Dec 31, 2007

Happy New Year!!!

နှစ်ဟောင်းကို စွန့်ပြီး နှစ်သစ်ကို ၀င်တဲ့အခါမယမှာ R Blog..! ကို လာရောက်ကြသူအပေါင်းနှင့် သင်တို့၏မိဘများ ဆွေမျိုးများ သူငယ်ချင်းများ နီးစပ်ရာ အားလုံးသောသူများ ကိုယ်စိတ်ချမ်းသာချင်းနဲ့ ပြည့်ဝပြီး ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်ထည်းကျပါစေလို့ ကျွန်တော် Rapster88 မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

New Year အတွက် E Card လေးကိုတော့ ဒီမှာ ၀င်ပြီး Enjoy လိုက်ပါခင်ဗျာ :)

Read More...

Dec 29, 2007

About Life is beautiful.ppt virus

ကျွန်တော်တို့ရဲ့ mail box တွေထဲကို ခဏခဏ ၀င်လာတတ်တဲ့စာပါ။ Mail attachment ထဲမှာ Life is beautiful.ppt ဆိုတဲ့ powerpoint file ပါလာရင် မဖွင့်ဖို့၊ အဲဒီဖိုင်က ဖျက်အားပြင်းပြီး Mail account ကိုပါ ခိုးယူနိုင်တယ်လို့ ရေးပြီး သတိပေးတဲ့စာပေါ့။ ဒီက ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာတောင် တစ်ခါက ပါလာလိုက်ပါသေးတယ်။


အဲဒီစာကို မြင်ရတာ များလာပေမယ့် တစ်ခါမှ မကြုံဖူးတော့ မယုံလို့ Google မှာ ရှာကြည့်တော့မှ အဲဒီ virus က Hoax ဖြစ်နေမှန်းသိရပါတယ်။ Hoax ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်လဲဆိုတော့ ကောလဟာလပေမယ့် ယုံကြည် သွား လောက်အောင် ပြုလုပ်ထားလို့ တကယ်အစစ်လို့ ထင်ယောက်ထင်မှားဖြစ်စေတဲ့အရာ လို့ဖွင့်ပါမယ်။

ဒီ Hoax ကို မြင်ဖူးတဲ့သူများ ရှိသလို မမြင်ဖူးတဲ့လူတွေလဲ ရှိနိုင်သေးတဲ့အတွက် ကျွန်တော်က နည်းနည်းအကျဉ်းချုံးပြီး မြန်မာလို ရေးပေးလိုက်ပါတယ်။ Mail က warning အနေနဲ့ လာတဲ့စာပုံစံပေါ့။ စာထဲမှာက “ဒီအကြောင်းကြားချက်ကို ဒီမနက်တင် Microsoft နဲ့ Norton ဆီက ရောက်လာတဲ့အကြောင်း၊ ခင်ဗျားတို့ရဲ့ Mail ထဲကို life is beautiful.ppt ဆိုတဲ့ power point attachment ပါလာရင် လုံးဝ မဖွင့်ဖို့၊ ဖွင့်မိရင် "It is too late now, your life is no longer beautiful" ဆိုတဲ့ message က screen ပေါ်မှာ ပေါ်လာပြီး ကွန်ပြူတာထဲမှာ ရှိသမျှ ဖိုင်တွေ အားလုံးကို ဆုံးရှုံးကုန်မှာ ဖြစ်တဲ့အပြင် email account ရဲ့ user name တွေ password တွေကို ဒီစာကို ပို့လိုက်တဲ့ လူက control လုပ်နိုင်မှာဖြစ်တဲ့အတွက် ဒီ virus ကို ဖြစ်နိုင်သမျှ တားဆီးရမှာဖြစ်ကြောင်း၊ ဒီ virus က စနေနေ့ (ဘယ်စနေနေ့လဲ ရေရေရာရာ မပါ) နေ့လည်မှာ စပြီး ပြန့်နှံပြီး AOL ကတောင် အတည်ပြုပြီး လက်ရှိ အသုံးပြုနေတဲ့ anitivirus တစ်ခုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ကြောင်း၊ Virus ကို "life owner" ဆိုတဲ့ Hacker ကရေးသားခဲ့ပြီး Microsoft နဲ့တောင် တရားရုံးမှာ တရားရင်ဆိုင်နေတဲ့ အကြောင်းတွေ ပါပါတယ်။ ဒါ့အပြင် ဒီ hoax ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ဒီစာကို ကိုယ်နဲ့ သိတဲ့ internet အသုံးပြုသူ အားလုံးဆီကို forward လုပ်ပေးခိုင်းပါတယ်။

Wikipedia နဲ့ Norton အရ ဒီ Hoax က ၂၀၀၂ ဇန်န၀ါရီ ၁၅ ရက်နေ့က စပြီး ထွက်ပေါ်ခဲ့ပါတယ်တဲ့။ စပိန်၊ ပေါ်တူဂီ၊ တရုတ် နဲ့ ဂျာမာန် ဘာသာစကားနဲ့ ရေးထားတဲ့ စာများလည်း ရှိတယ်လို့ သိရပါတယ်။တကယ်အပြင်မှာတော့ အဲဒီ virus ဟာ တွေ့ရှိမူနဲ့ ကူးစက်မှု မရှိခဲ့ပါဘူး။

- R Blog..! အာဘော်

ဒီတော့ အခုအချိန်ကစပြီး ကိုယ့် mail box ထဲကို ဒီစာ ၀င်လာခဲ့ရင် သူခိုင်းတဲ့အတိုင်း forward မလုပ်ပဲနဲ့ တစ်ခါတည်း အမှိုက်ပုံးထဲကို လစ်ခိုင်းလိုက်ပါ။ Hoax တွေရဲ့ အဓိက ရည်ရွယ်ချက်က အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် တဆင့်ပြီး တစ်ဆင့် ပြန့်သွားစေချင်တာပါ။ နောက်ပြီးတော့ ကျွန်တော်တို့တတွေ အခုသုံးနေတဲ့ Mail service တွေဖြစ်တဲ့ Yahoo, Google တို့ဟာ နည်းပညာပိုင်းမှာ လန်ထွက်နေတယ်လို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ mail service တွေမှာလဲ အစွမ်းထက် virus scanner တွေကို ထည့်သွင်းပေးထားပါတယ်။ သာမာန် virus တစ်ခုဟာ ဘယ်လိုနည်းနဲ့မှ အဲဒီ mail service တွေမှာ အသက်မရှင်နိုင်ပါဘူး။

ဒါ့အပြင် Virus တစ်ခုဟာ ထွက်ပေါ်ခဲ့ပြီး (ဖျက်အားမပြင်းရင်) နာရီပိုင်းအတွင်း Antivirus ကုမ္ပဏီတွေက (such as Norton, F-Secure, Kaspersky) ချက်ချင်းကို Patch, Update, Removal Tool ထုတ်ပေးနိုင်ပါတယ်။ ကိုယ့်စက်ကို Virus Defination update ပုံမှန်လုပ်ထားရင် စိတ်ချရပါတယ်။ နောက်ဆုံးအနေနဲ့ ထွက်ပေါ်ခဲ့တဲ့ ဖျက်အားပြင်း worm (virus) ဖြစ်တဲ့ Sasser (၂၀၀၄ မှာ ထွက်ပေါ်ခဲ့ပါတယ်) နောက်ပိုင်းမှာ ဖျက်အားပြင်း virus တွေ ထွက်ပေါ်လာတဲ့နှုန်း သိသိသာသာ ကျသွားတာကို ကြည့်ချင်းအားဖြင့် Antivirus တွေ ကာကွယ်နိုင်စွမ်း တက်လာတာကို သတိထားမိနိုင်ပါတယ်။ ကျွန်တော်ထပ်ပြောလိုက်ပါတယ်.. နှစ်ခါ မစဉ်းစားပဲ ဖျက်လိုက်ပါ။ :)

Ref: Google, Norton, Wiki, Hoax Slayer, Break The Chain

Read More...

Dec 27, 2007

How to hack password from Google Talk?!!

ကဲ.. နည်းလမ်းကတော့ ရှာတွေ့သွားပြီ။ သိချင်စိတ်တွေလဲ များနေလောက်ပြီဖြစ်လို့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ပဲ အောက်မှာ Read more ကိုသာ နှိပ်ပြီး လေ့လာလိုက်တော့။

သတိ၊ Educational ရည်ရွယ်ချက်ဖြင့်သာ ဤ Post ကို ရေးသားခြင်းဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများမှာ လိုက်နာပြုလုပ်သူနှင့်သာ လုံးဝသက်ဆိုင်ပါသည်။ ရေးသားသူ ကျွန်တော်နှင့် R Blog..! မှ ဤ Post ကြောင့် ဖြစ်လာနိုင်မည့် ပြဿနာများကို လုံးဝ (လုံးဝ) တာဝန်ယူမည် မဟုတ်ကြောင်း ကြိုတင် အသိပေး ပါသည်။ ယခု Hack အား မည့်သို့ ကာကွယ်ရမည်ကိုလည်း Post တစ်နေရာတွင် ရေးသားထားပါသည်။ English version will available soon!

- ဘာတွေ လိုအပ်မလဲ ??

၁။ ကိုယ်သိချင်တဲ့လူက ကိုယ်နဲ့ နီးနီးနားနားမှာ ရှိနေရပါမယ်။ (ကွန်ပြူတာနဲ့ Internet ချိတ်ထားပြီး Google Talk ကို သုံးနေရပါမယ်)
၂။ အချိန် အနည်းဆုံး ၁၀ မိနစ် ခန့် လိုအပ်ပါတယ်။ များလေ ကောင်းလေပါပဲ။
၃။ Passware က အခမဲ့ ထုတ်တဲ့ Asterisk Key ဆိုတဲ့ application တစ်ခုလိုအပ်ပါမယ်။ Portable ဖြစ်အောင် ကျွန်တော်လုပ်ပေးထားပါတယ်။ ဒီမှာ နဲ့ ဒီမှာ Download လို့ရပါတယ်။
၎။ အရေးအကြီးဆုံးတစ်ခုဖြစ်တဲ့ လူမိသွားရင် ကိုယ်ဖြစ်ကိုယ်ခံ လုပ်ရဲရင် ခံရဲရမယ် ဆိုတဲ့ စိတ်ထား။

- ဘာတွေ လုပ်လို့မရဘူးလဲ ??

၁။ ဒီနည်းနဲ့ အဝေးကနေ လှမ်းပြီး Crack လုပ်လို့ မရပါဘူး။




- ဒီလို လုပ်ပါ။

၁။ ကိုယ် hack ချင်တဲ့ လူဟာ google talk ကို login ၀င်ထားပြီး အဝေးခဏ သွားနေတဲ့ အချိန်မှာ စပြီး hack လုပ်ပါမယ်။

၂။ Dial up ဆိုရင် internet ကနေ disconnect လိုက်ပါ။ ADSL တို့ Local Network ဆိုရင်တော့ Network ကြိုးကို ဆွဲဖြုတ်လိုက်ပါ။ ဒါမှမဟုတ် Network ကို Control Panel ထဲကနေ ၀င်ပြီး
Disable လုပ်လိုက်ပါ။

၃။ ကြိုးဖြုတ် (သို့) disconnect လိုက်ရင် Google talk က online ဆက်ပြီး ရှိနေဦးပါမယ်။ စောင့်လိုက်ပါ။ ခဏနေရင် Google Talk က "Reconnecting.. 3 seconds" လို့ စပြီး ပေါ်လာပါလိမ့်မယ်။ ခဏ ထပ်စောင့်လိုက်ပါဦး။



၎။ Google talk က အောက်မှာ Contacts တွေ ပေါ်နေတာကနေ Login နေရာ (User name နဲ့ password ကို ရိုက်ရတဲ့နေရာ) ကို ပြန်ရောက်သွားရင်



၅။ Asterisk Key ကို run လိုက်ပါ။ ပြီးရင် "Recover" (or press Ctrl + O) ကို နှိပ်လိုက်ရင် အောက်မှာ Password: ဆိုပြီး ပေါ်နေမှာကို တွေ့ရမှာဖြစ်ပါတယ်။



၆။ Password ကို အမြန်ကူး ဒါမှမဟုတ် မှတ်လိုက်ပြီး အကုန်ပြန်ထွက်လိုက်ပါ။ Dial up ဆိုရင် connection ပြန်ချိတ်ပါ။ Network cable ပြန်တပ်ပါ။ Asterisk key ကို uninstall လုပ်ပါ။

၇။ အမူအရာ မပျက် ကိုယ့်နေရာကို ပြန်နေလိုက်ပါ။ ဒါဆိုရင် သူများ password ကို ရပြီဖြစ်ပါတယ်။ :)

- ကိုယ့်ကို ဒီလို အလုပ်မခံရအောင် ဘယ်လို ကာကွယ်မလဲ?

၁။ အကောင်းဆုံးကတော့ ကွန်ပြူနားက ခဏထသွားမယ်ဆိုရင် Google Talk ကနေ log off လုပ်ခဲ့ပါ။


၂။ နောက်တစ်နည်းက Windows Login မှာ password ခံထားပြီး ခဏထသွားမယ်ဆိုရင် ကွန်ပြူတာကို Lock or Sleep mode ကို ပြောင်းထားခဲ့ပါ။ ဒါဆိုရင် စိတ်ချရပါတယ်။


ဒီနည်းကို ဘယ်လိုရှာတွေ့လည်းလို့ မေးရင် ကျွန်တော်က Internet Connection ကြောင့်လို့ ဖြေရမှာပါ။ :P ဟုတ်တယ်လေ.. ကွန်နက်ရှင်က ခဏခဏ ဒေါင်းတော့ Reconnecting တွေ ဖြစ်တာကို ထိုင်ကြည့်ရင်း အကြံရ သွားတာပဲ။ Google Talk ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး လုပ်တာဖြစ်လို့ နောက်တစ်ခါ Google ကနေ Google Talk Version အသစ်ဖြန့်တဲ့အခါ ဒီ flaw ကို ပြင်ထားမယ်လို့ ယူဆရပါတယ်။

P.S: R Blog..! ရဲ့ ၁၀၀ မြောက် Post ဖြစ်ပါတယ်။!!

Read More...

Dec 22, 2007

Check Bagan's Proxies with MultiProxy!

လွန်ခဲ့တဲ့ တစ်ပတ်လောက်က Bagan Cyber Tech ရဲ့ Proxy Server တွေ ခဏခဏ ဒေါင်းခဲ့ပါတယ်။ စုစုပေါင်း Proxy ၁၁ ခုရှိတာ တစ်လုံးပြီးတစ်လုံး အလှည့်ကျ ဒေါင်းနေလို့ proxy ကို တစ်ခုပြီး တစ်ခု စမ်းလိုက် ပြောင်းလိုက်နဲ့ အလုပ်ရှုပ်ခဲ့ရပါတယ်။ ဒါအပြင် Proxy တွေ ဒေါင်းလို့ Download ကြီးကြီးမားမား လုပ်တဲ့သူတွေလဲ ဒေါင်းလုပ်ကို လွတ်မထားရဲတာလဲ တွေ့ရပါတယ်။

အဲဒီအချိန်ကတည်းက ကျွန်တော် စိတ်ထဲမှာ Proxy Server တွေကို အလုပ် လုပ်မလုပ် စောင့်ကြည့် (Monitor) လုပ်ပေးနိုင်တဲ့ tools လေးတစ်ခုလောက်ကို အင်တာနက်ပေါ်မှာ လိုက်ရှာနေတုန်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ကို elite.crysis က ကျွန်တော့်ကို MultiProxy ဆိုတဲ့ software ကို ပြောပြပါတယ်။ တကယ်တော့ Multiproxy က Proxy Monitor လုပ်တဲ့ software မဟုတ်ပဲ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က Internet Connection ကို Proxy တစ်ခုတည်းပေါ်မှာ မသွားပဲ proxy ၄ ခုရှိရင် ၄ ခုလုံးပေါ်မှာ မျှပြီး သုံးလို့ရအောင် လုပ်ပေးတဲ့သဘောပါပဲ။

ကဲ.. ဘယ်လိုသုံးမလဲ ကြည့်ရအောင်..

