Sep 28, 2007

OS တစ်ခုထဲမှာ OS နောက်တစ်ခု Run လို့ရတဲ့ Microsoft Virtual PC

Microsoft Virtual PC က VMWare လိုပဲ Virtualization နည်းပြညာ ကို အသုံးပြုထားပြီး Windows Operation System တစ်ခုပေါ်မှာ Virutally နည်းအရ နောက်ထပ် OS တစ်ခု ကို Run လို့ရအောင် ပြုလုပ်ပေးနိုင်တဲ့ Tools တစ်ခုပါ။ Virtual PC က ဘာ အားသာချက်ရှိလဲ ဆိုတော့ OS နှစ်ခုကို တစ်ခုနဲ့ တစ်ခု အရှုပ်အထွေးမရှိ (not affect) မဖြစ်ပဲ တပြိုင်ထဲမှာ သုံးလို့ရတာပါပဲ။ ဥပမာ အနေနဲ့ပြောရရင် - အခု ကျွန်တော်က Windows Vista ပေါ်မှာ IIS 7 နဲ့ ASP.NET Web Application တွေရေး ပါတယ်။ Ruby On Rails ဆိုတာကိုစမ်းချင်တယ်ဆိုရင် Apache Web Server ကိုတင် ရမယ် နောက်ပြီး MySQL လဲတင်ရမယ် ဒါဆို IIS ဒါမှမဟုတ် Apache မှာ port ကို သွားပြီး ပြောင်းပေးရပါမယ်။ အဲဒီလို မပြောင်းချင်လို့ Virtual PC ကို Microsoft ကနေ Free Download လုပ်ပြီး Windows XP ကို install လုပ်ထားလိုက်တဲ့ အခါ အဆင်ပြေသွားပါတယ်။

နောက်နေ့မှာ Virtual PC နဲ့ Windows XP ဘယ်လို တင်ရလဲ ဆိုတာကို ရေးပြီးတင်ပါမယ်။


Download Microsoft Virtual PC

Read More...

ကိုးနှစ်ပြည့်တဲ့ Google

အင်တာနက်သုံးသူတိုင်း ပထမဦးဆုံးဖွင့်တဲ့ Page, Browser တိုင်း နီးပါးရဲ့ Default Homepage တစ်ခုခုရှာလိုသူတိုင်းရဲ့ အစွမ်း ထက် Search Engine ၊ အလွန်လျှင်မြန်တဲ့ Gmail ရဲ့ ဖခင် ၊ ရှင်း လင်းရိုး သားပြီး ကြော်ညာလုံးဝ မပါတဲ့ Google Talk ကိုတီထွင်တဲ့ Googleဟာ သက်တမ်း ၉ နှစ်ကိုပြည့်ခဲ့ ပါပြီ။ ၁၉၉၈ ခုနှစ် စက်တင်ဘာ လ မှ စတင်ခဲ့တာ ဖြစ်ပြီး တည်ထောင်ခဲ့သူ၂ ဦးက တော့ တကယ့် အင်တာ နက် ဆရာကြီးများဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ပဲဖြစ်ပါ တယ်။ Google Domain ကို စက်တင်ဘာ ၁၅ ရက် ၁၉၉၇ ခုနှစ်မှာ စပြီးဝယ်ယူခဲ့ပါတယ်။ Google လို့ အမည်မတွင် ခင် အရင်နာမည်က "BackRub"ပါ။ ဒီလိုနဲ့ တဖြည်း ဖြည်း နှစ်တွေကြာ တိုးတက်လာပြီး အခုဆိုရင်တော့ အင်တာနက်သုံး သူတိုင်း သိတဲ့ Google အဖြစ်ကိုရောက်ရှိနေပါပြီ။ နောက်လဲ အမြဲကို တိုးတက်အောင်မြင်နေမယ့် Happy Birthday Google!!!

- Google ရဲ့ 1998 က မြင်ကွင်း
- More about Google on Wiki
- More about Google on Google

Read More...

