Sep 3, 2008

Official Google Blog: Google Chrome now live

Google Goes Into Browser War with Chrome!

Read More...

Jul 18, 2008

Moved to New Blog!

မင်္ဂလာပါ။ ကျွန်တော်ရဲ့ Blog ကို လိပ်စာ အသစ်ပြောင်းထားပါတယ်။ ကျေးဇူးပြုပြီး အောက်က လိပ်စာ တစ်ခုခုနဲ့ ၀င်ကြည့်ပေးပါ။

Hi. I'm no longer writing on this blog. I have a new one on following addresses. Thank you

http://blog.atomicdevelopment.net
http://blog.rapster88.net
http://rblog.tk

Read More...

Jun 18, 2008

Sorry!

ကျွန်တော့်ရဲ့ Blog အသစ်ကို June 1 ရက်နေ့မှာ တင်ပေးမယ်လို့ ပြောထားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ဖြစ်မလာခဲ့ပါဘူး။ ကြုံခဲ့တဲ့ ပြဿနာတွေကတော့

- MM Geeks ကနေ Host လုပ်ပေးတဲ့ wordpress blog ကို domain ပြောင်းဖို့ လုပ်နေတဲ့အချိန်မှာပဲ Nargis ၀င်သွားပါတယ်။
- Nargis ပြီးလို့ ကွန်နက်ရှင်တွေ ပြန်ရတဲ့အချိန်မှာ ကျွန်တော်က နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့ လှုပ်ရှားနေရလို့ Blog ကို လုံးဝ ပစ်ထားခဲ့ရပါတယ်။
- ကျွန်တော် အခု ဒီမှာ settle ဖြစ်ပြီးတဲ့အချိန်ကျတော့ ကျွန်တော့်ရဲ့ wordpress ကို access လုပ်လို့မရတော့ပါ။
- MM Geeks ကို Techinical အကူအညီတောင်းပေမယ့် Hosting ပိုင်းကိုင်တဲ့ တာဝန်ရှိသူတွေ မအားလပ်လို့ fix မလုပ်နိုင်သေးတာပါ။ (I'm not blaming the mm geeks ;) )

အခုတော့ ကျွန်တော့်ကိုယ်ပိုင် Windows Hosting ကို Linux ပြောင်းပြီး wordpress နဲ့ run ပါတော့မယ်။ (Switching is in process)။ ဒီအတွက် Reader တွေက ဘာမှ လုပ်စရာမလိုပါဘူး။ Domain ကလဲ အခုအတိုင်းပဲ ("blog.atomicdevelopment.net") ရှိပါလိမ့်မယ်။

နောက်အကျဆုံး ဇူလိုင်လ ကုန်လို့ မှန်းထားပါတယ်။ ဒီတစ်ခါတော့ နောက်မကျစေရပါဘူး :)

Read More...

Apr 20, 2008

R Blog..! [Version 2.0] Comming Soon!!!!

ခပ်တိုတိုပဲ ပြောပါမယ်။ ကျွန်တော် Blog ပြန်ရေးတဲ့အချိန်ကစပြီး R Blog..! ကို Version အသစ်၊ အသွင်အပြင် အသစ်တွေနဲ့ တွေ့ရပါမယ်။ မေလ ၁ ရက်နေ့မှာ အဆင်သင့်ဖြစ်အောင် ကြိုးစားသွားပါမယ်။

Read More...

Feb 26, 2008

Blog ရေးတာကို ခဏ ရပ်ချင်တယ်။

ကျွန်တော်ရဲ့ ရှေ့ရေးနဲ့ ကျောင်းကိစ္စတွေကြောင့် Blogging ကို ၁ လ သို့မဟုတ် ၂ လလောက် ခဏ ရပ်ထားချင်ပါတယ်။ အမှန်အတိုင်းဆိုရင်တော့ ကျွန်တော်လဲ မရပ်ချင်ပါဘူး ဒါပေမယ့် အခြေအနေက ဒီအလုပ်တွေကို ခဏ ရပ်ပြီး ဟိုဖက်ကို အာရုံစိုက်ရမှာကြောင့်ပါ။

လက်ရှိ ရေးဖို့ ကျန်နေတဲ့ Post ၃ ခုလောက်ကိုတော့ ရအောင် တင်သွားပါမယ်။ ဒါပြီးရင်တော့ ခဏရပ်ပါတော့မယ်။ နေ့စဉ် နေ့တိုင်း ကျွန်တော့် Blog ကို လာအားပေးတဲ့ ပရိတ်သတ်ကိုလည်း တောင်းပန်ပါတယ်။ ဒါပေမယ့် စိတ်ချပါ။ ကျွန်တော် ခဏပဲ ရပ်တာပါ။ အဆင်ပြေတာနဲ့ ချက်ချင်း ပြန်ရေးသွားမှာပါ။ Blog ရေးရတာကို နှစ်သက်ပါတယ်။

ဒီ Blog ကို နေ့တိုင်း ၀င်ကြည့်တဲ့သူတွေကို Feed Burner မှာ Subscribe မလုပ်ရသေးရင် လုပ်ထားပါလို့ တိုက်တွန်းပါတယ်။ ကျွန်တော့် Blog ရဲ့ အောက်နားကို ဆင်းလိုက်ရင် ( ပုံမှာ ပြထားတဲ့အတိုင်း ) email လိပ်စာ ထည့်ပြီး Feed ကို subscribe လုပ်လို့ရပါတယ်။ ဒါဆိုရင် ကျွန်တော့်ဖက်က Post အသစ်တက်တဲ့အခါ email နဲ့ auto အကြောင်းကြားမှာ ဖြစ်ပါတယ်။


Read More...

Feb 21, 2008

Repair your infected registry with iRepairman

မနှစ်က ကျွန်တော် Blog ကို စပြီးရေးခါစ စက်တင်ဘာလက Virus ကိုက်သွားလို့ Registry ထိပြီး Folder Option ပျောက်တာ၊ Task Manager ပိတ်ခံရတာတွေကို ပြန်ဖွင့်တဲ့ အကြောင်းကို ရေးခဲ့ပါတယ်။ Computer Journal ထဲမှာလဲ ပါဖူးတဲ့ iSoft (Technomation ) က ထုတ်တဲ့ iRepairman ဆိုတဲ့ tool ကို သုံးပြီး registry ပြဿနာတွေကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ရပါပြီ။



Apple ရဲ့ Mac interface ပုံစံနဲ့ စွဲမက်စရာ tools မှာ Folder Options, Registry Editor, Task Manager ကို ပြန်ပြီး ဖွင့်နိုင်ပါတယ်။ Program size ကလဲ 1.2 MB ပဲရှိတဲ့အတွက် 1.44 Floopy Disk ထဲမှတောင် ထည့်ယူသွားနိုင်ပါတယ်။ အထူးသဖြင့် Computer Service လုပ်တဲ့သူတိုင်း ဆောင်ထားသင့်ပါတယ်။

- Download iRepairman

iRepairman EXE
iRepairman ZIP

Read More...