၁။ Multi Proxy ကို ဒီမှာ Download ပြီး Install လိုက်ပါ။ (FREE)

၂။ Run ပြီးရင် "Options" ကို ၀င်လိုက်ပါ။ ပြီးရင် "Proxy Servers List" ထဲကိုထပ်ဝင်။


၃။ အဲဒီမှာ ရှိနေတဲ့ default proxy တွေကို select all မှတ်ပြီး right click နှိပ်ပြီး ဖျက်လိုက်ပါ။

၎။ အောက်က "Menu - >" ကိုနှိပ် ပြီးရင် Add ကိုနှိပ်ပြီး Proxy တွေကို ထည့်ပေးပါ။

၅။ Bagan ရဲ့ Proxy 11 ခုလုံးလုံးကို ထည့်ရမှာ ပျင်းတယ်ဆိုရင် ကျွန်တော် လုပ်ထားတဲ့ Proxy List ကို ဒီမှာ download လိုက်ပါ။ (Right click on it and select "save link as")

၆။ Menu ကိုနှိပ် Files > Import Proxy List ကိုရွေးပြီး ခုနက dl ထားတဲ့ proxy list (txt) file ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် Proxy list ၁၁ ခုလုံး ၀င်နေတာတွေ့ရပါမယ်။

၇။ "Ok" ကို နှိပ်ပြီး Options ကနေ ပြန်ထွက်လိုက်ပါ။ ပြီးရင် "Check all proxies" ကိုနှိပ်လိုက်ရင် ဘယ်ဖက်က အကွက်ထဲမှာ "testing remote proxies" ပေါ်နေတာတွေ့ရပါမယ်။


၈။ အဲဒီ စာသား ပျောက်သွားပြီးရင် Options > Proxy Server List ထဲကို ပြန်ဝင်ကြည့်လိုက်တဲ့အခါ Working proxies တွေက အစိမ်းရောင်နဲ့ ပြနေတာတွေ့ရပါမယ်။



Proxy တွေပေါ်မှာ Bandwidth ကို မျှပြီးသုံးချင်ရင်

၁။ Browser ရဲ့ Proxy setting မှာ host ကို localhost နဲ့ port ကို 8088 လို့ပြောင်းပေးလိုက်ပါ။
၂။ ဒါဆိုရင် Multiproxy ရဲ့ Connection Status မှာ proxy တွေပေါ်ကနေ bandwidth တွေ မျှခွဲပြီး သုံးနေတာ တွေ့ရပါမယ်။



Note. Meebo.com ကို multi proxy သုံးပြီး ၀င်လို့မရပါဘူး။ Meebo က proxy sesitive ဖြစ်လို့ proxy ပြောင်းသွား တာနဲ့ reconnect ပြန်လုပ်ပေးရပါတယ်။

Bagan ရဲ့ Proxy server တွေကို သိချင်ရင် ဒီမှာ ၀င်ကြည့်လို့ရပြီး Browser ကို proxy server setting တွေကို လွယ်လွယ်ကူကူပြောင်းချင်ရင် Firefox အတွက် ဒီမှာ နဲ့ IE အတွက် ဒီမှာ ၀င်ဖတ်ကြည့်ပါ။

Read More...

Dec 18, 2007

Get ownership permission of a file or folder in Vista with ease

Windows Vista မှာ Administrator နဲ့ Login ၀င်ထားရင်တောင် System File (C:\Windows\) တွေကို Edit လုပ်မယ်ဆိုရင် Ownership permission ကို ထပ်ပြီး ယူရပါတယ်။ (Windows Vista RTM ထွက်ခါစမှာ Dr.Chan RTM Crack ကို သုံးခဲ့ဖူးသူတွေ File Permission တွေယူပြီး File တွေ replace လုပ်ခဲ့ရတာ မှတ်မိမှာပါ။)

ဟိုနေ့က ပျင်းပျင်းရှိတာနဲ့ My Digital Life ကို ၀င်မွှေလိုက်တာ ဒီ Registry Tweak လေး ထွက်လာတယ်။ သူက ဘယ်လို အသုံးဝင်လဲဆိုတော့ ကိုယ် Ownership လိုချင်တဲ့ file/folder ကို Right Click နှိပ်ပြီး "Take Ownership" ကိုနှိပ်လိုက်တာနဲ့ အဲဒီ ဖိုင်ကို ownership ရသွားတယ်။ အရင်ကလို Right click > Properties တွေ ၀င်စရာ မလို တော့ဘူး။



- Install

Reg Key ကို အောက်က link မှာ download လုပ်ပြီး Double click လိုက်ရင် Reg Key ကို install လုပ်မလားမေးပါတယ်။ ဒါဆိုရင် Ok နှိပ်လိုက်ရင် Install ပြီးပါပြီ။ (UAC ဖွင့်ထားရင်တော့ UAC ကို အရင် allow ပေးရပါတယ်။)

Read More...

Dec 15, 2007

ဒီရက်ပိုင်း SMS ပို့လို့မရ ဖြစ်နေပါသလား?? ဒီလိုလုပ်ပါ။

ဒီရက်ပိုင်းမှာ ရန်ကုန်က GSM ဖုန်းအချို့ SMS ပို့လို့ မရတာ ဖြစ်နေပါတယ်။ +9595920003 Service Center ကို သုံးနေတဲ့ ဖုန်းတွေက ပို့မရတာပါ။ +9595910003 လို့ ပြောင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ :)

Thanks to Ko ZeroTrash for testing sms with me.

Read More...

Official Vista SP1 RC Standalone Installer Direct Download Links from Microsoft Server

Mircrosoft ကနေ Windows Vista အတွက် update ဖြစ်တဲ့ Service Pack 1 (RC) ကို public ကို စမ်းသပ်ဖို့ ထုတ်ဝေလိုက်ပါပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က Public ကို မချပေးသေးတဲ့ အတွက် Windows Update ကို Registry Tweak လုပ်ပြီးတော့ SP1 Update ကို ရအောင် လုပ်ခဲ့ပါတယ်။ အခုကတော့ Official Direct Links တွေဖြစ်လို့ ဘာမှလုပ်စရာမလိုပဲ Download လုပ်ပြီး Install ရုံပါပဲ။

Install မလုပ်ခင်မှာ ဘာတွေကို သတိထားပြီး သိသင့်လဲ ဆိုတာကိုလဲ Microsoft က Document တစ်ခုလုပ်ထားပေးပါတယ်။ အခုထုတ်တဲ့ RC ဟာ အချိန်သတ်မှတ်ထားတဲ့ (Time Limited) update ပါ။ June 30, 2008 ထိပဲ သက်တမ်းထုတ်ပေးထားပါတယ်။ (အဲဒီအချိန်ဆိုရင် Final Release ထွက်လောက်ပါပြီ) နောက်ပြီး RC ကို တင်လိုက်ရင် Screen ရဲ့ ညာဖက် ထောင့်နားမှာ "Evaluation Copy" ဆိုတာလေး ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ စက်က Activate လုပ်ထားတာ ပျက်သွားတာ မဟုတ်ပဲ SP1 RC ကပဲ "Evaluation Copy" ဖြစ်တယ်လို့ Microsoft က Install မလုပ်ခင်မှာ ဘာတွေကို သတိထားပြီး သိသင့်လဲ ဆိုတဲ့ document ထဲမှာ ရေးထားပါတယ်။ Windows အစစ်ကို Activate လုပ်ထားတဲ့ (Genuine) တွေသာ ဒီ RC ကို သုံးလို့ ရမယ်လို့လဲ ရေးထားပါတယ်။ အသေးစိတ်ကိုတော့ အဲဒီ doc ထဲမှာ ဖတ်ကြည့်လိုက်ပါ။


သတိ။ ။ RC = Release Candidate ဆိုတာ Final Version မဟုတ်သေးတဲ့အတွက် Bug ပါနိုင်ပါသေးတယ်။ အလုပ်လုပ်နေတဲ့ စက်တွေမှာ မစမ်းသပ်ဖို့ Microsoft ကလဲ မှာထားပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်သာ လုပ်ကြပါလို့ ကျွန်တော်က ထပ်ပြောလိုပါတယ်။

Source: MyDigitalLife.info

Read More...

ဘာလဲ ဘယ်လဲ ဘယ်လိုလဲ Vista

Keznews.com မှာ ဖတ်ရတဲ့ Article လေးတစ်ခုနဲ့ အဲဒီ articles ရဲ့ comment ထဲမှာ reader တစ်ယောက် ပြန်ပြီး ၀င်ရေးသွားတာကို သဘောကျလို့ အဆင်ပြေသလို ကျွန်တော်က ပြန်ရေးလိုက်ပါတယ်။ ;)

၂၀၀၇ ဇန်န၀ါရီလမှာ Windows Vista ရဲ့ တရားဝင်ဖြန့်ချီရေး စခဲ့ပြီးနောက်မှာ Vista နဲ့ ပတ်သတ်တဲ့ ဝေဖန်သံတွေ ချီးမွန်းသံတွေ အမျိုးမျိုး ထွက်ပေါ်လာခဲ့ပါတယ်။ ထုတ်လုပ်သူ Mircosoft ကိုယ်တိုင်ကတော့ Vista ကို ချီးမွန်းခန်း အပြီအပြင်ကို ဖွင့်ခဲ့ပြီး ("Wow" ဆိုတဲ့ စကားလုံးနဲ့) ရောင်းချခဲ့ပေမယ့် Windows Vista ဟာ ထင်သလောက် မဟုတ်ခဲ့ပါဘူး။ ဘာတွေကို ထင်သလောက် မဟုတ်ခဲ့ပြီး ဘာတွေကတော့ တကယ်ကို တိုးတက်ကောင်းမွန် လာတယ် ဆိုတာကို ကြည့်ရအောင်..

Vista ကို သုံးဖို့ System Requirement တောင်းတာ မြင့်နေတဲ့ အချက်က Vista ကို ဝေဖန်ချက်တွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ Vista ထွက်ထွက်ခြင်းမှာ လူအများစုရဲ့ System တွေက Vista ကို Run တယ်ဆိုရုံလောက်ပဲ ရှိနေကြပါတယ်။ နောက်တစ်ချက်က Vista အတွက် software တွေ (အထူးသဖြင့် Antivirus လို Security application တွေ) နဲ့ Hardware တွေအတွက် Drivers တွေ အဆင်သင့်မရှိခဲ့သေးတာပါ။ Windows XP ကို အမြဲသုံးနေတဲ့လူတစ်ယောက်ရဲ့လက်ထဲကို Vista ထည့်ပေးပြီး အလုပ်လုပ်ခိုင်းကြည့်ရင် ရွာလည်နေတာကိုတွေ့ရမှာပါ။ Vista ရဲ့ Interface က XP နဲ့ အနည်းငယ်ပဲ ဆင်တူပြီး တစ်ချို့နေရာတွေမှာတော့ လုံးဝကို ပြောင်းလဲသွားတာတွေ ရှိပါတယ်။( ဥပမာအားဖြင့် IP ထည့်ဖို့အတွက် Network Connection setting ကို သွားဖို့ ကြားထဲမှာ ၂ ဆင့်လောက်ခံနေရတာတွေ.. နောက်ပြီး Dial up ချိတ်ဆက်ထားတဲ့အခါမှာ သုံးပြီးတဲ့အချိန်ကို Status ကြည့်ရင် XP လောက် မလွယ်ကူတာတွေ )။

Vista ရဲ့ UAC ဆိုတဲ့ feature ကလဲ user တွေကို ရွေးစရာ လမ်းမရှိအောင် လုပ်ထားသလိုဖြစ်နေပါတယ်။ Security ကောင်းချင်လို့ UAC ဖွင့်ထားခဲ့ရင် အမြဲလိုလို ဘာလုပ်လုပ် Permission ကို allow ပေးရတာ အလုပ်ချိန်ကို နှောင့်နှေး စေပါတယ်။ ဒါကို မကြိုက်ရင် တစ်ခြားရွေးစရာ နည်းမရှိပဲ UAC ကို လုံးဝ ပိတ်ထားရပါမယ်။ Do or Die လို့ user ကို ရွေးခိုင်းသလိုပါပဲ။ Windows XP မှာ အလုပ်လုပ်ရတာ မြန်ဆန်ပေမယ့် Vista မှာတော့ အဲဒီလို features တွေကြောင့် XP မှာလောက် မမြန်ဆန်နိုင်သေးပါဘူး။

Vista အတွက် အရေးပါတဲ့ စိန်ခေါ်မှုတစ်ခုကတော့ Linux လဲမဟုတ် Apple ရဲ့ Mac လဲ မဟုတ်ပဲ Windows XP ဖြစ်နေပါတယ်။ ထွက်ခဲ့သမျှ Windows တွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ Windows XP ရဲ့ အောင်မြင်မှုကို Vista က ပြန်ပြီး ယှဉ်ပြိုင်နေရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ Software vendor တွေနဲ့ hardware vendor တွေအပြင် Internet ပေါ်မှာ ရှိတဲ့ Tech Support Forum တွေ နဲ့ ဒီ မြန်မာပြည်က အားလုံးသော Computer Service ပေးတဲ့ ဆိုင်တွေဟာ user တွေကို Windows XP နဲ့ ပတ်သတ်ပြီးတော့ Support ကောင်းကောင်း ပေးနိုင်ပေမယ့် Vista ကို ပေးနိုင်ဖို့အတွက်ကတော့ လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရဦးမှာပါ။

နောက်ပြီး Vista ဟာ Timing out သွားခဲ့တယ်။ ဘယ်လိုနည်းနဲ့ သိနိုင်ခဲ့လဲဆိုတော့ US နဲ့ ဥရောပ တိုင်းပြည် တွေမှာက ဘယ်ပစ္စည်းမဆို အသစ်အဆန်းထွက်ရင် နွေဦးနဲ့ X'mas မတိုင်ခင် ဆောင်းတွင်းမှာ ကြော်ညာပြီး ရောင်းချ တတ်ပါတယ်။ ဒါဆိုဘာလို့ Vista က နွေဦးမှာရော ဆောင်းဦးမှာပါ မထွက်ခဲ့ပဲ ကိုးလို့ ကန့်လန် အချိန် January ကျမှ ထွက်ခဲ့တာလဲ (RTM ကိုတောင် November မှ ထွက်နိုင်ခဲ့တယ်)?? ဒီမှာ စဉ်းစားစရာ ပေါ်လာတယ်.. Vista ဟာ သူ့ရဲ့ ပြီးရမယ့် အချိန်မှာ မပြီးခဲ့လို့လား??

