မနှစ်က ကျွန်တော် Blog ကို စပြီးရေးခါစ စက်တင်ဘာလက Virus ကိုက်သွားလို့ Registry ထိပြီး Folder Option ပျောက်တာ၊ Task Manager ပိတ်ခံရတာတွေကို ပြန်ဖွင့်တဲ့ အကြောင်းကို ရေးခဲ့ပါတယ်။ Computer Journal ထဲမှာလဲ ပါဖူးတဲ့ iSoft (Technomation ) က ထုတ်တဲ့ iRepairman ဆိုတဲ့ tool ကို သုံးပြီး registry ပြဿနာတွေကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ရပါပြီ။
Apple ရဲ့ Mac interface ပုံစံနဲ့ စွဲမက်စရာ tools မှာ Folder Options, Registry Editor, Task Manager ကို ပြန်ပြီး ဖွင့်နိုင်ပါတယ်။ Program size ကလဲ 1.2 MB ပဲရှိတဲ့အတွက် 1.44 Floopy Disk ထဲမှတောင် ထည့်ယူသွားနိုင်ပါတယ်။ အထူးသဖြင့် Computer Service လုပ်တဲ့သူတိုင်း ဆောင်ထားသင့်ပါတယ်။
- Download iRepairman
iRepairman EXE
iRepairman ZIP
Feb 21, 2008
Repair your infected registry with iRepairman
Feb 19, 2008
Hide Your Datas With My Lockbox!
ဟိုရက်ပိုင်းက ကိုယ့်စက်ရဲ့ Data တွေကို ဘယ်လို ဖျောက်ထားမလဲ ဆိုပြီး Post တစ်ခုတင်ခဲ့ပါတယ်။ အဲဒါကို အလုပ်ရှုပ်တယ်လို့ ထင်ခဲ့ရင် အခု ကျွန်တော် ရှာတွေ့ထားတဲ့ My Lockbox ကို သုံးကြည့်စေချင်ပါတယ်။
My Lockbox က Free ပါ။ Windows Vista မှာလဲ အလုပ်လုပ်ပါတယ်။ Folder တစ်ခုလုံးကို ဖျောက်ထားနိုင်ပြီး Safe Mood ထဲကနေ ၀င်ကြည့်ရင်တောင် ဖျောက်ထားတဲ့ Folder ကို မမြင်ရဘူးလို့ ဆိုထားပါတယ်။
၁။ My Lockbox ကို ဒီမှာ Dowload လုပ်နိုင်ပါတယ်။
၂။ Install လုပ်ပြီးတဲ့အခါ Computer ကို Restart တစ်ခါ လုပ်ပေးရပါမယ်။
၃။ My Lockbox ကို ခေါ်တဲ့ Shortcut က Ctrl + Shift + P ပါ။
၎။ Default အနေနဲ့က Document ထဲမှာ My Lockbox ဆိုတဲ့ Folder ကို Hide လုပ်ဖို့ ရွေးထားပါတယ်။
၅။ အောက်မှ ပြထားတဲ့ ပုံထဲက အနီရောင် ဘောင်ခတ်ထားတဲ့ ခလုပ်ကို နှိပ်ပြီး ကိုယ်စိတ်ကြိုက် Folder ကို ဖျောက်ထားနိုင်ပါတယ်။
၆။ Advanced ထဲမှာတော့ Password ပြောင်းတာနဲ့ Skin ပြောင်းတာတို့ကို လုပ်နိုင်ပါတယ်။
Download My Lockbox
Feb 4, 2008
Check your Access Kit's remaining time with ISP Timer
ပြီးခဲ့တဲ့ အပါတ်က ကျွန်တော်ရဲ့ ADSL-S Line သုံးမရဖြစ်သွားလို့ အင်တာနက် မသုံးရရင် မနေနိုင်တဲ့ ကျွန်တော်က Dial Up နဲ့ ပြန်သုံးဖို့ Access Kit ကို အမြန် ပြေးဝယ်လိုက်ရပါတယ်။ Access Kit နဲ့ သုံးနေတဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာ တစ်ခုက Kit မှာ လက်ကျန် နာရီ ဘယ်လောက် ကျန်နေသလဲ ဆိုတာ မသိနိုင်တာပါ။ အချို့ကတော့ စိတ်နဲ့ မှတ်ပြီး သုံးပြီး အချို့ကတော့ သုံးထားသလောက် နာရီကို စာရွက်နဲ့ ရေးမှတ် ထားပြီး လက်ကျန်ကို တွက်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းချင်လို့ ကျွန်တော်က Google မှာ နည်းနည်း မွှေကြည့်တော့ အောက်မှာ ညွှန်းထားတဲ့ ISP Timer ဆိုတဲ့ အသုံးဝင် Free software လေး တစ်ခုကို တွေ့လိုက်ပါတယ်။
Install လုပ်စရာ မလိုပဲ Portable Run နိုင်တဲ့ ISP Timer ကို သုံးရတာ အလွန်ကို ရိုးရှင်းပြီး လွယ်ကူပါတယ်။ ISP Timer ကို Run လိုက်တာနဲ့ ကိုယ့်စက်ထဲမှာ ရှိတဲ့ Dialup Connection ကို Detects လုပ်ပေးပါတယ်။
"Time Allowance" ဆိုတဲ့ နေရာမှာ ကိုယ်ဝယ်ထားတဲ့ Access Kit ရဲ့ စုစုပေါင်း နာရီကို ထည့်ပေးရမှာ ဖြစ်ပြီး ( 30.00 = နာရီ သုံးဆယ် ) Time used နေရာမှာတော့ မသုံးရသေးရင် "0" လို့ ထည့်ပြီး သုံးထားပြီးသား ဖြစ်ခဲ့ရင်တော့ သုံးထားသလောက်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါ "Update" ကို နှိပ်လိုက်ပါ။
ပြီးတဲ့အခါ "Connect" ကို နှိပ်ပြီး Connection ချိတ်လို့ ရသွားတာနဲ့ "Time remaining" နေရာမှာ လက်ကျန်အချိန်ကို ပြနေတာကို တွေ့ရပါတယ်။ "I" ဆိုတာကို နှိပ်ပြီး Settings တွေကို ခေါက်ထားလို့ရပြီး "Send to Tray" ကို နှိပ်ရင် System Tray ထဲကို ISP Timer က ရောက်သွားမှာပါ။ သုံးနေရင်းနဲ့ လက်ကျန် ၁ နာရီကို ရောက်တဲ့အခါမှာနဲ့ နောက်ဆုံး ၅ မိနစ်ကို ရောက်တဲ့အခါ Warning လဲ ပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် အသုံးပြုထားတာတွေကို Log ပါ မှတ်ထားနိုင်လို့ ("Log" ကို Check လုပ်ထားရပါမယ်) ဘယ်အချိန်က ဘယ်လောက် သုံးထားသလဲဆိုတာကိုပါ ပြန်စစ်ဆေးနိုင်ပါတယ်။
Download ISP Timer (EXE 64KB)
Download ISP TImer (ZIP 24KB)
- How to add ISP Timer to Windows Startup?
1. Click Start > All Programs > Startup
2. Right Click on Startup and Select Open
3. In Startup window, Click File > New > Shortcut
4. Browse to "ISP Timer" program
5. Then you'll found a Shortcut to ISP Timer in Startup Folder
6. Right Click on ISP Timer shortcut and select properties
7. Select "Minimized" in "Run:"
- How to remove it?