MySM is FREE now!

My Myanmar Unicode ကို ထုတ်လုပ်တဲ့ Technomation Studios ရဲ့ Product ဖြစ်တဲ့ MySM ဆိုတာ Mobile ဖုန်းတွေမှာ မြန်မာစာနဲ့ SMS ပို့နိုင်အောင် လုပ်ထားတဲ့ Mobile Application ပါ။

အခုတော့ အဲဒီ MySM ကို Technomation Studios ကနေ အခမဲ့ ဖြန့်ချီပေးလိုက်ပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။ Free ဖြန့်ပေးတာကို အသုံးပြုပြီးလို့ သဘောကျတယ် နှစ်ခြိုက်တယ်လို့ ခံစားရလို့ Technomation Studios ကို အခကြေးငွေ ပေးချင်တယ်ဆိုရင်လဲ ပေးလို့ရပါတယ်(ငွေ ammount မသတ်မှတ်ထားပါဘူး) ။ ဒီလို ရရှိလာတဲ့ ငွေများကိုလဲ မြန်မာ တပြည်လုံးမှာရှိတဲ့ မိဘမဲ့ကလေးများအတွက် ရည်စူးပြီး လှူဒါန်းသွားမယ်လို့ သိရ ပါတယ်။

MySM ကို ဒီနေရာမှာ Download ၀င်လုပ်လို့ရပါတယ်။ Download လုပ်ပြီးတဲ့ Jar file ကို ကိုယ့်ရဲ့ Mobile ထဲကို ရွှေ့ပြီး Install လုပ်နိုင်ပါတယ်။ Mobile ကနေ Internet Access ရှိရင်တော့ wap.messx.net ကို ၀င်ပြီး MySM ကို Install လုပ်လို့လဲ ရပါတယ်။

Read More...

Feb 19, 2008

Hide Your Datas With My Lockbox!

ဟိုရက်ပိုင်းက ကိုယ့်စက်ရဲ့ Data တွေကို ဘယ်လို ဖျောက်ထားမလဲ ဆိုပြီး Post တစ်ခုတင်ခဲ့ပါတယ်။ အဲဒါကို အလုပ်ရှုပ်တယ်လို့ ထင်ခဲ့ရင် အခု ကျွန်တော် ရှာတွေ့ထားတဲ့ My Lockbox ကို သုံးကြည့်စေချင်ပါတယ်။

My Lockbox က Free ပါ။ Windows Vista မှာလဲ အလုပ်လုပ်ပါတယ်။ Folder တစ်ခုလုံးကို ဖျောက်ထားနိုင်ပြီး Safe Mood ထဲကနေ ၀င်ကြည့်ရင်တောင် ဖျောက်ထားတဲ့ Folder ကို မမြင်ရဘူးလို့ ဆိုထားပါတယ်။

၁။ My Lockbox ကို ဒီမှာ Dowload လုပ်နိုင်ပါတယ်။
၂။ Install လုပ်ပြီးတဲ့အခါ Computer ကို Restart တစ်ခါ လုပ်ပေးရပါမယ်။
၃။ My Lockbox ကို ခေါ်တဲ့ Shortcut က Ctrl + Shift + P ပါ။
၎။ Default အနေနဲ့က Document ထဲမှာ My Lockbox ဆိုတဲ့ Folder ကို Hide လုပ်ဖို့ ရွေးထားပါတယ်။
၅။ အောက်မှ ပြထားတဲ့ ပုံထဲက အနီရောင် ဘောင်ခတ်ထားတဲ့ ခလုပ်ကို နှိပ်ပြီး ကိုယ်စိတ်ကြိုက် Folder ကို ဖျောက်ထားနိုင်ပါတယ်။



၆။ Advanced ထဲမှာတော့ Password ပြောင်းတာနဲ့ Skin ပြောင်းတာတို့ကို လုပ်နိုင်ပါတယ်။

Download My Lockbox

Read More...

Feb 12, 2008

Yay! I'm on Google's Search Results Page 1!!

ဒီနေ့တော့ ကျွန်တော်ပျင်းနေတာနဲ့ Google မှာ "R Blog" လို့ ရိုက်ထည့်ပြီး ရှာကြည့်လိုက်တော့ Google ရဲ့ Results မှာ ကျွန်တော် Blog က Page 1 ရဲ့ ၄ နေရာမြောက်မှာ ရောက်နေတာကို တွေ့ရပါတယ်။



ကျွန်တော် ဒီ Blog ကို စပြီးရေးကာစ အချိန်ကဆိုရင် "R Blog" လို့ ရိုက်ထည့်ပြီး ရှာကြည့်ရင် Page 7 လောက်ရောက်မှ ကျွန်တော့်ရဲ့ Blog ကိုတွေ့ရခဲ့တာပါ။

ကျွန်တော် တော်တော်ကို ပျော်သွားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့် Blog address က နည်းနည်း ရှည်ပြီး ရှုပ်ပါတယ်။ ဒီတော့ အရင်ကဆိုရင် လိပ်စာမသိပဲ ကျွန်တော် Blog ကို လာဖို့နည်းနည်း ခက်နေကြပါတယ်။ အခုတော့ လိပ်စာ မေ့သွားခဲ့ရင်တောင် Google မှာ အလွယ်တကူ ရှာလို့ ရနေပါပြီ။

ကျွန်တော့်ရဲ့ Blog လဲ တဖြည်းဖြည်းနဲ့ လူသိများပြီး လူဝင်များလာတဲ့အတွက် Page Rank တွေလဲ တက်လာပါတယ်။ ဒီလို ရလဒ်တွေအားလုံးက R Blog ကို အမြဲဝင်လေ့လာနေတဲ့ User တွေရဲ့ ကျေးဇူးလို့ ကျွန်တော်က ဆိုချင်ပါတယ်။ ဟုတ်တယ်လေ... ကျွန်တော် ဘယ်လောက် ရေးထားရေးထား.. ၀င်ကြည့်တဲ့သူ မရှိရင် အလကားပဲလေ။

