Sep 26, 2007

Microsoft Learning Second Shot

Microsoft Exams ဖြေမယ့် သူတွေအတွက် သတင်းကောင်းပါ။ Microsoft ရဲ့ မပေးတာ ကြာပြီဖြစ်တဲ့ Second Shot ပြန်လာပါပြီ။ လွန်ခဲ့တဲ့ နှစ် Microsoft ရဲ့ Exam တွေ အသစ်ထွက် ခဲ့ ပြီးကတည်းက ပျောက်ကွယ်နေတဲ့ Second Shot ပါ။ Second Shot ဆိုတာ Microsoft ရဲ့ဘယ်စာမေးပွဲမှာ မဆို ဖြေလို့ ပထမ အကြိမ်မှာ ကျရှူံးခဲ့ရင် နောက်ထပ် စာမေးပွဲကြေး ပေးသွင်း စရာမလိုပဲ နဲ့ နောက်တစ်ကြိမ် အလကား ထပ်ဖြေခွင့် ရမယ့် အခွင့်အရေးပါ။ စာမေးပွဲ ဖြေမယ့် သူအတွက် တကယ်ကို ကောင်းတဲ့ အခွင့်အရေးပါ။

အခုအချိန်မှာ မဖြေသေးဘူးဆိုရင်တောင် Register လုပ်ထား သင့်ပါတယ်။ ဘာလို့လဲဆိုတော့Voucher က January 1 ရက် 2008 ခုနှစ် အထိ သက်တမ်းရှိပါတယ်။ ကိုယ်ဖြေမယ့် အခါExam Center မှာ Register လုပ်ရင်တော့ Voucher က Code ကို ထည့်ရေးပေးလိုက်ပါ။လက်ရှိ အနေနဲ့ ရန်ကုန်မှာ Prometric Exam Center ၂ ခုရှိပါတယ်။ ပထမ တစ်ခုက Global Net ဖြစ်ပြီး နောက်တစ်ခုက Myanmar Inspiration တို့ဖြစ်ပါတယ်။ နှစ်ခုစလုံး Myanmar InfoTech ထဲမှာ ရှိပါတယ်။

- Microsoft
- Prometric