1. Simply delete the shortcut from Startup Folder.
Jan 31, 2008
Make Right Click Send To Menu More Powerful n Useful!
ဘယ်လို Powerful လုပ်မှာလဲလို့ စိတ်ထဲက တွေးနေတာလား ?? သက်သေပြမယ်ဗျာ.. ဘယ်လို Powerful n Useful ဖြစ်သွားလဲလို့.. အောက်က ပုံကိုကြည့်။ အဲဒါက File တစ်ခု ဒါမှမဟုတ် Folder တစ်ခုကို Right Click နှိပ်ပြီး Send to ရွေးရင် မြင်ရတဲ့ မြင်ကွင်း။ အဲဒါကို အစွမ်းထက်အောင် ပိုပြီး အသုံးဝင်အောင် လုပ်မယ်။
Windows မှာက Fiel or Folder တစ်ခုကို Right Click ပြီး Send to ရွေးရင် Move တို့ Copy တို့ မပါပဲ "Documents, Desktop(Create Shortcut) နဲ့ Compressed" ပဲပါတယ်။ ဒါနဲ့ ကျွန်တော်က Google နဲ့ နည်းနည်းရှာကြည့်တော့ "Send To Toys v 2.5" ကို တွေ့ရတယ်။ သုံးကြည့်တော့ တော်တော်ကို အဆင်ပြေတာတွေ့ရတယ်ဗျ။ အောက်က ပုံကိုကြည့်ပါ။ အဲဒါက "Send to Toys" ဆိုတာ တင်ထားပြီး မြင်ရမယ့် မြင်ကွင်းပါ။ (အသုံးဝင်တာတွေကို အနီရောင်နဲ့ ဘောင်ခတ်ပြထားပါတယ် )
အဲဒီမှာ "Clipboard, Command Prompt, Folder.., Recycle Bin နဲ့ Run" ဆိုတာ တိုးပြီး ပါလာတာကို တွေ့ရပါမယ်။ အသုံးဝင်တာတွေကို ရေးပြသွားပါမယ်။
- Command Prompt
ဒါကို ရွေးပေးလိုက်ရင် CMD ထဲမှာ File or Folder ရဲ့ Path ကို တစ်ခါတည်း ထည့်ပေးသွားမှာဖြစ်ပါတယ်။ တစ်ခုခုကို Command Prompt ထဲကိ Execute လုပ်ချင်ရင် အဆင်ပြေပါတယ်။
- Folder
ဒီ Tools ရဲ့ အသုံးအ၀င်ဆုံး Feature ပါပဲ။ Folder.. ကိုရွေးလိုက်ရင် အောက်မှာ ပြထားတဲ့အတိုင်း မြင်ရပါမယ်။ File or Folder ကို ကိုယ်ရွှေ့ချင်တဲ့ Location ထဲကို Copy or Move နဲ့ ရွှေ့လို့ရအောင် လုပ်ပေးထားတာပါ။ မြန်မြန်ဆန်ဆန်နဲ့ File တွေကို Organize လုပ်ချင်တဲ့ အခါမှာ သိသိသာသာ အသုံးဝင်တာကို တွေ့ပါမယ်။
- Run
ဒါကလည်း Command Prompt လိုပဲ Run (Windows Key + R) ဆီကို File ကို ပို့ပေးတာ ဖြစ်ပါတယ်။
>> Download Send To Toys
ကဲ ဒါဆိုရင် Powerful n Useful ဖြစ်တာကို သိလောက်ပြီ ထင်ပါတယ်။ အားလုံး မြန်မြန်ဆန်ဆန် သက်သက်သာသာနဲ့ အလုပ်လုပ်ရတာ အဆင်ပြေကြပါစေ။ :)
Jan 25, 2008
gAlways Idle Now Support Vista!!
gAlways Idle ဆိုတာကို ကျွန်တော်က မနှစ်က အောက်တိုဘာလမှာ ရေးခဲ့ဖူးပါတယ်။ gAlways Idle ဆိုတာကို မသိသေးတဲ့သူတွေအတွက်က gAlwaysIdle ဆိုတာ Google Talk မှာ Idle ကို အမြဲဖြစ်အောင် ဒါမှမဟုတ် လုံးဝ Idle မဖြစ်နေအောင် လုပ်ပေးနိုင်တဲ့ Addon တစ်ခုပါ။
အရင်က Version မှာက Windows XP စက်တွေအတွက် ပြဿနာ မရှိပေမယ့် Vista တင်တဲ့ စက်တွေမှာ Idle လုပ်ချင်ရင် "Always Idle" ကို ရွေးရင် မရပဲ "Never Idle" ကို ရွေးထားမှ Idle ဖြစ်တတ်ပါတယ်။ အခုထုတ်လိုက်တဲ့ Version အသစ် (Rev 2b) မှာ အရင်ဖြစ်တဲ့ error တွေကို ရှင်းထားပါတယ်။
သုံးရတာ တကယ်လွယ်ပါတယ်။ gAlways Idle ကို ဒီမှာ Download လုပ်ပါ ပြီးရင် install လုပ်ပါ (အရင် version အဟောင်းကို အလိုလျှောက် ဖယ်ထုတ်သွားပါတယ်။) ပြီးရင် System Tray(Screen ရဲ့ ညာဖက်အောက်ဒေါင့်နားက နာရီဘေးမှာ) ရှိတဲ့ Google Talk icon ကို right click ခေါက်လိုက်ရင် အောက်မှာပြထားတဲ့ ပုံအတိုင်း "Normal Idle, Always Idle, Never Idle" တစ်ခုခုကို ကြိုက်တာ ရွေးပေးထားရုံပါပဲ။ Always Idle ဆိုရင် အမြဲကို Idle ဖြစ်နေမှာပါ။
Download gAlways Idle (Rev 2b)
Jan 15, 2008
Get rid of junk files n registry with CCleaner
CCleaner ဟာ ဟိုနေ့က ကျွန်တော်ရေးခဲ့တဲ့ RECUVA ကို ထုတ်တဲ့ Piriform ကပဲ ထုတ်တာပါ။ RECUVA တုန်းကလိုပဲ ကျွန်တော်ဟာ CCleaner ကို အစက သိပ်ပြီး အထင်မကြီးခဲ့ပါဘူး။ တွေ့ဖူး သုံးဖူးနေတဲ့ Junk Cleaner တွေက ခပ်ပိန်းပိန်းနဲ့ တစ်ခါတစ်လေ ကိုယ့်စက်ကို ပြန်ပြီး ဒုက္ခပေးတာတောင် ကြုံခဲ့ဖူးတော့ CCleaner ကို တွေ့တော့လဲ “ဒီပုတ်ထဲက ဒီပဲ” ပဲဆိုပြီး အထင်သေးခဲ့တာ နောက်မှ မှားမှန်း သိသွားပါတယ်။
CCleaner ရဲ့ဈေးနှုန်းက Free ပါ။ အဓိက အသုံးဝင်တာကတော့ စက်ထဲမှာ မလိုတဲ့ Junk File တွေ ( Temp, Cache, History, Cookies, Dump Files ) စတာတွေကို ရှင်းပေးပြီး စက်ကို မြန်လာစေတဲ့အပြင် မလိုအပ်တဲ့ File တွေကြောင့် Disk Space အလကား ကုန်နေတာကို ရှင်ပေးပါတယ်။ (ကျွန်တော် စစချင်းရှင်းတုံးက Junk ကိုပဲ ၁ GB ကျော် ထွက်ပါတယ်။ ;) ) အခြား အပိုအနေနဲ့ကတော့ Registry Entry တွေကို ပြင်ပေးတာရယ်၊ Program Files တွေကို Uninstaller နဲ့ Windows Start up က program တွေကို config လုပ်လို့ရတာရယ်ပါ။
အသုံးပြုရတာလဲ လွယ်ပါတယ်။ Download လုပ် Install လုပ် ပြီးရင် Run လိုက်တဲ့အခါ လှပတဲ့ Interface နဲ့ CCleaner ကို မြင်ရပါမယ်။ ဘယ်ဖက်က " Cleaner, Registry, Tools နဲ့ Setting " ထဲက Cleaner ကို ရွေးလိုက်ပြီး Analyze နှိပ်လိုက်ရင် ရှင်းမယ့် File path နဲ့ Approximate size ကို ပြပါတယ်။ ပြီးရင်တော့ Run Cleaner ကိုနှိပ်ရင် ဖျက်တဲ့ လုပ်ငန်းစပါတယ်။
သုံးကြည့်ပါ။ အဆင်ပြေမှာပါ။ :)
Download CCleaner
Jan 9, 2008
Recover your accidently deleted files with RECUVA!
