
Settings ထဲက "Steal Win-R Hotkey from Windows" ကို check လုပ်ပေးလိုက်ပါ။

System Tray ထဲမှာ executor ကလာပြီး ရှုပ်နေတာမကြိုက်ရင် -
Setting ထဲက "Show Executor Icon in System Tray when Hidden" ကို uncheck လုပ်ပါ။

ထည့်ထားသမျှ keyword တွေကို export လုပ်ချင်ရင် -
Keyword tab အောက်က command list တစ်နေရာမှာ right click နှိပ်ပြီး "Export keywords.." ကိုရွေးပါ။

Read More...

Oct 23, 2007

Speed up your system by tweaking Kaspersky

အောက်မှာပြထားတဲ့ပုံအတိုင်း Kaspersky Antivirus 7 ရဲ့ Setting ကို ပြောင်းပေးလိုက်ရင် System ရဲ့ Resource သုံးတာ နည်းပြီး စက်က ပိုပြီးမြန်လာပါမယ်။ Kaspersky ရဲ့ Startup Scan ကို ပိတ်ချင်ရင် ဒီမှာ ဖတ်ပါ။

Read More...

Executor, Run Box Replacer

Executor က advanced users တွေ အတွက်လို့ပြောရင်ပိုပြီးမှန်မယ်။ Windows Run box (Windows Keys + R) ရဲ့ မစွမ်းဆောင်နိုင်တဲ့အချက်တွေ ဥပမာ folder တစ်ခုကို ဒါမှမဟုတ် EXE ဖိုင်တွေကို run က နေလွယ်လွယ်ကူကူ shortcut ပေးပြီးခေါ်လို့မရတာတွေကို Executor သုံးလိုက်ရင် မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေသွားမှာပါ။ History & Auto Complete Feature ပါတဲ့အတွက် "Co" လို့ရိုက်လိုက်တာနဲ့ Control Panel ဆိုတာပေါ်လာပါတယ်။ Executor မှာ ကျွန်တော် သဘောအကျဆုံးအချက်ကတော့ Fully Customize လုပ်လို့ရတာပါပဲ။ Parameter တွေ, Hot Keys တွေ, Skins,Sounds တွေကို Settings မှာ အလွယ်တကူလုပ်လို့ရပါတယ်။ System Resource လဲမစားပါဘူး။

နောက်တစ်ချက်ကတော့ Folder တွေကို ခေါ်လို့ရတာပါ။ အခုဆို ကျွန်တော်သုံးနေကြ Folder တွေကို mouse သုံးစရာမလိုတော့ပဲ Windows Key + Z (Executor's Default HotKey) ခေါ်ပြီး စာရိုက်ထည့်ပြီး အမြန် ဆုံးသွားလို့ရပါတယ်။ Folder ကို shortcut ပေးချင်ရင်တော့ Executor ရဲ့ setting ထဲက Keywords ဆိုတဲ့ tab အောက်ဆုံးမှာ(အောက်မှာပြထားတဲ့ ပုံအတိုင်း) box လေးထဲကို ဆွဲထည့်ပေးလိုက်ပါ။ အသေးစိတ်သိချင်ရင်ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။



>> Download Executor

Read More...

Oct 22, 2007

ဖိနပ်ပြန်ရပြီ :D

ဒီလ လဆန်းပိုင်းလောက်က ကံဆိုးချင်းများစွာနဲ့ကျွန်တော် ဆိုတဲ့ post ရဲ့အဆက်ပေါ့ဗျာ။ ဒီတစ်ခါတော့ ကံဆိုးတာမဟုတ်တော့ဘူး။ ပျောက်သွားတဲ့ဖိနပ်အတိုင်း ဆင်တူကို ဒီနေ့ပဲ ၀ယ်လိုက်တယ်။ ကဲသူခိုးရေ.. ဒီတစ်ခါတော့ ငါလဲမပျောက်အောင် ဂရုစိုက်မယ်.. မင်းလဲမခိုးနဲ့တော့.. ငါက အစွဲအလမ်းကြီးတော့ ပုံစံတူ ဖိနပ်ကို ပြန်လိုက်ရှာရရတာ ခက်တယ်ကွ ;)






Read More...

Oct 21, 2007

Bypass Banned sites with K Proxy!

Ctunnel, 3proxy, hidemyass, polysolve တစ်ခုမှမကောင်းဘူး :P Gmail ကိုဖွင့်ရင် Full Version (With Ajax) မတက်နိုင်ဘူး HTML version ပဲတက်တယ်။ စာတွေတော့ ပို့လို့ဖတ်လို့ရတယ် ဒါပေမယ့် Chat History ကြည့်လို့ မရပြန်ဘူး။ သူငယ်ချင်းတစ်ယောက်က ပြောပြတယ် Kproxy ကိုသုံးတဲ့ Gmail ကို full version ဖွင့်လို့ရတယ်တဲ့။ စမ်းကြည့်လိုက်တော့ ဟုတ်တယ်ဗျာ.. တကယ်ကို full version နဲ့တက်တယ်။ Yahoo Mail (Beta) လဲဖွင့်လို့ရတယ်။ (But Yahoo Mail will be really slow if you are on slow connection, Gmail is ok. That's why gmail is much better than Yahoo Mail)

Kproxy က တစ်ခြား bypass site တွေလိုမျိုး cgi script, php script နဲ့မဟုတ်ပဲ Java Servlet နဲ့ရေးထားတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ Kproxy က account ၀ယ်ခိုင်းတယ်။ Server Overload ဆိုတဲ့ Error လဲတက်တယ်။ ကျန်တဲ့အချိန်မှာတော့ အဆင်ပြေပါတယ်။

Kproxy ရဲ့ address တွေက ဒီမှာပါ။ (အများကြီးပဲ :D)

66.232.118.195, 66.232.118.237, 69.46.17.168, 193.164.132.164, 62.193.236.100, 193.37.152.79, 62.193.235.46, 62.193.226.74, 66.232.118.93, 62.193.236.96, 62.193.245.234, 66.232.117.243, 66.232.102.157, 62.193.249.41, 66.232.118.237

How to use:

လွယ်ပါတယ်။ 66.232.118.195 အဲဒါကို copy ကူးလိုက် ပြီးရင် browser address bar ထဲမှာထည့်ပြီး enter သာခေါက်လိုက်။ဒါပဲ :) ။ Kproxy ကိုပဲ IP တွေက အများကြီးရှိလို့ Comma တွေနဲ့ခံရေးထားတာ။ ကြိုက်တဲ့တစ်ခုကို ယူသုံးလို့ရတယ်။

Special Thanks to my friend "Piyo Piyo" for all those address. :)

Read More...

