Oct 13, 2007

သီတင်းကျွတ်တော့မည်

မိုးလေကင်းလွတ် သီတင်းကျွတ်တော့မည်။ အိမ်တွေမှာ မီးပုံးရောင်စုံ ကိုယ်စီနဲ့ ကြည်နူးဖွယ် လှပနေတော့မည်။ ကလေးငယ်များလည်း ညအမှောင် လရောင်အောက်မှာ အသံသေး အသံကြောင် ပြဲကြောင်ကြောင် အော်ကာ စွတ်ကမြင်းကြပေတော့မည်။ တားမြစ်ထားသော ဗျောက်အိုး မီးပန်း အစုံအလင်ကိုလည်း လမ်းဘေးမှာ ခပ်တည်တည် ရောင်းချနေကြသည်။ နေ့လည်ကြောင်တောင် ဖောက်ချင်ဖောက်နေကြသည်။ တိုက်ပေါ်မှ နေပြီး အတွဲလိုက် အောက်ကို ပစ်ချရမည်။ လူကြီး မိဘများကိုလည်း ကန်တော့ကာ လက်ဝါး ဖြန့်၍ အေးဓါးပြ တိုက်ရပေဦးမည်။ ထိုသို့ ထိုသို့ ပျော်စရာ များ ရှိသလို... ၀မ်းနည်းစရာလဲရှိနေလေသည်.. အခြားမဟုတ်.. အမောင်မုတ်သုံ ပြန်ဆုတ်သွားလျှင် ငါတို့တတွေ အမှောင် ထဲမှာ အလှည့်ကျ ထိုင်ရနေပေဦးတော့မည် မဟုတ်ပါတကား?? ၀မ်းနည်းစရာပေတည်း။