ကျွန်တော်ဆိုရင် File တစ်ဖိုင်ကို ဖျက်တဲ့အခါ အမြဲလိုလို Shift + Delete နဲ့ ဖျက်ပါတယ်။ အဲဒီလိုဖျက်ရင် File က Recycle Bin ထဲကို မရောက်သွားပဲ တစ်ခါတည်း ဖျက်သွားတာပါ။ အဲဒီရဲ့ အကျိုးဆက်က တစ်ခါတစ်လေ ဖျက်လိုက်တဲ့ file ကို ပြန်လိုချင်ရင် Recycle Bin ထဲမှာ ရှာလို့ မရတာပါ။ Recover လုပ်တဲ့ software တွေ မရှိဘူးလားဆိုရင်တော့ ရှိပါတယ်။ အရင်က ကျွန်တော် သုံးခဲ့ဖူးတာတွေက နှေးတဲ့အပြင် သိပ်ပြီး အသုံးမ၀င်လို့ ကျွန်တော် မသုံးတာကြာပါပြီ။ ဒီနေ့တော့ တကယ်ကို သဘောကျစရာ recover sofware တစ်ခုကို တွေ့ပါတယ်။
CCleaner ကို သုံးဖူးကြသလား ?? စက်ထဲမှာ မလိုတဲ့ ဖိုင်တွေ (Temp, Prefetch, Cookies ) တွေကို ရှင်းပေးတဲ့ အစွမ်းထက် software လေ။ အခု ဒီ Recuva ( Recover လို့ အသံထွက်ပါတဲ့ ) ကိုလဲ အဲဒီ CCleaner ထုတ်တဲ့ Piriform ဆိုတဲ့ ကုမ္ပဏီကပဲ ထုတ်ထားတာလေ။ Recuva ကိုလဲ Free ပေးပါတယ်။ Windows Vista မှာလဲ သုံးလို့ရပါတယ်။
ကျွန်တော် သုံးဖူးသမျှ recovery software ထဲမှာတော့ recuva က အမြန်ဆုံးနဲ့ သုံးရတာ အဆင်အပြေဆုံးဖြစ်ပါတယ်။ Capicity 120 GB ရှိတဲ့ ကျွန်တော့် HDD ကို Scan ဖတ်တာ ၁၈ စက္ကန့်ပဲကြာတယ်လေ။ Recover လုပ်တော့လဲ အရမ်းမြန်ပါတယ်။ သုံးကြည့်ပါ။ ကြိုက်သွားမှာပါ။ ဆောင်ထားရင်လဲ မမှားတဲ့ software တစ်ခုပေါ့။
ကဲ.. intro တွေကို ရပ်ပြီး တကယ် အလုပ်လုပ်ကြည့်ရအောင်။
၁။ Recuva ကို ဒီမှာ Download လိုက်ပါ ပြီးရင် Install ပေါ့။
၂။ Recuva ကို Run လိုက်ပြီးရင် ကိုယ် စစ်ချင်တဲ့ Drive ကို ရွေးပေးလိုက်ပါ။ ပြီးရင် Scan ကို နှိပ်လိုက်ပါ။
၃။ Scan ဖတ်တာ အတော်မြန်ပါတယ်။ ပြီးရင် အောက်မှာ list နဲ့ results တွေကို လာပြပေးပါတယ်။
၎။ List ကို ညာဖက်ကို scroll လိုက်ရင် File တွေရဲ့ State ကို လာပြပေးပါတယ်။ Excellent, Poor လောက်ဆိုရင် recover လို့ရပါသေးတယ်။ Unrecoverable ဆိုရင်တော့ အဲဒီ file ဟာ over written အလုပ်ခံရလို့ တပိုင်းတစ ဒါမှမဟုတ် အကုန်လုံး ပျက်သွားပြီလို့ မှတ်လိုက်ပါ။
၅။ Search ကို သုံးပြီးတော့ များလွန်းတဲ့ list ထဲကနေ ကိုယ်လိုချင်တဲ့ file name or file type ကို ရှာလို့ရပါတယ်။
၆။ Recover လုပ်ချင်တဲ့ file ကို တွေ့ပြီဆိုရင်တော့ File ရဲ့ ဘယ်ဖက်က Check box ကို check ပြီး Right Click နှိပ်ပြီး recover လို့ရွေးပြီးရင် Save လုပ်ချင်တဲ့ file path ကိုရွေးပေးရပါတယ်။ ဖြစ်နိုင်ရင် တခြား HDD တစ်လုံးထဲကို or Pen Drive ထဲကို Save လုပ်ပေးလိုက်ပါ။ ဒါမှာ File ကို over write အလုပ်ခံရတာ မဖြစ်အောင်လို့။
Recover ဆိုတဲ့ ခလုပ်ကို နှိပ်ပြီးတော့လဲ recover လို့ရပါတယ်။
Dec 22, 2007
Check Bagan's Proxies with MultiProxy!
လွန်ခဲ့တဲ့ တစ်ပတ်လောက်က Bagan Cyber Tech ရဲ့ Proxy Server တွေ ခဏခဏ ဒေါင်းခဲ့ပါတယ်။ စုစုပေါင်း Proxy ၁၁ ခုရှိတာ တစ်လုံးပြီးတစ်လုံး အလှည့်ကျ ဒေါင်းနေလို့ proxy ကို တစ်ခုပြီး တစ်ခု စမ်းလိုက် ပြောင်းလိုက်နဲ့ အလုပ်ရှုပ်ခဲ့ရပါတယ်။ ဒါအပြင် Proxy တွေ ဒေါင်းလို့ Download ကြီးကြီးမားမား လုပ်တဲ့သူတွေလဲ ဒေါင်းလုပ်ကို လွတ်မထားရဲတာလဲ တွေ့ရပါတယ်။
အဲဒီအချိန်ကတည်းက ကျွန်တော် စိတ်ထဲမှာ Proxy Server တွေကို အလုပ် လုပ်မလုပ် စောင့်ကြည့် (Monitor) လုပ်ပေးနိုင်တဲ့ tools လေးတစ်ခုလောက်ကို အင်တာနက်ပေါ်မှာ လိုက်ရှာနေတုန်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ကို elite.crysis က ကျွန်တော့်ကို MultiProxy ဆိုတဲ့ software ကို ပြောပြပါတယ်။ တကယ်တော့ Multiproxy က Proxy Monitor လုပ်တဲ့ software မဟုတ်ပဲ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က Internet Connection ကို Proxy တစ်ခုတည်းပေါ်မှာ မသွားပဲ proxy ၄ ခုရှိရင် ၄ ခုလုံးပေါ်မှာ မျှပြီး သုံးလို့ရအောင် လုပ်ပေးတဲ့သဘောပါပဲ။
ကဲ.. ဘယ်လိုသုံးမလဲ ကြည့်ရအောင်..
