Dec 2, 2007

Crack sites I usually visit

အောက်မှာ ရေးထားတဲ့ website တွေနဲ့ Forum တွေက ကျွန်တော် Software တစ်ခုခုအတွက် crack လိုချင်ရင် သွားရှာနေကြတွေပါ။

၁။ Softarchive.net

- အားသာချက်များ
Softarchive ကို ကျွန်တော် ကြိုက်တဲ့တစ်ချက်က Software တွေကို ပုံတွေနဲ့အတူတူပြထားပေးလို့ အပျင်းပြေလဲ ၀င်ကြည့်လို့ရတယ်။ ဟိုကြည့်ဒီကြည့်ရင်းနဲ့ အသုံးဝင်တဲ့ software လေးတွေလဲ တွေ့သွားနိုင်တယ်။ Page ရဲ့ ဘယ်ဖက်ခြမ်းမှာ (Application, Antivirus, SystemTools..etc) အစရှိသလို Category ခွဲထားပေးလို့ ကိုယ်ကြိုက်တာကို ရွေးရတာပိုလွယ်ပါတယ်။ Post တွေကို Comment ပေးလို့ရတဲ့အတွက် Link Dead ဖြစ်တာတွေနဲ့ Mirror site တောင်းတာတွေကို လုပ်လို့ရပါတယ်။ Software Installer နဲ့ Crack တွေကို တစ်ခါတည်း တွဲထားပေးပါတယ်။ Crack အပြင် Ebooks, Mags, Movies, Music Albums, Games တွေပါ ရနိုင်ပါတယ်။

- အားနည်းချက်တွေ
ကိုယ်လိုချင်တဲ့ Software ကို version အလိုက်တစ်နေရာထဲမှာ စုစည်းထားတာမျိုး မရှိပါဘူး။ Search ကလဲ ထင်သလောက် အကူအညီမပေးနိုင်တဲ့အတွက် တစ်ခါတစ်လေ ရှာရတာ ဒုက္ခရောက်ပါတယ်။ ပုံအကြီးကြီးတွေနဲ့ ပြထားတဲ့အတွက် Dial up တွေနဲ့ connection မကောင်းတဲအချိန်တွေမှာ ၀င်ကြည့်ရင် Page အတက်နှေးနေပါတယ်။ နောက်တစ်ချက်က Software တွေရဲ့ နောက်ဆုံးထွက် Version တွေ မရတတ်တာပါ။ Version Number ၁ ခု လောက်တော့ နောက်ကျတတ်တယ်။ Mostly, files are uploaded onto Rapidshare but you can request mirror site such as Mediafire or Zshare.

- ဒါတွေကို သတိပြုပါ
User comment တွေ ဖတ်ကြည့်ပြီး Crack အလုပ်လုပ်/မလုပ် ကို သိနိုင်တယ်။ PORN (18+) တွေကိုလဲ ပုံနဲ့အတူတူ တင်ထားပေးလို့ မျက်စိရှက်တတ်တဲ့လူတွေနဲ့ အလုပ်ထဲမှာ Softarchive ကို ၀င်ကြည့်ဖို့ သိပ်အဆင်မပြေပါဘူး။ Crack အချို့မှာ Virus/Worms/Trojan တွေ ပါလာတတ်လို့ User တွေရဲ့ Comment တွေကို သေချာဖတ်ကြည့်ဖို့လိုပြီး Antivirus ကောင်းကောင်းတစ်ခုနဲ့ Scan အရင် စစ်သင့်ပါတယ်။

၂။ ProjectW.org

- အားသာချက်များ
ကျွန်တော်အကြိုက်ဆုံး Forum ပါပဲ။ Software အတော်များများ (almost everything) ကို ProjectW မှာ ရနိုင်ပါတယ်။ Search ကို သုံးလိုက်တာနဲ့ လိုချင်တဲ့ software ကိုထွက်လာပါပေးတဲ့အပြင် နာမည်ကြီး software တွေကို တစ်နေရာထဲမှာ version အကုန်လုံးကို စုထားတာကို သဘောကျပါတယ်။ အလုပ်မလုပ်တဲ့ crack တွေဖြစ်နေရင်လဲ Forum မှာ Register လုပ်ပြီး ပြန်ပြောလို့ရပါတယ်။ Scripts, Movies, Music Albums, Linux ware တွေလဲ ရနိုင်ပါတယ်။ Request Section လဲရှိတဲ့အတွက် ကိုယ်လိုချင်တဲ့ Software ရဲ့ crack ကို request လုပ်လို့ရပါတယ်။ Crack တွေကို ဘယ် Hosting (Rapidshare,Mediafire,Megaupload..etc) နဲ့တင်ထား လဲဆိုတာကို သိရအောင် Icon လေးတွေခွဲပေးထားတာကလည်း ProjectW မှာ ပဲရှိတဲ့ Unique Feature ပါ။

- အားနည်းချက်များ
မတွေ့သေးပါ။


- ဒါတွေကို သတိပြုပါ။
ProjectW ကို မ၀င်ခင်မှာ Rules ကို အရင်ဖတ်ပါ။ သူတို့ရဲ့ Rules n Regulation နဲ့ ညှိရင် ၃ ခါမြောက် warnning ရောက်ရင် ban ပါတယ်။


ဒီ ၂ ခုနဲ့တင် Software Crack ရှာဖို့ လုံလောက်နေပါပြီ။ Download links တွေ ကတော့ RapidShare မှာပဲများတဲ့အတွက် Rapidshare Premium account ရှိရင်တော့ အဆင်ပြေပါတယ်။ Rapidshare account မရှိတဲ့ Bagan ISP User တွေအတွက် "Rapidshare ကို account မရှိပဲ download လုပ်လုပ်နည်းကို" ၀င်ဖတ်ကြည့်လိုက်ပါ။ Crack တိုင်းကို မသုံးခင်မှာ Scan အရင်လုပ်ပါ။

Software တစ်ခုကို တကယ်ကြိုက်တယ်၊ ကိုယ့်အတွက် အသုံးဝင်တဲ့အပြင် ကိုယ့်မှာ ၀ယ်နိုင်တဲ့ ငွေကြေး နဲ့ အခွင့်အရေးရှိရင် Software အစစ်ကိုပဲ ၀ယ်သုံးပါလို့ တိုက်တွန်းပါတယ်။ Programmers need to eat too!.