Oct 30, 2007

IE ကို ပိုကောင်းအောင် လုပ်ပေးတဲ့ IE Pro

IE Pro ဆိုတာ Internet Explorer အတွက် Addon တစ်ခုပါ။ Complete Addon လို့လဲပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ IE Pro မှာ Proxy Switch, AD Block, User Scripts, Spell Check, Inline Search, Crash Recovery, Plugins, Mouse Gustures စတဲ့ အမျိုးမျိုးသော Features တွေပါလို့ပါ။ IE 6 ရော 7 မှာ အလုပ်လုပ်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ Features တွေကတော့ Proxy Switch နဲ့ AD Block ပါပဲ။ Proxy Switch က Firefox Extension "Switch Proxy" လိုမျိုး အလုပ်လုပ်ပြီး AD Block ကတော့ Page တွေပေါ်က မလိုအပ်တဲ့ ကြော်ညာတွေကို ဖျောက်ထားပေးနိုင်တဲ့အတွက် မျက်စိနောက်သက်သာပြီး Page Load ပိုပြီးမြန်စေပါတယ်။ Install လုပ်ပြီးသွားတဲ့အခါမှာ IE ရဲ့ ညာဖက် အောက်နားလေးမှာ "e" ဆိုတဲ့ အစိမ်းရောင်လေး ပေါ်နေမှာပါ။ Right Click နှိပ်ပြီး လိုအပ်တဲ့ settings ကို ပြင်ပေးလို့ရပါတယ်။

Proxy List ကိုပြင်ချင်ရင်တော့ "e" ပေါ်မှာ right click နှိပ်ပြီး Proxy > Edit Proxy List.. ရွေးလိုက်ပါ။ proxy address နောက်မှာ port ကို : ခံပြီးထည့်ပေးရပါတယ် (ဥပမာ Bagan ရဲ့ 237 proxy ကို သုံးချင်ရင် 203.81.71.237:8080 လို့ထည့်ပေးရပါတယ်) ။ ပြီးရင်တော့ သုံးချင်တဲ့ proxy ကို ရွေးပေးထားလိုက်ရုံပါပဲ။



ဘာပဲပြောပြော ကျွန်တော်ကတော့ Firefox ပဲကြိုက်ပါတယ်။ Firefox ကပိုပြီးမြန်ပြီးပေါ့ပါတယ်။ IE Pro မှာ ရှိတဲ့ features တွေ အကုန်လုံးကိုလည်း Firefox Extensions တွေက လိုက်လုပ်နိုင်ပါတယ်(IE Pro လိုတော့ စုစုစည်းစည်းမဟုတ်ဘူးပေါ့)။ Firefox ရဲ့ Switch Proxy အကြောင်းကို ဖတ်ချင်ရင် ဒီမှာဖတ်ပါ။

> Download IE7 Pro
>> IE7 Pro Homepage