ညမထွက်ရအမိန့် ရပ်လိုက်ပြီ

ည ၁၁ နာရီမှ မနက် ၃ နာရီအထိ အမိန့်အား ရပ်စဲ၍ ယခင်အတိုင်း ညဖက် ပြန်ထွက်ခွင့်ပေးလိုက်ပြီဖြစ်သည်။

Read More...

Oct 20, 2007

Desktop Yoga for ကွန်ပြူတာဆက်တိုက်သုံးသူများအတွက်

ဒီမှာ ရေးထားသလို ကျွန်တော် ဘယ်ဖက် ပခုံးက နာနေတာ ကြာပါပြီ။ အဓိကကတော့ အထိုင်မမှန်တာပေါ့.. ကွန်ပြူတာရှေ့မှာ ပုံစံမမှန်ပဲ အကြာကြီးထိုင်နေတာများလာတော့ ဒဏ်ဖြစ်သွားတာပါ။ ဒါပေမယ့် အဲဒါကလဲ အမြဲမနာပြန်ဘူး ဒီရက်ပိုင်းမှ ပြန်ပြီးနာလာလို့ google ကြည့်တာ ဒီ website လေးကိုတွေ့တယ်။ ကျွန်တော်ထင်တယ် ကျွန်တော့်လိုပဲ ဖြစ်တဲ့သူတွေ များနေမယ်လို့။ ဒါကြောင့် share လုပ်ပေးလိုက်ပါတယ်။ Exercise ကို ပုံမှန်လုပ်သွားရင်တော့ သက်သာသွားမယ်လို့ထင်ပါတယ်။ ( မဖြစ်သေးတဲ့သူတွေလဲ သတိတော့ထားပါ။ ကျွန်တော်လဲ အရင်က Computer Journal မှာ Exercise တွေပါတုန်း ကိုယ်က ဘာမှမမဖြစ်လို့ မဖတ်ပဲထားလိုက်တာ။ အခုခံနေရပြီ )


>> Desktop Yoga - prevention and healing of RSI and Carpal tunnel syndrome - help your hurting hands

Read More...

Oct 19, 2007

Disable Startup Scan in Kaspersky

Kaspersky က Antivirus မှာ တကယ့်ထိပ်တန်းပါပဲ။ ကျွန်တော်အရင်က Norton သုံးခဲ့ပေမယ့် Kaspersky Antivirus 6 ကို တွေ့တဲ့အချိန်က စပြီး Norton ဖက်ကို ပြန်မလှည့်တော့ပါဘူး။ အခုဆိုရင် Kaspersky 7 ကို Windows Vista ပေါ်မှာ သုံးနေပါတယ်။ Kaspersky မှာ Auto Startup Scan ဆိုတဲ့ Feature တစ်ခုပါတယ်။ စက်ကို စပြီးဖွင့်ရင်ပဲဖြစ်ဖြစ် reboot ချလိုက်ရင်ပဲဖြစ်ဖြစ် စက်ပြန်တက်လာချင်းမှာ System Memory, Startup Objects နဲ့ Disk Boot Sectors တွေကို scan စစ်ပါတယ်။ Windows XP မှာ အဲဒါက ပြဿနာ မတက်ပေမယ့် Vista မှာ Startup Scan ကပြဿနာလာပေးပါတယ်။ Startup Scan က scan စစ်တာ မပြီးတော့ဘူးဖြစ်နေတဲ့ ပြဿနာပါ။ Kaspersky ထဲကိုဝင်ပြီး Stop ကိုနှိပ်လိုက်ရင်လဲ Stopping.. လို့ပဲပြပြီး မရပ်တော့ဘူး။ တစ်ခြား Application တွေလဲ နှေးသွားတယ်။ ဘယ်လိုမှ ရပ်လို့မရလို့ နောက်ဆုံး Hard Reset ချလိုက်ရတတ်ပါတယ်။ ဒီတော့ Startup Scan ကို အောက်မှာ ဖတ်ပြီး Disable လုပ်လို့ရတယ်။ (စက်အတက်လဲ ပိုပြီးမြန်သွားတာပေါ့)



Open Kaspersky Antivirus
Go to Settings
Select "Startup objects"
Uncheck "At application startup"
Drag the Security Level to lowest to get better startup performance.



Read More...

Oct 18, 2007

Blog Domain အပြောင်းအလဲတစ်ချို့

Blog Domain အသစ်တွေ ထည့်လုပ်ထားပါတယ်။ Bagan ရော MPT ပါ အဆင်ပြေအောင်လို့ လိုက်ပြီး လုပ်ရတဲ့ အတွက် နည်းနည်းတော့ အလုပ်ရှုပ်သွားတာပေါ့။ ကဲ အသစ်လုပ်လိုက်တဲ့ domain တွေကတော့

http://rapster88.blogspot.com
ဒါကတော့ အရင်အတိုင်းပါပဲ။ အဲဒီကိုဝင်လိုက်ရင် ပြောင်းသွားတာ တစ်ခုပဲရှိ တယ်။ http://blog.atomicdevelopment.net/ ကို redirect လုပ်သွားတာပါ။ MPT user တွေဝင် ကြည့်လို့ရမယ်။ နိုင်ငံခြား က user တွေလဲဝင်လို့ရမယ်။

http://blog.atomicdevelopment.net
ဒါက ကျွန်တော့်ရှိပြီးသား domain ကို "blog" ဆိုတဲ့ subdomain တစ်ခုထည့်ပြီး "C Name" ကို ပြောင်းလိုက်တာပါ။ ဒါလဲဘာမှ အပြောင်းလဲမရှိပါဘူး။ အပေါ်က rapster88.blogspot.com လို့ဝင်လဲရတယ် ဒီ http://blog.atomicdevelopment.net ကိုဝင်လဲရတယ်။ MPT ရော Bagan user တွေ bypass လုပ်စရာ မလိုပဲဝင်လို့ရပါတယ်။


http://www.rblog.tk
ဒါကတော့ Bagan user တွေအတွက် လုပ်ထားတာပါ။ အပေါ်က domain အရှည်ကြီးကို မမှတ်ချင်ရင် ဒါကိုမှတ်ထားလို့ရတယ်။ ဒါနဲ့ဝင်ရင် ပြောင်းသွားတာ တစ်ခုရှိတယ် ကျွန်တော့်ရဲ့ Favicon ပျောက်သွားတာပါ။ Favicon လုပ်နည်းကို ကျွန်တော်ရေးထားတဲ့ ဒီမှာ ဖတ်လို့ရသလို ကိုညီလင်းဆက် ရေးထားတဲ့ ဒီမှာ လဲဖတ်လို့ရပါတယ်။