ဒါ့အပြင် Microsoft က Windows Vista အတွက် Developer မဟုတ်တဲ့ လူပေါင်းမြောက်များစွာ အသုံးပြုခဲ့ပါတယ်။ စီးပွားရေး နည်းပညာနဲ့ ပတ်သတ်တဲ့ ဂုရုတွေ၊ Microsoft ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ Beta testers and customers တွေများစွာရဲ့ အကြံပေးချက်တွေကို လေ့လာပြီး Vista အတွက် Features အသစ်တွေ စဉ်းစားပြုလုပ်ခဲ့ပါတယ်။ ဒီတော့ ဝေဖန်သူတွေက Microsoft က အဲဒီ Feedback တွေကို အလေးပေးလွန်းခဲ့တဲ့အတွက် Vista ဟာ ဆရာများ သားသေ ဖြစ်သွားခဲ့ပါတယ်တဲ့။

အခုဆိုရင် Vista မကြိုက်တဲ့သူတွေက Vista ဟာ Windows ME နဲ့ တူနေတယ်လို့ ပြောကြတယ်။ Windows ME က Windows 98 SE နဲ့ Windows XP ကြားမှာ ထွက်ခဲ့တဲ့ Microsoft ရဲ့ မအောင်မြင်တဲ့ OS တစ်ခုပါ။ Windows ME ထွက်တုန်းကလဲ Vista နဲ့ တူခဲ့ပါတယ်။ 9x Kernal ကနေ NT ကို အကူးအပြောင်းမှာ လူတိုင်းက ME အတွက် အဆင်မသင့်ခဲ့ပါဘူး။ ME ဟာ တကယ်လဲ နှေးခဲ့ပါတယ်။ ME ကို မသုံးကျပဲ ME နောက်မှာ ထွက်လာတဲ့ XP ကိုမှ စပြီး ပြောင်းသုံးခဲ့ကြပါတယ်။

အခုဆိုရင် Microsoft က နောက်ထွက်မယ့် Windows အသစ် (Code name Windows 7) အတွက် Plan တွေ ချနေကြပါပြီ။ ဒါပေမယ့်လည်း ဒါဟာ Vista ဖက်မှာ အားနည်းသွားမယ်လို့ မယူဆသင့်ပါဘူး။ Microsoft ရဲ့ နှစ်စဉ် ၀င်ငွေရဲ့ ၈၀ % ဟာ OS တွေ ရောင်းရငွေတွေပါ။ ကျန်တဲ့ ၂၀ % နှုန်းမှာမှ Office တို့ Visual Studio တို့နဲ့ MS SQL Server ရောင်းရတာဆိုတော့ Vista ကိုတော့ သူတို့ ထပ်ပြီး Improve လုပ်သွားမှာ အသေအချာပါပဲ။

User အချို့က မကြေနပ်တာ တစ်ခုကတော့ အကယ်၍သာ အပေါ်မှာ ရေးခဲ့သလို Vista ဟာ ME လိုဖြစ်ခဲ့ပြီး Windows 7 ကျမှ ကောင်းသွားမယ်ဆိုရင် User တွေဟာ ပိုက်ဆံ အကုန်ခံ Vista ကို ၀ယ်ပြီး Beta Tester ဘ၀ကို အလိုလို ရောက်သွားတယ်ပေါ့။ ဒီနေရာမှာ Google က အသာရသွားပါတယ်။ ဘာလို့လဲ?? အခုကျွန်တော်တို့ သုံးနေတဲ့ Google က အလကားပေးနေတဲ့ Service တွေ ဥပမာ Gmail, Gtalk အကုန်လုံးဟာ Beta Stage မှာပဲ ရှိနေ ပါသေးတယ်။ Google ကတော့ Free ပေးတာဆိုတော့ user တွေက ကျေကျေနပ်နပ်ကြီးကို beta tester အဖြစ် လက်ခံနေလိုက်တာပေါ့ (Free ဖြစ်လို့ကြောင့်လဲ မဟုတ်ပါဘူး Google Service တွေဟာ တကယ်ကောင်းတာကို အကုန်သိပါတယ် ;) )

တကယ်တော့ Vista မှာလဲ ထူးထူးခြားခြား ကောင်းတာတွေ ပါလာပါတယ်။ Super Fetch, Ready Boost, Ready Drive, Built in IPv6, Direct X 10, Windows pe 2.0, IIS 7.0 စတာတွေဟာ Vista မှာ ပါလာတဲ့ Features ကောင်းတွေပါပဲ။ တနည်းအားဖြင့် နောက်လာမယ့် New Generation Technology တွေလို့လဲ ဆိုလို့ရပါတယ်။

- ကျွန်တော့် အမြင်

ကျွန်တော့် အမြင်ကတော့ Vista ကို လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခုပေးလိုက်သင့်ပါတယ်။ Windows XP ဟာ Service Pack ၂ ခု ထွက်ပြီးတဲ့ အချိန်မှာ (အခု နောက်ဆုံး Service Pack 3 ထွက်တော့မှာပါ) အကောင်းဆုံး အခြေအနေကို ရောက်သွားပါတယ်။ ဒီလိုပဲ အခုအချိန်မှာတော့ လက်ရှိသုံးနေတဲ့ စက်တွေဟာ Vista အတွက် မနိုင်မနင်း ဖြစ်ပြီး Hardware အသစ်တွေက ဈေးကြီးနေပေမယ့် နောက်နှစ်အနည်းငယ် အတွင်းမှာဈေးတွေ သိသိသာသာ ကျသွားမှာပါ။ အဲဒီအချိန်ဆိုရင် Vista လဲ Service pack အနည်းဆုံး ၂ ခုလောက်တော့ ထွက်နေလောက်ပါပြီ။ (Vista Service Pack 1 က အခုဆို RC State ကိုရောက်နေပါပြီ။ လပိုင်းအနည်းငယ် အတွင်းမှာ Final ဖြန့်ပါလိ့မ်မယ်)။ User တွေလဲ Vista နဲ့ အသားကျပြီး ဟောင်းနွမ်းစပြုနေပြီ ဖြစ်တဲ့ XP ကို စွန့်လွှတ်ကြတော့ မှာပါပဲ။ အဲဒီ အချိန်ဆိုရင်တော့ Windows Vista မှ Windows Vista ပဲဖြစ်နေကြဦးမှာပါ။ :)

Rapster88
Friday, December 14, 2007
11:52 PM

ဝူး.. ရေးဖူးသမျှ Article တွေထဲမှာ ဒီတစ်ခုက အရှည်ဆုံးပါပဲ :D ။

Read More...

Dec 14, 2007

Vista က Snipping Tool ကို ပိုမိုအသုံးပြုခြင်း

Vista နဲ့ XP Media Center 2005 မှာ Snipping Tool ဆိုတဲ့ Feature တစ်ခုပါပါတယ်။ အသုံးဝင်ပုံကတော့ Print Screen လိုမျိုး Screen တစ်ခုလုံးကို Screen Shot ရိုက်စရာမလိုပဲ ကြိုက်တဲ့ နေရာ တစ်ကွက်ကိုပဲ Select မှတ်ပြီး Screen Shot ရိုက်လို့ ရတဲ့ Built in tool တစ်ခုပါ။ Snipping Tool သုံးတဲ့နေရာမှာ ပြဿနာပေးတာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ Focus Sesitive ဖြစ်တာတွေကို Screen Shot ရိုက်လို့ မရတာပါ။ ( Focus Sensitive ဆိုတာ ဥပမာအားဖြင့် Start Menu, Tooltips, Right Click Context တွေဟာ သူတို့အပေါ်ကနေ Mouse pointer ရွှေ့သွားပြီး တစ်ခြားတစ်ခုကို click သွားနိုပ်လိုက်တာနဲ့ Screen ပေါ်ကနေ ပျောက်သွားတာပါ)။ အဲဒါတွေကို ဘယ်လို screen shot ရိုက်မလဲဆိုတာ အောက်က Read More ထဲမှာ ဖတ်ကြည့်လိုက်ပါ။ ;)

၁။ Snipping Tool ကို အရင်ဖွင့်လိုက်ပါ (Start > All Programs > Accessories > Snipping Tool)
၂။ Snipping Tool တက်လာရင် "Esc" ကို တစ်ချက် နှိပ်လိုက်ပါ။ ဒါဆိုရင် Snipping Tool က Ready စောင့်နေလိမ့်မယ်။
၃။ ဥပမာ Start Menu ကို Screen Shot ရိုက်ချင်ရင် Start Menu ကိုအရင် နိုပ်လိုက်ပါ။ ပြီးတာနဲ့ Ctrl + Print Screen ကို နှိပ်ပေးလိုက်ပါ။
၎။ ဒါဆိုရင် Start Menu ပါ Screen ပေါ်မှာ အသေဖြစ်သွားပြီး Sniping Tool နဲ့ Shot ရိုက်လို့ ရသွားပါပြီ။



Read More...

Did you know? [2]

Blog ထဲမှာ Javascript တွေသုံးရတာ ပျော်ဖို့ကောင်းပါတယ်။ အမျိုးမျိုးသော Function စုံတဲ့ Script တွေကို ကိုယ်အဆင်ပြေသလို သုံးနေကြတာကိုလဲ တွေ့ရပါတယ်။ Script သုံးတဲ့နေရာမှာ လက်လွန်သွားလို့ Blog က အတက်နှေးသွားတဲ့အခါ မသုံးတဲ့ Script တွေကို ပြန်ရှင်းပေးလို့ရပါတယ်။ ဒါပေမယ့် ဟိုးအရင်က သုံးခဲ့တဲ့ script တွေကို အခုပြန်ကြည့်တော့ မမှတ်မိရင် ဖျက်ရတာ ဒုက္ခရောက်ပါတယ်။ ဒီလို မဖြစ်ရအောင် စကတည်းက Script တွေကို မှတ်မိအောင် HTML comment code တစ်ခု ကိုသုံးပြီး Label မှတ်ထားလို့ ရပါတယ်။

ပုံမှာပြထားတဲ့အတိုင်း ကိုယ်ရေးချင်တဲ့စာကို ကြားထဲမှာ ထည့်ရေးပေးလိုက်ရင် Browser က Ignore လုပ်သွားတဲ့ အတွက် Page ပေါ်မှာ display လုပ်မှာ မဟုတ်ပဲ HTML Source ထဲမှာပဲ မြင်ရမှာ ဖြစ်ပါတယ်။ (Press Ctrl + U in Firefox or Press Alt+V then Alt+C in IE)


Read More...

Dec 13, 2007

Reliability & Performance Update for Vista

Windows Vista အတွက် Performace Update အသစ်တစ်ခုကို Microsoft က ဒီဇင်ဘာ ၁၀ ရက်နေ့က Release လုပ်ပေးခဲ့ပါတယ်။ Hibernate/sleep လုပ်တဲ့အခါမှ တစ်ခါတစ်လေ ဖြစ်တတ်တဲ့ ပြဿနာရယ်၊ Laptops တွေမှာ Battery အစားသက်သာအောင် Hardisk လည်ပတ်မှုကို လျှော့ချပေးနိုင်တာရယ် နောက်တစ်ခုကတော့ File တွေကို Copy/move/delete လုပ်တဲ့အခါ အရင်ထက် ၁၅ % ပိုပြီး မြန်ဆန်အောင် လုပ်ပေးထားတယ်လို့ သိရပါတယ်။ Download size က 2.47 MB ပဲရှိပါတယ်။ Download လုပ်ဖို့အတွက် Genuine Check လဲ လုပ်ဖို့မလို ပါဘူး။ Install လုပ်ပြီးရင်တော့ Restart တစ်ခေါက်ချပေးရပါတယ်။



File Name:
Windows6.0-KB943899-x86.msu
Version:
943899
Knowledge Base (KB)
KB943899
Date Published:
12/10/2007
Language:
English
Download Size:
2.5 MB

Read More...

Dec 7, 2007

Windows Vista Pirated Users, Get ready to get another crack!

Windows Vista SP1 က အခုဆိုရင် RC (Release Candidate) အဆင့်ထိ ထွက်လာပါပြီ။ Bug Fix, Performance Boost တွေနဲ့ ဒီနှစ်ကုန်၊ ၂၀၀၈ နှစ်ဆန်းမှာ ထွက်လာမယ့် Vista Service Pack 1 မှာ အခု လက်ရှိသုံးနေကြတဲ့ Timer Crack နဲ့ OEM Bios Patch(One click crack) တွေကို အလုပ်မလုပ်အောင် ပြုပြင်ထားမယ်လို့ Microsoft က သတင်းထုတ်ထားပါတယ်။ Windows Vista က Windows XP ထက် အဆင့်မြင့်မြင့် ထွက်လာခဲ့ပေမယ့် Pirate Version ကို Genuine ဖြစ်အောင် crack လုပ်တဲ့အပိုင်းမှာတော့ Windows XP ထက် အများကြီးပိုလွယ်တာကို Crack ကိုယ်တိုင်လုပ်ဖူးတဲ့ သူတိုင်း အသိပါပဲ။ Vista ကို တစ်ခါ crack လိုက်ရင် XP လို ခဏခဏ crack တွေ product key တွေ လိုက်ပြောင်းစရာမလိုတော့ပါဘူး။

OEM Bios Patch (one click crack) ဆိုတာက Windows Vista ရဲ့ System file အချို့နဲ့ Mother Board ရဲ့ Bios ကို Modify လုပ်ပြီး "Asus, Toshiba, Dell, ..etc" တို့လို OEM Manufacturer တွေရဲ့ စက်တွေမှာပါတဲ့ Pre-Installed OS တွေလို အယောင်ဆောင်ပြီး Genuine Windows ဖြစ်အောင် လုပ်တဲ့ crack ပါ။ Timer Crack က တော့ Vista က Activate မလုပ်ပဲ ၁ လ အစမ်း (Trial) ပေးသုံးတာကို အခွင့်ကောင်းယူပြီး Trail time ကို 2099 ခုနှစ်ထိ ရောက်အောင် ရွှေ့ထားတဲ့ သဘောပါ။ (ဒီ crack ကိုတော့ ကျွန်တော် မသုံးဖူးလို့ သေချာမသိပါဘူး။)

Windows က Genuine (အစစ်) ဖြစ်တော့ ဘာတွေ ထူးသလဲလို့ မေးချင်ရင် မေးကြမှာပေါ့။ ဘာထူးသလဲဆိုတော့ Genuine ဖြစ်နေတဲ့ Windows က Microsoft Windows Update ကနေ ထုတ်တဲ့ Windows Update တွေကို Install လုပ်လို့ရပါတယ်။ Windows Update တွေတင်တော့ ဘာထူးလဲဆိုတော့ Security ပိုကောင်းလာပါတယ်၊ Bug Fix တွေနဲ့ Performance ကောင်းအောင် လုပ်တာတွေ ထူးလာပါတယ်လို့ ပြောရမှာပေါ့။ အခုနောက်ပိုင်းဆိုရင် Windows Media Player 11 နဲ့ IE 7 က Windows Genuine ဖြစ်မှ Install ပေးလုပ်တာမျိုးတွေ လုပ်လာပါတယ်။
Window XP မှာဆိုရင် Windows Genuine Advantage (WGA) လိုခေါ်တဲ့ anti-piracy system လေးက Windows Genuine မဖြစ်ရင် တဂျီဂျီ ပြဿနာပေးတတ်ပါတယ်။

ဘယ်လိုပဲ ပြောပြော.. Microsoft ကလဲ သူ့အကြောင်းတော့ သူသိပါတယ်။ Windows Vista ကို 2006 နိုဝင်ဘာ ၈ရက် မှာ RTM Version ထွက်ပါတယ်။ 2007 ဒီဇင်ဘာမှာ Dr. Chan ဆိုတဲ့ ပထမဦးဆုံး vista crack စပြီး ထွက်လာပါတယ်။ 30th January 2008 မှာတော့ Official Retail ကို အပီအပြင် ထုတ်ခဲ့ပါတယ်။ အဲဒါပြီး သိပ်မကြာပါဘူး.. တစ်လ၀န်းကျင်လောက်မှာပဲ Timer Crack နဲ့ OEM Crack ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့တာကို ကြည့်ရင် အခုထွက်မယ့် SP1 လဲ ဘယ်လောက်ခံမလဲဆိုတာ သိနိုင်ပါတယ်။

ဒီတော့ Pirated OS user တွေက ရွေးစရာ တစ်လမ်းပဲရှိပါတယ်။ SP1 Official release ထွက်ရင် install မလုပ်သေးပဲ crack ထွက်လာတဲ့အထိ စောင့်နေပြီး crack ထွက်လာမှ SP1 ကို install လုပ်ဖို့ပါပဲ။ SP1 မှာကလည်း စိတ်ဝင်စားစရာ performance boost such as improving network speed လိုမျိုးတွေပါနေတော့ စမ်းချင်နေတဲ့လူတွေတော့ ခဏ အောင့်ထားပါဦးလို့ပဲ ပြောရမှာပါပဲ။

Read More...

