Oct 14, 2007

Blog အတွက် Domain အသစ်ယူရအောင်

Bagan က Blog ကို ban ထားတယ်။ Bypass လုပ်ဖို့အတွက်က Freedom or Ultra Surf ကိုသုံးလို့ရတယ်။ 3proxy.com , ctunnel.com လိုမျိုး bypass service တွေသုံးလို့ရတယ် ဒါပေမယ့် အဲဒီလို မလုပ်တတ်တဲ့ user တွေအတွက်ကြတော့ ကိုယ့် blog ကို ဘယ်လိုဝင်ကြည့်မလဲ?? 3proxy လိုမျိုး site တွေကနေ bypass လုပ်ပေးလိုက်တဲ့ link ကြတော့လဲ ရှည်ပြီး ရှုပ်လို့ မှတ်ဖို့မလွယ်ဘူး။ ဘယ်လိုလုပ်မလဲ ??? အောက်မှာ ဖတ်ပါ။ ;)

၁။ www.dot.tk မှာ free account တစ်ခုဖွင့်ပါ။ Page ရဲ့ ဘယ်ဖက်ခြမ်းမှာ "Add a new domain" ဆိုတာကို ၀င်ပြီး ကိုယ်လိုချင်တဲ့ domain ကိုယူ။ Free Domain ဆိုတာကို ရွေး။ Your Current Blog Address ကိုထည့်ရမယ့် နေရာကို ရောက်ရင် ခဏရပ်ထားပြီး အောက်က တဆင့်ကို ဆက်လုပ်ပါ။



၂။ www.3proxy.com ကိုသွား။ အဲဒီက box ထဲမှာ ကိုယ့် blog လိပ်စာကိုထည့် "Begin" ကို နှိပ်လိုက်ရင် bypass လုပ်ထားတဲ့ blog address ထွက်လာမယ်။ Browser ရဲ့ address bar ထဲက အဲဒီ bypass address အရှည်ကြီးကို ကူးပါ။



၃။ ကူးထားတဲ့ address ကို your current address နေရာမှာ paste လုပ်လိုက် ပြီး next နှိပ်လိုက်ပါ။ ဒါဆိုရင် အဓိက အချက်တွေပြီးသွားပြီ။

၎။ ကိုယ်ယူထားတဲ့ domain ဘေးမှာ Modify ကို နှိပ်လိုက်ပြီး Description နဲ့ Title Bar ကို ကိုယ့်အချက်အလက်တွေဖြည့်ပေးလိုက်ပါ။ (Tags for your Web Address ဆိုတာကို မဖြည့်ပါနဲ့။ )

၅။ Next နှိပ်လိုက်ပြီး ၁၀ မိနစ်လောက် စောင့်လိုက်ရင် ကိုယ့်ရဲ့ .tk domain အသက်ဝင်သွားပါပြီ။


မှတ်ချက်။ 3proxy က ကြော်ညာ အရမ်းကိုများလွန်းပါတယ်။ Cbox ထဲမှာပါ ကြော်ညာက ၀င်လိုက်တော့ စာရိုက်လို့မရတော့ပါ။ Script တွေလဲ အလုပ်မလုပ်ပါ။ ctunnel ကတော့ ကြော်ညာ နည်းပေမယ့် နှေးပါတယ်။ နောက်ပြီး ဆိုးတာက Hot Link မပေးပါဘူး (ရှာတွေသလောက်ထဲမှာက 3proxy တစ်ခုပဲ hot link ပေးတယ်)။ Hot Link မရရင် blog ကို တိုက်ရိုက်ဝင်လို့ရမှာမဟုတ်ပဲ bypass လုပ်တဲ့ site ကိုပဲ ရောက်သွားမှာပါ။ (ကျွန်တော်လဲ လိုက်ရှာနေပါတယ် အဆင်ပြေတာတွေ့ရင် ပြန်ပြောပါမယ်။ "nph proxy" လို့ Google မှာ ရှာလို့လဲရပါတယ်။