ကျွန်တော် Blog ရဲ့ သက်တမ်း ၈ လအကြာမှာ Hit Count တစ်သောင်းနဲ့ ၇ ထောင်လောက် ရှိလာပါပြီ။ ဒီ ammount ဟာ နည်းသေးတယ်လို့ ပြောရင် ပြောလို့ရပါတယ်။ တစ်နေ့ကို လူအ၀င် ၂၀၀ ပါတ်ဝန်းကျင် နီးပါးကို ကျွန်တော် ကျေနပ်နေမှာမဟုတ်ပဲ ဒီထက် ဒီထက် ပိုကြိုးစားပြီး အသုံးဝင်တဲ့ Post တွေ တင်နိုင်အောင် လုပ်သွားပါမယ်။ Google Search Results ရဲ့ ထိပ်ဆုံးကိုလဲ ရောက်အောင် တတ်နိုင်သလောက် ကြိုးစားသွားပါမယ်ခင်ဗျာ။ :)

Rapster
Feb 12 2008 1:33 AM

Read More...

Feb 10, 2008

Windows Vista SP1 and Windows XP SP3 Official Release Date.

လွန်ခဲ့တဲ့ Feb 4 ရက်နေ့မှာ Windows Vista ရဲ့ Service Pack အသစ်ဖြစ်တဲ့ Service Pack 1 ကို RTM အဖြစ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ RTM ဆိုတာက Release To Manufactures ဖြစ်ပြီး Sony, HP, Toshiba တို့လို OEM Computer ထုတ်လုပ်သူတွေအတွက် ထုတ်ပေးတဲ့ Version ဖြစ်ပါတယ်။

ဒါ့အပြင် Microsoft ရဲ့ ထုတ်ပြန်ချက်အရ Vista Service Pack 1 RC2 (Refresh) က RTM နဲ့ အတူတူပါပဲလို့ သိရပါတယ်။

Official Release ကို Vista SP1 အတွက် February 18th or 19th နဲ့ XP SP3 အတွက် March 23rd or 24th လို့ သတ်မှတ်ထားပါတယ်။

လက်ရှိအချိန်မှာ မစောင့်နိုင်ပဲ RTM ကို Update လုပ်ချင်ရင်တော့ ဒီနည်းကို ဖတ်ပြီး Windows Live Update ကို Hack လုပ်လို့ရပါတယ်။ (ဒီနည်းက အချိန် သိပ်ကြာနိုင်ပါတယ်။)

Read More...

Feb 5, 2008

Get FREE 1 Year Kaspersky Anti-virus Genuine License Key!!!

This is no longer working!

Raymond ဆိုတာ ကျွန်တော် နေ့တိုင်း ၀င်ဖတ်နေတဲ့ Blog တစ်ခုပါ။ ဒီနေ့မှာတော့ သူ့ Blog မှာ အလွန်ကို စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ခုကို တွေ့လိုက်ပါတယ်။ အဲဒါကတော့ ကျွန်တော်ရဲ့ Favourite Antivirus ဖြစ်တဲ့ Kaspersky Antivirus 7.0 အတွက် Liscense Key အစစ်တွေကို FREE ပေးနေတယ်ဆိုတာပါ။

ဟုတ်ပါတယ်။ တကယ်ကို Free ပေးနေတာပါ။ တရုတ်နိုင်ငံမှာ ရုံးခွဲထားတဲ့ Kaspersky က တရုတ်နှစ်ကူး အထိမ်းအမှတ်အဖြစ် Kaspersky Website မှာ Register လုပ်တဲ့သူတိုင်းကို Key အစစ်တွေ Free ပေးနေတာပါ။ ဒါပေမယ့် အဲဒီ Key တွေကို ၂ ပါတ်အတွင်း သုံးရမယ်လို့ သိရပါတယ်။ မသုံးရင်တော့ Blacklist လုပ်သွားပါလိမ့်မယ်။

တရုတ်လို မဖတ်တတ်ရင်လဲ ကိစ္စမရှိပါဘူး။ Raymond Blog မှာ ဘယ်ဟာတွေကို ဘယ်လိုနှိပ်ပြီး သွားရမလဲဆိုတာကို အသေးစိတ်ရေးပြထားပါတယ်။

Click HERE to Visit Raymond Blog!

Read More...

Feb 4, 2008

Check your Access Kit's remaining time with ISP Timer

ပြီးခဲ့တဲ့ အပါတ်က ကျွန်တော်ရဲ့ ADSL-S Line သုံးမရဖြစ်သွားလို့ အင်တာနက် မသုံးရရင် မနေနိုင်တဲ့ ကျွန်တော်က Dial Up နဲ့ ပြန်သုံးဖို့ Access Kit ကို အမြန် ပြေးဝယ်လိုက်ရပါတယ်။ Access Kit နဲ့ သုံးနေတဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာ တစ်ခုက Kit မှာ လက်ကျန် နာရီ ဘယ်လောက် ကျန်နေသလဲ ဆိုတာ မသိနိုင်တာပါ။ အချို့ကတော့ စိတ်နဲ့ မှတ်ပြီး သုံးပြီး အချို့ကတော့ သုံးထားသလောက် နာရီကို စာရွက်နဲ့ ရေးမှတ် ထားပြီး လက်ကျန်ကို တွက်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းချင်လို့ ကျွန်တော်က Google မှာ နည်းနည်း မွှေကြည့်တော့ အောက်မှာ ညွှန်းထားတဲ့ ISP Timer ဆိုတဲ့ အသုံးဝင် Free software လေး တစ်ခုကို တွေ့လိုက်ပါတယ်။

Install လုပ်စရာ မလိုပဲ Portable Run နိုင်တဲ့ ISP Timer ကို သုံးရတာ အလွန်ကို ရိုးရှင်းပြီး လွယ်ကူပါတယ်။ ISP Timer ကို Run လိုက်တာနဲ့ ကိုယ့်စက်ထဲမှာ ရှိတဲ့ Dialup Connection ကို Detects လုပ်ပေးပါတယ်။



