Dec 14, 2007

Vista က Snipping Tool ကို ပိုမိုအသုံးပြုခြင်း

Vista နဲ့ XP Media Center 2005 မှာ Snipping Tool ဆိုတဲ့ Feature တစ်ခုပါပါတယ်။ အသုံးဝင်ပုံကတော့ Print Screen လိုမျိုး Screen တစ်ခုလုံးကို Screen Shot ရိုက်စရာမလိုပဲ ကြိုက်တဲ့ နေရာ တစ်ကွက်ကိုပဲ Select မှတ်ပြီး Screen Shot ရိုက်လို့ ရတဲ့ Built in tool တစ်ခုပါ။ Snipping Tool သုံးတဲ့နေရာမှာ ပြဿနာပေးတာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ Focus Sesitive ဖြစ်တာတွေကို Screen Shot ရိုက်လို့ မရတာပါ။ ( Focus Sensitive ဆိုတာ ဥပမာအားဖြင့် Start Menu, Tooltips, Right Click Context တွေဟာ သူတို့အပေါ်ကနေ Mouse pointer ရွှေ့သွားပြီး တစ်ခြားတစ်ခုကို click သွားနိုပ်လိုက်တာနဲ့ Screen ပေါ်ကနေ ပျောက်သွားတာပါ)။ အဲဒါတွေကို ဘယ်လို screen shot ရိုက်မလဲဆိုတာ အောက်က Read More ထဲမှာ ဖတ်ကြည့်လိုက်ပါ။ ;)

၁။ Snipping Tool ကို အရင်ဖွင့်လိုက်ပါ (Start > All Programs > Accessories > Snipping Tool)
၂။ Snipping Tool တက်လာရင် "Esc" ကို တစ်ချက် နှိပ်လိုက်ပါ။ ဒါဆိုရင် Snipping Tool က Ready စောင့်နေလိမ့်မယ်။
၃။ ဥပမာ Start Menu ကို Screen Shot ရိုက်ချင်ရင် Start Menu ကိုအရင် နိုပ်လိုက်ပါ။ ပြီးတာနဲ့ Ctrl + Print Screen ကို နှိပ်ပေးလိုက်ပါ။
၎။ ဒါဆိုရင် Start Menu ပါ Screen ပေါ်မှာ အသေဖြစ်သွားပြီး Sniping Tool နဲ့ Shot ရိုက်လို့ ရသွားပါပြီ။