Dec 4, 2007

Block Annoying advertisements with AD Block Plus

အောက်က webpage ကို တစ်ချက်ကြည့်လိုက်ပါ။



Free Service ပေးတာနဲ့အညီ Page တစ်ခုလုံးကို ကြော်ညာတွေ မြင်မကောင်းအောင် ထည့်ထားပါတယ်။ ကြော်ညာ တွေများတော့ ဘာဖြစ်လဲ? (၁) မျက်စိနောက်တယ် ဒါက နည်းနည်း သည်းခံလို့ရသေးတယ်။ (၂) ကြော်ညာတွေကို loading လုပ်နေရလို့ Bandwidth တွေ စားပြီး connection တွေကျတယ်.. ဒါကတော့ ရှိစုမဲ့စု ကွန်နက်ရှင် သမား တွေကို တိုက်ရိုက်ထိခိုက် သွားပါပြီ။ Connection နှေးအောင် လုပ်တဲ့လူက ကျွန်တော်တို့ရဲ့ ရန်သူပါပဲ :) ။ ဒီတော့ စိတ်ညစ်စရာ ကြော်ညာတွေကို ဖျောက်ထားလို့ မရဘူးလား?? သိပ်ရတာပေါ့.. Firefox Addon AD Block Plus ကို သုံးလိုက်လေ။



၁။ ဒီကို ၀င်ပြီး AD Block Plus Addon ကို Install လုပ်ပါ။ ( Install ပြီးရင် FF ကို restart ချပေးရမယ် )

၂။ Restart ချပြီး Firefox ပြန်တက်လာရင် AD List တစ်ခုကို Subscribe ရပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း "EasyList(USA)" ကိုပဲ ရွေးပေးလိုက်ပါ။



၃။ ပြီးရင်တော့ ခုနက ကြော်ညာတွေ သိပ်များပါတယ်ဆိုတဲ့ site တွေကို ပြန်ဝင်ကြည့်လိုက်ပါ။ ကြော်ညာတွေ အကုန်လုံး ပျောက်နေတာ တွေ့ရပါမယ်။ :)



၎။ Browser ရဲ့ အဆင်ပြေတဲ့ တစ်နေရာမှာ AD Block Plus button နေရာယူထားတာတွေ့ရပါမယ်။ အဲဒီ Button ကို နှိပ်ပြီး Page တစ်ခုခြင်းစီအလိုက် Disable လုပ်တာ၊ Domain တစ်ခုလုံး Disable လုပ်တာနဲ့ AD Block ကို Enable/Disable လုပ်တာတွေ လုပ်လို့ရပါတယ်။





၅။ Subscribe လုပ်ထားတဲ့ List ထဲမှာ မပါတဲ့ ကြော်ညာတွေကိုတွေ့ရင်လည်း အဲဒီအပေါ်မှာ Right Click ပြီးတော့ "AD Block Image" "Ad Block iFrame" ရွေးပြီး List ထဲကို ထပ်ထည့်လို့ရပါတယ်။ နောက်ဘယ်တော့မှ ကြော်ညာတွေအတွက် စိတ်ညစ်ခံစရာ မလိုတော့ပါဘူး။ Firefox နဲ့ Ad Block ရှိနေပါပြီ။ :)

Read More...

Did you know? [1]

အခုအချိန်ကနေ စပြီးတော့ "Did you know?" ဆိုပြီး ခေါင်းစဉ်ရေရေရာရာ တတ်လို့မရတဲ့ အတိုအထွာ အချက်လေး တွေကို နံပတ်စဉ်တပ်ပြီး ရေးသွားပါမယ်။

Keyboard နဲ့ပဲ ကွန်ပြူတာကို ထိန်းကျောင်းနေပြီး မဖြစ်မနေလိုအပ်မှ Mouse ကို ကိုင်တတ်တဲ့လူတွေအတွက် Tips လေးတစ်ခုပါ။

Google Talk Tip
- Google Talk က System Tray ထဲမှာ ရောက်နေတာကို "Windows Key + Esc" နှိပ်ပြီး Maximized ဖြစ်လာအောင် ခေါ်လို့ရပါတယ်။

Read More...

Another way to download if Media Covnert.org is banned.

လွန်ခဲ့တဲ့ ရက်အနည်းငယ်က YouTube က Video တွေကို ဘယ်လိုနည်းနဲ့ လွယ်လွယ်ကူကူ Convert လုပ်ပြီး Download လုပ်မလဲ ဆိုတာကို ရေးခဲ့ပါတယ်။ ဒါပေမယ့် မနေ့က ကျွန်တော် YouTube က movie clip တစ်ခုကို media convert လုပ်ပြီး download လုပ်ဖို့ ကြိုးစားတဲ့အခါမှာ Bagan Net က media convert ရဲ့ server တွေကို ban ထားလိုက်တာကို ၀မ်းနည်းစွာတွေ့လိုက်ရပါတယ်။

ဒီသတင်းကြားရလို့ စိတ်တော့ မပျက်သွားပါနဲ့။ Media Convert ကို အနည်းငယ် မွှေနှောက်ပြီးတဲ့အခါမှာ bypass လုပ်စရာမလိုပဲ download လုပ်နိုင်တဲ့ နည်းတစ်ခုကို တွေ့သွားပါတယ်။ ( ရှူးတိုးတိုး..ဒီတစ်ခါ ban ခံရရင် မလွယ်ဘူး :P ). အောက်မှာ ဖတ်ကြည့်လိုက်ပါ။ ;)

၁။ Page ရဲ့ ဘယ်ဖက်မှာ "The old conversion wizard" ဆိုတာရှိပါတယ်။ ၀င်လိုက်ပါ။ အဲဒါက အရင် Media Convert Version အဟောင်းတုန်းက သုံးတဲ့ Service ပါ။



၂။ "Convert a file directly from youtube.com" ကို ရွေးပြီး box ထဲမှာ youtube link ကိုထည့်ပေးပါ။ (eg. http://www.youtube.com/watch?v=abCdeFgHiij)


၃။ File type selection မှာတော့ ကိုယ်ပြောင်းချင်တဲ့ file type ကို ရွေးပေးလိုက်ပါ။ (ဥပမာ avi, wmv, 3gp, etc)

၎။ More Options ကတော့ ဘာမှ ပြောင်းစရာ မလိုပါဘူး။

၅။ Mail Address နေရာမှာ ကိုယ့်ရဲ့ လိပ်စာ အမှန်ကို ထည့်ပေါ်ရပါမယ်။ ဒါမှ Convert လုပ်ပြီးရင် dl link ကိုပို့ပေးမှာပါ။

၆။ ခဏလောက် စောင့်ပြီးသွားရင် mail ထဲကို converted video link ရောက်လာပါပြီ။

၇။ အဲဒီလင့်က ban ခံထားရတဲ့ server ထဲက မဟုတ်တဲ့အတွက် download managers တွေနဲ့ အဆင်ပြေသလို download လို့ရပါတယ်။



Note. Ultra Surf သုံးလို့မရပါဘူး။ Ultra Surf က URL တစ်ခုရဲ့ နောက်ဆုံး extension ကိုစစ်ပြီး ".wmv, .avi" ပါနေရင် Ultra Surf Home Page ကို Redirect လုပ်လိုက်ပါတယ်။ Home Page ကလည်း အကုန်လုံးကို တရုတ်လို ရေးထားလို့ Ban တာလား..ဘာလား ကျွန်တော်မသိတော့ပါ။

Read More...

Hidden Aurora Bootscreen in Windows Vista

Windows Vista ရဲ့ သာမာန် Boot Screen ( Windows ဖွင့်ဖွင့်ချင်းမှာ မြင်ရတဲ့ ဘယ်ကနေညာဖက်ကို ပြေးနေတဲ့ အတုံးလေးပါတဲ့ Screen ) က ကြည့်မကောင်းပါဘူး။ XP Boot Screen လိုမဟုတ်ပဲ Screen ဗြောင်ကြီးမှာ အတုံးလေး ရွေ့နေတာပဲ ပေါ်နေပါတယ်။ ( Windows 2000 ပုံစံလိုမျိုး )။ Vista မှာ အဲဒါထက် မိုက်တဲ့ ပိုကြည့်ကောင်းတဲ့ Boot Screen တစ်ခု Original Boot Screen တစ်ခုပါပါတယ်။ ဒါပေမယ့် Microsoft က Graphic Card အချို့မှာ ပြဿနာအနည်းငယ် တက်နိုင်လို့ enable မလုပ်ထားပေးခဲ့တာပါ။ ဒါကို အောက်က Step တွေ ကြည့်ပြီး enable လုပ် လို့ရပါတယ်။


1) Press Windows Key + R
2) Enter "msconfig" then press enter ( you might need to allow Security Permission if you enabled UAC )
3) Go to "Boot" tab.
4) Check "No GUI Boot" box



5) Press OK and restart your PC
6) You'll be fired up with new stylish aurora bootscreen ;) .



Note. This might slow down a little bit of booting up process ( but not much and no on my lappy ;) ). ဒီ Post က KezNews.com မှာ တင်ထားတာ အတော်ကို ကြာခဲ့ပါပြီ။ ကျွန်တော် မရေးဖြစ်လို့ နောက်ကျသွားတာပါ။

Read More...

Dec 2, 2007

Crack sites I usually visit

အောက်မှာ ရေးထားတဲ့ website တွေနဲ့ Forum တွေက ကျွန်တော် Software တစ်ခုခုအတွက် crack လိုချင်ရင် သွားရှာနေကြတွေပါ။

၁။ Softarchive.net

- အားသာချက်များ
Softarchive ကို ကျွန်တော် ကြိုက်တဲ့တစ်ချက်က Software တွေကို ပုံတွေနဲ့အတူတူပြထားပေးလို့ အပျင်းပြေလဲ ၀င်ကြည့်လို့ရတယ်။ ဟိုကြည့်ဒီကြည့်ရင်းနဲ့ အသုံးဝင်တဲ့ software လေးတွေလဲ တွေ့သွားနိုင်တယ်။ Page ရဲ့ ဘယ်ဖက်ခြမ်းမှာ (Application, Antivirus, SystemTools..etc) အစရှိသလို Category ခွဲထားပေးလို့ ကိုယ်ကြိုက်တာကို ရွေးရတာပိုလွယ်ပါတယ်။ Post တွေကို Comment ပေးလို့ရတဲ့အတွက် Link Dead ဖြစ်တာတွေနဲ့ Mirror site တောင်းတာတွေကို လုပ်လို့ရပါတယ်။ Software Installer နဲ့ Crack တွေကို တစ်ခါတည်း တွဲထားပေးပါတယ်။ Crack အပြင် Ebooks, Mags, Movies, Music Albums, Games တွေပါ ရနိုင်ပါတယ်။

- အားနည်းချက်တွေ
ကိုယ်လိုချင်တဲ့ Software ကို version အလိုက်တစ်နေရာထဲမှာ စုစည်းထားတာမျိုး မရှိပါဘူး။ Search ကလဲ ထင်သလောက် အကူအညီမပေးနိုင်တဲ့အတွက် တစ်ခါတစ်လေ ရှာရတာ ဒုက္ခရောက်ပါတယ်။ ပုံအကြီးကြီးတွေနဲ့ ပြထားတဲ့အတွက် Dial up တွေနဲ့ connection မကောင်းတဲအချိန်တွေမှာ ၀င်ကြည့်ရင် Page အတက်နှေးနေပါတယ်။ နောက်တစ်ချက်က Software တွေရဲ့ နောက်ဆုံးထွက် Version တွေ မရတတ်တာပါ။ Version Number ၁ ခု လောက်တော့ နောက်ကျတတ်တယ်။ Mostly, files are uploaded onto Rapidshare but you can request mirror site such as Mediafire or Zshare.

- ဒါတွေကို သတိပြုပါ
User comment တွေ ဖတ်ကြည့်ပြီး Crack အလုပ်လုပ်/မလုပ် ကို သိနိုင်တယ်။ PORN (18+) တွေကိုလဲ ပုံနဲ့အတူတူ တင်ထားပေးလို့ မျက်စိရှက်တတ်တဲ့လူတွေနဲ့ အလုပ်ထဲမှာ Softarchive ကို ၀င်ကြည့်ဖို့ သိပ်အဆင်မပြေပါဘူး။ Crack အချို့မှာ Virus/Worms/Trojan တွေ ပါလာတတ်လို့ User တွေရဲ့ Comment တွေကို သေချာဖတ်ကြည့်ဖို့လိုပြီး Antivirus ကောင်းကောင်းတစ်ခုနဲ့ Scan အရင် စစ်သင့်ပါတယ်။

၂။ ProjectW.org

- အားသာချက်များ
ကျွန်တော်အကြိုက်ဆုံး Forum ပါပဲ။ Software အတော်များများ (almost everything) ကို ProjectW မှာ ရနိုင်ပါတယ်။ Search ကို သုံးလိုက်တာနဲ့ လိုချင်တဲ့ software ကိုထွက်လာပါပေးတဲ့အပြင် နာမည်ကြီး software တွေကို တစ်နေရာထဲမှာ version အကုန်လုံးကို စုထားတာကို သဘောကျပါတယ်။ အလုပ်မလုပ်တဲ့ crack တွေဖြစ်နေရင်လဲ Forum မှာ Register လုပ်ပြီး ပြန်ပြောလို့ရပါတယ်။ Scripts, Movies, Music Albums, Linux ware တွေလဲ ရနိုင်ပါတယ်။ Request Section လဲရှိတဲ့အတွက် ကိုယ်လိုချင်တဲ့ Software ရဲ့ crack ကို request လုပ်လို့ရပါတယ်။ Crack တွေကို ဘယ် Hosting (Rapidshare,Mediafire,Megaupload..etc) နဲ့တင်ထား လဲဆိုတာကို သိရအောင် Icon လေးတွေခွဲပေးထားတာကလည်း ProjectW မှာ ပဲရှိတဲ့ Unique Feature ပါ။

- အားနည်းချက်များ
မတွေ့သေးပါ။


- ဒါတွေကို သတိပြုပါ။
ProjectW ကို မ၀င်ခင်မှာ Rules ကို အရင်ဖတ်ပါ။ သူတို့ရဲ့ Rules n Regulation နဲ့ ညှိရင် ၃ ခါမြောက် warnning ရောက်ရင် ban ပါတယ်။


ဒီ ၂ ခုနဲ့တင် Software Crack ရှာဖို့ လုံလောက်နေပါပြီ။ Download links တွေ ကတော့ RapidShare မှာပဲများတဲ့အတွက် Rapidshare Premium account ရှိရင်တော့ အဆင်ပြေပါတယ်။ Rapidshare account မရှိတဲ့ Bagan ISP User တွေအတွက် "Rapidshare ကို account မရှိပဲ download လုပ်လုပ်နည်းကို" ၀င်ဖတ်ကြည့်လိုက်ပါ။ Crack တိုင်းကို မသုံးခင်မှာ Scan အရင်လုပ်ပါ။

Software တစ်ခုကို တကယ်ကြိုက်တယ်၊ ကိုယ့်အတွက် အသုံးဝင်တဲ့အပြင် ကိုယ့်မှာ ၀ယ်နိုင်တဲ့ ငွေကြေး နဲ့ အခွင့်အရေးရှိရင် Software အစစ်ကိုပဲ ၀ယ်သုံးပါလို့ တိုက်တွန်းပါတယ်။ Programmers need to eat too!.