၁။ Multi Proxy ကို ဒီမှာ Download ပြီး Install လိုက်ပါ။ (FREE)
၂။ Run ပြီးရင် "Options" ကို ၀င်လိုက်ပါ။ ပြီးရင် "Proxy Servers List" ထဲကိုထပ်ဝင်။
၃။ အဲဒီမှာ ရှိနေတဲ့ default proxy တွေကို select all မှတ်ပြီး right click နှိပ်ပြီး ဖျက်လိုက်ပါ။
၎။ အောက်က "Menu - >" ကိုနှိပ် ပြီးရင် Add ကိုနှိပ်ပြီး Proxy တွေကို ထည့်ပေးပါ။
၅။ Bagan ရဲ့ Proxy 11 ခုလုံးလုံးကို ထည့်ရမှာ ပျင်းတယ်ဆိုရင် ကျွန်တော် လုပ်ထားတဲ့ Proxy List ကို ဒီမှာ download လိုက်ပါ။ (Right click on it and select "save link as")
၆။ Menu ကိုနှိပ် Files > Import Proxy List ကိုရွေးပြီး ခုနက dl ထားတဲ့ proxy list (txt) file ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် Proxy list ၁၁ ခုလုံး ၀င်နေတာတွေ့ရပါမယ်။
၇။ "Ok" ကို နှိပ်ပြီး Options ကနေ ပြန်ထွက်လိုက်ပါ။ ပြီးရင် "Check all proxies" ကိုနှိပ်လိုက်ရင် ဘယ်ဖက်က အကွက်ထဲမှာ "testing remote proxies" ပေါ်နေတာတွေ့ရပါမယ်။
၈။ အဲဒီ စာသား ပျောက်သွားပြီးရင် Options > Proxy Server List ထဲကို ပြန်ဝင်ကြည့်လိုက်တဲ့အခါ Working proxies တွေက အစိမ်းရောင်နဲ့ ပြနေတာတွေ့ရပါမယ်။
Proxy တွေပေါ်မှာ Bandwidth ကို မျှပြီးသုံးချင်ရင်
၁။ Browser ရဲ့ Proxy setting မှာ host ကို localhost နဲ့ port ကို 8088 လို့ပြောင်းပေးလိုက်ပါ။
၂။ ဒါဆိုရင် Multiproxy ရဲ့ Connection Status မှာ proxy တွေပေါ်ကနေ bandwidth တွေ မျှခွဲပြီး သုံးနေတာ တွေ့ရပါမယ်။
Note. Meebo.com ကို multi proxy သုံးပြီး ၀င်လို့မရပါဘူး။ Meebo က proxy sesitive ဖြစ်လို့ proxy ပြောင်းသွား တာနဲ့ reconnect ပြန်လုပ်ပေးရပါတယ်။
Bagan ရဲ့ Proxy server တွေကို သိချင်ရင် ဒီမှာ ၀င်ကြည့်လို့ရပြီး Browser ကို proxy server setting တွေကို လွယ်လွယ်ကူကူပြောင်းချင်ရင် Firefox အတွက် ဒီမှာ နဲ့ IE အတွက် ဒီမှာ ၀င်ဖတ်ကြည့်ပါ။
Dec 14, 2007
Vista က Snipping Tool ကို ပိုမိုအသုံးပြုခြင်း
Vista နဲ့ XP Media Center 2005 မှာ Snipping Tool ဆိုတဲ့ Feature တစ်ခုပါပါတယ်။ အသုံးဝင်ပုံကတော့ Print Screen လိုမျိုး Screen တစ်ခုလုံးကို Screen Shot ရိုက်စရာမလိုပဲ ကြိုက်တဲ့ နေရာ တစ်ကွက်ကိုပဲ Select မှတ်ပြီး Screen Shot ရိုက်လို့ ရတဲ့ Built in tool တစ်ခုပါ။ Snipping Tool သုံးတဲ့နေရာမှာ ပြဿနာပေးတာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ Focus Sesitive ဖြစ်တာတွေကို Screen Shot ရိုက်လို့ မရတာပါ။ ( Focus Sensitive ဆိုတာ ဥပမာအားဖြင့် Start Menu, Tooltips, Right Click Context တွေဟာ သူတို့အပေါ်ကနေ Mouse pointer ရွှေ့သွားပြီး တစ်ခြားတစ်ခုကို click သွားနိုပ်လိုက်တာနဲ့ Screen ပေါ်ကနေ ပျောက်သွားတာပါ)။ အဲဒါတွေကို ဘယ်လို screen shot ရိုက်မလဲဆိုတာ အောက်က Read More ထဲမှာ ဖတ်ကြည့်လိုက်ပါ။ ;)
၁။ Snipping Tool ကို အရင်ဖွင့်လိုက်ပါ (Start > All Programs > Accessories > Snipping Tool)
၂။ Snipping Tool တက်လာရင် "Esc" ကို တစ်ချက် နှိပ်လိုက်ပါ။ ဒါဆိုရင် Snipping Tool က Ready စောင့်နေလိမ့်မယ်။
၃။ ဥပမာ Start Menu ကို Screen Shot ရိုက်ချင်ရင် Start Menu ကိုအရင် နိုပ်လိုက်ပါ။ ပြီးတာနဲ့ Ctrl + Print Screen ကို နှိပ်ပေးလိုက်ပါ။
၎။ ဒါဆိုရင် Start Menu ပါ Screen ပေါ်မှာ အသေဖြစ်သွားပြီး Sniping Tool နဲ့ Shot ရိုက်လို့ ရသွားပါပြီ။
- A very old post on MyDigitalLife.info
Nov 15, 2007
Easily Ping With Ping Test Easy!