Important Notes:
Bagan က user တွေ http://blog.atomicdevelopment.net နဲ့ www.rblog.tk ကိုဝင်ရင် post တွေထဲက image တွေကို မြင်ရမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က blog domain ကို ပဲပြောင်းလိုက်တဲ့အတွက် image တွေက blogger server ပေါ်မှာ ကျန်ခဲ့ပြီး သူတို့ရဲ့လင့်တွေမှာ blogger.com ပါနေလို့ bagan firewall က ပိတ်လိုက်တဲ့အတွက် မပေါ်လာတော့တာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ တဖြည်းဖြည်းချင်းဆီ image တွေကို ကျွန်တော့် ကိုယ်ပိုင် file server ပေါ်ကို ပြောင်းတင်ပေးသွားမှာပါ။ မပြောင်းခင် ကာလတွေမှာ image တွေကို ကြည့်ချင် တယ်ဆိုရင်တော့ ပုံအပေါ်မှာ right click နှိပ် "Copy Image Location" ကို ရွေးပြီး www.3proxy.com လိုမျိုး bypass site တွေကနေ တဆင့်ဝင်ပြီး ကြည့်လို့ရပါတယ်။


http://rapster88.blogspot.com
http://blog.atomicdevelopment.net
http://www.rblog.tk

Read More...

Downtime Expected

Blog Reader များကို ကြိုပြီး အသိပေးချင်တာက ဒီရက်ပိုင်းမှာ ကျွန်တော့် Blog (http://rapster88.blogspot.com) Offline ဖြစ်ရင်ဖြစ်သွားနိုင်တဲ့အကြောင်းပါ။ ဖြစ်ရင်လဲဖြစ်သွားပါမယ် မဖြစ်ရင်လဲမဖြစ်ပါဘူး မသေချာသေးလို့ပါ :D Blog domain ကို နည်းနည်းပါးပါး ကလိမလို့။ Test လုပ်မှာက testing လုပ်ဖို့ထားတဲ့ blog မှာလုပ်မှာပါ။ ဒါပေမယ့် အဆင်ပြေရင် ဒီဖက်ကို setting လာပြောင်းရင် offline ၁/၂ ရက်လောက် ဖြစ်သွားနိုင်လို့ပါ။

Read More...

LightBox installed

LightBox ဆိုတဲ့ Javascript တစ်ခုကို ကျွန်တော့် Blog မှ install လုပ်ထားလိုက်ပါပြီ။ ရည်ရွယ်ချက်ကတော့ ပုံလှလှလေးတွေ ရှုခင်းပုံတွေ လိုမျိုးကို presentation လှလှပပလေး ဖြစ်အောင်လို့ပါ။ အောက်က တစ်ခုကို click လုပ်ကြည့်လိုက်ပါ (page load တက်တာကိုတော့ ပြီးအောင်စောင့်ပေးပါ။ ဒါမှ script အလုပ်လုပ်မှာပါ)။ ဒီမှာ လဲတစ်ခုလုပ်ထားပါသေးတယ်။








LightBox ကို ဒီမှာ ရနိုင်ပါတယ်။

Read More...

Oct 17, 2007

Install မလုပ်ထားတဲ့ font တွေကို လွယ်လွယ်ကူကူကြည့်မယ် (သို့) Font အများကြီးကို အဆင်ပြေပြေကြည့်မယ်

ဟိုတစ်ရက်က ကျွန်တော် font design တစ်မျိုးလိုလို့ သူငယ်ချင်းတစ်ယောက်ဆီမှာ တောင်းလိုက်တာ font တော့ရတယ် font တွေက အများကြီးဖြစ်နေတယ်။ Font တစ်ခုချင်းဆီကို လိုက်ကြည့်ရတာ တော်တော်ကို ဒုက္ခရောက်တယ်။ Font ကိုဖွင့်ကြည့် မကြိုက်ရင် ပြန်ပိတ် နောက်တစ်ခုဖွင့် ပြန်ပိတ်နဲ့ အလုပ်တွေရှုပ်တယ် ဒါနဲ့ Internet ပေါ်မှာ အဆင်ပြေမယ့် နည်းလမ်းကို လိုက်ရှာကြည့်တော့ application တချို့တွေ့တယ် ဒါပေမယ့် သိပ်မကြိုက်ဘူး။ အဓိကဆိုးတာက Font ကို install လုပ်မှ ကြည့်လို့ရတာရယ် Free မဖြစ်တာရယ် Unicode Support မလုပ်တာရယ် နောက်ဆုံး တစ်ခုက install လုပ်ရမှာရယ်။ (ကျွန်တော်ထင်တယ်လေ ဒီလောက် simple ဖြစ်တာကို install လုပ်စရာမလိုတဲ့ portable ပဲဖြစ်သင့်တယ်လို့)

ဒါပေမယ့် နောက်ဆုံးမှာတော့ "dp4 Font Viewer" ဆိုတာကိုသွားတွေ့တယ်။ တော်တော်ကို သဘောကျသွားတယ် အပေါ်မှာ ကျွန်တော်လိုချင်တဲ့ Feature တွေနဲ့ တစ်ထပ်တည်းပဲ။ Free ဖြစ်တယ် Install လုပ်စရာမလိုဘူး Unicode ရတယ် နောက်ပြီး File size ကလဲ ချုံ့ထားရင် 63 Kb နဲ့ ဒီအတိုင်းဆိုရင် 119Kb ပဲရှိတယ်။ ကိုယ်ကြိုက်တဲ့ Folder ထဲက font တွေကို preview ကြည့်လို့ရတယ် ကြိုက်ရင် တစ်ခါတည်း install လို့ရတယ်။ Font တွေကို up/down key ကိုသုံးပြီး ရွှေ့ကြည့်လို့ရတယ်။




>> Download EXE
>> Download Zipped EXE

Read More...

Oct 15, 2007

Bigger Gmail Storage!!