Read More...

Nov 28, 2007

Easily Download n Convert Youtube videos..!!

လွန်ခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က YouTube ကို Ban ထားရင် ဘယ်လို Bypass ပြီးကြည့်လို့ရလဲ ဆိုတာကို ရေးခဲ့ပါတယ်။ ဒီတစ်ခါကတော့ ကိုယ်ကြိုက်တဲ့ YouTube က Video တွေကို ဘယ်လို Download လုပ်မလဲဆိုတဲ့ နည်းပါ။ YouTube က Video တွေကို Download လို့ရတဲ့ နည်းတွေ အများကြီးရှိပါတယ်။ အဲဒါတွေထဲ ဒီတစ်ခုက ပိုပြီး လွယ်လို့ပါ။

Media Converter ဆိုတဲ့ Web Service ပါ။ YouTube က Movie တွေကို Download လုပ်လို့ရတဲ့အပြင် .flv format ကနေ .avi ကိုပါ တစ်ခါတည်း on the fly convert လို့ရပါတယ်။ ဒီတော့ FLV Player or VLC Player တွေ ရှိစရာမလိုတော့ဘူးပေါ့။ Convert လုပ်တာကလဲ အရမ်းမြန်ပြီး Download link ကိုလဲ download manager တွေနဲ့ ဆွဲလို့ရပါတယ်။ အဲဒါတွေအားလုံးကို FREE ပေးပါတယ်။ လှူချင်တယ်ဆိုရင်တော့ ဒီ Service အတွက် Bandwidth Exceed ဖြစ်တာကို ကုန်ကျငွေ ကို PayPal ကနေ လှူလို့ရပါတယ်။ ကိုယ့်စက်ထဲမှာ ရှိပြီးသား Movie တွေကိုလဲ Upload တင်ပြီး Online Convert လုပ်လို့ရပါသေးတယ်။

၁။ "Convert a file directly from youtube.com" ကိုရွေးလိုက်ပါ။
၂။ Youtube link ထည့်လိုက်ပါ။ ဒါကို ဖတ်ပြီး IP နဲ့ဝင်ထားတယ်ဆိုရင်တော့ IP နေရာမှာ www.youtube.com လို့ ပြန်ထည့်ပေးလိုက်ပါ။
၃။ "Select a video file type" မှာ ကိုယ်ပြောင်းချင်တဲ့ Video format ကိုပြောင်းလိုက်ပါ။
၎။ "Set Additonal Options:" မှာတော့ ဘာမှ မပြောင်းပဲ next သွားလို့ရပါတယ်။
၅။ Convert လုပ်နေတာကို ထိုင်စောင့်ပြီး "Download it now" ပေါ်လာရင် Download ဆွဲလိုက်ရုံပါပဲ။

Visit Media Converter

Read More...

Nov 27, 2007

MPT ကလဲ Blog တွေကို Ban လိုက်ပြီ..!!

MPT က တစ်ချို့သော Blog တွေကိုပဲ Ban ထားပြီး ကျန်တာတွေကို ပြန်ဖွင့်လိုက်ပါပြီ။ (Update: 10th Dec 07)

ဘယ်နေ့က အတိအကျ Ban လိုက်တယ်ဆိုတာ သေချာမသိရပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ ဖြစ်သွားတာပါ။ MPT ရဲ့ ပုံမှန် Ban ရင် တက်လာတဲ့ "STOP" ဆိုတဲ့ Page မဟုတ်ပဲ "The URL you requested has been blocked." ဆိုပြီး တက်လာမှာပါ။ ဒါနဲ့အတူ "blogspot.com" ကိုလဲ ban လိုက်ပြီး blogger.com ကတော့ ၀င်လို့ရနေပါသေးတယ်။ Domain ပြောင်းထားတဲ့ Blog တွေကတော့ ဒီပြဿနာကနေ လွတ်ကင်းနေပါတယ်။





Update: ဒီမနက်ကပဲ(၂၇.၁၁.၀၇) Ban လိုက်တယ်လို့ ထပ်သိရပါတယ်။

Read More...

Nov 23, 2007

How to uninstall Universal Customizer from U3 Drives and Restore Launch Pad back to Original?

Below is the simple steps if your U3 Drive was messed up by Universal Customizer. My U3 Drive is "Toshiba" and Universal Customizer mounted/changed the brand to "San Disk" and Uninstall from San Disk's U3 Launch Pad won't work. So I took a few risky testings :P but I was able to restore my U3 Launch Pad to Toshiba successfullly. Okie let's cut the crap and straight to the point.


1) You'll need a PC with Windows XP (Universal Customizer won't work on Vista)
2) Download this .ISO file (This ISO is only for Toshiba and I extracted from Toshiba U3 Updater)
3)Extract the "Dummy.iso" and "U3CUSTOM.iso" files to Universal Customizer folder (C:\Universal_Customizer\BIN)
4) Run the "Universal_Customizer"
5) It'll restore your U3 Launch Pad to original Toshiba U3 Launch Pad. That's All!

Note> For other brands (such as, Kingston, SanDisk, TwinMos)
- Download the latest U3 Updater from their official sites
- Extract the Updater with WinRAR or WinZip
- Check if there is a folder named "bin" that contains two ISO files ("Dummy.iso" and "LaunchPad.iso")
- Rename "LauchPad.iso" to "U3CUSTOM.iso"
- Replace "Dummy.iso" and "U3CUSTOM.iso" to Universal Customizer folder (C:\Universal_Customizer\BIN)
- Run the "Universal_Customizer" and that should restore your u3.

Read More...

Nov 22, 2007

Bagan Firewall ကို အလွယ်တကူ Bypass လုပ်ပြီး YouTube ကို ကြည့်မယ်

Ultra Surf, Your Freedom တို့ မသုံးပဲ Bypass လုပ်တဲ့နည်းပါ။

၁။ Start > Run > Type "cmd" and press enter
၂။ type "nslookup www.youtube.com" then press enter



၃။ ထွက်လာတဲ့ IP (ဥပမာ၊ ) ကို Browser ထဲက Address Bar ထဲမှာ ထည့်ပြီး Enter ခေါက်လိုက်ရင် YouTube ကို ရောက်သွားပါပြီ။ easy rite? :)




မှတ်ချက်။ MPT Firewall သုံးတဲ့ သူတွေလဲ အဲဒီလို လုပ်လို့ရပါတယ်။ YouTube တစ်ခုတည်း မဟုတ်ပါဘူး။ Unique IP ရှိတဲ့ Website တွေတော်တော်များများကို Ban ထားရင် ဒီလိုနည်းနဲ့ Bypass လုပ်လို့ရပါတယ်။ nslookup ကနေ ထွက်လာတဲ့ IP ကိုခေါ်လို့မှ ကိုယ်သွားချင်တဲ့ Site ကိုမရောက်ဘူးဆိုရင် အဲဒီ Site က Unique IP မရှိပဲ Shared IP နဲ့ဖြစ်နေလို့ပါ။ ချွင်းချက်အနေနဲ့ Google ရဲ့ Service (Blogger,Gmail, etc) အချို့ကို ဒီနည်းနဲ့ ၀င်လို့မရပါဘူး။ YouTube ကတော့ Google ရဲ့ Service တစ်ခုဖြစ်ပေမယ့် ဒီလိုဝင်လို့ရပါတယ်။ အဲ..နောက်ပြီး nslookup ခေါ်ချင်ရင် Bagan ရဲ့ Name Server တွေဖြစ်တဲ့ 203.81.71.69 (Primary) နဲ့ 203.81.71.73 (Secondary) ကို TCP/IP ရဲ့ DNS မှာထည့်ထားပေးရမှာ ဖြစ်ပါတယ်။ MPT အတွက်ကတော့ 203.81.64.19 (Primary) နဲ့ 203.81.64.20 (Secondary) ပါ။

Read More...

What is DoS Attack?

DoS Attack ဆိုတာ website တစ်ခုရှိတဲ့ webserver တစ်ခုရဲ့ ခံနိုင်တဲ့ request ထက်ကျော်တဲ့ request တွေ အများကြီးကို တစ်ပြိုင်တည်း request လုပ်လိုက်တဲ့ အခါမှာ webserver က လေးသွားပြီးတော့ နောက်ဆုံးမှာ ရပ်သွားအောင်လုပ်တာပါ။ request ဆိုတာ ကျွန်တော်တို့ browser ကနေ website တစ်ခုရဲ့ address ကို ရိုက်ထည့်လိုက်တဲ့ အခါ ကျွန်တော်တို့ဆီက request က အဲဒီ website ဆီကို တက်သွားပါတယ် ဒီတော့မှ website က လိုအပ်တဲ့ processing တွေလုပ်ပြီး respond ပြန်လိုက်ရင် ကျွန်တော်တို့ဆီမှာ webpage ကိုမြင်ရတာပါ။

ဥပမာအားဖြင့် - ABC ဆိုတဲ့ webserver ပေါ်က xyz.com ဆိုတဲ့ site က request က 500 ထိတပြိုင်ထဲ လက်ခံနိုင်တယ် ဆိုရင် attack လုပ်တဲ့သူက "bot" လို့ခေါ်ကြတဲ့ software ကိုသုံးပြီးတော့ request 600 လောက်ကို စက္ကန့်တိုင်း စက္ကန့်တိုင်းဆက်တိုက်ပို့ ပေးလိုက်တဲ့အခါ webserver က requst တွေကို တန်းစီပြီး တော့ တစ်ခုချင်းဆီ အလှည့်ကျ process လုပ်ပေးပါတယ် ဒါပေမယ့် request တွေက တဖြည်းဖြည်း အရမ်းများလာတဲ့ အခါကျတော့ request တွေစုပြုံလာပြီး webserver ရဲ့ Memory usage တွေတက် CPU Usage တွေ တက်လာပြီး Webserver လည်း နှေးရင်းနှေးရင်း နောက်ဆုံး ရပ်သွားပါတော့တယ်။



Dos ဘာလို့ လုပ်ရလဲဆိုတာကို ပိုပြီးနားလည်ရ လွယ်အောင် ကျွန်တော်ရဲ့ ဆရာ ကိုဝင်းထိန်ဝင်း ပြောပြဖူးတဲ့ ဥပမာလေးကို ပြန်ပြောပြပါမယ်။

ဆရာက ရှင်းပြပါတယ်။ DoS Attack ဆိုတာ ဈေးမှာ အိမ်သာ လုပ်ငန်း ပြိုင်ဖက်တွေလိုပဲတဲ့။ ဥပမာ.. ဈေးတစ်ခုမှာ အိမ်သာ Service ပေးတဲ့ မောင်ဖြူနဲ့ မောင်မဲဆိုတဲ့ Service Provider ၂ ယောက်ရှိတယ်ထားပါတော့။ ၂ ယောက်လုံးမှာက အိမ်သာ ၅ လုံးစီရှိကြတယ်။ ၂ ယောက်လုံးကလဲ Service အတူတူပေးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မသာကြဘူးဆိုပါတော့။ ဒီတော့ လူတွေကလည်း ကြုံတဲ့ ဖက်ကို ပဲဝင်အားပေးလိုက်ကြတာပေါ့။ ဒီတော့ မောင်မဲက စဉ်းစားတယ်။ မောင်ဖြူ့ဖက်ကို လူမ၀င်ပဲ သူ့ဖက်ကိုပဲ လူတွေ အားလုံး လာကြရအောင် ဘယ်လိုလုပ်ရမလဲပေါ့။ လူမိုက်ငှားပြီး ဟိုဖက်ကို သွားရိုက်ခိုင်းလို့လဲမရ ဥပဒေနဲ့ လဲညီရမယ် မောင်ဖြူလဲ စီးပွားပျက်ရမယ်ဆိုပြီး အကြံကြီးကြံရော။ အကြံလဲရရော ချက်ချင်းကို အကောင်အထည်ဖေါ်လိုက်တော့တယ်။

ဘယ်လို အကောင်အထည်ဖေါ်လဲဆိုတော့ ဈေးအနီးနားမှာ ရှိတဲ့ ၁၀၉/ ၁၁၀ အလုပ်လက်မဲ့ ၅ ယောက်ကို တစ်နေ့ကို ၅၀ ပေးပြီး မောင်ဖြူရဲ့ အိမ်သာတွေကို မနက်ကတည်းကနေ ညနေအထိ သွားပြီး တက်ခိုင်းထားတာပါ။ ဒီတော့ လာသမျှလူတွေကလဲ မောင်ဖြူဆီမှာ မစောင့်နိုင်တော့ မောင်မဲရဲ့ Service ကို လာပြီးသုံးရတော့ မောင်မည်းက အမြတ်ကြမ်းကြမ်းရနေတာပေါ့။ ဒီလိုနဲ့ မောင်ဖြူကလဲ မောင်မဲရဲ့ အကြံအစဉ်တွေကို ရိပ်မိသွားတော့ အဲဒီ တစ်နေကုန် လာထိုင်နေတဲ့ ၅ ကောင်ကို အထဲက ဆွဲထုတ်ပြီး နောက်သူ့ Service ကို ဘယ်တော့မှ မသုံးရဆိုပြီး မောင်းထုတ်လိုက်တာပေါ့။ ဒါကို မောင်မဲကလည်း အငြိမ်မခံပဲ နောက်ထပ် လူတွေ ငှားပြီးတော့ ဟိုဖက်ကို တက်ခိုင်းပြန်တယ်။ မောင်ဖြူကလဲ သိသွားတာနဲ့ ဆွဲထုတ်တာပဲ။

DoS Attack ဟာ အဲဒီလို လုပ်သွားတာပါ။ တစ်ဖက်လူရဲ့ Service ကို လူမ၀င်အောင်.. ကိုယ့်ဖက်ကို လူဝင်များအောင် လုပ်တဲ့သဘောပါ။ မောင်ဖြူက လူတွေကို ဆွဲထုတ်သလို Attack လုပ်ခံရတဲ့ Website ရဲ့ Webmaster တွေကလည်း Attack လာတဲ့ IP တွေကို Ban ပစ်ပါတယ်။ ဒီလိုပဲ Attack လုပ်တဲ့သူကလည်း တတ်နိုင်သလောက် Attack IP တွေကို အမျိုးမျိုးပြောင်းပြီး တိုက်သွားတာပါ။


More on Wikipedia

Read More...

