Oct 18, 2007

Blog Domain အပြောင်းအလဲတစ်ချို့

Blog Domain အသစ်တွေ ထည့်လုပ်ထားပါတယ်။ Bagan ရော MPT ပါ အဆင်ပြေအောင်လို့ လိုက်ပြီး လုပ်ရတဲ့ အတွက် နည်းနည်းတော့ အလုပ်ရှုပ်သွားတာပေါ့။ ကဲ အသစ်လုပ်လိုက်တဲ့ domain တွေကတော့

http://rapster88.blogspot.com
ဒါကတော့ အရင်အတိုင်းပါပဲ။ အဲဒီကိုဝင်လိုက်ရင် ပြောင်းသွားတာ တစ်ခုပဲရှိ တယ်။ http://blog.atomicdevelopment.net/ ကို redirect လုပ်သွားတာပါ။ MPT user တွေဝင် ကြည့်လို့ရမယ်။ နိုင်ငံခြား က user တွေလဲဝင်လို့ရမယ်။

http://blog.atomicdevelopment.net
ဒါက ကျွန်တော့်ရှိပြီးသား domain ကို "blog" ဆိုတဲ့ subdomain တစ်ခုထည့်ပြီး "C Name" ကို ပြောင်းလိုက်တာပါ။ ဒါလဲဘာမှ အပြောင်းလဲမရှိပါဘူး။ အပေါ်က rapster88.blogspot.com လို့ဝင်လဲရတယ် ဒီ http://blog.atomicdevelopment.net ကိုဝင်လဲရတယ်။ MPT ရော Bagan user တွေ bypass လုပ်စရာ မလိုပဲဝင်လို့ရပါတယ်။


http://www.rblog.tk
ဒါကတော့ Bagan user တွေအတွက် လုပ်ထားတာပါ။ အပေါ်က domain အရှည်ကြီးကို မမှတ်ချင်ရင် ဒါကိုမှတ်ထားလို့ရတယ်။ ဒါနဲ့ဝင်ရင် ပြောင်းသွားတာ တစ်ခုရှိတယ် ကျွန်တော့်ရဲ့ Favicon ပျောက်သွားတာပါ။ Favicon လုပ်နည်းကို ကျွန်တော်ရေးထားတဲ့ ဒီမှာ ဖတ်လို့ရသလို ကိုညီလင်းဆက် ရေးထားတဲ့ ဒီမှာ လဲဖတ်လို့ရပါတယ်။

Important Notes:
Bagan က user တွေ http://blog.atomicdevelopment.net နဲ့ www.rblog.tk ကိုဝင်ရင် post တွေထဲက image တွေကို မြင်ရမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က blog domain ကို ပဲပြောင်းလိုက်တဲ့အတွက် image တွေက blogger server ပေါ်မှာ ကျန်ခဲ့ပြီး သူတို့ရဲ့လင့်တွေမှာ blogger.com ပါနေလို့ bagan firewall က ပိတ်လိုက်တဲ့အတွက် မပေါ်လာတော့တာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ တဖြည်းဖြည်းချင်းဆီ image တွေကို ကျွန်တော့် ကိုယ်ပိုင် file server ပေါ်ကို ပြောင်းတင်ပေးသွားမှာပါ။ မပြောင်းခင် ကာလတွေမှာ image တွေကို ကြည့်ချင် တယ်ဆိုရင်တော့ ပုံအပေါ်မှာ right click နှိပ် "Copy Image Location" ကို ရွေးပြီး www.3proxy.com လိုမျိုး bypass site တွေကနေ တဆင့်ဝင်ပြီး ကြည့်လို့ရပါတယ်။


http://rapster88.blogspot.com
http://blog.atomicdevelopment.net
http://www.rblog.tk