Oct 17, 2007

Install မလုပ်ထားတဲ့ font တွေကို လွယ်လွယ်ကူကူကြည့်မယ် (သို့) Font အများကြီးကို အဆင်ပြေပြေကြည့်မယ်

ဟိုတစ်ရက်က ကျွန်တော် font design တစ်မျိုးလိုလို့ သူငယ်ချင်းတစ်ယောက်ဆီမှာ တောင်းလိုက်တာ font တော့ရတယ် font တွေက အများကြီးဖြစ်နေတယ်။ Font တစ်ခုချင်းဆီကို လိုက်ကြည့်ရတာ တော်တော်ကို ဒုက္ခရောက်တယ်။ Font ကိုဖွင့်ကြည့် မကြိုက်ရင် ပြန်ပိတ် နောက်တစ်ခုဖွင့် ပြန်ပိတ်နဲ့ အလုပ်တွေရှုပ်တယ် ဒါနဲ့ Internet ပေါ်မှာ အဆင်ပြေမယ့် နည်းလမ်းကို လိုက်ရှာကြည့်တော့ application တချို့တွေ့တယ် ဒါပေမယ့် သိပ်မကြိုက်ဘူး။ အဓိကဆိုးတာက Font ကို install လုပ်မှ ကြည့်လို့ရတာရယ် Free မဖြစ်တာရယ် Unicode Support မလုပ်တာရယ် နောက်ဆုံး တစ်ခုက install လုပ်ရမှာရယ်။ (ကျွန်တော်ထင်တယ်လေ ဒီလောက် simple ဖြစ်တာကို install လုပ်စရာမလိုတဲ့ portable ပဲဖြစ်သင့်တယ်လို့)

ဒါပေမယ့် နောက်ဆုံးမှာတော့ "dp4 Font Viewer" ဆိုတာကိုသွားတွေ့တယ်။ တော်တော်ကို သဘောကျသွားတယ် အပေါ်မှာ ကျွန်တော်လိုချင်တဲ့ Feature တွေနဲ့ တစ်ထပ်တည်းပဲ။ Free ဖြစ်တယ် Install လုပ်စရာမလိုဘူး Unicode ရတယ် နောက်ပြီး File size ကလဲ ချုံ့ထားရင် 63 Kb နဲ့ ဒီအတိုင်းဆိုရင် 119Kb ပဲရှိတယ်။ ကိုယ်ကြိုက်တဲ့ Folder ထဲက font တွေကို preview ကြည့်လို့ရတယ် ကြိုက်ရင် တစ်ခါတည်း install လို့ရတယ်။ Font တွေကို up/down key ကိုသုံးပြီး ရွှေ့ကြည့်လို့ရတယ်။




>> Download EXE
>> Download Zipped EXE