October 23 ရက်ရောက်ရင် ကျွန်တော် တို့ရဲ့ Gmail Storage ကို 4Gb (4231 MB) အထိတိုးမြှင့်ပေးပါမယ်။ January 4, 2007 ရောက်ရင်တော့ တစ်နေ့ကို 3.3 MB နှုန်း (လက်ရှိ rate ရဲ့ 10 ဆ) နဲ့တိုးပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် 2008 ရောက်တဲ့အခါ Gmail Storage က 6 Gb ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ အခုလက်ရှိက 3GB (3246Mb) ပါ။ ဒါကိုမှ မလုံလောက်သေးဘူးဆိုတဲ့ user တွေအတွက်ကတော့ ဒီမှာ ထပ်ပြီး storage ကို ပိုဝယ်လို့ရပါတယ်။ ဈေးနှ်ုးတွေကတော့ 10 GB for $20/year, 40 GB for $75/year, 150 GB for $250/year and 400 GB for $500/year ပါ။ ပုံမှန်အသုံးပြုနေတဲ့ လူတွေအတွက်ကတော့ အခုပေးထားတဲ့ storage အတွက်လုံလောက် နေပါပြီ။

ဒါက လက်ရှိ ကျွန်တော့် account ရဲ့ usage ပါ။ ဒီ account ကို သုံးနေတာ ၂ နှစ်ရှိပါပြီ။



Source: Google System

Read More...

Oct 14, 2007

Blog အတွက် Domain အသစ်ယူရအောင်

Bagan က Blog ကို ban ထားတယ်။ Bypass လုပ်ဖို့အတွက်က Freedom or Ultra Surf ကိုသုံးလို့ရတယ်။ 3proxy.com , ctunnel.com လိုမျိုး bypass service တွေသုံးလို့ရတယ် ဒါပေမယ့် အဲဒီလို မလုပ်တတ်တဲ့ user တွေအတွက်ကြတော့ ကိုယ့် blog ကို ဘယ်လိုဝင်ကြည့်မလဲ?? 3proxy လိုမျိုး site တွေကနေ bypass လုပ်ပေးလိုက်တဲ့ link ကြတော့လဲ ရှည်ပြီး ရှုပ်လို့ မှတ်ဖို့မလွယ်ဘူး။ ဘယ်လိုလုပ်မလဲ ??? အောက်မှာ ဖတ်ပါ။ ;)

၁။ www.dot.tk မှာ free account တစ်ခုဖွင့်ပါ။ Page ရဲ့ ဘယ်ဖက်ခြမ်းမှာ "Add a new domain" ဆိုတာကို ၀င်ပြီး ကိုယ်လိုချင်တဲ့ domain ကိုယူ။ Free Domain ဆိုတာကို ရွေး။ Your Current Blog Address ကိုထည့်ရမယ့် နေရာကို ရောက်ရင် ခဏရပ်ထားပြီး အောက်က တဆင့်ကို ဆက်လုပ်ပါ။



၂။ www.3proxy.com ကိုသွား။ အဲဒီက box ထဲမှာ ကိုယ့် blog လိပ်စာကိုထည့် "Begin" ကို နှိပ်လိုက်ရင် bypass လုပ်ထားတဲ့ blog address ထွက်လာမယ်။ Browser ရဲ့ address bar ထဲက အဲဒီ bypass address အရှည်ကြီးကို ကူးပါ။



၃။ ကူးထားတဲ့ address ကို your current address နေရာမှာ paste လုပ်လိုက် ပြီး next နှိပ်လိုက်ပါ။ ဒါဆိုရင် အဓိက အချက်တွေပြီးသွားပြီ။

၎။ ကိုယ်ယူထားတဲ့ domain ဘေးမှာ Modify ကို နှိပ်လိုက်ပြီး Description နဲ့ Title Bar ကို ကိုယ့်အချက်အလက်တွေဖြည့်ပေးလိုက်ပါ။ (Tags for your Web Address ဆိုတာကို မဖြည့်ပါနဲ့။ )

၅။ Next နှိပ်လိုက်ပြီး ၁၀ မိနစ်လောက် စောင့်လိုက်ရင် ကိုယ့်ရဲ့ .tk domain အသက်ဝင်သွားပါပြီ။


မှတ်ချက်။ 3proxy က ကြော်ညာ အရမ်းကိုများလွန်းပါတယ်။ Cbox ထဲမှာပါ ကြော်ညာက ၀င်လိုက်တော့ စာရိုက်လို့မရတော့ပါ။ Script တွေလဲ အလုပ်မလုပ်ပါ။ ctunnel ကတော့ ကြော်ညာ နည်းပေမယ့် နှေးပါတယ်။ နောက်ပြီး ဆိုးတာက Hot Link မပေးပါဘူး (ရှာတွေသလောက်ထဲမှာက 3proxy တစ်ခုပဲ hot link ပေးတယ်)။ Hot Link မရရင် blog ကို တိုက်ရိုက်ဝင်လို့ရမှာမဟုတ်ပဲ bypass လုပ်တဲ့ site ကိုပဲ ရောက်သွားမှာပါ။ (ကျွန်တော်လဲ လိုက်ရှာနေပါတယ် အဆင်ပြေတာတွေ့ရင် ပြန်ပြောပါမယ်။ "nph proxy" လို့ Google မှာ ရှာလို့လဲရပါတယ်။

Read More...

New Domain For My Blog

အားလုံးသိကြတဲ့ အတိုင်း Blogspot ကို Bagan Teleport ကနေ လွန်ခဲ့တဲ့လက Ban လိုက်တဲ့အတွက် Blogger တွေ အကုန် ကွဲကုန်ကြတယ်။ Myanmar Teleport (MPT) connection မှာတော့ အချို့ blog တွေကိုပဲ ban ထားလို့ တော်တော်များများ ၀င်ကြည့်လို့ရပါသေးတယ်။ ဒါပေမယ့်လဲ မြန်မာပြည်က အသုံးများတာက Bagan Connection ဆိုတော့ Bypass လုပ်ရင်တော့ ရပေမယ့် ဒီထက်ပိုပြီး ၀င်ရတာ အဆင်ပြေအောင် ကျွန်တော် http://www.rblog.tk ဆိုတဲ့ Domain တစ်ခုလုပ်ထားလိုက်တယ်။ အဲဒါကို Bagan Connection နဲ့ဆိုရင် bypass လုပ်စရာမလို တော့အောင် ကျွန်တော်က bypass လုပ်ပေးထားတာလေ။

အဲဒီ domain ကနေ၀င်ရင် cbox အလုပ် မလုပ်နိုင်ပါဘူး နောက်ပြီး ကြော်ညာတွေ အရမ်းများတယ်။ ကြော်ညာ မပါပဲ bypass လုပ်ပေးနိုင်တဲ့ service အသစ်ထပ်တွေ့ရင်တော့ ပိုပြီး အဆင်ပြေ သွားမှာပါ။ ဒီအတိုင်း post တွေ ဖတ်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။


>> http://www.rblog.tk

Read More...

