Nov 8, 2007

ဖိုးဝမှာ ကိုယ့် Blog ကို List လုပ်ထားမယ်


မြန်မာ Portal တစ်ခုဖြစ်တဲ့ ဖိုးဝ ရဲ့ Web Directory မှာ မြန်မာ Blog တွေရဲ့ Link တွေကို ထည့်လို့ရတယ် Feature ရှိပါတယ်။ List လုပ်ပေးထားတဲ့ Feature တွေအပြင် ကိုယ့် Link ကို ၀င်ကြည့်တဲ့ Hit, Ratings ကိုပါ ပြပေးမှာဖြစ်ပြီး ဖိုးဝ ရဲ့ Home Page မှာလဲ အလှည့်ကျ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Submit Your Blog
၁။ ဖိုးဝရဲ့ Web Directory ကို ၀င်လိုက်ပါ။


၂။ Page ရဲ့ ညာဖက် အပေါ်နားမှာ "Submit a Website" ကို ၀င်လိုက်ပါ။

၃။ Category ခွဲတဲ့ Page ကို ရောက်သွားပြီဆိုရင် "Myanmar" ကိုနှိပ်လိုက်ပါ။

၎။ Submit Form ကိုရောက်သွားရင်တော့ "Select a Sub-Category:" မှာ Blog လို့ရွေးလိုက်ပါ။ (** All fields are required ဖြစ်တဲ့အတွက် Fields တွေကို အကုန်ဖြည့်ပေးရပါမယ်။)

၅။ Link Name မှာတော့ ကိုယ့်ရဲ့ Blog နာမည်ပေါ့ (ဥပမာ. ကျွန်တော်ဆိုရင် ကျွန်တော့် Blog Title ဖြစ်တဲ့ R Blog..! ကိုထည့်ပါတယ်)။

၆။ Email ကိုတော့ ကိုယ့်ရဲ့ valid ဖြစ်တဲ့ mail address ကို ထည့်ပေးရပါတယ်။

၇။ URL နေရာမှတော့ Blog address ကို ထည့်ပေးပါ။

၈။ Description ကတော့ ကိုယ့် Blog ရဲ့ အကြောင်းကို စာလုံးရေ ၂၅၀ ထက် မပိုစေရပဲ ရေးပေးလို့ရပါတယ်။ (Zawgyi Supported)

၉။ Enter Code: ကိုတော့ အပေါ်မှ ပေါ်နေတဲ့ Security Code အတိုင်း ရိုက်ထည့်ပေးလိုက်ပြီး Submit ကို နှိပ်လိုက်ရင် ရပါပြီ။

၁၀။ Approve ကတော့ ၁ ရက် လောက်ပဲ အချိန်ယူပါတယ်။ Review လုပ်ပြီးတာနဲ့ သင့်တော်ရင် Approve လုပ်ပေးပါတယ်။