Oct 19, 2007

Disable Startup Scan in Kaspersky

Kaspersky က Antivirus မှာ တကယ့်ထိပ်တန်းပါပဲ။ ကျွန်တော်အရင်က Norton သုံးခဲ့ပေမယ့် Kaspersky Antivirus 6 ကို တွေ့တဲ့အချိန်က စပြီး Norton ဖက်ကို ပြန်မလှည့်တော့ပါဘူး။ အခုဆိုရင် Kaspersky 7 ကို Windows Vista ပေါ်မှာ သုံးနေပါတယ်။ Kaspersky မှာ Auto Startup Scan ဆိုတဲ့ Feature တစ်ခုပါတယ်။ စက်ကို စပြီးဖွင့်ရင်ပဲဖြစ်ဖြစ် reboot ချလိုက်ရင်ပဲဖြစ်ဖြစ် စက်ပြန်တက်လာချင်းမှာ System Memory, Startup Objects နဲ့ Disk Boot Sectors တွေကို scan စစ်ပါတယ်။ Windows XP မှာ အဲဒါက ပြဿနာ မတက်ပေမယ့် Vista မှာ Startup Scan ကပြဿနာလာပေးပါတယ်။ Startup Scan က scan စစ်တာ မပြီးတော့ဘူးဖြစ်နေတဲ့ ပြဿနာပါ။ Kaspersky ထဲကိုဝင်ပြီး Stop ကိုနှိပ်လိုက်ရင်လဲ Stopping.. လို့ပဲပြပြီး မရပ်တော့ဘူး။ တစ်ခြား Application တွေလဲ နှေးသွားတယ်။ ဘယ်လိုမှ ရပ်လို့မရလို့ နောက်ဆုံး Hard Reset ချလိုက်ရတတ်ပါတယ်။ ဒီတော့ Startup Scan ကို အောက်မှာ ဖတ်ပြီး Disable လုပ်လို့ရတယ်။ (စက်အတက်လဲ ပိုပြီးမြန်သွားတာပေါ့)



Open Kaspersky Antivirus
Go to Settings
Select "Startup objects"
Uncheck "At application startup"
Drag the Security Level to lowest to get better startup performance.