Download unlimited Rapdshare links without premium account!

Sorry, This service is no longer working!

Rapid Share မှာ premium account မရှိလို့ file တွေ download လုပ်လို့မရဘူးဖြစ်နေလား ?? IP တိုက်လို့ ကိုယ် download မလုပ်ပဲနဲ့ လုပ်တယ်လို့ဖြစ်နေလား?? Download လုပ်ရမယ့် file size က သေးသေးလေး..ဒါပေမယ့် ကိုယ့်အလှည့်ရောက်ဖို့ကို ၁ နာရီလောက်စောင့်ရလား?? စိတ်မပူပါနဲ့တော့..

ကျွန်တော့် blog ရဲ့အောက်ဆုံးကို ကြည့်လိုက်မယ်ဆိုရင် "RapidGrab" ဆိုတဲ့ Text Box တစ်ခုနဲ့ "Grab" ဆိုတဲ့ button တစ်ခုကို ထည့်ပေးထားတာတွေ့ရမှာပါ။



ဒေါင်းလုပ်လုပ်ရမယ့် rapid share link ကို ထည့်ပြီး "Grab" ကို နှိပ်လိုက်.. နောက် page တစ်ခုကိုရောက်သွားရင် "Captcha" ကိုထည့်လိုက်.. ဒါဆိုရင် download လုပ်ရမယ့် Link ထွက်လာမယ်.. ဒါကိုမှ FlashGet (v 1.7.1 is recommanded), Orbit, DownThemALL ,Download Accelerator Plus, Internet Download Manager စတဲ့ Download Manager တွေနဲ့ download ဆွဲလို့ရသွားမယ် (Resume တော့မရသေးဘူး)။ စမ်းကြည့်လိုက်ပါ အဆင်ပြေမှာပါ။

တစ်ကြိမ်မှာ တစ်ဖိုင်ထက်ပိုပြီး ဆွဲလို့တော့မရဘူး။ တစ်ခုပြီးမှ တစ်ခုဆိုရင်တော့ ကြိုက်သလောက် ဆွဲလို့ရတယ်။





Read More...

Someone D.O.S Me?

မနေ့ကညနေမှာ ကျွန်တော် Blog က hit count တွေ ၂၀၀ ကျော်ထိုးတက်သွားပါတယ်။ Connection ပုံမှန် ရနေတဲ့အချိန်မှာ တက်သွားတာက ဖြစ်နိုင်ပေမယ့် ဒီအချိန်မှာ တက်တာက ထူးခြားပါတယ်။ Hit Counter ကို မသေချာလို့ Google Analytics နဲ့ထပ်စစ်လိုက်တော့ ဟုတ်ပါတယ် Hit Count က ၂၀၀ ကို ကျော်ပြီး ၃၀၀ နားကပ်သွားတယ်။ ဖြစ်နိုင်ခြေတစ်ခုကတော့ ကျွန်တော့် Blog ကို Denial Of Service Attack လုပ်ခံရယ်လို့ ယူဆပါတယ်။(D.O.S အကြောင်းကို နောက် post တစ်ခုရေးပေးပါမယ်။)

အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော့် blog လေးကို လူဝင်နည်းနေသေးလို့ စိတ်ညစ်နေတာပါ။ အခုလို (DoS တကယ် လုပ်ခံရရင်) အလုပ်ခံရလို့ Hit count တွေ တက်သွားလို့ တော်တော်ကို စိတ်ချမ်းသာ သွားပါတယ်။ နောက်ပြီး ကျွန်တော်လုံးဝကို ဒီလောက် DoS ကို မမှုပါဘူး ဘာလို့လဲဆိုတော့ blogspot က Google server ပေါ်မှာ တင်ထားတာလေ။ DoS 300 လောက်ကိုတော့ Google Server တွေက သနားတယ်ပဲပြောရပါမယ်။

Read More...

Oct 13, 2007

သီတင်းကျွတ်တော့မည်

မိုးလေကင်းလွတ် သီတင်းကျွတ်တော့မည်။ အိမ်တွေမှာ မီးပုံးရောင်စုံ ကိုယ်စီနဲ့ ကြည်နူးဖွယ် လှပနေတော့မည်။ ကလေးငယ်များလည်း ညအမှောင် လရောင်အောက်မှာ အသံသေး အသံကြောင် ပြဲကြောင်ကြောင် အော်ကာ စွတ်ကမြင်းကြပေတော့မည်။ တားမြစ်ထားသော ဗျောက်အိုး မီးပန်း အစုံအလင်ကိုလည်း လမ်းဘေးမှာ ခပ်တည်တည် ရောင်းချနေကြသည်။ နေ့လည်ကြောင်တောင် ဖောက်ချင်ဖောက်နေကြသည်။ တိုက်ပေါ်မှ နေပြီး အတွဲလိုက် အောက်ကို ပစ်ချရမည်။ လူကြီး မိဘများကိုလည်း ကန်တော့ကာ လက်ဝါး ဖြန့်၍ အေးဓါးပြ တိုက်ရပေဦးမည်။ ထိုသို့ ထိုသို့ ပျော်စရာ များ ရှိသလို... ၀မ်းနည်းစရာလဲရှိနေလေသည်.. အခြားမဟုတ်.. အမောင်မုတ်သုံ ပြန်ဆုတ်သွားလျှင် ငါတို့တတွေ အမှောင် ထဲမှာ အလှည့်ကျ ထိုင်ရနေပေဦးတော့မည် မဟုတ်ပါတကား?? ၀မ်းနည်းစရာပေတည်း။

Read More...