"Time Allowance" ဆိုတဲ့ နေရာမှာ ကိုယ်ဝယ်ထားတဲ့ Access Kit ရဲ့ စုစုပေါင်း နာရီကို ထည့်ပေးရမှာ ဖြစ်ပြီး ( 30.00 = နာရီ သုံးဆယ် ) Time used နေရာမှာတော့ မသုံးရသေးရင် "0" လို့ ထည့်ပြီး သုံးထားပြီးသား ဖြစ်ခဲ့ရင်တော့ သုံးထားသလောက်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါ "Update" ကို နှိပ်လိုက်ပါ။

ပြီးတဲ့အခါ "Connect" ကို နှိပ်ပြီး Connection ချိတ်လို့ ရသွားတာနဲ့ "Time remaining" နေရာမှာ လက်ကျန်အချိန်ကို ပြနေတာကို တွေ့ရပါတယ်။ "I" ဆိုတာကို နှိပ်ပြီး Settings တွေကို ခေါက်ထားလို့ရပြီး "Send to Tray" ကို နှိပ်ရင် System Tray ထဲကို ISP Timer က ရောက်သွားမှာပါ။ သုံးနေရင်းနဲ့ လက်ကျန် ၁ နာရီကို ရောက်တဲ့အခါမှာနဲ့ နောက်ဆုံး ၅ မိနစ်ကို ရောက်တဲ့အခါ Warning လဲ ပေးမှာဖြစ်ပါတယ်။



ဒါ့အပြင် အသုံးပြုထားတာတွေကို Log ပါ မှတ်ထားနိုင်လို့ ("Log" ကို Check လုပ်ထားရပါမယ်) ဘယ်အချိန်က ဘယ်လောက် သုံးထားသလဲဆိုတာကိုပါ ပြန်စစ်ဆေးနိုင်ပါတယ်။


Download ISP Timer (EXE 64KB)
Download ISP TImer (ZIP 24KB)


- How to add ISP Timer to Windows Startup?

1. Click Start > All Programs > Startup
2. Right Click on Startup and Select Open
3. In Startup window, Click File > New > Shortcut
4. Browse to "ISP Timer" program
5. Then you'll found a Shortcut to ISP Timer in Startup Folder
6. Right Click on ISP Timer shortcut and select properties
7. Select "Minimized" in "Run:"

- How to remove it?

1. Simply delete the shortcut from Startup Folder.

Read More...

Feb 3, 2008

A nice trick to hide your data!

တစ်ခါတစ်လေမှာ ကျွန်တော်တို့က ကိုယ့်ရဲ့ Data တွေကို အခြားသူတွေ မြင်သွား တွေ့သွားမှာကို စိတ်ပူတတ်ကြပါတယ်။ Windows ရဲ့ User account နဲ့ Password ပိတ်ထားနိုင်ပေမယ့် ကိုယ်က Login ၀င်ပြီး ကွန်ပြူတာနားမှာ မရှိတဲ့အချိန် တစ်စုံတစ်ယောက်က Computer ကိုလာသုံးရင်း ကိုယ့် Data တွေကို တွေ့သွားနိုင်ပါတယ်။ အောက်မှာ ရေးပြထားတဲ့ နည်းကတော့ Security software တွေကို ပိုက်ဆံ အကုန်အကျခံ ၀ယ်စရာ မလိုပဲ Data တွေကို ဖွက်လို့ရတဲ့ နည်းလမ်းပါ။

- ဘယ်လို လုပ်မှာလဲ ??

လွယ်ပါတယ်။ Partiton အလွတ်တစ်ခု ရှိနေရင် အဲဒီထဲကို ဖျောက်ထားချင်တဲ့ Data တွေကို ထည့်ပြီး Partition တစ်ခုလုံးကို Drive Letter ဖြုတ်လိုက်ပြီး ဖျောက်တဲ့ နည်းပါ။


- ဘာတွေ လိုအပ်မလဲ ??

၁။ Hardisk ကို Partition လုပ်နိုင်တဲ့ Application တစ်ခု ( ဒါမရှိရင် စိတ်မပူပါနဲ့၊ ကျွန်တော် နောက် အသစ်တင်မယ့် Post က Free HDD Partition အကြောင်းပါ ;) )
၂။ Partition အပိုရှိနေရင်တော့ အပေါ်က Number 1 မလိုပါဘူး။

- ဖျောက်နည်း

၁။ အရင်ဆုံး ကိုယ့် ဖျောက်ချင်တဲ့ Data တွေကို Partition အလွတ် တစ်ခုထဲကို ထည့်လိုက်ပါ။
၂။ My Computer ကို Right Click ပြီးတော့ "Manage" ကို ရွေးပေးလိုက်ပါ။
၃။ Computer Management တက်လာရင် ဘယ်ဖက်က "Disk Management" ကို ရွေးပေးလိုက်ပါ။
၎။ ညာဖက်မှာ ကိုယ့်မှာရှိတဲ့ Disk တွေ ပေါ်လာတာကို တွေ့ရပါမယ်။
၅။ ဖျောက်ထားချင်တဲ့ Data တွေ ထည့်ထားတဲ့ Disk ကို Select လုပ်ပြီး Right Click နှိပ်ပြီး "Change Letter and drive paths.." ကို ရွေးပေးပါ။



၆။ အောက်မှ ပြထားတဲ့ ပုံအတိုင်း တက်လာရင် ဖျောက်မယ့် Partition ကို ရွေးပေးပါ။ ( သေချာအောင် My Computer ထဲကနေ ၀င်ပြီး အရင်စစ်ကြည့်ပါ။ Drive Letter ကို အဓိက သတိထားပါ)



၇။ Select လုပ်ပြီး Remove ကို နှိပ်လိုက်ပါ။ Confirm Yes/No မေးရင် Yes ကို ရွေးပေးလိုက်ပါ။ ပြီးရင် အကုန်လုံးကို ပိတ်လိုက်ပါ။
၈။ My Computer ထဲကို ၀င်ကြည့်လိုက်တဲ့အခါ ကိုယ်ဖျောက်ချင်တဲ့ Partiton ပျောက်နေတာကို တွေ့ရပါမယ်။