Ping Test Easy ဆိုတာ Free Application တစ်ခုပါ။ Network ထဲမှာ IP တွေ အတော်များများကို Ping ရတယ်ဆိုရင်တော့ Windows CMD ကနေ Ping တာထက် ဒီ Ping Test Easy ကနေ Ping တာ ပိုပြီး လွယ်ကူပါတယ်။ IP တွေကို Save မှတ်ထားလို့ရတဲ့အတွက် အချိန်ကုန် သက်သာတယ်။ Buffer Size, Ping Interval နဲ့ Ping Time တွေကို ကိုယ့်စိတ်ကြိုက် ပြောင်းလို့ရတာက Command Prompt ထက် အများကြီးသာပါတယ်။ IP Scan လို့ရတဲ့ Feature လဲပါပါတယ်။ Network သမားတိုင်း ဆောင်ထားသင့်တဲ့ Application တစ်ခုပါ။ Install လုပ်စရာ မလိုပဲ Vista မှာလည်း Run နိုင်ပါတယ်။ 252 KB ပဲရှိပါတယ်။
Nov 12, 2007
Free PDF Converter Both Online/Offline
များသေားအားဖြင့် ဒီမှာသုံးကြတာက Adobe ထုတ်တဲ့ Adobe Acrobat Reader ပါ။ Acrobat Reader က Free Version ဆိုရင် PDF တွေကို ဖွင့်လို့ပဲရပြီး Convert လုပ်ချင်ရင်တော့ Pro Version ကို ၀ယ်ရပါတယ်။ ဒါပေမယ့် PrimoOnline ဆိုတဲ့ Website မှာ File Types တော်တော်များများ (အပြည့်အစုံကို ဒီမှာကြည့်ပါ) ကို PDF ဖြစ်အောင် FREE ပြောင်းပေးတဲ့ Online Service ရှိပါတယ်။ PDF ပြောင်းဖို့ကို Step ၃ ခုပဲ လုပ်ရပါတယ်။ Step တွေက ထွေထွေ ထူးထူးမဟုတ်ပါဘူး။ Mail Address ထည့်ပေးရတယ် နောက်ပြီး ပြောင်းချင်တဲ့ File ကို တင်ပေးလိုက်ရင် PDF ပြောင်းပြီးတာနဲ့ Mail box ထဲကို အကြောင်းကြားစာနဲ့ ပြောင်းထားတဲ့ PDF ကို Attach လုပ်ပြီးပို့လိုက်ပါတယ်။ ဒါ့အပြင် PrimoOnline PDF Converter ကို Windows Application လဲရှိပါတယ်။ ဒီမှာ Download လို့ရပါတယ်။
မှတ်ချက်။ Microsoft Office 2007 သုံးတဲ့သူတွေ သတိထားရမှာက Word Document အသစ်ဖြစ်တဲ့ .docx ကို PDF ပြောင်းလို့မရသေးပါဘူး။ ဒီအတွက် Save လုပ်တဲ့နေရမှာမှာ "Save As > Word 97/2003" Format နဲ့ Save ပေးပြီးမှ PDF ပြောင်းလို့ရပါမယ်။
Source: Raymond.CC Blog
နောက်ထပ် အသုံးဝင်တဲ့ Free Converter တွေနဲ့ Tools အနည်းငယ် ရေးဖို့ စီစဉ်ထားပါတယ်။ စောင့်မျှော် အားပေးပါဦးလို့ :) ။
ရေးသားသူ Rapster88 အချိန် 10:55:00 PM |
Labels: Tips Tricks and Tweaks, Useful Applications, Useful Websites
Nov 6, 2007
Back to old days with Nintendo Games!
Mario ကစားဖူးလား?? ကစားဖူးတာပေါ့ ဟုတ်တယ်မလား ဒါဆို Contra ရော? နောက်ပြီး Double Dragon နဲ့ Battle City ဒါတွေရော ဟိုးအရင် ကလေးဘ၀တုန်းက မက်မက်မောမာ ကစားခဲ့ဖူးတယ်မဟုတ်လား?? အဲဒါတွေက Nintendo games တွေလေ ဒီမှာကတော့ Family Game လို့ခေါ်ကြတယ်.. ကဲ.. အခုလူကြီးဖြစ်တော့မှ ထပ်ပြီး ကစားချင် တယ်ဆိုရင် အောက်မှသာဖတ်ပေတော့ ;) ။
အရင်ဆုံး Emulator လို့ခေါ်တဲ့ application လေးကို အရင် install လုပ်ရတယ်။ ဒါမှ Nintendo games လေးတွေကို ကစားလို့ရမှာ။ Emulator ထဲမှာ ကျွန်တော်က Nestopia ကို သဘောကျတယ်။ Interface ကရှင်းတယ်လွယ်တယ် Function စုံတယ်, Joypad နဲ့တွဲဆော့လဲရတယ် Save မှတ်လို့လဲရတယ် Cheat လုပ်ဖို့လဲလွယ်တယ် Vista မှာလဲ run ပါတယ်။ စမယ်..
Download Nestopia, Nintendo Emulator
၁။ ဒီကို(vimm.net) အရင် ဆုံးဝင်လိုက်ပါ။ Page ရဲ့အလည်မှာ Emulation Lair ထဲကို ထပ်ဝင်ပါ။
၂။ Nestopia ကိုတွေ့ရင် Windows အတွက် အပေါ်က "Download" ကိုနှိပ်ပြီး Mac အတွက်ဆိုရင် အောက်က button ကိုနှိပ်ပါ။
၃။ Nestopia ကို install လုပ်လိုက်ပါ။ လွယ်ပါတယ် next တွေသာဆက်တိုက်နှိပ်သွားရင် ရပါပြီ။
၎။ Install လုပ်ပြီးလို့ Desktop ပေါ်မှာရော Start Menu မှာပါ Nestopia ကို မတွေ့ရင် "C :\Program Files\NES\Nestopia\nestopia.exe" ကို short cut ထုတ်လိုက်ပါ။
Download Games
၁။ Vimm ရဲ့ page ဘယ်ဖက်မှာ "The Vault" ထဲကိုဝင်ပါ။
၂။ အ၀ိုင်းလေးတွေထဲက ဘယ်ဖက်က "Nintendo" ကို နှိပ်လိုက်ပါ။
၃။ ဒါဆိုရင် game တွေရဲ့ download page ကိုရောက်ပါပြီ။ အပေါ်နားက "# A B C D " ကနေ Alphabet အလိုက်သွားလို့ရသလို Search ကိုသုံးပြီး လိုချင်တဲ့ game ကိုရှာလဲရပါတယ်။
၎။ Download ချင်တာကို click နှိပ်ပြီး နောက် page ရောက်ရင် "Download" သာထပ်ပြီးနှိပ်လိုက်ပါ။ အဲဒီ page မှာတော့ game ရဲ့ information တစ်ချို့နဲ့ cheat ရှိရင် cheat တွေရေးထားပါတယ်။
၅။ Download ပြီးရင် zip ဖိုင်ကို Win Zip or Win RAR သုံးပြီးဖြည်လိုက်ပါ။
Load game into NES
၁။ Nestopia(NES) ကို run ပါ။
၂။ Click File > Open ကနေ download လုပ်ထားတဲ့ game ဆီကို browse လုပ်သွားလိုက်ပါ (Game တွေက .nes extension format ဖြစ်တာများတယ်)
၃။ Game load ဖြစ်သွားရင် ကစားလို့ရပါပြီ :)
A few configs in NES
၁။ Click Options> Preferences > ပြီးရင် File Association ထဲက .nes, .unf တွေကို အကုန်လုံး check ပေးလိုက်ပါ။ ဒါဆိုရင် File ကနေ browse လုပ်စရာမလိုပဲ game ကို double click ပြီး တစ်ခါတည်း run လို့ရပါတယ်။
