Oct 29, 2007

AVI, DIVX, SRT နဲ့ ရွာပတ်တဲ့ ကျွန်တော်

ကျွန်တော်ဘာလို့ ပျောက်နေလဲမှာ ရေးဖို့နည်းနည်းကျန်သွားတာနဲ့ ဒီမှာဆက်ရေးလိုက်တယ်။ ဒီ ၂ ရက်က ကျွန်တော် DVD တစ်ခုနဲ့ရွာပတ်နေတယ်။ ဖြစ်ပုံက ဒီလိုဗျ။ Harry Potter Order Of The Phoenix ကို crack site တစ်ခုကနေ DVD 9 Ripped Version ရလို့ဆိုပြီး ကျွန်တော်က ၂ ရက် (ညဖက်တွေမှာ) download ဆွဲလိုက်တယ်။ သူက ၂ ပိုင်း ပိုင်းပေးထားတာဗျ။ တစ်ပိုင်းကို ၇၀၀ မက်လောက်ရှိတယ်။ ဆွဲပြီးလို့ကြည့်လိုက်တော့ .AVI format နဲ့ ကွာလတီ တော်တော်ကောင်းတယ်ဗျ DVD 9 လေ။ ဒါပေမယ့် စာတမ်းထိုးမပါလို့ ထပ်ရှာတော့ .srt extension နဲ့ စာတန်းထိုးဖိုင် (subtitle only) ကိုတွေ့လို့ download ထပ်ဆွဲလိုက်တယ်။ ပြီးတော့ ရုပ်ရှင် ၂ ပိုင်းကို ဆက် ပြီးရင် စာတန်းထိုးထပ်ထည့်ဖို့လိုက်ကြည့်တော့ Divx MuzzWizz ဆိုတဲ့ application တစ်ခုတွေ့ပြီး စမ်းကြည့်တာ် movie က .divx extension ကိုပြောင်းသွားပြီး အောင်မြင်သွားတယ် ဒါနဲ့ ကွန်ပြူတာထဲမှာလည်း ကြည့်ပြီးရော DVD ခုတ်ချင်စိတ်ပေါ်လာတာနဲ့ Divx Player ထဲကနေ DVD burn လိုက်တာ ကိုရွှေ divx player က DVD Format မပြောင်းပဲ divx ဖိုင်လိုက်ကြီးအတိုင်း Data DVD ဖြစ်အောင် burn ပလိုက်ရော။

ကျွန်တော်လုပ်ချင်တာက ရုပ်ရှင်ကို DVD အချပ်ဖြစ်အောင်လုပ်ပြီး DVD စက်တွေနဲ့ ကြည့်လို့ရရမယ် နောက်ပြီး Subtitle ကိုလဲ အသေမဟုတ်ပဲ မလိုရင် ဖျောက်ထားလို့ရအောင် စမ်းလိုက်ရတာ software တွေစုံပြီး ပတ်ချာတွေ လည်သွားတယ်။ VirtualDUB, Subtitler, ffdshow, SRTtoSSA, SubtitleWorld, CucuSoft စုံလို့စုံလို့။ VirutalDUB ကျတော့လဲ သုံးရတာ ကောင်းတော့ ကောင်းပါတယ် ဒါပေမယ့် သူက subtitle ကို ရုပ်ရှင်ထဲမှာ အသေထည့်လိုက်တာ (VCD အတွက်ဆိုရင်အဆင်ပြေတယ်) နောက်ပြီး subtitle ထည့်လိုက်ရင် Video ကို compressပြန်လုပ်ပေးရတယ်။ အဲဒီ compress time ကလည်း အနည်းဆုံး ၁၀ နာရီကြာမယ်တဲ့ (ကျွန်တော့်စက်က Core2Duo 1.82Ghz FSB800Mhz 1GB DDR2 Ram ပါ) (ကျွန်တော်လုပ်တာလဲ တစ်ခုခုလိုသွားလို့ဖြစ်နိုင်တယ်)။ Cucusoft ကျတော့လည်း Subtitle ထည့်ပြီးသား Divx ဖိုင်ကို DVD လုပ်လို့ရပေမယ့် မသေချာပြန်ဘူး။

အခုတော့ ConvertXtoDVD ဆိုတဲ့ application တစ်ခုနဲ့ စမ်းကြည့်နေပြီ။ သူက .AVI ကို .srt subtitle ထည့်ပြီး dvd တစ်ခါထည်း burn လို့ရတယ်လို့ ရေးထားတယ်။ subtitle ကိုလည်း အရှင်ထားလို့ရတယ်ဆိုပဲ ညွှန်းတာ သိပ်ကောင်းလွန်းတာနဲ့ တစ်ခါထဲ crack ပါ ရှာလိုက်တယ် :P ။ ဒါတောင် ကံကောင်းလို့ဗျ။ ခုနက DVD တစ်ချပ်က အခွေ လိမ်နေတာ့ burn လဲ စရော.. အသံတွေမြည်လာပြီး စက်ပါရပ်သွားလို့ restart ချလိုက်တာ windows ပြန်မတက်တော့ဘူး ( သိပ်ကောင်းတယ်ဆိုတဲ့ Vista ပါ :P )။ အခုတော့ Burn နေတာ 61% ရောက်နေပြီ...