တကယ်မိုက်တဲ့ ဂေါ်ဒိုင် ဒေါ့ ကွန်း (Gawdi.com)

“ဟာ..သယ်ရင်း.. မင်းရဲ့ site က တယ်လန်းနေပါလား.. Design ပိုင်းလဲ လန်ထွက်နေတာပဲ..” လို့ လူငယ်တွေ ပြောတာကို နားမလည်ဘူးဆိုရင် ဂေါ်ဒိုင် ကိုသွားဖို့ လိုအပ်ပါတယ်။ ဂေါ်ဒိုင်ဆိုတာ မြန်မာ လူငယ်တွေ Web 2.0 ပုံစံ လုပ်ထားတဲ့ Site တစ်ခုပါ။ အခုခေတ် လူငယ် အချင်းချင်း သုံးနေတဲ့ ဗန်းစကားလို့ ခေါ်တဲ့ စကားလုံး စာစုတွေကို စုစည်းဖော်ပြထားပြီး ကိုယ်ကိုတိုင်လည်း စကားလုံး အသစ်တွေကို ထည့်သွင်းလို့ရပြီး ရှိပြီးသား ဗန်းစကားတွေကို Vote လုပ်ခွင့်နဲ့ အဓိပ္ပာယ် ထပ်မံ ဖွင့်ဆိုခွင့် (ဒါမှမဟုတ် ပြုပြင်ခွင့်) တွေပေး ထားတဲ့ website ပါ။

မြန်မာလို “၀င်းအင်းဝ” ဖောန့်ကို သုံးထားပြီး Search လုပ်လို့ရသလို မြန်မာလို မရိုက်တတ်ရင်လဲ Burglish လို Search ခွင့်နဲ့ Burglish လို ထည့်ထားတဲ့ ဗန်းစကားတွေကို မြန်မာလို ပြန်ပြောင်းဖို့ အကြံ ပေးလို့လဲရပါတယ်။ လက်ရှိ ဗန်းစကားတွေ အတော်များများကို စုံလင်အောင် ထည့်ထားပေးပါတယ်။ ဒါပေမယ့် သတိပေးချင်တာက တစ်ချို့သော ဗန်းစကားတွေက ယောင်္ကျားလေး အချင်း ချင်း သုံးတဲ့ စကားလုံးတွေ ဖြစ်တဲ့အတွက် အများအမြင်မှာ အတော်ကို ရိုင်းသလို ဖြစ်သွားနိုင်ပါတယ်။ မျက်စိရှက်တတ်တဲ့သူတွေ သတိထားပြီး ၀င်သင့်ပါတယ်။

ဂေါ်ဒိုင်ရဲ့ ရည်ရွယ်ချက်က တစ်ချိန်ချိန်မှာ ပျောက်ဆုံးသွားမယ့် ဗန်းစကားတွေကို မပျောက်အောင်လို့ တစ်နေရာမှာ စုစည်းထားပေးတဲ့သဘောပါ။


Read More...

This.Analyze("Rapster88") သို့မဟုတ် ငါ ဘာကောင်လဲ?? + ဘူးဒူး

ဟိုးအရင်ကတည်းက တက်ခ်(Tag) ထားတဲ့ ကိုတေဇာ ရဲ့ Tag ကို ရေးမယ်ရေးမယ်နဲ့ နေ့ရွှေ့ ညရွှေ့ လုပ်လိုက်တာ အခုတော့ ကို Zero Trash ကလဲ Tag ပြန်တော့ ၂ ခုပေါင်းပြီး တစ်ခါ တည်း Reply ပြန်လိုက်ပါတယ်။

ကို Zero Trash ရဲ့ Tag က တော့ ငါ..ဘာကောင်လဲ? ဆိုတဲ့ Tag ပါ။ ကိုတေဇာကတော့ ကိုယ့်ပုံကို ပြန်ဆွဲခိုင်းတာပါ။

ဒီနေရာမှာ တောင်းပန်ချင်တာက ကျွန်တော်က ကျွန်တော်ရဲ့ Personal အကြောင်းတွေကို Blog (Also online) မှာ အသေး စိတ်ဖေါ်ပြလိုစိတ် မရှိတဲ့အတွက် အခြား ဘလော့ဂါတွေ ရေးသလိုတော့ ဖတ်လို့စုံမယ် မထင်ပါဘူး။ ကဲစပြီ...

ပုံပန်းသဏ္ဍန်

- အရပ်ရှည်တယ်
- ပိန်တယ် ( Appeton Weight Gain ကြော်ညာထဲက ပုံနဲ့တူတယ်)
- မျက်မှန်အမြဲတပ်တယ် ( ၉ တန်းတုန်းက Game အရမ်းကစားလို့ မျက်စိ မှုန်သွားတာ)

စိတ်နေစိတ်ထား

- များသောအားဖြင့် သဘောကောင်းတယ်
- တော်ရုံ စိတ်မဆိုးတတ်ဘူး ဒါပေမယ့် စိတ်ဆိုးရင် ဒေါသကြီးတယ်
- မသိတဲ့လူတွေနဲ့ တွေ့ရင် စကားနည်းတယ်
- မျက်နှာထား ခပ်တည်တည် နေတတ်တယ် (အိမ်မှာဆိုရင်တော့ မဟုတ်ဘူး)

အထွေထွေ


- ဦးဏှောက် နည်းနည်း ပျက်နေတယ်။ (ငယ်ငယ်တုန်းက ကျောင်းမှာ ခေါင်းကို ခဏခဏ ခပ်ပျင်းပျင်း အတီးခံလို့ လို့ ထင်တာပဲ)
- Monitor ပေါ်မှာ Icon မလိုတဲ့ Icon တွေ တစ်ခုမှ မထားဘူး။
- အချိန်တိုင်း လိုလို အိပ်ငိုက်နေတတ်တယ်။
- စိတ်ခံစားချက်ပေါ်မှာ မူတည်ပြီး သီချင်း အမျိုးစုံ နားထောင်တယ်။
- Internet ထဲမှာ လိုက်မွှေနေရတာကို သိပ် ၀ါသနာ ထုံတယ်။

တွေးကြည့်ပြီး ထွက်လာတာတွေကို ပြန်စိစစ်လိုက်ပြီး ရေးထားတာပါ။ အောက်မှာ ဆွဲထားတဲ့ ပုံကတော့ ကျွန်တော်နဲ့ ဆံပင်က လွဲလို့ တော်တော်များများ တူပါတယ်။ ဒီပုံကို အပင်ပန်းခံ ပြီး ၂ ခါတောင် ဆွဲပေးတဲ့ Piyo Piyo ကိုလည်း ကျေးဇူး အကြီးကြီး တင်ပါတယ် :) ။ ဖိနပ်နားမှာ ရေးထားတဲ့ စာက "This is my scholl" ပါ။ ကျွန်တော်ရဲ့ ဖိနပ်ပြဿနာကို ဖတ်ချင်ရင် ဒီမှာ နဲ့ ဒီမှာ ဖတ်လို့ရပါတယ်။



ကဲ.. Tag အကြွေးတွေတော့ ရှင်းသွားပါပြီ။ စိတ်ထဲမှာ အခုမှပဲ ပေါ့သွားပါတော့တယ်။ (မဟုတ်ရင် ကို ZeroTrash က နေ့တိုင်း အိမ်စာ လာလာစစ်နေတာ။)

Read More...

Nov 20, 2007

Problem with New Header Image

ခုနကလေးတင်ပဲ Header Image တစ်ခုကို Photoshop နဲ့လုပ်ပြီး တင်ထားတာ ပြဿနာ နည်းနည်းရှိနေပါတယ် (အောက်ကပုံကိုကြည့်ပါ။) အပေါ်က Navigation Bar နဲ့ ပုံကြားထဲမှာ နေရာလွတ်တစ်ခု ဖြစ်နေတာကို ဖျောက်လို့ မတတ်လို့ပါ။ တတ်ကျွမ်းတဲ့သူများ ရှိရင် တစ်ချက်လောက် ကူညီပေးကြပါ :( ။

Read More...

How to avoid Rapidshare download limit easily??!

Yes, I mean "easily" and this method is only for Bagan Cybertech Users.

တစ်ခါတစ်လေ အရေးကြီးတဲ့အခါမှ Rapidshare က Free download limit ပြည့်နေလို့ 1mb တောင် မပြည့်တဲ့ file ကို download လို့ မရပဲ အချိန်အကြာကြီး ထပ်စောင့်ခိုင်းတာမျိုး ဖြစ်ဖူးကြမှာပါ။ ဘာလို့ အဲဒီလို ဖြစ်လဲဆိုတော့ Rapidshare က Free download လုပ်ရင် IP နဲ့ Log လုပ်တတ်ပါတယ်။ IP တစ်ခုက တစ်ကြိမ်မှာ file တစ်ဖိုင်ကိုပဲ download လုပ်ခွင့်ပေးတာပါ။ ကိုယ်က download မလုပ်ရသေးပဲ Rapidshare က စောင့်ခိုင်းနေတဲ့သဘောက Bagan Cyber Tech က Proxy Server ကိုသုံးပြီး Outbound IP တွေကို Share သဘောမျိုးနဲ့ လုပ်ထားလို့ပါ။ ဒီတော့ တစ်ခြားတစ်ယောက်နဲ့ ကိုယ်က ပြည်တွင်း IP မတူပေမယ့် ပြည်ပ IP တူနေတော့ သူက download လုပ်ရင် ကိုယ်က လုပ်မရဖြစ်တာပါ။



ဒါပေမယ့် အဲဒီ Bagan Cyber Tech ရဲ့ Proxy တွေကိုပဲ အသုံးချပြီး IP ပြောင်းပြီး Download Limit ကို အလွယ်တကူ ဖြတ်လို့ရပါတယ်။ လုပ်နည်းကို အောက်မှာ ဖတ်ကြည့်လိုက်ပါ :) ။

၁။ ဒီမှာ Bagan ရဲ့ Proxy တွေကို ဘယ်လိုရှာကြည့်ရလဲ ဆိုတာကို အရင်ဖတ်လိုက်ပါ။


၂။ လုပ်နည်းက ဒီလို - ဥပမာအားဖြင့် ကျွန်တော်က Proxy 203.81.71.234 နဲ့ Download လုပ်ဖို့ကြိုးစား တယ်ထားပါတော့ မရဘူးဆိုရင် Proxy ကို နောက်တစ်ခုကို ပြောင်းလိုက်ပါ (eg. 203.81.71.237)။ ဒီအခါ အပြင် IP က ပြောင်းသွားပြီး Download လုပ်လို့ ရသွားပါလိမ့်မယ်။ မရသေးရင် နောက်တစ်ခုကို ထပ်ပြောင်းပါ။ ပြောင်းပြီးရင် Page ကို Refresh လုပ်လိုက်ပါ။

၃။ Proxy ကို Firefox နဲ့ IE မှာ ပြောင်းတဲ့ Step တွေပါ။ Proxy ပြောင်းတာကို ဒီထက် လွယ်လွယ်ကူကူပြောင်းချင်ရင် Firefox အတွက် ဒီကိုဝင်ပြီး IE အတွက် ဒီကို ၀င်ဖတ်ကြည့်ပါ။

Firefox
Go to Tools > Options > Advanced > Network > Settings

IE
Go to Tools > Internet Options > Connections > Lan Settings (or Select Dialup Connection > Settings)



ဒါဆိုရင် Download ပြဿနာ အဆင်ပြေသွားမှာပါ။ Bagan က Proxy ၉ ခု (ဒီထက်မက ရှိပါသေးတယ် ;) ) ကို လှည့်ပတ်ပြီး ကြိုးစားကြည့်ပါ။ ဒါမှ မရသေးဘူးဆိုရင် Freedom or Ultra Surf တို့ သုံးပြီး IP ထပ်ပြောင်း လို့ရပါသေးတယ်(Ultra Surf အကြောင်း ဒီမှာဖတ်ပါ)။ ဒီလောက် လုပ်တာတောင်မှ Download မရရင်တော့ ကံသိပ်ဆိုးတဲ့နေ့ လို့သာ မှတ်ပြီး နောက်မှ ထပ်လုပ်ပါတော့ :D။ MPT က user တွေကတော့ UltraSurf or Freedom ကိုပဲ သုံးပြီး proxy ပြောင်းလို့ရပါမယ်။ MPT မှာအရင်က သုံးလို့ရတဲ့ Proxy ၂ ခု ရှိပေမယ့် အခုတော့ တစ်ခုပဲ ရပါတော့တယ်။

Read More...

Nov 15, 2007

PkBlogs.com back into action!

Pkblogs.com ဆိုတာ Blogs တွေကို ဘန်းထားတဲ့ တိုင်းပြည်တွေမှာ Blog တွေကို ကြည့်လိုရအောင် လုပ်ထားတဲ့ Tunnel Service ပါ။ Kproxy လိုမျိုးပါ။ ဒါပေမယ့် Blogspot သီးသန့်ပါပဲ။ ဟိုတစ်လောက ဒီမှာ Blogspot ကို ဘန်းလိုက်တုံးက ဒီ Service ကို ၀င်ပြီး စမ်းကြည့်ခဲ့တုန်းက အလုပ်မလုပ်ပဲ ရပ်နေပါတယ်။ အခုတော့ ကောင်းသွားပါပြီ။ သုံးရတာ မြန်ပြီး လွယ်ပါတယ်။ PKBlogs.com ထဲကို ၀င်ပြီး box ထဲမှာ blog id ကို ရိုက်ထည့်ပေးလိုက်ရုံပါပဲ။ ဒါမှမဟုတ်လဲ "http://www.pkblogs.com/yourblogidhere" လို့ browser addressbar ကနေ တိုက်ရိုက် လှမ်းခေါ် ပြီး သုံးလို့ရပါတယ်။



Read More...

Windows XP ကို ၆ မိနစ်အတွင်း Hack လုပ်ချင်း

ဟုတ်ပါတယ်.. ၆ မိနစ်ထဲပါ။ UK အစိုးရ ထောက်လှမ်းရေးအဖွဲ့ရဲ့ Serious Organized Crime Agency မှာ အလုပ်လုပ်နေတဲ့ Security Experts ၂ ယောက်က Microsoft က လူတွေရှေ့မှာ လုပ်သွားတာပါ။ Windows XP Service Pack 1 ကို Security Patch တွေနဲ့ Security Application (Antivirus, Firewall etc) တွေတစ်ခုမှ မတင်ပဲ Unsecured Wireless Connection တစ်ခုပေါ်ကနေ Hack လုပ်ပြီး complete control လုပ်ခဲ့တာပါ။ Hack လုပ်မယ့် စက်ရဲ့ IP Address ကို Scan လုပ်လို့ ရသွားတဲ့အခါ Internet ပေါ်ကနေ download လုပ်လို့ရတယ် open source hack tool ကို သုံးပြီး စက်ရဲ့ အားနည်းချက်ကို scan ထပ်ရှာပါတယ်။ နောက်ထပ် Tools တစ်ခုကို အသုံးပြုပြီး စက်ရဲ့ Security Hole တွေကို attack လုပ်နိုင်မယ့် exploit ကို build လုပ်ပြီး attack ကို စလိုက်ပါတယ်။ အဲဒီ အလုပ်တွေအားလုံးကို ၆ မိနစ်ပဲ အချိန်ယူပါတယ်။

“မျက်စိရှေ့မှာတင် Windows XP ကို Hack လုပ်ခဲ့တာဟာ အသိပညာတွေရသလို တုန်လှုပ်စရာလဲ ကောင်းပါတယ်” လို့ Microsoft UK ရဲ့ Platform Strategy Director Nick McGrath ကပြော သွားပါတယ်။ “ဒါပေမယ့် Hack လုပ် ခဲ့တဲ့ စက်က အကာအကွယ် ဘာမှမရှိတဲ့ စက်ပါ” လို့လဲ သူက ထပ်ပြီးပြောသွားခဲ့ပါတယ်။ Service Pack 2 ကို နောက်ဆုံး Security Patch တွေနဲ့ upgrade လုပ်လိုက်တဲ့အခါ အားနည်းချက်တွေ အနည်းငယ်လျော့သွားပါတယ်။ Microsoft ရဲ့ နောက်ဆုံးထုတ် OS ဖြစ်တဲ့ Vista မှာကတော့ Security ပိုင်းကို ပိုမိုစိတ်ချရအောင် လုပ်ထားပါတယ်။

Keznews.com မှ "One More Reason to Upgrade to Vista: 6-Minute XP Hack Is Frightening!" ကို တတ်သလောက် အဆင်ပြေသလို ဘာသာပြန်သည်။

Read More...