Sep 26, 2007

Microsoft Learning Second Shot

Microsoft Exams ဖြေမယ့် သူတွေအတွက် သတင်းကောင်းပါ။ Microsoft ရဲ့ မပေးတာ ကြာပြီဖြစ်တဲ့ Second Shot ပြန်လာပါပြီ။ လွန်ခဲ့တဲ့ နှစ် Microsoft ရဲ့ Exam တွေ အသစ်ထွက် ခဲ့ ပြီးကတည်းက ပျောက်ကွယ်နေတဲ့ Second Shot ပါ။ Second Shot ဆိုတာ Microsoft ရဲ့ဘယ်စာမေးပွဲမှာ မဆို ဖြေလို့ ပထမ အကြိမ်မှာ ကျရှူံးခဲ့ရင် နောက်ထပ် စာမေးပွဲကြေး ပေးသွင်း စရာမလိုပဲ နဲ့ နောက်တစ်ကြိမ် အလကား ထပ်ဖြေခွင့် ရမယ့် အခွင့်အရေးပါ။ စာမေးပွဲ ဖြေမယ့် သူအတွက် တကယ်ကို ကောင်းတဲ့ အခွင့်အရေးပါ။

အခုအချိန်မှာ မဖြေသေးဘူးဆိုရင်တောင် Register လုပ်ထား သင့်ပါတယ်။ ဘာလို့လဲဆိုတော့Voucher က January 1 ရက် 2008 ခုနှစ် အထိ သက်တမ်းရှိပါတယ်။ ကိုယ်ဖြေမယ့် အခါExam Center မှာ Register လုပ်ရင်တော့ Voucher က Code ကို ထည့်ရေးပေးလိုက်ပါ။လက်ရှိ အနေနဲ့ ရန်ကုန်မှာ Prometric Exam Center ၂ ခုရှိပါတယ်။ ပထမ တစ်ခုက Global Net ဖြစ်ပြီး နောက်တစ်ခုက Myanmar Inspiration တို့ဖြစ်ပါတယ်။ နှစ်ခုစလုံး Myanmar InfoTech ထဲမှာ ရှိပါတယ်။

- Microsoft
- Prometric

Read More...

Sep 25, 2007

Blog မှ ခဏ အနားယူမယ်

ပြည်တွင်းမှာ ရှုပ်ထွေးနေတဲ့ အခြေအနေများကြောင့် Bagan Cyber Teleport ကနေ Blogger ကို Ban လုပ်လိုက်ပါ တယ်။ MPT connection မှာတော့ ၀င်လို့ ရနေပါတယ်။ ဒီအတွက် ဒီရက်ပိုင်း ကျွန်တော် Blogging ခဏ ရပ်ပါမယ်။


Update: အဆင်ပြေရင် ပြေသလို ရေးသွားပါမယ်။ အရင်ကလောက်တော့ Post တက်တာ မမြန် နိုင်တော့ဘူး။ တစ်နေ့ တစ်ခုလောက်တော့ တင်နိုင်မယ် ထင်ပါတယ်။

Read More...

Sep 24, 2007

Gmail 2.0 ??


Google System ဆိုတဲ့ Google Products တွေ အကြောင်းကို အမြဲစောင့်ကြည့် နေတဲ့ Blog ရဲ့ ရေးသားချက်အရ Gmail က Version အသစ် 2.0 ကို ထုတ်တော့မှာလား ဆိုတာပါ။ 2.0 မှာ ဘာတွေ အသစ် ပါနိုင်လဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပေမယ့် ဖြစ်နိုင်တာက New Interface (Design အသစ်) နဲ့ Offline feature ဖြစ်ဖို့များ ပါတယ်။ Offline feature ဆိုတာ Google ရဲ့ Technology အသစ် ဖြစ်ပြီး Google ရဲ့ Offline Technology နဲ့ တည်ဆောက်ထားတဲ့ web applications (website) တွေကို internet connection မရှိပဲနဲ့ offline မှာ အလုပ်လုပ် နိုင်အောင် ပြုလုပ်ထားတဲ့ Technology ပါ။ အခုအချိန်မှာတော့ အဲဒီ Offline Technology ကို အသုံးချထားတာက Google Reader ပါ။ RSS Feeds တွေကို offline ထဲမှာ ကြည့်လို့ရပါတယ်။

