Dec 29, 2007

About Life is beautiful.ppt virus

ကျွန်တော်တို့ရဲ့ mail box တွေထဲကို ခဏခဏ ၀င်လာတတ်တဲ့စာပါ။ Mail attachment ထဲမှာ Life is beautiful.ppt ဆိုတဲ့ powerpoint file ပါလာရင် မဖွင့်ဖို့၊ အဲဒီဖိုင်က ဖျက်အားပြင်းပြီး Mail account ကိုပါ ခိုးယူနိုင်တယ်လို့ ရေးပြီး သတိပေးတဲ့စာပေါ့။ ဒီက ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာတောင် တစ်ခါက ပါလာလိုက်ပါသေးတယ်။


အဲဒီစာကို မြင်ရတာ များလာပေမယ့် တစ်ခါမှ မကြုံဖူးတော့ မယုံလို့ Google မှာ ရှာကြည့်တော့မှ အဲဒီ virus က Hoax ဖြစ်နေမှန်းသိရပါတယ်။ Hoax ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်လဲဆိုတော့ ကောလဟာလပေမယ့် ယုံကြည် သွား လောက်အောင် ပြုလုပ်ထားလို့ တကယ်အစစ်လို့ ထင်ယောက်ထင်မှားဖြစ်စေတဲ့အရာ လို့ဖွင့်ပါမယ်။

ဒီ Hoax ကို မြင်ဖူးတဲ့သူများ ရှိသလို မမြင်ဖူးတဲ့လူတွေလဲ ရှိနိုင်သေးတဲ့အတွက် ကျွန်တော်က နည်းနည်းအကျဉ်းချုံးပြီး မြန်မာလို ရေးပေးလိုက်ပါတယ်။ Mail က warning အနေနဲ့ လာတဲ့စာပုံစံပေါ့။ စာထဲမှာက “ဒီအကြောင်းကြားချက်ကို ဒီမနက်တင် Microsoft နဲ့ Norton ဆီက ရောက်လာတဲ့အကြောင်း၊ ခင်ဗျားတို့ရဲ့ Mail ထဲကို life is beautiful.ppt ဆိုတဲ့ power point attachment ပါလာရင် လုံးဝ မဖွင့်ဖို့၊ ဖွင့်မိရင် "It is too late now, your life is no longer beautiful" ဆိုတဲ့ message က screen ပေါ်မှာ ပေါ်လာပြီး ကွန်ပြူတာထဲမှာ ရှိသမျှ ဖိုင်တွေ အားလုံးကို ဆုံးရှုံးကုန်မှာ ဖြစ်တဲ့အပြင် email account ရဲ့ user name တွေ password တွေကို ဒီစာကို ပို့လိုက်တဲ့ လူက control လုပ်နိုင်မှာဖြစ်တဲ့အတွက် ဒီ virus ကို ဖြစ်နိုင်သမျှ တားဆီးရမှာဖြစ်ကြောင်း၊ ဒီ virus က စနေနေ့ (ဘယ်စနေနေ့လဲ ရေရေရာရာ မပါ) နေ့လည်မှာ စပြီး ပြန့်နှံပြီး AOL ကတောင် အတည်ပြုပြီး လက်ရှိ အသုံးပြုနေတဲ့ anitivirus တစ်ခုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ကြောင်း၊ Virus ကို "life owner" ဆိုတဲ့ Hacker ကရေးသားခဲ့ပြီး Microsoft နဲ့တောင် တရားရုံးမှာ တရားရင်ဆိုင်နေတဲ့ အကြောင်းတွေ ပါပါတယ်။ ဒါ့အပြင် ဒီ hoax ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ဒီစာကို ကိုယ်နဲ့ သိတဲ့ internet အသုံးပြုသူ အားလုံးဆီကို forward လုပ်ပေးခိုင်းပါတယ်။

Wikipedia နဲ့ Norton အရ ဒီ Hoax က ၂၀၀၂ ဇန်န၀ါရီ ၁၅ ရက်နေ့က စပြီး ထွက်ပေါ်ခဲ့ပါတယ်တဲ့။ စပိန်၊ ပေါ်တူဂီ၊ တရုတ် နဲ့ ဂျာမာန် ဘာသာစကားနဲ့ ရေးထားတဲ့ စာများလည်း ရှိတယ်လို့ သိရပါတယ်။တကယ်အပြင်မှာတော့ အဲဒီ virus ဟာ တွေ့ရှိမူနဲ့ ကူးစက်မှု မရှိခဲ့ပါဘူး။

- R Blog..! အာဘော်

ဒီတော့ အခုအချိန်ကစပြီး ကိုယ့် mail box ထဲကို ဒီစာ ၀င်လာခဲ့ရင် သူခိုင်းတဲ့အတိုင်း forward မလုပ်ပဲနဲ့ တစ်ခါတည်း အမှိုက်ပုံးထဲကို လစ်ခိုင်းလိုက်ပါ။ Hoax တွေရဲ့ အဓိက ရည်ရွယ်ချက်က အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် တဆင့်ပြီး တစ်ဆင့် ပြန့်သွားစေချင်တာပါ။ နောက်ပြီးတော့ ကျွန်တော်တို့တတွေ အခုသုံးနေတဲ့ Mail service တွေဖြစ်တဲ့ Yahoo, Google တို့ဟာ နည်းပညာပိုင်းမှာ လန်ထွက်နေတယ်လို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ mail service တွေမှာလဲ အစွမ်းထက် virus scanner တွေကို ထည့်သွင်းပေးထားပါတယ်။ သာမာန် virus တစ်ခုဟာ ဘယ်လိုနည်းနဲ့မှ အဲဒီ mail service တွေမှာ အသက်မရှင်နိုင်ပါဘူး။

ဒါ့အပြင် Virus တစ်ခုဟာ ထွက်ပေါ်ခဲ့ပြီး (ဖျက်အားမပြင်းရင်) နာရီပိုင်းအတွင်း Antivirus ကုမ္ပဏီတွေက (such as Norton, F-Secure, Kaspersky) ချက်ချင်းကို Patch, Update, Removal Tool ထုတ်ပေးနိုင်ပါတယ်။ ကိုယ့်စက်ကို Virus Defination update ပုံမှန်လုပ်ထားရင် စိတ်ချရပါတယ်။ နောက်ဆုံးအနေနဲ့ ထွက်ပေါ်ခဲ့တဲ့ ဖျက်အားပြင်း worm (virus) ဖြစ်တဲ့ Sasser (၂၀၀၄ မှာ ထွက်ပေါ်ခဲ့ပါတယ်) နောက်ပိုင်းမှာ ဖျက်အားပြင်း virus တွေ ထွက်ပေါ်လာတဲ့နှုန်း သိသိသာသာ ကျသွားတာကို ကြည့်ချင်းအားဖြင့် Antivirus တွေ ကာကွယ်နိုင်စွမ်း တက်လာတာကို သတိထားမိနိုင်ပါတယ်။ ကျွန်တော်ထပ်ပြောလိုက်ပါတယ်.. နှစ်ခါ မစဉ်းစားပဲ ဖျက်လိုက်ပါ။ :)

Ref: Google, Norton, Wiki, Hoax Slayer, Break The Chain