Easily Ping With Ping Test Easy!

Ping Test Easy ဆိုတာ Free Application တစ်ခုပါ။ Network ထဲမှာ IP တွေ အတော်များများကို Ping ရတယ်ဆိုရင်တော့ Windows CMD ကနေ Ping တာထက် ဒီ Ping Test Easy ကနေ Ping တာ ပိုပြီး လွယ်ကူပါတယ်။ IP တွေကို Save မှတ်ထားလို့ရတဲ့အတွက် အချိန်ကုန် သက်သာတယ်။ Buffer Size, Ping Interval နဲ့ Ping Time တွေကို ကိုယ့်စိတ်ကြိုက် ပြောင်းလို့ရတာက Command Prompt ထက် အများကြီးသာပါတယ်။ IP Scan လို့ရတဲ့ Feature လဲပါပါတယ်။ Network သမားတိုင်း ဆောင်ထားသင့်တဲ့ Application တစ်ခုပါ။ Install လုပ်စရာ မလိုပဲ Vista မှာလည်း Run နိုင်ပါတယ်။ 252 KB ပဲရှိပါတယ်။



Read More...

Nov 14, 2007

Funny Cartoons

ကျွန်တော့်ရဲ့ အဖိုးပို့လိုက်တဲ့ပုံတွေပါ။ တစ်ချို့ပုံတွေက တော်တော်ကို ရီရပါတယ်။ Page Loading အပြည့်တက်တဲ့ အထိ စောင့်ပြီးမှ ပုံတွေကို Click နှိပ်ပေးပါ။ ဒါဆိုရင် Light Box Effect တက်လာပြီးတော့ ပုံတွေကို Left/Right key နှိပ်ပြီး ရွှေ့ကြည့်လို့ ရပါတယ်။ :)












Read More...

Nov 13, 2007

I'm going offline for a few days

ကျွန်တော် နေမကောင်းဖြစ်နေတဲ့ အတွက် ဒီရက်ပိုင်း Post တွေ မတက်နိုင်ဖြစ်ရင် ခွင့်လွှတ်ပေးပါလို့ တောင်းပန် ချင်ပါတယ်။ ဒါပေမယ့် မတင်ဖြစ်လဲ အလွန်ဆုံး ၂ ရက် ၃ ရက်ပေါ့ :) ။ နေကောင်းသွားရင် အရင်လို ပြန်ပြီး တင်သွားမှာပါ။ အခုတော့ ခေါင်းမူးတာ ချာချာကို လည်နေတာပဲ။

Read More...

Nov 12, 2007

Free PDF Converter Both Online/Offline

များသေားအားဖြင့် ဒီမှာသုံးကြတာက Adobe ထုတ်တဲ့ Adobe Acrobat Reader ပါ။ Acrobat Reader က Free Version ဆိုရင် PDF တွေကို ဖွင့်လို့ပဲရပြီး Convert လုပ်ချင်ရင်တော့ Pro Version ကို ၀ယ်ရပါတယ်။ ဒါပေမယ့် PrimoOnline ဆိုတဲ့ Website မှာ File Types တော်တော်များများ (အပြည့်အစုံကို ဒီမှာကြည့်ပါ) ကို PDF ဖြစ်အောင် FREE ပြောင်းပေးတဲ့ Online Service ရှိပါတယ်။ PDF ပြောင်းဖို့ကို Step ၃ ခုပဲ လုပ်ရပါတယ်။ Step တွေက ထွေထွေ ထူးထူးမဟုတ်ပါဘူး။ Mail Address ထည့်ပေးရတယ် နောက်ပြီး ပြောင်းချင်တဲ့ File ကို တင်ပေးလိုက်ရင် PDF ပြောင်းပြီးတာနဲ့ Mail box ထဲကို အကြောင်းကြားစာနဲ့ ပြောင်းထားတဲ့ PDF ကို Attach လုပ်ပြီးပို့လိုက်ပါတယ်။ ဒါ့အပြင် PrimoOnline PDF Converter ကို Windows Application လဲရှိပါတယ်။ ဒီမှာ Download လို့ရပါတယ်။








မှတ်ချက်။ Microsoft Office 2007 သုံးတဲ့သူတွေ သတိထားရမှာက Word Document အသစ်ဖြစ်တဲ့ .docx ကို PDF ပြောင်းလို့မရသေးပါဘူး။ ဒီအတွက် Save လုပ်တဲ့နေရမှာမှာ "Save As > Word 97/2003" Format နဲ့ Save ပေးပြီးမှ PDF ပြောင်းလို့ရပါမယ်။



Source: Raymond.CC Blog


နောက်ထပ် အသုံးဝင်တဲ့ Free Converter တွေနဲ့ Tools အနည်းငယ် ရေးဖို့ စီစဉ်ထားပါတယ်။ စောင့်မျှော် အားပေးပါဦးလို့ :) ။

Read More...

Nov 11, 2007

Hacker Puzzle နဲ့ ဦးနှောက်စားတဲ့ကျွန်တော်

သတိ!- Post ရဲ့အောက်ဆုံးမှာ Level တစ်ခုချင်းစီရဲ့ ဖြေပုံဖြေနည်းတွေကို ရေးထားတဲ့အတွက် အဖြေမသိချင်ပဲ ကိုယ့် သဘောနဲ့ ကိုယ်ဖြေချင်သူများ Scroll ကို သတိထားပြီး ဆွဲပါ။

ဟိုနေ့က ကိုမျက်လုံး ဆီကို ပထမဦးဆုံးအလည်ရောက်သွားတယ်။ ရောက်ရောက်ချင်းပဲ စိတ်ဝင်စားစရာ Game တစ်ခုကို တွေ့တယ်။ Hacker Puzzle တဲ့။ HTML based Text game လေးပါ။ Game သေးတယ်ဆိုပြီး အထင်သေး လို့မရပါဘူး။ တကယ်ကို ဦးနှောက်,Google နဲ့ Yahoo ၃ ခုပေါင်းသုံးပြီး အဖြေထွက်အောင် ရှာရပါတယ်။ Hacker လို့သုံးထားပေမယ့် တကယ်က IQ Test လို မျိုးပါ။ Internet နဲ့ URL အကြောင်း သေးသေးလေး သိရင် ကစားလို့ ရပါတယ်။ ရှေ့နောက် ဆက်စပ်တွေးတတ်ရမယ်။ နောက်ပြီး General Knowledge ရှိရမယ်။ ဒါဆိုရင် ကစားလို့ရပါပြီ။

စနေညနေမှာ စပြီးကစားလိုက်တာ စနေညမှ ခဏနားတယ်။ နောက်ဒီနေ့ တစ်နေကုန်နားပြီး အခုပြန်ကစားတာ အောင်မြင်သွားပါပြီ။ စုစုပေါင်း Level ၂၃ ခုရှိပါတယ်။ ထုံးစံအတိုင်း တဆင့်ချင်းဆီ ခက်အောင်လုပ်သွားတဲ့ ပုံစံပါ။ တစ်ချို့ Level တွေမှာ တော်တော်ကြာကြာ တစ်သွားတာမျိုးရှိပါတယ်။ Google မှာရှာလိုက်ရင် တခြား ဖြေပြီးလို့ အောင် သွားတဲ့လူတွေရဲ့ Website တွေ Blog တွေရှိပေမယ့် ၀င်မကြည့်ခဲ့ပါဘူး။ ဒါမှလည်း ကစားရတာ ပိုပြီးအရသာရှိပါတယ်။ အောက်မှာ အဖြေတွေကို ရေးထားပေးတယ်ဆိုတာက Level တစ်ခုကို လုံးဝ မဖြေနိုင်တော့မှ ၀င်ကြည့်လို့ရအောင်ပါ။ (ဒီအတွက် အဆင်ပြေအောင် အဖြေတစ်ခုကြည့်ရင် နောက်တစ်ခုကိုသွားမတွေ့အောင် အဖြေတွေကို အကျယ်ကြီး ခြားထားပေးပါတယ်။)

ကိုမျက်လုံးရဲ့ Original Post ကို ဒီမှာ ၀င်ဖတ်လို့ရပါတယ်။

START THE GAME HERE!

ကဲ.. အောက်မှတော့ အဖြေတွေနော်.. စိတ်မခိုင်ရင် ဆက်မဖတ်ကြနဲ့တော့ :D

++++++++++ Hacker Puzzle Answers written by Rapster ++++++++++





Level 1
ဒါကတော့ Intro Page ပါ။ ၀င်လိုက်ရင် "1" လို့ အကြီးကြီးရေးထားတာ တွေ့ရလိမ့်မယ်။ အဲဒါက Game ရဲ့ အဓိက Quiz နဲ့ Solution ပါပဲ။ နောက်ပိုင်း Level တွေမှာ အဲဒီ အလယ်မှာ ပေးထားမယ့် စာတွေနဲ့ လက်ရှိကိုယ်ရောက်နေတဲ့ Level number. နောက်ပြီး ရှေ့ဆက်တက်ရမယ့် Level Number ကို ဆက်ပြီးတွေးယူရမှာပါ။

Hint ဆိုပြီးပေးထားပါတယ်။ Page 2 ကိုရောက်အောင် သွားဖို့ Link မရှိဘူးတဲ့။ Hacker လိုတွေးပြီး URL တွေကို ကလိပြီးသွားပါတဲ့။ ဒါဆို URL တွေကို ကြည့်ရအောင်။ "http://www.freestuffhotdeals.com/hacker/1.html" Browser Addressbar ထဲမှာ တွေ့ပါတယ်။ Link နောက်ဆုံးအပိုင်းကိုကြည့်ရင် 1.html တဲ့။ အလယ်မှာ ပေးထားတဲ့ စာလုံးကြီးကလဲ 1 တဲ့။ ဒီတော့လွယ်ပါတယ် နောက်တ page ကိုသွားဖို့ အလယ်မှာပေးထားတဲ့ စာလုံးပုံစံနဲ့ တူရမယ်။ ဒီတော့ "1.html" ကို 2.html လို့ပြင်ပြီး Enter ခေါက်လိုက်။ ဒါဆို Level 2 ကိုရောက်ပြီ။






Level 2
Level 2 မှာတော့ အလယ်က စာလုံးကြီးကို "two" လို့ရေးထားတယ်။ ဒီတော့ Page 3 ကို သွားဖို့ အဲဒီစာလုံးပုံစံအတိုင်း ယူရမယ်။ 2.html ကို three.html လို့ပြင်လိုက်ရင် Level 3 ကိုရောက်တယ်။







Level 3
Level 3 ကတော့ အလယ်မှာ "iii" ဆိုတာရှိတယ်။ အဲဒါက ရောမခေတ်သုံး ဂဏန်းပါ။ ဒီတော့ Page 4 ကိုသွားမယ်ဆိုရင် three.html ကို ရောမဂဏန်း ၄ ဖြစ်တဲ့ "iv" ထည့်လိုက်။ ဒါဆို "iv.html" ဖြစ်ပြီး Level 4 ကိုရောက်ပြီ







Level 4
ဒီ Level ပြီးသွားရင် နောက်ထပ် Hint မရှိတော့ပါဘူး။ ကိုယ့်ဟာကိုတွေးရမယ့် အဆင့်တွေပါ။ အလယ်မှာဘာရေးထားလဲ? "ruof" တဲ့။ ပြောင်းပြန်ပြန်ဖတ်ကြည့် "ruof = four" ။ ဒါဆို "five" ကို ပြောင်းပြန်ဆိုရင် "evif" လေ။ URL ကို evif.html လို့ပြောင်းလိုက်။






Level 5
"ffiivvee" စာလုံး တစ်ခုဆီကို ၂ ခါစီရေးပေးထားတယ်။ ဒီတော့ လွယ်ပါတယ် သူ့ပုံအတိုင်း six ကို "ssiixx.html" လို့ ပြင်လိုက်ပေါ့။





Level 6
အပေါ်က Level နဲ့ဆင်တယ်။ 6 ကို ခြောက်လုံးရေးထားတော့ 7 ကိုလဲ "7777777.html" ဖြစ်အောင် ၇ လုံးရေးလိုက်။







Level 7
ဒီမှာ ဂဏန်းတွေ ခဏနားသွားပြီး စာလုံးတွေ ပြန်ဝင်လာတယ်။ "uranus" တဲ့ ဘာလဲ?? မသိရင် Google ကြည့်လိုက်။ Uranus ဆိုတာ Solar System (နေအဖွဲ့အစည်း) မှာ ၇ လုံးမြောက် ဂြိုလ်ပါ။ ဒါဆို ၈ လုံးမြောက်က?? Pluto မဟုတ် ဘူး Saturn မဟုတ်ဘူး။ ၈ လုံးမြောက်က Neptune ပါ (ဒီမှာဖတ်ကြည့်လို့ရတယ်) ။ URL ကို "neptune.html" လို့ ပြောင်းပေါ့။







Level 8
အလယ်က စာလုံးက "acht" တဲ့။ ကျွန်တော်လဲမသိဘူး။ ဒါနဲ့ Google ကြည့်တော့ ဒီမှာ(Yahoo Answers) မှာ acht ဆိုတာ ဂျာမန်လို ၈ ကိုပြောတာ။ ၉ ကြတော့ "neun" တဲ့။ ဒါဆို "neun.html" ပေါ့။






Level 9
"sept" ?? အဲဒါ September ရဲ့အတိုကောက်ပါ။ September က ၉ လမြောက်လလေ။ ဒါဆို October က ဆယ်လ မြောက်။ သူ့အတိုင်း အတိုကောက်ပြန်ရေးရင် "oct.html" ။






Level 10
ဟဲဟဲ.. ဒီနေရာမှာတော့ ဖဲကစားဖူးတဲ့ သူတွေက ပိုသိမယ်။ ဖဲချပ်မှာ ၁၀ ပြီးရင် ဘာလာလဲ?? Jack လေ ပြီးရင် Queen, King ။ So URL is "jack.html"






Level 11
ဒီအဆင့်မှာ ကျွန်တော် အချိန်နည်းနည်း သုံးလိုက်ရတယ်။ "eLeVeN" တဲ့။ တစ်လုံးခြားစီကို အကြီးနဲ့ရေးထားတယ်။ ဒါဆို နောက် page က "tWeLvE.html" လား?? URL မှာ Case Sensitive မဖြစ်ဘူးလို့ ထင်ထားတာ မှားသွားတယ်။ ဟုတ်ပါတယ် နောက် page က "tWeLvE.html" ပါ။






Level 12
ဂဏန်းတွေ ပြန်ရောက်လာပြီ :P ။ 144 ??? ဒီမှာလည်း အချိန်ထပ်ပေးလိုက်ရတယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့မှ 12 x 12 = 144 ပါ။ 13 x 13 = 169 ။ Then next page must be "169.html"