Offline Technology ကိုရှင်းတာနဲ့ လမ်းကြောင်း လွဲသွားတယ်။ Gmail 2.0 မှာ Offline ကို ဘယ်လို အသုံးချနိုင်လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ Inbox ထဲက နောက်ပြီး Chat history ထဲက စာတွေ Contact book ထဲက contact's mail address တွေကို အင်တာနက် ကွန်နက်ရှင် ရှိစရာ မလိုပဲ offline မှာ ကြည့်နိုင်မှာပါ။ Email တွေကိုလဲ ရိုက်ထားနိုင်ပြီး Online ပြန်ရောက်ရင် ပို့လိုက်ရုံပါပဲ။

နောက်ထပ် feature အသစ်တွေ လဲထပ်ပါ နိုင်မှာပါ။ Google ရဲ့အကြောင်းကိုလဲ သိကြတယ်မှလား
;)

Read More...

Speed up file browsing in Vista

Vista စပြီး သုံးခါစကတော့ Windows တွေ ကို minimize n maximize လုပ်ရင် ကြည့်လို့ကောင်းပါတယ်။ နောက်ပိုင်း သုံးတာကြာလာတဲ့ အခါ အဲဒီ aero effect က file browsing ကို အချိန်နှေးစေတယ်ဆိုတာကို သိလာ တယ်။ ဘယ်လို ပိတ်မလဲ?? Read below

၁။ Windows Key + R နှိပ်ပြီး Run တက်လာရင် SystemPropertiesPerformance လို့
ရိုက်ထည့် ပြီး Enter ခေါက်လိုက်ပါ။
၂။ Performance Options ဆိုတာ တက်လာရင် Visual Effects Tab ထဲမှာ "Animiate windows
when minizing and maximizing" ဆိုတာကို un-check လုပ်လိုက်ပြီး OK နှိပ်လိုက်ရုံ ပါပဲ။





source: Tweak Vista

Read More...

Create direct shortcut to Network Connections in Vista



Windows Vista ရဲ့စိတ်ညစ်စရာ များထဲက တစ်ခုကတော့ Network Connections ကို Manage လုပ်ဖို့အတွက် Windows XP မှာလို တိုက်ရိုက် သွားလို့မရပဲ Network and Sharing Center ဆိုတာကြီးကို ဖြတ်ပြီးတော့မှ ၀င်လို့ရတယ်။ IP Address တွေ Gateway တွေ ခဏခဏ ပြောင်းတတ်တဲ့လူတွေ အတွက်(Advance Users) ဆိုရင် စိတ်ညစ် စရာပါ။ ကျွန်တော်လဲ စိတ်ညစ်လို့ရှာကြည့်တော့ ဒီလိုလုပ်လို့ရတယ် ဆိုတာကိုတွေ့တယ်။ အောက်မှာ ဖတ်ပါ ;) ။

၁။ Desktop ပေါ်မှာ Right Click > New > Shortcut လုပ်ပါ။
၂။ explorer.exe ::{7007ACC7-3202-11D1-AAD2-00805FC1270E} ကိုကူးပြီး ထည့်။
၃။ Next နှိပ် Network Connections လို့နာမည်ပေးလိုက်။ ဒါဆိုရင် Desktop ပေါ်မှာ ShortCut
ပေါ်လာပါပြီ။ အဲဒါကိုမှ Quick Lunch ထဲကို ဆွဲထည့်ထားလိုက်ရင် တော်တော်ကိုအဆင်ပြေပြီ။

source: Tweak Vista

Read More...

Funny Pics

အင်တာနက်ပေါ်ကနေ တွေ့ထားတဲ့ ဟာသ ပုံအချို့ပါ။









ဒါကတော့ ကျွန်တော့်ပုံ :P


source: keznews

Read More...

