Sep 28, 2007

OS တစ်ခုထဲမှာ OS နောက်တစ်ခု Run လို့ရတဲ့ Microsoft Virtual PC

Microsoft Virtual PC က VMWare လိုပဲ Virtualization နည်းပြညာ ကို အသုံးပြုထားပြီး Windows Operation System တစ်ခုပေါ်မှာ Virutally နည်းအရ နောက်ထပ် OS တစ်ခု ကို Run လို့ရအောင် ပြုလုပ်ပေးနိုင်တဲ့ Tools တစ်ခုပါ။ Virtual PC က ဘာ အားသာချက်ရှိလဲ ဆိုတော့ OS နှစ်ခုကို တစ်ခုနဲ့ တစ်ခု အရှုပ်အထွေးမရှိ (not affect) မဖြစ်ပဲ တပြိုင်ထဲမှာ သုံးလို့ရတာပါပဲ။ ဥပမာ အနေနဲ့ပြောရရင် - အခု ကျွန်တော်က Windows Vista ပေါ်မှာ IIS 7 နဲ့ ASP.NET Web Application တွေရေး ပါတယ်။ Ruby On Rails ဆိုတာကိုစမ်းချင်တယ်ဆိုရင် Apache Web Server ကိုတင် ရမယ် နောက်ပြီး MySQL လဲတင်ရမယ် ဒါဆို IIS ဒါမှမဟုတ် Apache မှာ port ကို သွားပြီး ပြောင်းပေးရပါမယ်။ အဲဒီလို မပြောင်းချင်လို့ Virtual PC ကို Microsoft ကနေ Free Download လုပ်ပြီး Windows XP ကို install လုပ်ထားလိုက်တဲ့ အခါ အဆင်ပြေသွားပါတယ်။

နောက်နေ့မှာ Virtual PC နဲ့ Windows XP ဘယ်လို တင်ရလဲ ဆိုတာကို ရေးပြီးတင်ပါမယ်။


Download Microsoft Virtual PC