Oct 12, 2007

Bagan Teleport ရဲ့ Proxy တွေ

Bagan Teleport ကနေ internet connection ယူထားတဲ့သူတွေ နောက်ပိုင်းမှာ connection speed တွေ မြန်လာတာကို သတိထားမိမှာပါ။ Bandwidth တွေ ထပ်တိုးဝယ်လို့ မြန်တယ်လို့လဲ တစ်ချို့က ပြောကြတယ်။ ဒါပေမယ့် Bagan ရဲ့ Proxy တွေက အရမ်းကြီး stable မဖြစ်ပါဘူး။ တစ်ခါတစ်ခါ down သွားတတ်တဲ့ အတွက် နောက်တစ်ခုကို ပြောင်းပြီး သုံးလို့ ရပါတယ်။ Bagan မှာ အသုံးများတဲ့ proxy တွေကတော့ "203.81.71.234, 203.81.71.237, 203.81.71.238 နဲ့ 203.81.71.80" တို့ပဲဖြစ်ပါတယ်။ ဒါဆိုကျန်တဲ့ proxy တွေကို ဘယ်လို ရှာမလဲ ?? အောက်မှာ ဖတ်ပါ ;) ။

Press Windows Key + R (or choose start>run)
type "cmd" then press enter
type "nslookup cache.bagan.net.mm" then press enter

Enjoy!!


Read More...

စွန့်လွှတ်လိုက်ပြီ

စွန်လွှတ်တာ မဟုတ်ပါ။ စွန့်လွှတ်လိုက်တာပါ။ ကျွန်တော်ဖက်က တာဝန်ကျေခဲ့တဲ့ အတွက် ကျွန်တော် လိပ်ပြာသန့်တယ်။ ဒီခေတ်ကြီးမှာ ကျွန်တော့်အဖြစ်က ငပိန်းကောင် လို့အပြော ခံရင်လဲ ခံရနိုင်ပေမယ့် ကျွန်တော် လုပ်ခဲ့တာတွေ အားလုံးကို ကျွန်တော်ကျေနပ်တယ်။ ၁၀၀% တာဝန်ကျေတယ်။ အခုတော့ ကျွန်တော့်ကို ကျွန်တော် ချစ်သင့် ပြီလို့ ယူဆလိုက်တဲ့အတွက် စွန့်လွှတ်လိုက်ပါပြီ။ အကြွေစေ့လေး ကို ဟိုဖက်ဒီဖက် လှန်လိုက်သလို ပဲပေါ့။ (တစ်ဖက်မှာတော့ အနာတွေ ကျန်ရင် ကျန်ခဲ့မယ်လေ)။

Read More...

Oct 11, 2007

Foxmarks

Foxmarks က Firefox addon ပါ။ Bookmarks တွေကို foxmarks server ပေါ်မှာ account ဖွင့်ပြီး backup (sync) လုပ်လို့ရတဲ့ အတွက် ကိုယ့်ရဲ့ Bookmarks တွေကိုbackup မလုပ်မိပဲ firefox ကို re-install လုပ်မိတာ Windows ကို အသစ်ပြန်တင်လိုက်လို့ bookmarks တွေ ပျောက်သွားတာ မဖြစ်တော့ပါဘူး။ နောက်ထပ် သဘောကျ စရာ တစ်ခုက ကိုယ့် bookmarks တွေကို ကြိုက်တဲ့ စက်ကနေ foxmarks extension မသွင်းထားလဲ ၀င်ကြည့်ပြီး အသစ်ထည့်တာ ဖျက်တာနဲ့ ပြုပြင်တာတွေ လုပ်လို့ရတာပါ။ Backup (Sync) အတွက်ကလဲ foxmarks ကို သွင်းပြီး ကိုယ့်ရဲ့ account ကိုထည့်ထားလိုက်တာနဲ့ အမြဲ sync လုပ်ပေးနေမှာပါ။ သုံးသင့်တဲ့ Addon တစ်ခုပါပဲ။

Foxmarks


Read More...

Internet Explorer Crash



အဲဒီ html code ပါတဲ့ page တွေကို Internet Browser နဲ့ (6,7, or may be comming 8) နဲ့ဖွင့်မိတာနဲ့ IE crash ဖြစ်သွားနိုင်ပါတယ်။ IE 6 မှာ crash ဖြစ်တာကို မပြောလို ပေမယ့် IE 7 မှာဖြစ်တာကို တော့ သိပ်ပြီး သဘောမကျပါဘူး။ အင်းပေါ့လေ.. ဒါကြောင့်လဲ Firefox က ပိုပြီး အသုံးများ ကြတာ။


စာကြွင်း။ အဲဒီ html code ကို မြန်မာပြည်က blog တစ်ခုက တွေ့တာပါ။ address မမှတ်မိတော့လို့ credit မပေးနိုင် တာခွင့်လွှတ်ပါ။ ဖတ်မိလို့ သိတဲ့သူတွေရှိရင် comment မှာဝင်ရေး ပေးပါ။ ကျွန်တော် ချက်ချင်း credit ပေးပါမယ်။

Read More...

Oct 10, 2007

Google Talk written In Pure Javascript

Google Talk က Official Version ၃ ခုရှိပါတယ်။ ၁) Google Talk Client ၂) Google Talk Gadet နဲ့ ၃) Google Talk Web (gmail) version ပါ။ ဒါကတော့ Zhou Renjian ဆိုတဲ့ Shanghai တရုတ်ပြည်က Programmer က Google Talk Client ကို Java နဲ့ ရေးပြီးတော့ Javascript version ဖြစ်အောင် servlet နဲ့ convert လုပ်ထားတာပါ။ Beta stage ပဲရှိသေးတဲ့ အတွက် လက်တွေ့ သုံးဖို့ အတွက်ကတော့ အဆင်မပြေနိုင်ပါဘူး။ Testing လုပ်ဖို့ကတော့ စိတ်ဝင်စားစရာပါ။

ကျွန်တော် စမ်းကြည့်သလောက် တွေ့ရတဲ့ bug က

- Chat window ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် chat conversation တွေ အကုန်ပြန်ပြောက်သွားပါတယ်။
- IE မှာ တော်တော်ကို နှေးပါတယ် ( Zhou ကလဲ Firefox or Opera သုံးဖို့ တိုက်တွန်းထားတယ်။)
- Call, File Transfer တွေက အလုပ်မလုပ်ပါ။

OpenSource ဖြစ်တဲ့ အတွက် source code ပေးထားပါတယ်။ အသေးစိတ်သိချင်ရင် ဒီမှာ ၀င်ကြည့်လိုက်ပါ။ MSN Live Messenger on Google Talk Client လဲရှိပါတယ်။


Read More...