Image hosting with bigger file size


Image host တော်တော်များများက file size limitation ကို 2 Mb လောက်ပဲ ပေးတတ်ကြတယ်။ Post Image ကတော့ file size ကို 4Mb အထိပေးထားတယ်။ .gif, .jpg, .png, .bmp file format တွေကို ပေးတင်ပါတယ်။ TOU (Terms of use) ကတော့ ဒီလိုပါ

What cannot be uploaded to PostImage.org servers:
- Copyrighted images if you don't own copyright for it
- Violence, racial intolerance, or advocate against any individual, group, or organization
- Any other images that might be considered illegal in USA or EU countries

Read More...

Sep 23, 2007

Flight Simulator in Google Earth (4.2.0180.1134 Beta)

ဒါလဲ နည်းနည်းတော့ ဟောင်းနေပြီ။ ဟိုတလောကတည်းက ရေးမယ်လုပ်ပြီး မရေးဖြစ်လို့ out of date ဖြစ်သွားတာ။ Google Earth ရဲ့ version 4.2.0180.1134 ကနေစပြီး Flight Simulator ကို easter egg အနေနဲ့ ထည့်ထားပေးပါတယ်။ ဒီမှာ နောက်ဆုံး version ကို download လုပ်ပြီး install လုပ်လိုက်ပါ။ ပြီးရင် Google Earth ထဲကိုဝင် ပြီးရင် ကိုယ်စပြီးမောင်းချင်တဲ့နေရာကို သွားပြီး Ctrl + Alt + A ကိုနှိပ်လိုက်ရင် အောက်မှာပြထားသလို လေယာဉ် ကိုရွေး ပြီးရင် Select your start position မှာ Current View ကို ရွေးပြီး Start ကိုနှိပ်လိုက်ရင် စပြီး မောင်းလို့ ရပါပြီ။ ဒီမှာ Control list အပြည့်အစုံရှိပါတယ်။ ပျော်ပျော်ပါးပါး မောင်းကြပါစေ.. (ပျက်တော့ မကျစေနဲ့ပေါ့ :P)


Photo Sharing and Video Hosting at Photobucket
အောက်ကပုံက ကျွန်တော်ဆူးလေ ပေါ်မှာ မောင်းထားတဲ့ပုံ
Photo Sharing and Video Hosting at Photobucket

Read More...

Registry ကို ပြန်ပြင်မယ်

ဒီအကြောင်းက တခြား Blog တွေမှာ ရေးပြီးသားတွေ ဖြစ်ရင်ဖြစ်မှာပါ။ ကျွန်တော်လဲ ဘာရေးရရင် ကောင်းမလဲ စဉ်းစားလို့မရလို့ ဒါကိုရေးလိုက်တယ်။ နှစ်ထပ် ဖတ်မိတော့ ပိုမှတ်မိ သွားတာပေါ့။ ;)

များသောအားဖြင့်တော့ Registry ကို virus နဲ့ worm နှောက်ယှက်လို့ Registry Editor, Task Manager နဲ့ Command Prompt ပိတ်သွား ရင် အောက်က key တွေကို ကူးပြီး Windows Key နဲ့ R ကို တွဲနှိပ် ဒါဆိုရင် Run တက်လာမယ်။ အဲဒီထဲကို paste လုပ်ပြီး enter ခေါက်လိုက်ပါ။ တစ်ခုသတိထားရမှာက Virus ကို အရင်ရှင်းပါ။ တချို့သော virus တွေက ပြန်ပြီး disable လုပ်တတ်ကြတယ်။

Regedit Fix
Taskmanager Fix
CMD Fix

Folder Option ပျောက်သွားရင်တော့ ဒါကို ဒေါင်းလုပ်လုပ်ပြီး Double Click, Registry ထဲကို add လုပ်မှာလားဆိုရင် Yes ရွေးလိုက်ပေါ့။

(Folder option ပြန်ဖွင့်မယ်ဆိုရင် အပေါ်က Registry Editor ကိုအရင်ဖွင့်ပါ)

Checksums for FolderOptions.reg
MD5 - 18230FD43210828226DD76C9B408C178
SHA1 - B6AB5DF4100D38BC6F20DFF0F2AA5241701CE5A6
CRC32 - 157EBA2D

Read More...