Level 13
ဟိုက်.. ဘာမှလည်းမမြင်ဘူး အမည်းကြီးတွေပဲ။ မီးပျက်နေတာလား?? :P ။ Page ရဲ့ အလယ်က စာလုံးနဲ့ Background က အရောင်ကို တစ်ထပ်တည်း လုပ်ထားလို့မမြင်ရတာပါ။ Page ထဲက တစ်နေရာမှာ Click နှိပ်ပြီး Ctrl+A လို့ တွဲနှိပ်လိုက်ရင် အလယ်က စာပေါ်လာမယ်။ "number13" တဲ့။ လွယ်ပါတယ်။ "number14.html" ပေါ့။








Level 14
ဒီ Level က Level 8 နဲ့ဆင်တယ်။ "catorce" ဆိုတာ စပိန်လို ၁၄ ပါ။ ၁၅ ကိုတော့ "quince" လိုခေါ်ပါတယ်။ "quince.html" ။ Read Here







Level 15
"buchanan" ?? မသိရင် Google မှာသာ ရှာကြည့်ပါ။ "define: the keyword you wanna search" ဆိုတဲ့ formula နဲ့ရှာရင်ရတယ်။ "define: buchanan " လို့ရှာတဲ့အခါ "Buchanan" ဆိုတာ အမေရိကန်နိုင်ငံရဲ့ ၁၅ ယောက်မြောက် သမ္မတပါ။ နောက် page ကို သွားချင်ရင် ၁၆ ယောက်မြောက် သမ္မတရဲ့ နာမည်ဖြစ်တဲ့ "Abaraham Lincoln" ကို သူပေးထားတဲ့ Hint အတိုင်း နာမည် နောက်ဆုံးစာလုံး "lincoln" ကိုသုံးပြီး "lincoln.html" လုပ်လိုက်ပါတယ်။









Level 16
"sédecim" က လက်တင်ဘာသာစကားမှာ ဂဏန်း ၁၆ ပါ။ ၁၇ ကိုတော့ "septendecim" လို့ခေါ်ပါတယ်။ ဒီတော့ "septendecim.html" ပေါ့။









Level 17
"10001" က ၁၇ ရဲ့ Binary Number ပါ။ ၁၈ ရဲ့ Binary ကတော့ 10010 ။ Then next step is "10010.html"









Level 18
ဒီ Level က ကျွန်တော့် Favourite ပါ။ "argon" တဲ့။ Argon ဆိုတာ ဓါတ်ငွေ့တစ်မျိုးပါ။ ငယ်ငယ်တုန်းက Chemistry မှာကျက်ခဲ့ဖူးတဲ့ Periodic Table (အလှည့်ကျ ဇယား) မှတ်မိသေးလား?? "ပို ဆို ဘေ ကယ်" ဘာညာ ဘာညာလေ :D။ မမှတ်မိရင် ဒီမှာ ကြည့်လိုရတယ်။ "argon" က Periodic Table မှာ ၁၈ ခုမြောက်ပါ။ 19 ခုမြောက်က "Potassium(K)"။ ဒါပေမယ့် သူပေး ထားတဲ့အတိုင်း "potassium.html" လုပ်လိုက်တယ်။







Level 19
ဒီ Level က နည်းနည်းစားတယ်။ ဟိုးအရင်တုန်းက ထုတ်တဲ့ “သုတဘဏ် ဥာဏ်စမ်း” ဆိုတဲ့ စာအုပ်တွေထဲမှာတော့ ခဏ ခဏ မေးလေ့ရှိတဲ့မေးခွန်းပါ။ "ojofuffo" ဆိုတာ ကိုယ်ရေးချင်တဲ့ Letter ကို တစ်လုံးကျော်ပြီးရေးထားတာပါ။ ဥပမာ Blog ဆိုရင် B ရဲ့နောက်စာလုံးက D ။ l က m ။ o က p ။ g က h ။ ဒါဆိုရင် "Blog = Dmph" and "ojofuffo = nineteen" so "twenty = uxfouz" . So answer to next level is "uxfouz.html"







Level 20
"define: icosagon" လို့ Google မှာရှာရင် Wiki က အဖြေထွက်လာပါတယ်။ icosagon ဆိုတာ ထောင့် အခု ၂၀ ရှိတဲ့ Polygon ပါ။ စက်ဝိုင်းပုံ နည်းပါးဖြစ်နေပါပြီ။ ထောင့် ၂၁ ခု ရှိတာကိုတော့ "icosihenagon" လိုခေါ်ပါတယ်။ အဖြေက "icosihenagon.html" ပါ။








Level 21
ကျွန်တော် ဒီမှာလည်း နည်းနည်း ထပ်ကြာသွားတယ်။ 1, 1, 2, 3, 5, 8, 13, 21, ... 10946 လို့ပေးထားတော့ တွက်ချက်စရာတွေ ပါလာပြီ။ 1, 1 ,2 ဆိုတော့ အရှေ့အလုံးနဲ့ အနောက် အလုံးပေါင်းရင် နောက်တစ်လုံး ထွက်ပါတယ်။ 1,1,2 မှာ 1 + 1 = 2. နောက်တစ်ခါ 1,2,3 မှာ 1+2 =3 ပါ။ ဒီလို အဆင့်ဆင့် တွက်သွားရင် 10946 က အဆင့် ၂၁ ဆင့်မြောက်ပါ။ သူ့အရှေ့က အဆင့် ၂၀ က 6765 ဒီတော့ အဲဒီနှစ်ခုပေါင်းရင် အဆင့် ၂၂ ကို ရတယ်။ 6765 + 10946 = 17711 . So the answer is "17711.html"
Special Thanks to Piyo and her brother.







Level 22
This is the last step of the puzzle. The clues are "Aoozy, Booyy, Cooxy,.. then Vooey". It's simple. ပထမဦးဆုံး စာလုံးက A ကနေ B နောက်ပြီး C အစဉ်လိုက်ပြောင်းသွားယ်။ စတုတ္ထမြောက် စာလုံးကတော့ Z To A ပြောင်းပြန် စီထားတာပါ။ ဒီတော့ Vooey ပြီးရင် Woody ပေါ့။ ဒါပဲ.. ထည့်လိုက်တော့ "Woody.html"



ကဲ ပြီးပြီဗျာ Congratulations!.. အဖွားကြီး ကနေတာကို ထိုင်ကြည့်ပေတော့ :D ကျွန်တော်လဲ တော်တော် လက်ညောင်းသွားပြီ :D. Special Thanks to Ko Myat Lone!

Here are direct links to each levels

Level 1
Level 2
Level 3
Level 4

Level 5
Level 6
Level 7
Level 8

Level 9
Level 10
Level 11
Level 12

Level 13
Level 14
Level 15
Level 16

Level 17
Level 18
Level 19
Level 20

Level 21
Level 22
Level 23

Read More...

Nov 9, 2007

Watch Live Network Cams!

ကျွန်တော်ရဲ့ ဘော်ဒါကြီး Ster.CPU က Google ကနေ inurl: ဆိုတဲ့ keyword ကိုသုံးပြီး Network Camera Server ရဲ့လင့်တွေကို ရှာတဲ့နည်းကို ပြပေးသွားတယ်။ တကယ်လဲကြည့်လို့ရပါတယ်။ တစ်ချို့ Camera ဆိုရင် Control လုပ်ပြီး ဟိုလှည့်ဒီလှည့် Zoom In/Out လဲလုပ်လို့ရတယ်။ များသောအားဖြင့်ကတော့ ကျောင်းတွေက လုပ်ထားတဲ့ Network
Camera တွေပါ။လူတွေ ဟိုသွားဒီသွားနေတာတွေ.. ကားတွေ လျှောက်မောင်းနေတာတွေ.. ဘာမှမရှိတဲ့နေရာကို အကြာကြီး ရိုက်ထားတာတွေ မြင်ရလိမ့်မယ်။ အကြာကြီးကြည့်ရင် ပျင်းလာနိုင်ပေမယ့် ခဏလောက်တော့ အပျင်းပြေ သဘော စမ်းကြည့်လိုက်ပေါ့။ တစ်ကြောင်းချင်းဆီကို ကူးပြီး Google မှာ ထည့်ပြီးရှာလိုက်ပါ။



inurl:"axis-cgi/mjpg"
- ဒါက Still ပုံတွေပါ။

inurl:"ViewerFrame?Mode="
inurl:"View/index.shtml"
inurl:"MulticameraFrame?Mode="
- ဒီသုံးခုက Motion ဖြစ်ပါတယ်။

ရှာရတာ ပျင်းတယ်ဆိုရင်တော့ ဒီမှာ ကျွန်တော် စမ်းကြည့်ထားတဲ့ Link နှစ်ခုသာ ၀င်ကြည့်ပေတော့။
>> Link 1
>> Link 2

Read More...

ကွန်ပြူတာကို အသေးစားရှင်းလင်းရေး လုပ်ရအောင်

Start > Run > Type "temp" > Press Enter
အဲဒီအထဲက ရှိသမျှ ဖိုင်တွေ အားလုံးကို Select All (Ctrl+A) ပေးပြီး ဖျက်ပါ။

Start > Run > Type "%temp%" > Press Enter
အဲဒီအထဲက ရှိသမျှ ဖိုင်တွေ အားလုံးကို Select All (Ctrl+A) ပေးပြီး ဖျက်ပါ။ (တစ်ချို့ဖိုင်တွေ ဖျက်လို့မရဖြစ်တတ်တယ်။ အဲဒါကိုချန်ပြီး ကျန်တာဖျက်လိုက်ပါ)

Start > Run > Type "prefetch" > Press Enter
အဲဒီအထဲက ရှိသမျှ ဖိုင်တွေ အားလုံးကို Select All (Ctrl+A) ပေးပြီး ဖျက်ပါ။

အဲဒါတွေက စက်သုံးတာ ကြာလာတာနဲ့ မလိုအပ်ပဲ ထွက်လာတဲ့ ဖိုင်တွေပါ။ အကုန်ရှင်းပစ်လိုက်ပြီး Disk Defragment လုပ်လိုက်ရင် စက် Performance အနည်းငယ် တက်လာပါမယ်။

Read More...

ဘယ်လိုလဲ?

စိတ်မကောက်ပါနဲ့ကွာ...
ဒါကိုလဲ ငါ ခဏခဏပြောရတယ်...
မင်းကလဲ နားမထောင်ချင်ဘူး...
ခက်တာက..
မင်းစိတ်ကောက်တာကလဲ..
လွန်လွန်းတယ်..

မင်းစိတ်ကောက်လို့ ..
ငါဘာတွေ ဖြစ်နေရလဲ မင်းသိလား..
ငါ့ အလုပ်တွေ ပျက်ရတယ်..
ညဖက်တွေ အိပ်မရဖြစ်နေရတယ်..
ကြာရင် လူလဲ ပိန်ချုံးပြီး ဂီလာန ဖြစ်တော့မယ်..

အမှန်အတိုင်း ၀န်ခံဆိုရင် ၀န်ခံပါတယ်..
ငါမင်းနဲ့ ဘယ်လိုမှ မခွဲနိုင်ဘူး..
ငါမင်းကို အရမ်းကိုမြတ်နိုးတယ်..
ဒါကို မင်းက သိလို့လဲ အခုလို အနိုင်ယူတာပေါ့..

မင်းကို စွဲလမ်းစေတတ်တဲ့
မင်းရဲ့ ပညာ..
မင်းရဲ့ အစွမ်းသတ္တိ..
အဲဒါကိုတွေကို..
ငါ သဘောလဲကျတယ်..
ကြောက်လဲကြောက်တယ်..

ဒီစာလေးကို ရေးနေတဲ့ အချိန်မှာတော့
မင်းက သဘောကောင်းနေပြန်ရော..
ဒီအတိုင်းပဲ အမြဲတမ်း နေသွားပါလားဟင်..
ကြည့်လေ...ငါ့မျက်နှာကြီး ပြုံးနေတာမမြင်ဘူးလား..

တစ်ဖက်နဲ့ တစ်ဖက် နားလည်နိုင်ရင်
အကောင်းဆုံးပေါ့..

ငါ့ဖက်ကတော့ ပြတ်သားတယ်..
တစ်သက်လုံး မင်းရှိမှဖြစ်မယ်..
မင်းကရော ဘယ်လိုလဲ..
ငါလခွီး Internet ရယ်.. :D

Rapster88
12:34 AM
Nov 9, 07

ဒီနေ့ရော.. မနေ့ညကပါ.. Connection တွေက စွတ်ပြီး ကောင်းနေလို့ အမှတ်တရ ရေးလိုက်တာပါ။ မကောင်းဘူးလို့ခံစားရပါတယ်။ ဖတ်ရတာ မကြိုက်ရင်လဲ Cbox ထဲမှာ ၀င်ဆဲသွားလို့ ရပါတယ်။ :D

Read More...

Nov 8, 2007

ဖိုးဝမှာ ကိုယ့် Blog ကို List လုပ်ထားမယ်


မြန်မာ Portal တစ်ခုဖြစ်တဲ့ ဖိုးဝ ရဲ့ Web Directory မှာ မြန်မာ Blog တွေရဲ့ Link တွေကို ထည့်လို့ရတယ် Feature ရှိပါတယ်။ List လုပ်ပေးထားတဲ့ Feature တွေအပြင် ကိုယ့် Link ကို ၀င်ကြည့်တဲ့ Hit, Ratings ကိုပါ ပြပေးမှာဖြစ်ပြီး ဖိုးဝ ရဲ့ Home Page မှာလဲ အလှည့်ကျ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Submit Your Blog
၁။ ဖိုးဝရဲ့ Web Directory ကို ၀င်လိုက်ပါ။


၂။ Page ရဲ့ ညာဖက် အပေါ်နားမှာ "Submit a Website" ကို ၀င်လိုက်ပါ။

၃။ Category ခွဲတဲ့ Page ကို ရောက်သွားပြီဆိုရင် "Myanmar" ကိုနှိပ်လိုက်ပါ။

၎။ Submit Form ကိုရောက်သွားရင်တော့ "Select a Sub-Category:" မှာ Blog လို့ရွေးလိုက်ပါ။ (** All fields are required ဖြစ်တဲ့အတွက် Fields တွေကို အကုန်ဖြည့်ပေးရပါမယ်။)

၅။ Link Name မှာတော့ ကိုယ့်ရဲ့ Blog နာမည်ပေါ့ (ဥပမာ. ကျွန်တော်ဆိုရင် ကျွန်တော့် Blog Title ဖြစ်တဲ့ R Blog..! ကိုထည့်ပါတယ်)။

၆။ Email ကိုတော့ ကိုယ့်ရဲ့ valid ဖြစ်တဲ့ mail address ကို ထည့်ပေးရပါတယ်။

၇။ URL နေရာမှတော့ Blog address ကို ထည့်ပေးပါ။

၈။ Description ကတော့ ကိုယ့် Blog ရဲ့ အကြောင်းကို စာလုံးရေ ၂၅၀ ထက် မပိုစေရပဲ ရေးပေးလို့ရပါတယ်။ (Zawgyi Supported)

၉။ Enter Code: ကိုတော့ အပေါ်မှ ပေါ်နေတဲ့ Security Code အတိုင်း ရိုက်ထည့်ပေးလိုက်ပြီး Submit ကို နှိပ်လိုက်ရင် ရပါပြီ။

၁၀။ Approve ကတော့ ၁ ရက် လောက်ပဲ အချိန်ယူပါတယ်။ Review လုပ်ပြီးတာနဲ့ သင့်တော်ရင် Approve လုပ်ပေးပါတယ်။


Read More...