- ပြန်ဖော်နည်း

၁။ အပေါ်က အတိုင်း Disk Management ထဲကို ၀င်လိုက်ပါ။
၂။ ခုနက ဖျောက်ထားတဲ့ Disk ကို Right Click လုပ်ပြီး "Change Letter and drive paths.." ကို ရွေးပါ။
၃။ "Add..." ကို နှိပ်ပေးပါ။
၎။ "Assingn the following drive letter:" ကို Letter တစ်ခုခု ရွေးပေးလိုက်ပါ ( ဥပမာ H, I ။ သူ့အလိုလိုလဲ ရွေးထားပြီးသား ဖြစ်တတ်ပါတယ်။ )



၅။ Ok နှစ်ခါ နှိပ်ပြီး ထွက်လိုက်ပါ။
၆။ My Computer ထဲကို ၀င်ကြည့်လိုက်တဲ့အခါ ဖျောက်ထားတဲ့ Drive ပြန်ပေါ်နေတာကို တွေ့ရပါမယ်။

ဒီနည်းက Data တွေကို လုံးဝ စိတ်ချရအောင်တော့ မဖျောက်ထားနိုင်ပေမယ့် တော်ရုံ သာမာန် user တွေကိုတော့ ဒီနည်းနဲ့ လှည့်စားပြီး Hide လုပ်လို့ ရပါတယ်။

Read More...

Jan 31, 2008

Make Right Click Send To Menu More Powerful n Useful!

ဘယ်လို Powerful လုပ်မှာလဲလို့ စိတ်ထဲက တွေးနေတာလား ?? သက်သေပြမယ်ဗျာ.. ဘယ်လို Powerful n Useful ဖြစ်သွားလဲလို့.. အောက်က ပုံကိုကြည့်။ အဲဒါက File တစ်ခု ဒါမှမဟုတ် Folder တစ်ခုကို Right Click နှိပ်ပြီး Send to ရွေးရင် မြင်ရတဲ့ မြင်ကွင်း။ အဲဒါကို အစွမ်းထက်အောင် ပိုပြီး အသုံးဝင်အောင် လုပ်မယ်။



Windows မှာက Fiel or Folder တစ်ခုကို Right Click ပြီး Send to ရွေးရင် Move တို့ Copy တို့ မပါပဲ "Documents, Desktop(Create Shortcut) နဲ့ Compressed" ပဲပါတယ်။ ဒါနဲ့ ကျွန်တော်က Google နဲ့ နည်းနည်းရှာကြည့်တော့ "Send To Toys v 2.5" ကို တွေ့ရတယ်။ သုံးကြည့်တော့ တော်တော်ကို အဆင်ပြေတာတွေ့ရတယ်ဗျ။ အောက်က ပုံကိုကြည့်ပါ။ အဲဒါက "Send to Toys" ဆိုတာ တင်ထားပြီး မြင်ရမယ့် မြင်ကွင်းပါ။ (အသုံးဝင်တာတွေကို အနီရောင်နဲ့ ဘောင်ခတ်ပြထားပါတယ် )



အဲဒီမှာ "Clipboard, Command Prompt, Folder.., Recycle Bin နဲ့ Run" ဆိုတာ တိုးပြီး ပါလာတာကို တွေ့ရပါမယ်။ အသုံးဝင်တာတွေကို ရေးပြသွားပါမယ်။

- Command Prompt

ဒါကို ရွေးပေးလိုက်ရင် CMD ထဲမှာ File or Folder ရဲ့ Path ကို တစ်ခါတည်း ထည့်ပေးသွားမှာဖြစ်ပါတယ်။ တစ်ခုခုကို Command Prompt ထဲကိ Execute လုပ်ချင်ရင် အဆင်ပြေပါတယ်။

- Folder

ဒီ Tools ရဲ့ အသုံးအ၀င်ဆုံး Feature ပါပဲ။ Folder.. ကိုရွေးလိုက်ရင် အောက်မှာ ပြထားတဲ့အတိုင်း မြင်ရပါမယ်။ File or Folder ကို ကိုယ်ရွှေ့ချင်တဲ့ Location ထဲကို Copy or Move နဲ့ ရွှေ့လို့ရအောင် လုပ်ပေးထားတာပါ။ မြန်မြန်ဆန်ဆန်နဲ့ File တွေကို Organize လုပ်ချင်တဲ့ အခါမှာ သိသိသာသာ အသုံးဝင်တာကို တွေ့ပါမယ်။



- Run

ဒါကလည်း Command Prompt လိုပဲ Run (Windows Key + R) ဆီကို File ကို ပို့ပေးတာ ဖြစ်ပါတယ်။

>> Download Send To Toys

ကဲ ဒါဆိုရင် Powerful n Useful ဖြစ်တာကို သိလောက်ပြီ ထင်ပါတယ်။ အားလုံး မြန်မြန်ဆန်ဆန် သက်သက်သာသာနဲ့ အလုပ်လုပ်ရတာ အဆင်ပြေကြပါစေ။ :)

Read More...

Jan 30, 2008

Did you know? [2]

Windows Vista အသုံးပြုသူတွေ အတွက်ပါ။ Windows XP မှာတုန်းက ကျွန်တော်တို့ဟာ Folder အဆင့်ဆင့် ၀င်ထားပြီး အပေါ်ကို ပြန်တက်ချင်တဲ့အခါ "Up" ဆိုတဲ့ Button ကို သုံးပြီး Folder အဆင့်ဆင့် ၀င်ထားတဲ့ Folder တွေရဲ့ အပေါ်ကို ပြန်ထွက်ပါတယ်။ Vista မှာတော့ Up ဆိုတာ မပါတော့ပဲ Back ဆိုတဲ့ Button နဲ့ Path ကို ၀င်နှိပ်လို့ ရတဲ့ Feature ပါရှိပါတယ်။ ဒါပေမယ့် Vista မှာလဲ Up ကို ဆက်သုံးလို့ရပါတယ်။ အောက်မှာ ဖတ်ကြည့်ပါ။ :)

Go up one level in Windows Explorer
လွယ်ပါတယ်။ Up ပြန်တက်ချင်ရင် "Alt + Up Key" ကို တွဲနှိပ်ပေးလိုက်ပါ.. အပေါ် 1 Level ကို တက်သွားပါမယ်။ ;)

Read More...

Microsoft Extends Second Shot till June 30, 2008!