Sep 22, 2007

ခေတ်ဟောင်း ကို အလည်သွားကြမယ်





ဟိုးအရင် အင်တာနက်စပြီး ပေါ်ကစအချိန်က Yahoo ကို အလည်သွားကြမလား?? Google ရဲ့ ၁၉၉၈ က ပထမဦးဆုံး Page ကို ရော သွားကြည့်ကြမလား?? WayBack Machine ကိုဝင်Box လေးထဲမှာ ၀င်ချင်တဲ့လိပ်စာကို ရိုက်.. Take Me Back! ဆိုတာလေးကိုနှိပ်လိုက်.. ဒါဆို ခုနှစ် တွေထွက်လာမယ်။အဲဒီထဲက ကိုယ်သွားချင်တဲ့ ခုနှစ်ကို ရွေးပြီ ကြည့်ပေတော့။ တစ်ခုတော့ရှိတယ် Website တိုင်း တော့ အလုပ်လုပ်မှာမဟုတ်ဘူး။

Read More...

Remembered Password မေ့သွားလား?













Browser တွေထဲမှာ Remember Password ပေးမိတယ် ဒါပေမယ့် နောက်ကြာသွားတော့ မေ့သွားရော။ အဲဒါဘယ်လို ပြန်ဖေါ်မလဲ? Firefox သုံးတဲ့လူ ဆိုရင်တော့ ဖော်ရတာလွယ်ပါတယ်။ IE သမားတွေလဲ စိတ်မပူပါနဲ့။ အောက်မှာဖတ်ပြီး အဖြေရှာလိုက်ပါ။

၁။ Firefox only - Tools > Options > Security > Show Passwords > Show Passwords.. > Show Passwords ဆိုရင် saved လုပ်ထားတဲ့ password တွေ အကုန်ပြန်ပြ ပါတယ်။

၂။ IE နဲ့ Firefox - ဒီစာကြောင်းကို ကူးပြီး Saved လုပ်ထားတဲ့ Page ရဲ့ Address bar ထဲကို
ထည့်ပြီး Enter ခေါက်လိုက်ရင် Password ပြန်ထွက်လာပါမယ်။











၃။ Firefox ကို Master Password မေ့သွားလား?? မေ့သွားရင် အပေါ်ကနည်းနဲ့ Password ကို ပြန်ခေါ်လို့
မရဘူး။ ဒါဆို အောက်ကစာကြောင်းကို copy လုပ် Tab အသစ်ဖွင့်ပြီး paste n enter နှိပ်လိုက်ပါ။
(သတိ - ဒီနည်းက Master Password အပြင် Saved Password တွေကိုပါ အကုန် ရှင်းလိုက်တာပါ။)


chrome://pippki/content/resetpassword.xul




source: raymond.cc

Read More...

ဘလော့ကို Favicon နဲ့အလှဆင်မယ်




အပေါ်က ပုံကို ကြည့်ရင် ကျွန်တော့် Blog ကို ကိုယ့်ကြိုက်တဲ့ Logo လေးကို Favicon လုပ်ပြီး ထည့်ထားတာကို တွေ့ရ မယ်။ အဲဒီလိုမျိုး ဘယ်လိုလုပ်မလဲ.. အောက်မှာဖတ်ပါ။ :)


၁။ ကိုယ်လုပ်ချင်တဲ့ပုံကို ရွေးထားပါ။

၂။ ဒီကိုသွား

၃။ Browse နှိပ် ကိုယ်လုပ်ချင်တဲ့ ဖိုင်ကို ရွေး။ Generate Favicon.ico ကို နှိပ်။

၎။ Download FavIcon ကိုနှိပ်ပြီး FavIcon ကို ဒေါင်းလုပ် လုပ်ပါ။

၅။ Download လုပ်လိုက်တဲ့ file ကို unzip လုပ်လိုက်ရင် favicon ဆိုတာရယ်
extra ဆိုတဲ့ နှစ်ခုကို တွေ့မယ်။

