Oct 10, 2007

ကံဆိုးချင်းများစွာနဲ့ ကျွန်တော်

ကံမကောင်းတာလား ကံဆိုးတာလား နှစ်ခုစလုံးပဲ ဆိုပါတော့ဗျာ ဖြစ်ပုံက မနေ့ညကပေါ့ အဲဒီက စတယ် အဖေ့ အသိ တစ်ယောက်က သူ့ Nokia အဟောင်းကြီးထဲကနေ Contacts တွေကို backup လုပ်ပေးဖို့ အကူအညီ တောင်းတာနဲ့ လုပ်ပေးတယ် ဘာစပြီး ဖြစ်လဲဆိုတော့ handset က SIM Card မပါပဲနဲ့ ဘာ function မှ ခေါ်လို့မရဘူး ဒါနဲ့ အိမ်က SIM Card နဲ့ပဲ ထည့်ပြီး power on လိုက်တယ် ရသွားတယ် ဒါပေမယ့် နောက်တစ်မျိုးထပ်တွေ့တယ် Cable မပါလာဘူး တော်သေးတယ် သူ့ Laptop က BlueTooth ပါတယ် အဲဒါနဲ့ အဆင်ပြေသလို ပြန်ဖြစ်သွားပြန်ရော။ မကြာပါဘူးဗျာ software တွေ အကုန်သွင်း backup လုပ်ဖို့ Key Pair လုပ်လဲ ပြီးရော စပြီး ဖောက်ပါလေရော ဘာလဲသိလား Backup လုပ်နေရင်းနဲ့ တ၀က်ရောက်ရင် Connection to phone lost ဆိုပြီး လစ်သွားရော အမျိုးမျိုး ကြိုးစားတယ် အဆင်မပြေဘူး စိတ်ပျက်ပြီး လက်လျှော့လိုက်တယ် အိမ်က cable နဲ့လဲအဆင်မပြေဘူး။ နောက်ခဏနေ တော့ internet ရသွားတယ် ရသွားတော့ အလုပ်တွေလုပ်ရော ပြီးလဲပြီးရော ထင်ထားတဲ့ ပြသနာတွေ တက်ပါ လေရောဗျာ အဲဒါနဲ့ ည ၂ နာရီကျော်သွားတယ်။ အိပ်တော့လဲ တော်တော်နဲ့ အိပ်မရဘူး ခေါင်းတွေ ကိုက်လာလို့ စိတ်ကိုငြိမ်အောင် ထိန်းပြီး အိပ်မှ အိပ်ပျော်သွားတယ်။ မနက်နိုးတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ အိမ်ကလူတွေက သူ့ဟာသူ လှုပ်ရှားနေကြ သလိုပဲလို့ စိတ်ထဲ တစ်မျိုးဖြစ်လာလို့ နာရီကို လှမ်းကြည့်လိုက်တော.. လာလား.. ၈ နာရီတောင် ခွဲနေပြီ လာမနိုးကြဘူး အိပ်ယာထဲက အလူးအလဲထ လာတော့ ဘာလုပ်မလို့လဲတဲ့ဗျာ အမေက မေးတယ် ရုံးတက်မယ်လေ အမေရဲ့ ဆိုတော့မှ တက်မလို့လားတဲ့။ ဖြစ်ချင်တော့ မနေ့ ကျွန်တော်က နေမကောင်းလို့ ရုံးမတက်ဘူးလေ။ ထလဲထလိုက်ရော ခေါင်းက ဘယ်ဖက်ကိုလှည့်လိုမရဘူး..ဒါနဲ့ ကမန်းကတန်း ရေချိုး အ၀တ်အစား လဲ ပြီး Taxi နဲ့ပြေးတာတောင် ၁၀ နာရီမတ်တင်းမှ ရုံးရောက်တယ်။

ဒီလိုနဲ့ ရုံးရောက်တော့ စိတ်ထဲမှာ လေးနေတယ်။ internet က မရလို့ ရုံးက စက်တစ်လုံးထိုင်ပြင်တော့လဲ ရွာပတ်နေတယ်။ Board ကဖြစ်သလိုလို Graphic Card က ကြောင်သလိုလိုနဲ့။ နေ့လည်ရောက်တော့ အောက်ခဏ ဆင်းမယ်လဲလုပ်ရော သေရောဗျာ.... ဖိနပ်မရှိတော့ဘူး... တော်တော်ကို စိတ်လေသွားတယ်။ စီးတာမှ အလွန်ဆုံးရှိ ၄ လပေါ့။ ဖိနပ်စင်ကို အပြင်ထုတ်ထားတာ ၃ ရက်မြောက်မှာ ကျွန်တော် ထီပေါက်သွားတာပဲ။ Schole အနီလေးဗျာ... သွားရော.. နေဦး ဒီထက်စိတ်ညစ် စရာပြောပြမယ်။ ဒီတော့ ဖိနပ်အသစ်သွားဝယ်တာ ၄ ဆိုင်သာ ကုန်သွားတယ် လိုချင်တဲ့ အရောင်နဲ့ Size မရဘူး။ ၇ ပဲရှိတယ်တဲ့.. ကျွန်တော်က ၈ စီးတာ။ အဲဒီမှာကျမှ ခိုးသွားတဲ့ကောင်ကို တော်တော်ကို ကျိန်ဆဲပစ်လိုက်တယ်(အစက စိတ်ထဲမှာ လှူတယ်လို့ပဲ မှတ်လိုက်တာ)။ Boss က သူစီးနေတဲ့ ဖိနပ် အဟောင်းလေး စီးသွားတဲ့။ ကံက အဲဒါတောင် ဆိုးသေးတယ် အဲဒီယူစီးလာတဲ့ ဖိနပ်က သံထွက်လာပြီး ခြေချောင်းကို လာစူးသေးတယ်။ ကဲ ကျွန်တော်ဘာဖြစ်နေလဲ ပြောကြပါဦးဗျာ....(ဒါတောင် ကြားထဲမှာ မရေးပဲချန်ခဲ့တာတွေရှိသေး)