Oct 29, 2007

ကျွန်တော်ဘာလို့ ပျောက်နေတာလဲ

ဒီရက်ပိုင်း ကျွန်တော် ဘလော့မရေးဖြစ်တာ ၃ ရက်လောက်ရှိသွားတယ်။ အဓိကကတော့ မအားလို့ပါဗျာ။ မအားလို့ရယ်။ ပင်ပန်းလို့ရယ် ပျင်းလို့ရတယ် အဲဒါသုံးခု ပေါင်းသွားတာ :P ဒါနဲ့ဆိုရင် ကျွန်တော် ဘလော့ရေးဖို့ပျင်းတာ ၂ ခါမြောက်ပဲ.. ဟိုတစ်လောကလည်း တစ်ခါဖြစ်တယ်။ ၂ ရက်လောက် ရပ်ထားပြီးတော့မှ ပြန်ရေးကြည့်ရင်း အရှိန်ပြန်ရသွားတာ။ အခုလဲ အဲဒီလိုဖြစ်လာလို့ မနည်းကို စိတ်ကိုပြန်ထိန်းပြီး ဒီပိုစ့်လေးကိုရေးလိုက်တာပါ။ ပထမဦးဆုံးပျင်းရတဲ့ အကြောင်း အရင်းကိုပြောပြမယ်။ သီတင်းကျွတ်လပြည့်နေ့ပေါ့။ ရုံးလဲပိတ်ရက်ဆိုတော့ ပျင်းပျင်းနဲ့ ဘာမှမလုပ်ပဲ အိမ်မှာ နားနေလိုက်တာ လုံးဝကို မှားသွားတယ်။ ဒါက ပျင်းတဲ့အကြောင်း :D ။ နောက်တစ်နေ့ (စနေ) ရုံးလဲပြန်ဖွင့်ရော လုပ်ရမယ့် အလုပ်တွေက တောင်လိုပုံသွားတယ်။ ဒီကြားထဲ စိတ်တိုစရာကိစ္စတွေက ပေါ်လာသေးတယ်။ လူကအလုပ် တွေများလို့ အချိန်လုပြီး အသည်းအသန်လုပ်နေပါတယ်ဆိုမှ အဲဒီမဖြစ်သင့်တဲ့ ကိစ္စတစ်ခုကိုလုပ်လိုက်တာ အလုပ်ချိန် တွေပါသွားတယ်။( အဲဒီစိတ်တိုစရာ အကြောင်းကိုလဲ ရေးသင့်ရင်ရေးရမယ် )။ အဲဒီနေ့က အလုပ်ပိသွားတာ ညနေ ၇ နာရီထိုးမှ အလုပ်ပြီးတယ်။ တစ်ကိုယ်လုံးလဲ ကိုက်ခဲနေတာပဲ။ သူများကို အကူအညီတောင်းရင် ရပေမယ့် ကိုယ့်အလုပ်ကို ကိုယ့်ဟာကိုပဲလုပ်ချင်လို့။

ဒါနဲ့ စနေညက ဘလော့ရေးမယ့် အစီအစဉ်လဲ ပျက်သွားတယ်။ ဒီနေ့ ကျတော့လဲ ဘလော့ရေးဖို့ကို စိတ်ဘယ်လိုမှကို သွင်းလို့မရပဲ အပျင်းတစ်နေတာနဲ့ တစ်နေကုန်သွားတယ် :D ။ အပျင်းတစ်လိုက်တာ လပြည့်နေကလဲ ဘလော့မှာ မီးပုံးလေးတွေ တင်မလို့စီစဉ်ထားတာလဲ အကုန်ပျက်။ Blog ကလည်း အသစ်မရေးရင် သိသာတယ်။ လူအ၀င် hit count က သိသိသာသာကို ကျသွားတယ်။ မဖြစ်ချေဘူးဆိုပြီး အခုပြန်ရေးနေပါပြီဗျာ :) ။ (ဟိုက်.. ၃ ရက် မဟုတ်ဘူးဗျ...၄ ရက်တောင်)