၆။ Favicon ဆိုတာကို ကိုယ်ပိုင် hosting ပေါ်ကိုတင်ပါ။ (Google Page မှာလဲ တင်လို့ရတယ်)

၇။ ပြီးရင် Blogger ရဲ့ Template ထဲကိုဝင် HTML ထဲမှာ ဒီ code ကိုထည့်လိုက်ပါ။
( head tag ထဲမှာထည့်ပါ။ )

၈။ http://yourdomain.com/favcion.ico ဆိုတာက နမူနာပြတာပါ။ ကိုယ်တင်ထားတဲ့ http path
ကို ပြောင်းပေးလိုက်ပေါ့။

၉။ ပြီးရင်တော့ Save လုပ်။ Browser ကို refresh လုပ်။ step တွေမှန်ရင်တော့ Favicon လေးကို
tab ထဲမှာ မြင်ရမှာပါ။

မှတ်ချက်။ Hosting မရှိဘူးလား?? Comment ထဲမှာ ၀င်ရေးခဲ့ပါ။ ကျွန်တော့် hosting ပေါ်မှာ free တင်
ပေးမယ်။

Read More...

မိုးတော့တိတ်ပြီ

မနက်က ၈ နာရီ နိုးတော့ အိမ်ရှေ့မှာ ရေတွေကျသွားပြီ။ မိုးလဲတိတ်သွားပြီ။ Bus တွေတော့ပြန်ထွက်နေတယ်။ နေရာတိုင်းမှာ တွေ့ နေရတာကတော့ အမှိုက်တွေပဲ။ လမ်းတွေလဲ တော်တော်ကို ပျက်သွားတယ်။ လူတွေကတော့ ထုံးစံအတိုင်းပါပဲ ကိုယ့်အလုပ်ကို လုပ်နေကြတယ်။ ဆိုင်ဖွင့်တဲ့လူတွေတော့ အလုပ်များနေတယ်။ ကမ္ဘာအေး ဘုရားလမ်း Micasa ရှေ့မှာတော့ ရေတက်နေသေးတယ်။ ပြည်လမ်း AD မီးပွိုင့်နားမှာ မနေ့က သစ်ပင်ကြီး ကျိုးပြီး လာနေတဲ့ Taxi ပေါ်ကိုကျလို့ လူသေတယ်လဲကြားတယ်။ တက္ကသိုလ်ရိပ်သာ လမ်းပေါ်က အမေရိကန်သံရုံး အသစ်စက်စက်ကြီးရဲ့ရှေ့ က အပင်ကြီးကတော့ အမြစ်ကနေ ပေါ်ပြီး လမ်းမပေါ်ကိုလဲသွားပြီ။ ရှင်းပေဦးတော့....။ ရုံးကလူတွေ တော့ ရောက်လာကြပြီ။ အတွေ့အကြုံကိုယ်စီ ရှင်းပြနေကြလေရဲ့။ အဲ..တိမ်တွေတော့ကျန်သေးတယ်။ ရွာဦးမယ်ထင်တယ်။ အိမ်မှာမီးလဲ မလာ သေးဘူး။

Read More...