ကဲ ဒါပါပဲ။ ကျန်တဲ့ Settings တွေအားလုံးက Options အောက်မှာရှိပါတယ်။ အဲ..တစ်ခုတော့ မှာလိုက်ပါရစေ.. ကလေးဘ၀က game တွေကို ရုံးမှပြန်ဆော့လို့ ငယ်သွေးပြန်ဝင်ပြီး ပါးစပ်ကနေ ငယ်ငယ်က အော်သလို ပြန်အော်မိတဲ့အခါ ဘေးက လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်သူငယ်ပြန်သွားပြီလို့ထင်ရင်တော့ ကျွန်တော်တာဝန် မယူနိုင်ဘူးနော်.... :D ။
>> Vimm Homepage
Oct 30, 2007
IE ကို ပိုကောင်းအောင် လုပ်ပေးတဲ့ IE Pro
IE Pro ဆိုတာ Internet Explorer အတွက် Addon တစ်ခုပါ။ Complete Addon လို့လဲပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ IE Pro မှာ Proxy Switch, AD Block, User Scripts, Spell Check, Inline Search, Crash Recovery, Plugins, Mouse Gustures စတဲ့ အမျိုးမျိုးသော Features တွေပါလို့ပါ။ IE 6 ရော 7 မှာ အလုပ်လုပ်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ Features တွေကတော့ Proxy Switch နဲ့ AD Block ပါပဲ။ Proxy Switch က Firefox Extension "Switch Proxy" လိုမျိုး အလုပ်လုပ်ပြီး AD Block ကတော့ Page တွေပေါ်က မလိုအပ်တဲ့ ကြော်ညာတွေကို ဖျောက်ထားပေးနိုင်တဲ့အတွက် မျက်စိနောက်သက်သာပြီး Page Load ပိုပြီးမြန်စေပါတယ်။ Install လုပ်ပြီးသွားတဲ့အခါမှာ IE ရဲ့ ညာဖက် အောက်နားလေးမှာ "e" ဆိုတဲ့ အစိမ်းရောင်လေး ပေါ်နေမှာပါ။ Right Click နှိပ်ပြီး လိုအပ်တဲ့ settings ကို ပြင်ပေးလို့ရပါတယ်။
Proxy List ကိုပြင်ချင်ရင်တော့ "e" ပေါ်မှာ right click နှိပ်ပြီး Proxy > Edit Proxy List.. ရွေးလိုက်ပါ။ proxy address နောက်မှာ port ကို : ခံပြီးထည့်ပေးရပါတယ် (ဥပမာ Bagan ရဲ့ 237 proxy ကို သုံးချင်ရင် 203.81.71.237:8080 လို့ထည့်ပေးရပါတယ်) ။ ပြီးရင်တော့ သုံးချင်တဲ့ proxy ကို ရွေးပေးထားလိုက်ရုံပါပဲ။
ဘာပဲပြောပြော ကျွန်တော်ကတော့ Firefox ပဲကြိုက်ပါတယ်။ Firefox ကပိုပြီးမြန်ပြီးပေါ့ပါတယ်။ IE Pro မှာ ရှိတဲ့ features တွေ အကုန်လုံးကိုလည်း Firefox Extensions တွေက လိုက်လုပ်နိုင်ပါတယ်(IE Pro လိုတော့ စုစုစည်းစည်းမဟုတ်ဘူးပေါ့)။ Firefox ရဲ့ Switch Proxy အကြောင်းကို ဖတ်ချင်ရင် ဒီမှာဖတ်ပါ။
> Download IE7 Pro
>> IE7 Pro Homepage
Oct 29, 2007
Gtalk ကို အမြဲ idle လုပ်ထားချင်လား??
Google Talk မှာ Feature တစ်ခုပါတယ်လေ။ Keyboard နဲ့ Mouse ကို ၁၅ မိနစ် လှုပ်ရှားမှုမရှိရင် ကိုယ့်ရဲ့ Status ကို လိမ္မော်ရောင် အ၀ိုင်းလေးနဲ့ Idle ဆိုပြီးဖြစ်အောင်လုပ်ထားပေးတယ်။ Keyboard ဖြစ်ဖြစ် mouse ဖြစ်ဖြစ် ပြန်ပြီးလှုပ်လိုက်တာနဲ့ ကိုယ်လုပ်ထားတဲ့ Available or Busy ပြန်ဖြစ်သွားပါတယ်။ Google Talk မှာ Available or Busy Status ကိုကြိုက်သလိုပြောင်းလို့ ရပေမယ့် Idle ကိုတော့ ပြောင်းလို့မရပါဘူး။ Idle ကိုသာ ကြိုက်သလို ထိန်းထားခွင့်ရှိရင် ကိုယ်စကားမပြောချင်တဲ့သူတွေကို မရှိချင်ယောင်ဆောင်ပြီး လှည့်စားထားလို့ရတယ် :P ။
gAlwaysIdle ဆိုတဲ့ application သေးသေးလေးက idle status ကို ကြိုက်သလိုပြုပြင်လို့ရပါတယ်။ အမြဲပဲ idle ဖြစ်ချင်သလား normal ပဲထားမလား ဒါမှမဟုတ် လုံးဝကို idle မဖြစ်ချင်ဘူးပဲလား ဆိုတဲ့ options သုံးခုကို ရွေးလို့ရပါတယ်။ install လုပ်ရတာလဲ လွယ်ကူပြီးတော့ status ပြောင်းချင်ရင် System Tray ထဲက Google Talk Icon မှာ right click နှိပ်လိုက်ပြီး ရွေးရုံပါပဲ။
gAlwaysIdle က အခုအချိန်မှာတော့ Beta ပဲရှိနေသေးတဲ့အတွက် bug အနည်းငယ်ရှိနေပါတယ်။ အသိသာဆုံး bug ကတော့ status ကို idle ပြောင်းထားတုံး connection ကျနေရင် idle မဖြစ်သွားတာပါ။ နောက်ပြီး တစ်ခါတစ်လေ idle ဖြစ်အောင် ပြောင်းလို့မရတာပါ။ Connection ကောင်းတဲ့ အခါတွေမှာတော့ အဆင်ပြေပြေနဲ့ run နိုင်ပါတယ်။ ကဲ.. gAlwaysIdle နဲ့လူတွေကို လှည့်စားကြရအောင် ;) ။
>> Download gAlwaysIdle
>> gAlwaysIdle HomePage
Oct 24, 2007
Your Freedom ထက်ပိုမြန်တဲ့ Ultra Surf
Your Freedom (YF) ကိုတော့ တော်တော်များများ သိကြပါတယ်။ Banned လုပ်ထားတဲ့ site တွေ port အပိတ်ခံရတဲ့ application တွေကို YF သုံးပြီး Firewall ကိုကျော်ထွက်လို့ရပါတယ်။ Your Freedom application က free ဆိုပေမယ့် limit တွေရှိပါတယ်။ Uplink/Downlink ကို 64Kbps သတ်မှတ်ထားတဲ့အတွက် connection speed 64kbps အောက်ပဲရှိတဲ့ Dialup Users တွေအတွက်ကတော့ အဆင်ပြေပေမယ့် BroadBand, ADSL လို connection မျိုးကတော့ 64kbps ကြောင့် ရသင့်တဲ့ connection မရပဲ အ၀ကျဉ်းတဲ့ ပုလင်းမှာ ဆို့နေသလိုနှေးသွားပါတယ်။ အဲဒီလို High Speed user တွေ bandwidth ကိုအပြည့်သုံးချင်ရင် YF Package ကို ပိုက်ဆံထပ်ပေးပြီးဝယ်လို့ရပါတယ်။ ဒါပေမယ့်လဲ ဒီကလူတွေကတော့ Online ၀ယ်ဖို့ဆိုတာအဆင်မပြေပါဘူး။ YF ကို run ဖို့ Java Runtime လဲရှိရပါတယ်။ YF Account ကိုလဲရှိရမယ်။ YF Installer ကလဲ 1Mb