ကံဆိုးချင်းများစွာနဲ့ ကျွန်တော်

ကံမကောင်းတာလား ကံဆိုးတာလား နှစ်ခုစလုံးပဲ ဆိုပါတော့ဗျာ ဖြစ်ပုံက မနေ့ညကပေါ့ အဲဒီက စတယ် အဖေ့ အသိ တစ်ယောက်က သူ့ Nokia အဟောင်းကြီးထဲကနေ Contacts တွေကို backup လုပ်ပေးဖို့ အကူအညီ တောင်းတာနဲ့ လုပ်ပေးတယ် ဘာစပြီး ဖြစ်လဲဆိုတော့ handset က SIM Card မပါပဲနဲ့ ဘာ function မှ ခေါ်လို့မရဘူး ဒါနဲ့ အိမ်က SIM Card နဲ့ပဲ ထည့်ပြီး power on လိုက်တယ် ရသွားတယ် ဒါပေမယ့် နောက်တစ်မျိုးထပ်တွေ့တယ် Cable မပါလာဘူး တော်သေးတယ် သူ့ Laptop က BlueTooth ပါတယ် အဲဒါနဲ့ အဆင်ပြေသလို ပြန်ဖြစ်သွားပြန်ရော။ မကြာပါဘူးဗျာ software တွေ အကုန်သွင်း backup လုပ်ဖို့ Key Pair လုပ်လဲ ပြီးရော စပြီး ဖောက်ပါလေရော ဘာလဲသိလား Backup လုပ်နေရင်းနဲ့ တ၀က်ရောက်ရင် Connection to phone lost ဆိုပြီး လစ်သွားရော အမျိုးမျိုး ကြိုးစားတယ် အဆင်မပြေဘူး စိတ်ပျက်ပြီး လက်လျှော့လိုက်တယ် အိမ်က cable နဲ့လဲအဆင်မပြေဘူး။ နောက်ခဏနေ တော့ internet ရသွားတယ် ရသွားတော့ အလုပ်တွေလုပ်ရော ပြီးလဲပြီးရော ထင်ထားတဲ့ ပြသနာတွေ တက်ပါ လေရောဗျာ အဲဒါနဲ့ ည ၂ နာရီကျော်သွားတယ်။ အိပ်တော့လဲ တော်တော်နဲ့ အိပ်မရဘူး ခေါင်းတွေ ကိုက်လာလို့ စိတ်ကိုငြိမ်အောင် ထိန်းပြီး အိပ်မှ အိပ်ပျော်သွားတယ်။ မနက်နိုးတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ အိမ်ကလူတွေက သူ့ဟာသူ လှုပ်ရှားနေကြ သလိုပဲလို့ စိတ်ထဲ တစ်မျိုးဖြစ်လာလို့ နာရီကို လှမ်းကြည့်လိုက်တော.. လာလား.. ၈ နာရီတောင် ခွဲနေပြီ လာမနိုးကြဘူး အိပ်ယာထဲက အလူးအလဲထ လာတော့ ဘာလုပ်မလို့လဲတဲ့ဗျာ အမေက မေးတယ် ရုံးတက်မယ်လေ အမေရဲ့ ဆိုတော့မှ တက်မလို့လားတဲ့။ ဖြစ်ချင်တော့ မနေ့ ကျွန်တော်က နေမကောင်းလို့ ရုံးမတက်ဘူးလေ။ ထလဲထလိုက်ရော ခေါင်းက ဘယ်ဖက်ကိုလှည့်လိုမရဘူး..ဒါနဲ့ ကမန်းကတန်း ရေချိုး အ၀တ်အစား လဲ ပြီး Taxi နဲ့ပြေးတာတောင် ၁၀ နာရီမတ်တင်းမှ ရုံးရောက်တယ်။

ဒီလိုနဲ့ ရုံးရောက်တော့ စိတ်ထဲမှာ လေးနေတယ်။ internet က မရလို့ ရုံးက စက်တစ်လုံးထိုင်ပြင်တော့လဲ ရွာပတ်နေတယ်။ Board ကဖြစ်သလိုလို Graphic Card က ကြောင်သလိုလိုနဲ့။ နေ့လည်ရောက်တော့ အောက်ခဏ ဆင်းမယ်လဲလုပ်ရော သေရောဗျာ.... ဖိနပ်မရှိတော့ဘူး... တော်တော်ကို စိတ်လေသွားတယ်။ စီးတာမှ အလွန်ဆုံးရှိ ၄ လပေါ့။ ဖိနပ်စင်ကို အပြင်ထုတ်ထားတာ ၃ ရက်မြောက်မှာ ကျွန်တော် ထီပေါက်သွားတာပဲ။ Schole အနီလေးဗျာ... သွားရော.. နေဦး ဒီထက်စိတ်ညစ် စရာပြောပြမယ်။ ဒီတော့ ဖိနပ်အသစ်သွားဝယ်တာ ၄ ဆိုင်သာ ကုန်သွားတယ် လိုချင်တဲ့ အရောင်နဲ့ Size မရဘူး။ ၇ ပဲရှိတယ်တဲ့.. ကျွန်တော်က ၈ စီးတာ။ အဲဒီမှာကျမှ ခိုးသွားတဲ့ကောင်ကို တော်တော်ကို ကျိန်ဆဲပစ်လိုက်တယ်(အစက စိတ်ထဲမှာ လှူတယ်လို့ပဲ မှတ်လိုက်တာ)။ Boss က သူစီးနေတဲ့ ဖိနပ် အဟောင်းလေး စီးသွားတဲ့။ ကံက အဲဒါတောင် ဆိုးသေးတယ် အဲဒီယူစီးလာတဲ့ ဖိနပ်က သံထွက်လာပြီး ခြေချောင်းကို လာစူးသေးတယ်။ ကဲ ကျွန်တော်ဘာဖြစ်နေလဲ ပြောကြပါဦးဗျာ....(ဒါတောင် ကြားထဲမှာ မရေးပဲချန်ခဲ့တာတွေရှိသေး)

Read More...

Oct 7, 2007

Beijing Olympic 2008

ဟိုတစ်နေ့က ရုံးက server ထဲကို ၀င်ပြီး မွှေကြည့်တာ အောက်က EXE နဲ့ animation ဖိုင်လေးတစ်ဖိုင် ထွက်လာတယ် ကြည့်လိုက်တော့ တော်တော်ကို ရီရတယ် တိုက်တိုက်ဆိုင်ဆိုင်ပဲ သူကလဲ Olympic အကြောင်းကိုလုပ်ထားတာ ဖြစ်လို့ (ဘယ်တုန်းကတည်းက လုပ်ထားတာလဲတော့မသိ) Beijing Olympic ကို ဂုဏ်ပြုတဲ့ အနေနဲ့ Share လုပ်ပေးလိုက်။ မြန်မာပြည်က ၀င်ပြိုင်မယ့် ကစားသမားတွေလဲ အောင်မြင်ပါစေ။

ps. File does not contains any virus.I've check with Kaspersky Internet Security 7. Kill me if contains any virus :P.