Sep 21, 2007

တညလုံး မစဲတဲ့မိုး နဲ့ ရေကြီးတဲ့မြို့တော်

အချိန် ည ၁၀း၁၈ မိနစ်ရှိပြီ မနေ့ကတည်းက ရွာတဲ့မိုး အခုအထိ မရပ်သေးဘူး။ နေ့လည်က ခဏပဲ စဲသွားပြီး ဆက်တိုက်ကိုရွာနေလို့ မြို့ထဲမှာလဲ ရေကြီးနေပြီ။ ညနေက ၆ နာရီလောက် အလုပ်ကပြန်တော့ လှည်းတန်း မှာ ရေမတက် ပေမယ့် ကားတွေ ပိတ်နေတယ်။ Bus car တွေလဲ ထပ်မထွက်တော့ မှတ်တိုင်မှာ လူတွေ အုံနေတာပဲ နောက်ဆုံး Taxi ငှားတာတောင် ၁ နာရီလောက် ကြာတယ်။ အကုန်လုံးက ပြန်တော့မယ် အဲဒီဖက်ဆိုရင် မလိုက်တော့ဘူးပဲလုပ်နေကြတာ။ ဗိုလ်ချုပ်ရွာထဲမှာလဲ မနက်ကတည်းက ရေမြုပ်သွားပြီ တောင်ဥက္ကလာ၊ ဇ၀န၊ ကမ္ဘာအေး ဘုရားလမ်း တွေလဲ ရေမြုပ်သွားတယ်ကြားတယ်။ ရွှေဂုံတိုင်မှာ Bus car မလာတော့လို့ လူတွေ လှမ်းလျှောက်ပြန်ကြတယ်။ ပါရမီ ၁၇၄ ပေါ်ကိုလဲ အတင်းလုတက် နေတာလဲ တာမွေ အ၀ိုင်းထိပ် မှာတွေ့ရတယ်။ အိမ်ပြန်ရောက်တော့ ၇ နာရီ ကျော်ပြီ။ မီးမလာလို့ EPC ကို ဖုန်းဆက်မေးတော့ ရေမကျသေးလို့ မီးဖျက်ထားတာ..ရေကျတာနဲ့ မီးချက်ချင်းပြန်ပေးမယ် လို့လဲပြောတယ်။ မနက်ဖြန်ဘယ်လို ရုံးတက်ရမလဲ??

Read More...

လက်နာနေတဲ့ ကျွန်တော်

တနေ့တနေ့ ကွန်ပြူတာရှေ့မှာပဲ အချိန်ကုန်နေတဲ့ ကျွန်တော် အရင်ကတော့ ဘာမှ သိပ်ပြီးမသိသာပေမယ့် အခုနောက်ပိုင်း ဘယ်ဖက် ပခုံးက တော်တော်လေးကို နာလာတယ်။ လှုပ်ရှားလိုက်ရင် ခဏတော့ သက်သာသွားပြီး နောက်ခဏနေရင် ပြန်ဖြစ်တာပဲ။ ညတိုင်းလဲ ဆေးလိမ်းတယ်။ ဒါပေမယ့်လဲ သိပ်မသိသာဘူး။ ထိုင်တဲ့ပုံစံ မမှန်လို့ ဖြစ်တာလို့ အမေက ပြောတယ်။ ဆေးနည်းလေးများ ရှိရင်ကူညီပါဦး။ Comment ကနေတဆင့် ဒါမှမဟုတ် cBox ကနေ ၀င်ရေးပေးပါ။

Read More...

Heavy Rain in Yangon

၂ ရက်ဆက်ရွာနေတဲ့မိုး

Read More...

Picture တွေထဲမှာ သီချင်းတွေကို ပေါင်းထည့်မယ်..

စဉ်းစားကြည့်လိုက်... ကိုယ့်ရည်းစားက ကိုယ့်ဆီကို ပုံလေးတစ်ပုံ ပို့ လိုက်တယ်။ ဒီအတိုင်း ပုံကို double click လုပ်ပြီးဖွင့်ရင်ပုံလေးပဲတက်လာပြီးတော့ အဲဒီပုံလေးကို WinAMP လိုမျိုး Music Player ထဲကို ဆွဲထည့်လိုက်လို့  ကိုယ့်အကြိုက်ဆုံး သီချင်းသံလေးထွက်လာတယ်ဆိုရင် စိတ်ထဲမှာကြည်နူးသွားမယ်။ အဲ.. တစ်ခါမှ အဲဒီလို အပို့  မခံရဘူးလား ?? ဒါဆို အောက်မှာ ဖတ်ကြည့်ပြီးတော့ အခုချက်ချင်းပဲ တစ်ခုလုပ် ပြီးရင် ကိုယ့်အနှစ်သက်ဆုံးဆီကို ပို့  လိုက်ပေတော့...