ပတ်ဝန်းကျင်မှာရှိပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော့်အသိ အစ်မကြီးတစ်ယောက်က Ultra Surf (US) ဆိုတဲ့ Tunnel Application ကို သုံးကြည့်ဖို့ပြောပြခဲ့တယ်။ ဒါနဲ့ စမ်းပြီး သုံးကြည့်တော့ US ကအဆင် တော်တော်ပြေပါတယ်။ အဓိက အားသာချက်ကတော့ Bandwidth limit မရှိတဲ့ Feature ပါပဲ။ နောက်တစ်ချက်က Config: လုပ်ရတာ ရှင်းလင်းလွယ်ကူပါတယ်။ Price က FREE ပါ။ သူ့မှာလဲ Limit တစ်ချို့တော့ရှိပါတယ်။ Socks မရတာပါ။ ဒါကလဲ Proxifier လို မျိုးသုံးပြီး socks ပြောင်းလို့ရတယ်။ (နောက်ပြီး socks ကဒီမှာ အသုံးနည်းပါတယ်၊) Website တွေကြည့်ရုံလောက်ပဲ ဆိုရင် US ကိုသုံးရတာကောင်းပါတယ်။ Connection ကောင်းတဲ့အချိန်မှာဆိုရင် US ခံထားရင်တောင် Download Speed က 40-50 kbps ပတ်ဝန်းကျင်ရပါတယ်။ Account ဖွင့်စရာမလိုပါ။ ဘာ Runtime မှမလိုတဲ့အပြင် installer လုပ်စရာလဲမလိုပါ။ File size ကို ကြားရင်ယုံစရာတောင်မရှိပါ ( 106kb ) ပဲရှိပါတယ်။
ဒီတော့ US ကို ဒီမှာ Download လိုက်ပါ။ Home Page ကတော့ ဒီမှာပါ။ Download လုပ်ပြီးလို့ ပထမဦးဆုံးအကြိမ် Run လိုက်ရင် အောက်မှပြထားတဲ့ proxy setting တက်လာပါတယ်။ Auto Detect Proxy နေရာမှာ Proxy address မှန်လားဆိုတာ ကြည့်လိုက်ပါ။ မှားနေရင် "Manual Proxy Setting" ကို ရွေးပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ Proxy ကိုထည့်ပေးပါ။ (Bagan user တွေအတွက် proxy တွေကို ဒီမှာ ကြည့်လို့ရပါတယ်။ MPT ဆိုရင်တော့ ကျွန်တော်ပုံမှာ ထည့်ထားတဲ့အတိုင်း ထည့်လိုက်ပါ။). OK ၂ ခါနှိပ်လိုက်ရင် US စပြီး Connect လုပ်ပါတော့မယ်။
ကွန်နက်ရှင် ချိတ်လို့ရသွားပြီ ဆိုရင် Speed Percentage နဲ့ အောက်မှာ အနီနဲ့ ခတ်ပြထားတဲ့နေရာမှာ "Successfully Connected" ဆိုပြီး ပေါ်လာပါမယ်။ ( ၂ ကြိမ်ဖြစ်တတ်ပါတယ်။ Connecting.. ပြန်ဖြစ်သွားတတ်တယ်ပြီးမှ "Successfully Connected" ဆိုတာပြန်ပေါ်လာတယ်။)
ဒါဆိုရင် US အပိုင်းကို ပြီးသွားပါပြီ။ Browser တွေရဲ့ proxy address မှာ localhost နဲ့ port ကို 9666 လို့ပြောင်းပေးလိုက်ရင် စပြီးသုံးလို့ရပါပြီ။ Proxy Address ကိုမပြောင်းတတ်ရင် အောက်မှပြထားပါတယ်။ Proxy တွေကို လွယ်လွယ်ကူကူပြောင်းလို့ရအောင် Firefox မှာ Switch Proxy ဆိုတဲ့ Extension ရှိပြီး IE မှာ IE Pro ဆိုတဲ့ Addon ရှိပါတယ်။
Firefox
Go to Tools > Options > Advanced > Network > Settings
IE
Go to Tools > Internet Options > Connections > Lan Settings (or Select Dialup Connection > Settings)
Google Talk
Go to Settings > Connections
Enjoy!!!
Notes: US ကို ဖွင့်လိုက်လို့ IE က auto တက်လာတာမလိုချင်ဘူးဆိုရင် setting ထဲက ပိတ်လို့ရပါတယ်။ ရွှေရောင် သော့ဂလောက်ကြီး ကိုဖျောက်ထားချင်ရင်လဲ setting ထဲမှာပဲပိတ်လို့ရပါတယ်။
Special Thanks to "Ma Thet Htar" for pointing this super cool application :)
>> Download Ultra Surf
> Visit Ultra Surf Website
How to configure Executor
Executor ရဲ့ config တစ်ချို့ကို ပုံနဲ့အတူတင်ပေးလိုက်ပါတယ်။ Executor အကြောင်းဖတ်ပြီး download လုပ်ချင်ရင် ဒီကိုကြွပါ။
Application တစ်ခုကို Keyword နဲ့ shortcut ပေးချင်ရင်-
Windows Key နဲ့ Z ကိုတွဲနှိပ်ပါ။
Right Click on Executor ဒါမှမဟုတ် Ctrl + Alt + K နှိပ်ပါ။
"Find" ကိုနှိပ်ပြီး ကိုယ့်ထည့်ချင်တဲ့ Application ကိုရွေးပါ။
"Keywords" နေရာမှာ ကိုယ်အဆင်ပြေမယ့် နာမည်ကို ထည့်ပေးလိုက်ပါ (ဥပမာ၊ GoogleTalk ကိုထည့်ထားလျှင် gtalk လို့ပေးပါ။)
Apply ကိုနှိပ်ပါ။
Folder ကို keword နဲ့ shortcut ကို အလွယ်ဆုံးပေးချင်ရင်-
Windows Key + Z နှိပ်ပါ။
Right Click နှိပ်ပြီး Settings လို့ရွေး ဒါမှမဟုတ် Ctrl + S နှိပ်ပါ။
Settings Tab ကို သွားပြီး "Add to Windows 'Send to' Menu. ကို Check လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ် folder ကို right click လုပ်ပြီး send to မှာ executor လို့ရွေးလိုက်ပါ။ ပြီးရင် keyword ကို အဆင်ပြေသလိုပေးပြီး Apply ကိုနှိပ်လိုက်ရင်ရပါပြီ။
Windows Key + R နေရာမှာအစားထိုးချင်ရင် -
Settings ထဲက "Steal Win-R Hotkey from Windows" ကို check လုပ်ပေးလိုက်ပါ။
System Tray ထဲမှာ executor ကလာပြီး ရှုပ်နေတာမကြိုက်ရင် -
Setting ထဲက "Show Executor Icon in System Tray when Hidden" ကို uncheck လုပ်ပါ။
ထည့်ထားသမျှ keyword တွေကို export လုပ်ချင်ရင် -
Keyword tab အောက်က command list တစ်နေရာမှာ right click နှိပ်ပြီး "Export keywords.." ကိုရွေးပါ။
Oct 23, 2007
Executor, Run Box Replacer