မနှစ်က စက်တင်ဘာလမှာ စပြီး ပေးခဲ့တဲ့ Microsoft ရဲ့ Second Shot အခွင့်အရေးဟာ ၂၀၀၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်း တိုးပေးလိုက်တယ်လို့ အကြောင်းကြားစာအရ သိရပါတယ်။

Second Shot ဆိုတာက Microsft ရဲ့ မည့်သည့် Certification Exam မှာ တစ်ကြိမ်ဖြေလို့ မအောင်ပဲ ကျသွားခဲ့ရင် နောက်ထပ် တစ်ကြိမ်ကို စာမေးပွဲကြေး ထပ်မံသွင်းစရာ မလိုပဲ Free ထပ်ဖြေခွင့် ပေးတဲ့ အခွင့်အရေးကောင်း တစ်ခုဖြစ်ပါတယ်။

ဒီနေရာကို နှိပ်ပြီး Register လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရန်ကုန်မှာရှိတဲ့ Prometric Exam Center တွေဖြစ်တဲ့ GlobalNet နဲ့ Myanmar Inspiration မှာလဲ Register လုပ်နိုင်ပါတယ်။

Read More...

Jan 25, 2008

How to disable ADs in Yahoo Messenger

Yahoo Messenger မှာ ရှိတဲ့ ကြော်ညာတွေကို Registry Editor သုံးပြီး ဖျောက်လို့ရတဲ့ နည်းဖြစ်ပါတယ်။ မလုပ်ခင်မှာတော့ Registry ကို Backup လုပ်ထားဖို့တိုက်တွန်းပါတယ်။

၁။ Press Windows Key + R , Type "regedit" and press enter

၂။ Registry Editor ပွင့်လာရင် ဘယ်ဖက်က Tree View ကနေ အောက်က Path ရောက်တဲ့အထိ အဆင့်ဆင့် ဖွင့်ပြီး Locale ကို ရွေးထားပါ။

HKEY_CURRENT_USER\Software\Yahoo\pager\Locale



၃။ ပြီးရင် ညာဖက်က "Enable Messenger AD" ကို Double Click နှိပ်ပြီး Value Data: နေရာက "1" ကို "0" ဖြစ်အောင် ပြင်ပေးပြီး Ok နှိပ်ပါ။



၎။ အကုန်လုံးထွက်ပြီး Yahoo Messenger ကို Restart လုပ်လိုက်တဲ့အခါ မျက်စိနောက်စရာ ကျော်ညာတွေ ပျောက်နေ တာကို တွေ့ရပါမယ်။

Source: My Digital Life

Read More...

gAlways Idle Now Support Vista!!

gAlways Idle ဆိုတာကို ကျွန်တော်က မနှစ်က အောက်တိုဘာလမှာ ရေးခဲ့ဖူးပါတယ်။ gAlways Idle ဆိုတာကို မသိသေးတဲ့သူတွေအတွက်က gAlwaysIdle ဆိုတာ Google Talk မှာ Idle ကို အမြဲဖြစ်အောင် ဒါမှမဟုတ် လုံးဝ Idle မဖြစ်နေအောင် လုပ်ပေးနိုင်တဲ့ Addon တစ်ခုပါ။

အရင်က Version မှာက Windows XP စက်တွေအတွက် ပြဿနာ မရှိပေမယ့် Vista တင်တဲ့ စက်တွေမှာ Idle လုပ်ချင်ရင် "Always Idle" ကို ရွေးရင် မရပဲ "Never Idle" ကို ရွေးထားမှ Idle ဖြစ်တတ်ပါတယ်။ အခုထုတ်လိုက်တဲ့ Version အသစ် (Rev 2b) မှာ အရင်ဖြစ်တဲ့ error တွေကို ရှင်းထားပါတယ်။

သုံးရတာ တကယ်လွယ်ပါတယ်။ gAlways Idle ကို ဒီမှာ Download လုပ်ပါ ပြီးရင် install လုပ်ပါ (အရင် version အဟောင်းကို အလိုလျှောက် ဖယ်ထုတ်သွားပါတယ်။) ပြီးရင် System Tray(Screen ရဲ့ ညာဖက်အောက်ဒေါင့်နားက နာရီဘေးမှာ) ရှိတဲ့ Google Talk icon ကို right click ခေါက်လိုက်ရင် အောက်မှာပြထားတဲ့ ပုံအတိုင်း "Normal Idle, Always Idle, Never Idle" တစ်ခုခုကို ကြိုက်တာ ရွေးပေးထားရုံပါပဲ။ Always Idle ဆိုရင် အမြဲကို Idle ဖြစ်နေမှာပါ။



Download gAlways Idle (Rev 2b)

Read More...

Jan 18, 2008

ကမ်းခြေ အပန်းဖြေ...

ဟုတ်ပါတယ်ခင်ဗျာ.. ကျွန်တော် မနက်ဖြန် ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာပြည်ရဲ့ နာမည်ကြီး ကမ်းခြေတစ်ခုမှာ အပန်းဖြေမလို့ပါ။ ဒီတော့ ဒီရက်ပိုင်းမှာ Post အသစ်တွေ တက်နိုင်မယ် မဟုတ်ပါလို့ (ဒီတိုင်းလဲ တက်တာပဲ မဟုတ်ပဲနဲ့ :P ) ။ အပန်းပြေပြီး ပြန်လာတဲ့ခါတော့ Post အလန်းတွေကို အရမ်းတင်နိုင်မယ်လို့လဲ မျှော်လင့်ထားပါတယ်။ ကဲအားလုံးပဲ.. ကျွန်တော် လစ်ပြီ။

Rapster
9:46 PM (MST)
18/1/2008

Read More...

Jan 15, 2008

j_neutron07, Another Hoax

လွန်ခဲ့တဲ့ လကုန်ပိုင်းလောက်က Life is beautiful ဆိုတဲ့ virus အတုအကြောင်းကို ကျွန်တော်တော် ရေးခဲ့ပါတယ်။ အခုရေးမယ့် တစ်ခုကလဲ ကျွန်တော်တို့တွေ ခဏခဏကို Warning လာပေးခဲ့ရတယ့် j_neutron07 ဆိုတဲ့ Messenger virus အတု အကြောင်းပါ။

If someone by the name of j_neutron07 wants to add you to their list dont accept it. Its a virus. Tell everyone on your list because if somebody on your list adds them you will get it too. It is a hard drive killer and is a quite nasty. Please pass this on to everyone on your list.

