Dec 4, 2007

Another way to download if Media Covnert.org is banned.

လွန်ခဲ့တဲ့ ရက်အနည်းငယ်က YouTube က Video တွေကို ဘယ်လိုနည်းနဲ့ လွယ်လွယ်ကူကူ Convert လုပ်ပြီး Download လုပ်မလဲ ဆိုတာကို ရေးခဲ့ပါတယ်။ ဒါပေမယ့် မနေ့က ကျွန်တော် YouTube က movie clip တစ်ခုကို media convert လုပ်ပြီး download လုပ်ဖို့ ကြိုးစားတဲ့အခါမှာ Bagan Net က media convert ရဲ့ server တွေကို ban ထားလိုက်တာကို ၀မ်းနည်းစွာတွေ့လိုက်ရပါတယ်။

ဒီသတင်းကြားရလို့ စိတ်တော့ မပျက်သွားပါနဲ့။ Media Convert ကို အနည်းငယ် မွှေနှောက်ပြီးတဲ့အခါမှာ bypass လုပ်စရာမလိုပဲ download လုပ်နိုင်တဲ့ နည်းတစ်ခုကို တွေ့သွားပါတယ်။ ( ရှူးတိုးတိုး..ဒီတစ်ခါ ban ခံရရင် မလွယ်ဘူး :P ). အောက်မှာ ဖတ်ကြည့်လိုက်ပါ။ ;)

၁။ Page ရဲ့ ဘယ်ဖက်မှာ "The old conversion wizard" ဆိုတာရှိပါတယ်။ ၀င်လိုက်ပါ။ အဲဒါက အရင် Media Convert Version အဟောင်းတုန်းက သုံးတဲ့ Service ပါ။



၂။ "Convert a file directly from youtube.com" ကို ရွေးပြီး box ထဲမှာ youtube link ကိုထည့်ပေးပါ။ (eg. http://www.youtube.com/watch?v=abCdeFgHiij)


၃။ File type selection မှာတော့ ကိုယ်ပြောင်းချင်တဲ့ file type ကို ရွေးပေးလိုက်ပါ။ (ဥပမာ avi, wmv, 3gp, etc)

၎။ More Options ကတော့ ဘာမှ ပြောင်းစရာ မလိုပါဘူး။

၅။ Mail Address နေရာမှာ ကိုယ့်ရဲ့ လိပ်စာ အမှန်ကို ထည့်ပေါ်ရပါမယ်။ ဒါမှ Convert လုပ်ပြီးရင် dl link ကိုပို့ပေးမှာပါ။

၆။ ခဏလောက် စောင့်ပြီးသွားရင် mail ထဲကို converted video link ရောက်လာပါပြီ။

၇။ အဲဒီလင့်က ban ခံထားရတဲ့ server ထဲက မဟုတ်တဲ့အတွက် download managers တွေနဲ့ အဆင်ပြေသလို download လို့ရပါတယ်။



Note. Ultra Surf သုံးလို့မရပါဘူး။ Ultra Surf က URL တစ်ခုရဲ့ နောက်ဆုံး extension ကိုစစ်ပြီး ".wmv, .avi" ပါနေရင် Ultra Surf Home Page ကို Redirect လုပ်လိုက်ပါတယ်။ Home Page ကလည်း အကုန်လုံးကို တရုတ်လို ရေးထားလို့ Ban တာလား..ဘာလား ကျွန်တော်မသိတော့ပါ။