၁။ ပြင်ဆင်ခြင်း


- ကိုယ်ထည့်ချင်တဲ့ ပုံနဲ့ သီချင်းဖိုင်ကို C:\ ထဲကိုကူးထည့်လိုက်။ (လုပ်ရလွယ်အောင် C:\ ထဲကိုထည့်တာ။ )
- သီချင်းဖိုင်ကို song လို့ ပဲ rename လုပ်လိုက်ပါ။ နောက်ပြီး ပုံကိုလဲ pic ပေါ့
- Windows Key + R တွဲနှိပ်လိုက်ရင် Run ဆိုတဲ့ box လေး ဘယ်ဖက် အောက်မှာ ပေါ်လာမယ်။ cmd လို့ ရိုက်ထည့် ပြီးEnter ခေါက်လိုက်။
- cmd ဆိုတဲ့ command prompt တက်လာမယ်။ cd C:\ လို့ ရိုက်ပြီး enter ခေါက်လိုက်။ ဒါဆိုရင် C:\> ဆိုပြီး ပေါ်နေပြီ။

၂။ စပြီ

- copy pic.jpeg /b + song.mp3 /b combined.jpg လို့ ရိုက်ပြီး enter ခေါက်လိုက်
- C: Drive ထဲကို ၀င်ကြည့်လိုက်ရင် combined ဆိုတဲ့  jpg ဖိုင်လေးတစ်ဖိုင်ရောက်နေလိမ့်မယ်။
- အဲဒါကို double click လိုက်ရင် pic ဆိုတဲ့ ပုံလေးပဲတက်လာပြီး WinAMP လို music player ထဲကိုဆွဲထည့်ရင်တော့
သီချင်းသံလေးထွက်လာမှာပါ။ ပို့ မယ်ဆိုရင် combined ဆိုတဲ့ file ကိုပဲ ပို့ စရာလိုတယ်။ ကျန်တဲ့ ၂ ခု ကို ပို့ စရာမလိုဘူး။

၃။ မှတ်ချက်များ
- Windows Media Player မှာ တော့ ဖွင့်လို့ မရဘူး။ WinAMP နဲ့ ပဲဖွင့်ပါ။ တခြား Media Player တွေ နဲ့ ဖွင့်လို့  ရလဲ ရနိုင်တယ်။
- JPEG, GIF, PNG, BMP, TIFF ပုံတွေကို MP3 နဲ့ ပေါင်းလို့ ရပါတယ်။ Wav,WMA နဲ့ ပေါင်းလို့  မရဘူး။
- WimAMP ထဲကို ဆွဲထည့်တယ်ဆိုတာ WinAMP ကိုဖွင့်, File ကို Drag n Drop လုပ်ပြီး ထည့်တာကို ပြောတာ။
- ဒီနည်းကို terrorist တွေ အချင်းချင်း သတင်းပို့ တဲ့အခါမှာ သုံးကြတယ်လို့လဲ သိရပါတယ်။ ဟုတ်မဟုတ်တော့မသိဘူး :P.

Update: အတော်များများက လုပ်တာ မအောင်မြင်ဘူးလို့ Feed back တွေပြန်လာနေလို့ သတိပြုရမယ့်အချက်
လေးတွေကို ထပ်ပြီး ထည့်ပေးလိုက်တယ်။

၁။ File Extension ကိုသေချာစစ်ပါ။ JPEG လို့ပြပေမယ့်လဲ .jpg ဖြစ်ရင်ဖြစ်နေတတ်တယ်။ Tools > Folder Options
View> Uncheck "Hide extensions for known file types" ဆိုတာကို uncheck လိုက်ပြီး apply နှိပ် လိုက်ရင်
File name အနောက်မှာ extension ကိုတွေ့ရမှာပါ။ (Folder Options ပျောက်နေလား?? ဒါကို ဖတ်ပါ။)

အောက်မှာ နမူနာ အနေနဲ့ ကျွန်တော်လုပ်ထားတဲ့ ပုံကိုထည့်ပေးလိုက်တယ်။ WinAMP ကို ဒီမှာ Download လုပ်ပါ။

Read More...