အဲဒီလို Warning စာနဲ့ လာသတိပေးတဲ့ J_neutron07 ဆိုတဲ့ virus ဟာ တကယ်တော့ အတုတစ်ခုပါ။ လူတွေကို သက်သက် အာရုံနောက်အောင် လုပ်တဲ့ Hoax ပါပဲ။ အရင်က MSN Messenger နဲ့ Yahoo Messenger မှာ ခေတ်စားလာပြီး အခုတော့ Google Talk ပေါ်မှာပါ တွေ့လာရပါတယ်။

ဒါ့အပြင် j_neutron07 ဆိုတဲ့ နေရာမှာ အခြား နာမည်အမျိုးမျိုးလဲ ပြောင်းတာတွေ့ရပါတယ်။ ဒီအကြောင်းကို TrendMicro နဲ့ j_neutron07 လို အလားတူ Hoax အကြောင်းကို Hoax-Slayer မှာကြည့်လို့ရပါတယ်။

Read More...

Get rid of junk files n registry with CCleaner

CCleaner ဟာ ဟိုနေ့က ကျွန်တော်ရေးခဲ့တဲ့ RECUVA ကို ထုတ်တဲ့ Piriform ကပဲ ထုတ်တာပါ။ RECUVA တုန်းကလိုပဲ ကျွန်တော်ဟာ CCleaner ကို အစက သိပ်ပြီး အထင်မကြီးခဲ့ပါဘူး။ တွေ့ဖူး သုံးဖူးနေတဲ့ Junk Cleaner တွေက ခပ်ပိန်းပိန်းနဲ့ တစ်ခါတစ်လေ ကိုယ့်စက်ကို ပြန်ပြီး ဒုက္ခပေးတာတောင် ကြုံခဲ့ဖူးတော့ CCleaner ကို တွေ့တော့လဲ “ဒီပုတ်ထဲက ဒီပဲ” ပဲဆိုပြီး အထင်သေးခဲ့တာ နောက်မှ မှားမှန်း သိသွားပါတယ်။

CCleaner ရဲ့ဈေးနှုန်းက Free ပါ။ အဓိက အသုံးဝင်တာကတော့ စက်ထဲမှာ မလိုတဲ့ Junk File တွေ ( Temp, Cache, History, Cookies, Dump Files ) စတာတွေကို ရှင်းပေးပြီး စက်ကို မြန်လာစေတဲ့အပြင် မလိုအပ်တဲ့ File တွေကြောင့် Disk Space အလကား ကုန်နေတာကို ရှင်ပေးပါတယ်။ (ကျွန်တော် စစချင်းရှင်းတုံးက Junk ကိုပဲ ၁ GB ကျော် ထွက်ပါတယ်။ ;) ) အခြား အပိုအနေနဲ့ကတော့ Registry Entry တွေကို ပြင်ပေးတာရယ်၊ Program Files တွေကို Uninstaller နဲ့ Windows Start up က program တွေကို config လုပ်လို့ရတာရယ်ပါ။



အသုံးပြုရတာလဲ လွယ်ပါတယ်။ Download လုပ် Install လုပ် ပြီးရင် Run လိုက်တဲ့အခါ လှပတဲ့ Interface နဲ့ CCleaner ကို မြင်ရပါမယ်။ ဘယ်ဖက်က " Cleaner, Registry, Tools နဲ့ Setting " ထဲက Cleaner ကို ရွေးလိုက်ပြီး Analyze နှိပ်လိုက်ရင် ရှင်းမယ့် File path နဲ့ Approximate size ကို ပြပါတယ်။ ပြီးရင်တော့ Run Cleaner ကိုနှိပ်ရင် ဖျက်တဲ့ လုပ်ငန်းစပါတယ်။

သုံးကြည့်ပါ။ အဆင်ပြေမှာပါ။ :)

Download CCleaner

Read More...

Jan 9, 2008

Recover your accidently deleted files with RECUVA!

ကျွန်တော်ဆိုရင် File တစ်ဖိုင်ကို ဖျက်တဲ့အခါ အမြဲလိုလို Shift + Delete နဲ့ ဖျက်ပါတယ်။ အဲဒီလိုဖျက်ရင် File က Recycle Bin ထဲကို မရောက်သွားပဲ တစ်ခါတည်း ဖျက်သွားတာပါ။ အဲဒီရဲ့ အကျိုးဆက်က တစ်ခါတစ်လေ ဖျက်လိုက်တဲ့ file ကို ပြန်လိုချင်ရင် Recycle Bin ထဲမှာ ရှာလို့ မရတာပါ။ Recover လုပ်တဲ့ software တွေ မရှိဘူးလားဆိုရင်တော့ ရှိပါတယ်။ အရင်က ကျွန်တော် သုံးခဲ့ဖူးတာတွေက နှေးတဲ့အပြင် သိပ်ပြီး အသုံးမ၀င်လို့ ကျွန်တော် မသုံးတာကြာပါပြီ။ ဒီနေ့တော့ တကယ်ကို သဘောကျစရာ recover sofware တစ်ခုကို တွေ့ပါတယ်။

CCleaner ကို သုံးဖူးကြသလား ?? စက်ထဲမှာ မလိုတဲ့ ဖိုင်တွေ (Temp, Prefetch, Cookies ) တွေကို ရှင်းပေးတဲ့ အစွမ်းထက် software လေ။ အခု ဒီ Recuva ( Recover လို့ အသံထွက်ပါတဲ့ ) ကိုလဲ အဲဒီ CCleaner ထုတ်တဲ့ Piriform ဆိုတဲ့ ကုမ္ပဏီကပဲ ထုတ်ထားတာလေ။ Recuva ကိုလဲ Free ပေးပါတယ်။ Windows Vista မှာလဲ သုံးလို့ရပါတယ်။

ကျွန်တော် သုံးဖူးသမျှ recovery software ထဲမှာတော့ recuva က အမြန်ဆုံးနဲ့ သုံးရတာ အဆင်အပြေဆုံးဖြစ်ပါတယ်။ Capicity 120 GB ရှိတဲ့ ကျွန်တော့် HDD ကို Scan ဖတ်တာ ၁၈ စက္ကန့်ပဲကြာတယ်လေ။ Recover လုပ်တော့လဲ အရမ်းမြန်ပါတယ်။ သုံးကြည့်ပါ။ ကြိုက်သွားမှာပါ။ ဆောင်ထားရင်လဲ မမှားတဲ့ software တစ်ခုပေါ့။