Executor က advanced users တွေ အတွက်လို့ပြောရင်ပိုပြီးမှန်မယ်။ Windows Run box (Windows Keys + R) ရဲ့ မစွမ်းဆောင်နိုင်တဲ့အချက်တွေ ဥပမာ folder တစ်ခုကို ဒါမှမဟုတ် EXE ဖိုင်တွေကို run က နေလွယ်လွယ်ကူကူ shortcut ပေးပြီးခေါ်လို့မရတာတွေကို Executor သုံးလိုက်ရင် မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေသွားမှာပါ။ History & Auto Complete Feature ပါတဲ့အတွက် "Co" လို့ရိုက်လိုက်တာနဲ့ Control Panel ဆိုတာပေါ်လာပါတယ်။ Executor မှာ ကျွန်တော် သဘောအကျဆုံးအချက်ကတော့ Fully Customize လုပ်လို့ရတာပါပဲ။ Parameter တွေ, Hot Keys တွေ, Skins,Sounds တွေကို Settings မှာ အလွယ်တကူလုပ်လို့ရပါတယ်။ System Resource လဲမစားပါဘူး။
နောက်တစ်ချက်ကတော့ Folder တွေကို ခေါ်လို့ရတာပါ။ အခုဆို ကျွန်တော်သုံးနေကြ Folder တွေကို mouse သုံးစရာမလိုတော့ပဲ Windows Key + Z (Executor's Default HotKey) ခေါ်ပြီး စာရိုက်ထည့်ပြီး အမြန် ဆုံးသွားလို့ရပါတယ်။ Folder ကို shortcut ပေးချင်ရင်တော့ Executor ရဲ့ setting ထဲက Keywords ဆိုတဲ့ tab အောက်ဆုံးမှာ(အောက်မှာပြထားတဲ့ ပုံအတိုင်း) box လေးထဲကို ဆွဲထည့်ပေးလိုက်ပါ။ အသေးစိတ်သိချင်ရင်ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။
>> Download Executor
Oct 17, 2007
Install မလုပ်ထားတဲ့ font တွေကို လွယ်လွယ်ကူကူကြည့်မယ် (သို့) Font အများကြီးကို အဆင်ပြေပြေကြည့်မယ်
ဟိုတစ်ရက်က ကျွန်တော် font design တစ်မျိုးလိုလို့ သူငယ်ချင်းတစ်ယောက်ဆီမှာ တောင်းလိုက်တာ font တော့ရတယ် font တွေက အများကြီးဖြစ်နေတယ်။ Font တစ်ခုချင်းဆီကို လိုက်ကြည့်ရတာ တော်တော်ကို ဒုက္ခရောက်တယ်။ Font ကိုဖွင့်ကြည့် မကြိုက်ရင် ပြန်ပိတ် နောက်တစ်ခုဖွင့် ပြန်ပိတ်နဲ့ အလုပ်တွေရှုပ်တယ် ဒါနဲ့ Internet ပေါ်မှာ အဆင်ပြေမယ့် နည်းလမ်းကို လိုက်ရှာကြည့်တော့ application တချို့တွေ့တယ် ဒါပေမယ့် သိပ်မကြိုက်ဘူး။ အဓိကဆိုးတာက Font ကို install လုပ်မှ ကြည့်လို့ရတာရယ် Free မဖြစ်တာရယ် Unicode Support မလုပ်တာရယ် နောက်ဆုံး တစ်ခုက install လုပ်ရမှာရယ်။ (ကျွန်တော်ထင်တယ်လေ ဒီလောက် simple ဖြစ်တာကို install လုပ်စရာမလိုတဲ့ portable ပဲဖြစ်သင့်တယ်လို့)
ဒါပေမယ့် နောက်ဆုံးမှာတော့ "dp4 Font Viewer" ဆိုတာကိုသွားတွေ့တယ်။ တော်တော်ကို သဘောကျသွားတယ် အပေါ်မှာ ကျွန်တော်လိုချင်တဲ့ Feature တွေနဲ့ တစ်ထပ်တည်းပဲ။ Free ဖြစ်တယ် Install လုပ်စရာမလိုဘူး Unicode ရတယ် နောက်ပြီး File size ကလဲ ချုံ့ထားရင် 63 Kb နဲ့ ဒီအတိုင်းဆိုရင် 119Kb ပဲရှိတယ်။ ကိုယ်ကြိုက်တဲ့ Folder ထဲက font တွေကို preview ကြည့်လို့ရတယ် ကြိုက်ရင် တစ်ခါတည်း install လို့ရတယ်။ Font တွေကို up/down key ကိုသုံးပြီး ရွှေ့ကြည့်လို့ရတယ်။
>> Download EXE
>> Download Zipped EXE
Oct 7, 2007
Unlocker & HashTab
Unlocker နဲ့ HashTab က Windows Users တွေအတွက် တကယ် အသုံးဝင်တဲ့ Tool နှစ်ခုပါ။ Unlocker က common user တွေ အတွက် နဲ့ HashTab ကတော့ advanced users တွေ အတွက်လို့ ပြောလို့ ရပါတယ်။
၁။ Unlocker
- ဖိုင်တစ်ဖိုင်ကို ဖျက်လို့မရ၊ ရွှေ့လို့မရ ဖြစ်ဖူးလား ?? အပေါ်ကပုံလိုမျိုးလေ ဖြစ်ဖူးတယ်ဆိုရင် Unlocker ဘယ်လောက်အသုံးဝင်လဲဆိုတာ သိနိုင်ပါတယ်။ Unlocker ကို install လုပ်လိုက် File or Folder က ဖျက်လို့ ရွှေ့လို့မရဖြစ်ရင် right click နှိပ်ပြီး Unlockerလို့ပေးလိုက်ရင် အောက်မှပြထားတဲ့ ပုံမှာလို file or folder ကို access လုပ်နေတဲ့ process ကို ပြနေပါတယ်။ Unlock All ကိုနှိပ်လိုက်ပြီး ကိုယ်ကြိုက်တာလုပ်လို့ရပါပြီ။ (Pen Drives တွေ Safely Remove လုပ်လို့မရတဲ့ အခါလည်း သုံးနိုင်ပါတယ်)
၂။ HashTab
- အင်တာနက်ပေါ်ကနေ File size ကြီးတာတွေကို အချိန်အကြာကြီး download လုပ်ပြီးဖွင့်ကြည့်တော့မှ File Corrupt ဖြစ်သွားလို့ install လုပ်ရင်း ရပ်သွားတာမျိုးက တော်တော်ကို စိတ်ပျက်စရာပါ။ အဲဒီတော့ Actual File ကို download လုပ်မိလား ဆိုတာ HashTab နဲ့စစ်လို့ရပါတယ်။File or Folder ကို Right Click>Properties>FileHashes ဆိုရင် MD5, SHA1 နဲ့ CRC-32 Hash သုံးခုထုတ် ပေးပါတယ်။ Original File ရဲ့ Hash Number ကို သက်ဆိုင်ရာ အကွက်မှာထည့်ပြီး Compare နှိပ်ပြီး စစ်လို့ ရပါတယ်။ အသုံးများတဲ့ Hash က MD5 နဲ့ SHA1 ပါ။ What is HASH?
>> Unlocker
>> HashTab
Sep 24, 2007
Image hosting with bigger file size
Image host တော်တော်များများက file size limitation ကို 2 Mb လောက်ပဲ ပေးတတ်ကြတယ်။ Post Image ကတော့ file size ကို 4Mb အထိပေးထားတယ်။ .gif, .jpg, .png, .bmp file format တွေကို ပေးတင်ပါတယ်။ TOU (Terms of use) ကတော့ ဒီလိုပါ
What cannot be uploaded to PostImage.org servers:
- Copyrighted images if you don't own copyright for it
- Violence, racial intolerance, or advocate against any individual, group, or organization
- Any other images that might be considered illegal in USA or EU countries