>> Olympic.exe

Read More...

Unlocker & HashTab

Unlocker နဲ့ HashTab က Windows Users တွေအတွက် တကယ် အသုံးဝင်တဲ့ Tool နှစ်ခုပါ။ Unlocker က common user တွေ အတွက် နဲ့ HashTab ကတော့ advanced users တွေ အတွက်လို့ ပြောလို့ ရပါတယ်။

၁။ Unlocker



- ဖိုင်တစ်ဖိုင်ကို ဖျက်လို့မရ၊ ရွှေ့လို့မရ ဖြစ်ဖူးလား ?? အပေါ်ကပုံလိုမျိုးလေ ဖြစ်ဖူးတယ်ဆိုရင် Unlocker ဘယ်လောက်အသုံးဝင်လဲဆိုတာ သိနိုင်ပါတယ်။ Unlocker ကို install လုပ်လိုက် File or Folder က ဖျက်လို့ ရွှေ့လို့မရဖြစ်ရင် right click နှိပ်ပြီး Unlockerလို့ပေးလိုက်ရင် အောက်မှပြထားတဲ့ ပုံမှာလို file or folder ကို access လုပ်နေတဲ့ process ကို ပြနေပါတယ်။ Unlock All ကိုနှိပ်လိုက်ပြီး ကိုယ်ကြိုက်တာလုပ်လို့ရပါပြီ။ (Pen Drives တွေ Safely Remove လုပ်လို့မရတဲ့ အခါလည်း သုံးနိုင်ပါတယ်)



၂။ HashTab

- အင်တာနက်ပေါ်ကနေ File size ကြီးတာတွေကို အချိန်အကြာကြီး download လုပ်ပြီးဖွင့်ကြည့်တော့မှ File Corrupt ဖြစ်သွားလို့ install လုပ်ရင်း ရပ်သွားတာမျိုးက တော်တော်ကို စိတ်ပျက်စရာပါ။ အဲဒီတော့ Actual File ကို download လုပ်မိလား ဆိုတာ HashTab နဲ့စစ်လို့ရပါတယ်။File or Folder ကို Right Click>Properties>FileHashes ဆိုရင် MD5, SHA1 နဲ့ CRC-32 Hash သုံးခုထုတ် ပေးပါတယ်။ Original File ရဲ့ Hash Number ကို သက်ဆိုင်ရာ အကွက်မှာထည့်ပြီး Compare နှိပ်ပြီး စစ်လို့ ရပါတယ်။ အသုံးများတဲ့ Hash က MD5 နဲ့ SHA1 ပါ။ What is HASH?

>> Unlocker
>> HashTab

Read More...

Security အားနည်းတဲ့ X-Chat

YangonCity.Com ရဲ့ Chat Room ဖြစ်တဲ့ X-Chat ဟာ Security အားနည်းနေပါတယ်။ Text Input နေရာက နေ HTML Elements တွေထည့်လို့ ရတဲ့ အတွက် Cross Site Scripting လိုမျိုး Attack လုပ်ခံရ နိုင်ပါတယ်။ အောက်ကပုံမှာ ကျွန်တော် "p" tag နဲ့ လက်ဆော့ထားတဲ့ပုံပါ :P ။ ကျွန်တော် Yangon City ကို ဆက်သွယ်ပြီး ဒီအကြောင်းကိုပြောဖို့ လုပ်ပေမယ့် ၀မ်းနည်းစရာက Yangon City ရဲ့ Contact Page က မရှိတော့ ပါဘူး။


Read More...

Oct 5, 2007

Ring tones for y'all ;)

အင်တာနက်ကမရ ရုံးကလဲမတက်ရနဲ့ ပျင်းနေလို့ အပျင်းပြေ Ring Tones လေးတွေ လုပ်ပြီးတင်လိုက်တယ်။နာမည်ကြီး သီချင်းတော်တော်များများကနေ Ring လုပ်လို့ ကောင်းမယ်ထင်တဲ့ အပိုင်းတွေကို ဖြတ်ပြီး MP3 Format နဲ့တင်လိုက် ပါတယ်။ Nero Wave Editor ကို သုံးပြီးလုပ်ထားတာပါ။

သတိပြုရန်။ ကျွန်တော်လုပ်ထားတဲ့ Ring Tone တွေကို ကြိုက်သလိုသုံးလို့ရပါတယ်။ သူငယ်ချင်းတွေနဲ့ Share လုပ်ချင်
လုပ် မကြိုက်လို့ထပ်ပြီး ပြင်ချင်ပြင်လို့ရတယ် ဒါပေမယ့် အခကြေးငွေနဲ့ ရောင်းမစားပါနဲ့။


How to save or download them?

Firefox> Right Click on the link, select "save link as", choose your desire location, press save.
Internet Explorer> Right Click on the link, select "save target as", choose your desire location, press save.

Cuppy Cake Song
Donald Duck Singing
ဒွေး - အဖြေမရှိမေးခွန်း
ရသ - ကိစ္စမရှိပါဘူး ၂
Please Tell Me Why - Korean Song
Justin Timberlake - Sexy Back
ရဲလေး၊ Rebecca Win - ဆုံးဖြတ်ချက်
ရသ၊ Jenny - တစ်ခါတုံးက
စိုင်းစိုင်း၊ မို့မို့ - ၀မ်းနည်းမှတ်တမ်း
Fort Minor - Where'd You Go

89 Special
ဒါကတော့ 89 ဆိုတဲ့ အဖွဲ့ရဲ့ Unreleased Sample Song တစ်ပုဒ်ဖြစ်တဲ့ Go Gangsta ဆိုတာကို ဖြတ်ပြီး Ring Tone လုပ်ထားတာပါ။

Warning: Contains Explicit Content
Go Gangsta Chorus
Go Gangsta Verse1

Read More...

Back to Online

ဂရက်တိတိ အင်တာနက် အဖြတ်ခံ ရပြီးမှာတော့ Internet Connection ပြန်ရပြီလို့ ယူဆရပါတယ်။
ကျွန်တော် Blog ဆက်ရေးပါမယ်။

Read More...