ကဲ.. intro တွေကို ရပ်ပြီး တကယ် အလုပ်လုပ်ကြည့်ရအောင်။

၁။ Recuva ကို ဒီမှာ Download လိုက်ပါ ပြီးရင် Install ပေါ့။
၂။ Recuva ကို Run လိုက်ပြီးရင် ကိုယ် စစ်ချင်တဲ့ Drive ကို ရွေးပေးလိုက်ပါ။ ပြီးရင် Scan ကို နှိပ်လိုက်ပါ။



၃။ Scan ဖတ်တာ အတော်မြန်ပါတယ်။ ပြီးရင် အောက်မှာ list နဲ့ results တွေကို လာပြပေးပါတယ်။



၎။ List ကို ညာဖက်ကို scroll လိုက်ရင် File တွေရဲ့ State ကို လာပြပေးပါတယ်။ Excellent, Poor လောက်ဆိုရင် recover လို့ရပါသေးတယ်။ Unrecoverable ဆိုရင်တော့ အဲဒီ file ဟာ over written အလုပ်ခံရလို့ တပိုင်းတစ ဒါမှမဟုတ် အကုန်လုံး ပျက်သွားပြီလို့ မှတ်လိုက်ပါ။



၅။ Search ကို သုံးပြီးတော့ များလွန်းတဲ့ list ထဲကနေ ကိုယ်လိုချင်တဲ့ file name or file type ကို ရှာလို့ရပါတယ်။



၆။ Recover လုပ်ချင်တဲ့ file ကို တွေ့ပြီဆိုရင်တော့ File ရဲ့ ဘယ်ဖက်က Check box ကို check ပြီး Right Click နှိပ်ပြီး recover လို့ရွေးပြီးရင် Save လုပ်ချင်တဲ့ file path ကိုရွေးပေးရပါတယ်။ ဖြစ်နိုင်ရင် တခြား HDD တစ်လုံးထဲကို or Pen Drive ထဲကို Save လုပ်ပေးလိုက်ပါ။ ဒါမှာ File ကို over write အလုပ်ခံရတာ မဖြစ်အောင်လို့။



Recover ဆိုတဲ့ ခလုပ်ကို နှိပ်ပြီးတော့လဲ recover လို့ရပါတယ်။


Read More...

Jan 5, 2008

Phoewa online currency converter with daily rate updates.

ဖိုးဝ portal ကို develop လုပ်တဲ့သူတွေကပဲ ဖိုးဝရဲ့ နောက်ထပ် category တစ်ခုဖြစ်တဲ့ Business Category မှာ Currency Converter ဆိုတဲ့ အသုံးဝင် feature တစ်ခုကို ထည့်ထားပေးပါတယ်။ အခြား website တွေလို နေ့စဉ် ပေါက်ဈေးကိုပဲ ပြထားပေးတာမဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ ပြောင်းချင်တဲ့ ammount ကို ထည့်ပေးပြီး convert လုပ်ပေးနိုင်တာကိုလဲ တွေ့ရပါတယ်။

Local Converter နဲ့ International Converter နှစ်ခု လုပ်ထားပေးပြီး Local Converter မှာ နေ့စဉ် ပေါက်ဈေးကို ပြောင်းတဲ့အချိန် အတိအကျထည့်ပေးထားတာလဲ တွေ့ရပါတယ်။ အဲဒီ local ပေါက်ဈေးကိုလဲ နေ့စဉ် နေ့လည်ဖက် တွေမှာ update လုပ်ပေးထားပါတယ်လို့လဲ သိရပါတယ်။


International Converter မှာတော့ ကမ္ဘာပေါ်မှာ အသုံးများတဲ့ currency တွေကို တွက်လို့ရပါတယ်။



လက်ရှိအနေနဲ့ Local Converter မှာတော့



- ဒေါ်လာ မှ မြန်မာကျပ်
- မြန်မာကျပ် မှ ဒေါ်လာ

- FEC မှ မြန်မာကျပ်
- မြန်မာကျပ် မှ FEC

- ဒေါ်လာ မှ FEC
- FEC မှ ဒေါ်လာ သို့ အပြန်အလှန် ပြောင်းတွက်လို့ရပါတယ်။ ( Drop Down ကိုရွေးပေးပါ။ )

Read More...

Jan 3, 2008

MPT's Proxies for Indian ADSL

ဒီပို့စ်ကို Cbox ထဲက “ကိုရဲ” က MPT ရဲ့ Proxy တွေကို ပြောပြပေးပါ ဆိုလို့ ဒီ post ကို တင်ပေးလိုက်ပါတယ်။ MPT ADSL မှာက ၂ မျိုးရှိပါတယ်။ Korea လိုင်းနဲ့ India လိုင်း ဆိုပြီးတော့ပါ။ Korean လိုင်းအတွက် Proxy က တစ်ခုပဲ ရှိပေမယ့် India လိုင်းအတွက်ကတော့ ကျွန်တော်သိသလောက် ၆ ခုလောက်ရှိပါတယ်။ အောက်မှာ ကြည့်လိုက်ပါ။

Korea လိုင်းအတွက်

- 203.81.64.34
- 203.81.66.14 ( အရင်က ဒါကို သုံးလို့ရပေမယ့် အခုနောက်ပိုင်း မရတော့တာ ကြာပါပြီ )

India လိုင်းအတွက်

- 203.81.80.81
- 203.81.80.82
- 203.81.80.83
- 203.81.80.84
- 203.81.80.85
- 203.81.72.200
- ygncache.mpt.net.mm

India လိုင်းအတွက်က နောက်ထပ် proxy တွေ ရှိသေးပုံရပါတယ်။ ကျွန်တော်က Bagan ADSL ပေါ်မှာဖြစ်နေလို့ အကုန်လုံးကို မသိနိုင်တာပါ။ နည်းစပ်ရာ MPT ADSL သုံး Cyber Cafe တွေမှာ တီးခေါက် ကြည့်ရင် ထွက်လာနိုင်ပါတယ်။

India လိုင်း proxy တွေကို ပြောပြခဲ့တဲ့ မသက်ထားနဲ့ ကို gclatt ကို ကျေးဇူးတင်ပါတယ်။

Read More...