Jan 31, 2008

Make Right Click Send To Menu More Powerful n Useful!

ဘယ်လို Powerful လုပ်မှာလဲလို့ စိတ်ထဲက တွေးနေတာလား ?? သက်သေပြမယ်ဗျာ.. ဘယ်လို Powerful n Useful ဖြစ်သွားလဲလို့.. အောက်က ပုံကိုကြည့်။ အဲဒါက File တစ်ခု ဒါမှမဟုတ် Folder တစ်ခုကို Right Click နှိပ်ပြီး Send to ရွေးရင် မြင်ရတဲ့ မြင်ကွင်း။ အဲဒါကို အစွမ်းထက်အောင် ပိုပြီး အသုံးဝင်အောင် လုပ်မယ်။



Windows မှာက Fiel or Folder တစ်ခုကို Right Click ပြီး Send to ရွေးရင် Move တို့ Copy တို့ မပါပဲ "Documents, Desktop(Create Shortcut) နဲ့ Compressed" ပဲပါတယ်။ ဒါနဲ့ ကျွန်တော်က Google နဲ့ နည်းနည်းရှာကြည့်တော့ "Send To Toys v 2.5" ကို တွေ့ရတယ်။ သုံးကြည့်တော့ တော်တော်ကို အဆင်ပြေတာတွေ့ရတယ်ဗျ။ အောက်က ပုံကိုကြည့်ပါ။ အဲဒါက "Send to Toys" ဆိုတာ တင်ထားပြီး မြင်ရမယ့် မြင်ကွင်းပါ။ (အသုံးဝင်တာတွေကို အနီရောင်နဲ့ ဘောင်ခတ်ပြထားပါတယ် )



အဲဒီမှာ "Clipboard, Command Prompt, Folder.., Recycle Bin နဲ့ Run" ဆိုတာ တိုးပြီး ပါလာတာကို တွေ့ရပါမယ်။ အသုံးဝင်တာတွေကို ရေးပြသွားပါမယ်။

- Command Prompt

ဒါကို ရွေးပေးလိုက်ရင် CMD ထဲမှာ File or Folder ရဲ့ Path ကို တစ်ခါတည်း ထည့်ပေးသွားမှာဖြစ်ပါတယ်။ တစ်ခုခုကို Command Prompt ထဲကိ Execute လုပ်ချင်ရင် အဆင်ပြေပါတယ်။

- Folder

ဒီ Tools ရဲ့ အသုံးအ၀င်ဆုံး Feature ပါပဲ။ Folder.. ကိုရွေးလိုက်ရင် အောက်မှာ ပြထားတဲ့အတိုင်း မြင်ရပါမယ်။ File or Folder ကို ကိုယ်ရွှေ့ချင်တဲ့ Location ထဲကို Copy or Move နဲ့ ရွှေ့လို့ရအောင် လုပ်ပေးထားတာပါ။ မြန်မြန်ဆန်ဆန်နဲ့ File တွေကို Organize လုပ်ချင်တဲ့ အခါမှာ သိသိသာသာ အသုံးဝင်တာကို တွေ့ပါမယ်။



- Run

ဒါကလည်း Command Prompt လိုပဲ Run (Windows Key + R) ဆီကို File ကို ပို့ပေးတာ ဖြစ်ပါတယ်။

>> Download Send To Toys

ကဲ ဒါဆိုရင် Powerful n Useful ဖြစ်တာကို သိလောက်ပြီ ထင်ပါတယ်။ အားလုံး မြန်မြန်ဆန်ဆန် သက်သက်သာသာနဲ့ အလုပ်လုပ်ရတာ အဆင်ပြေကြပါစေ။ :)