Oct 31, 2007

Blog post တွေကို Rating ပေးမယ်

ဒီနေ့ ကိုပီကေ ရဲ့ blog ကို အလည်သွားတော့ စိတ်ဝင်စားစရာလေးတစ်ခုကိုတွေ့တယ်။ သူ့ post တွေရဲ့ အောက်ဆုံးမှာ ကြယ်လေးတွေနဲ့ Rating System တွေထည့်ထားတာပါ။ ချက်ချင်းကိုပဲ ကိုပီကေ့ကို ဘယ်လိုလုပ်ထားလို့ မေးတော့ ဒီမှာ လုပ်လို့ရတယ်တဲ့။ Install လုပ်တာလဲကြော်ညာထားတဲ့ အတိုင်း ၂ မိနှစ်မကြာဘူး။ Sign Up လဲလုပ်စရာ မလိုပါဘူး။ Blogger Sidebar ထဲကို Wiget တစ်ခုအနေနဲ့ ၀င်လာပါတယ်။ Template တွေ တစ်ခုမှ ပြင်စရာမလိုပါဘူး နောက်ပြီး post အဟောင်းတွေမှာလဲ effective ဖြစ်တယ်။ တစ်ခုပဲ.. Add Page Element ဆိုတဲ့နေရာမှာတော့ Title ကို "Ratings by outbrain"ကိုဖျက်ပြီး ဘာမှမထည့်ပဲထားလိုက်ပါ။ (Page Elements ထဲရောက်မှ ၀င်ပြင်လဲရပါတယ်)။ Blogger အပြင် Typepad,WordPress နဲ့ Javascript version လဲရှိပါတယ်။

ဒါက နမူနာပုံပါ။ အစစ်က post အောက်ဆုံးမှာ


တစ်ဆက်ထဲပြောလိုက်ဦးမယ်။ ကျွန်တော့်ရဲ့ post တွေကို ကြိုက်တယ်ဆိုရင် ကျေးဇူးပြုပြီး Rating လုပ်ပေးကြပါ။ အချိန်ဘယ်လောက်မှ မကုန်ပါဘူး။ ဒါမှ နောက်လာလည်တဲ့ Readers တွေအတွက်ရော ကျွန်တော့်အတွက်ပါ အဆင်ပြေအောင်လို့ပါ။ ကျေးဇူးတင်ပါတယ်။

>> Out Brain

Credits goes to Ko PK for this very useful plugin.