Nov 20, 2007

How to avoid Rapidshare download limit easily??!

Yes, I mean "easily" and this method is only for Bagan Cybertech Users.

တစ်ခါတစ်လေ အရေးကြီးတဲ့အခါမှ Rapidshare က Free download limit ပြည့်နေလို့ 1mb တောင် မပြည့်တဲ့ file ကို download လို့ မရပဲ အချိန်အကြာကြီး ထပ်စောင့်ခိုင်းတာမျိုး ဖြစ်ဖူးကြမှာပါ။ ဘာလို့ အဲဒီလို ဖြစ်လဲဆိုတော့ Rapidshare က Free download လုပ်ရင် IP နဲ့ Log လုပ်တတ်ပါတယ်။ IP တစ်ခုက တစ်ကြိမ်မှာ file တစ်ဖိုင်ကိုပဲ download လုပ်ခွင့်ပေးတာပါ။ ကိုယ်က download မလုပ်ရသေးပဲ Rapidshare က စောင့်ခိုင်းနေတဲ့သဘောက Bagan Cyber Tech က Proxy Server ကိုသုံးပြီး Outbound IP တွေကို Share သဘောမျိုးနဲ့ လုပ်ထားလို့ပါ။ ဒီတော့ တစ်ခြားတစ်ယောက်နဲ့ ကိုယ်က ပြည်တွင်း IP မတူပေမယ့် ပြည်ပ IP တူနေတော့ သူက download လုပ်ရင် ကိုယ်က လုပ်မရဖြစ်တာပါ။



ဒါပေမယ့် အဲဒီ Bagan Cyber Tech ရဲ့ Proxy တွေကိုပဲ အသုံးချပြီး IP ပြောင်းပြီး Download Limit ကို အလွယ်တကူ ဖြတ်လို့ရပါတယ်။ လုပ်နည်းကို အောက်မှာ ဖတ်ကြည့်လိုက်ပါ :) ။

၁။ ဒီမှာ Bagan ရဲ့ Proxy တွေကို ဘယ်လိုရှာကြည့်ရလဲ ဆိုတာကို အရင်ဖတ်လိုက်ပါ။


၂။ လုပ်နည်းက ဒီလို - ဥပမာအားဖြင့် ကျွန်တော်က Proxy 203.81.71.234 နဲ့ Download လုပ်ဖို့ကြိုးစား တယ်ထားပါတော့ မရဘူးဆိုရင် Proxy ကို နောက်တစ်ခုကို ပြောင်းလိုက်ပါ (eg. 203.81.71.237)။ ဒီအခါ အပြင် IP က ပြောင်းသွားပြီး Download လုပ်လို့ ရသွားပါလိမ့်မယ်။ မရသေးရင် နောက်တစ်ခုကို ထပ်ပြောင်းပါ။ ပြောင်းပြီးရင် Page ကို Refresh လုပ်လိုက်ပါ။

၃။ Proxy ကို Firefox နဲ့ IE မှာ ပြောင်းတဲ့ Step တွေပါ။ Proxy ပြောင်းတာကို ဒီထက် လွယ်လွယ်ကူကူပြောင်းချင်ရင် Firefox အတွက် ဒီကိုဝင်ပြီး IE အတွက် ဒီကို ၀င်ဖတ်ကြည့်ပါ။

Firefox
Go to Tools > Options > Advanced > Network > Settings

IE
Go to Tools > Internet Options > Connections > Lan Settings (or Select Dialup Connection > Settings)



ဒါဆိုရင် Download ပြဿနာ အဆင်ပြေသွားမှာပါ။ Bagan က Proxy ၉ ခု (ဒီထက်မက ရှိပါသေးတယ် ;) ) ကို လှည့်ပတ်ပြီး ကြိုးစားကြည့်ပါ။ ဒါမှ မရသေးဘူးဆိုရင် Freedom or Ultra Surf တို့ သုံးပြီး IP ထပ်ပြောင်း လို့ရပါသေးတယ်(Ultra Surf အကြောင်း ဒီမှာဖတ်ပါ)။ ဒီလောက် လုပ်တာတောင်မှ Download မရရင်တော့ ကံသိပ်ဆိုးတဲ့နေ့ လို့သာ မှတ်ပြီး နောက်မှ ထပ်လုပ်ပါတော့ :D။ MPT က user တွေကတော့ UltraSurf or Freedom ကိုပဲ သုံးပြီး proxy ပြောင်းလို့ရပါမယ်။ MPT မှာအရင်က သုံးလို့ရတဲ့ Proxy ၂ ခု ရှိပေမယ့် အခုတော့ တစ်ခုပဲ ရပါတော့တယ်။