Sep 22, 2007

မိုးတော့တိတ်ပြီ

မနက်က ၈ နာရီ နိုးတော့ အိမ်ရှေ့မှာ ရေတွေကျသွားပြီ။ မိုးလဲတိတ်သွားပြီ။ Bus တွေတော့ပြန်ထွက်နေတယ်။ နေရာတိုင်းမှာ တွေ့ နေရတာကတော့ အမှိုက်တွေပဲ။ လမ်းတွေလဲ တော်တော်ကို ပျက်သွားတယ်။ လူတွေကတော့ ထုံးစံအတိုင်းပါပဲ ကိုယ့်အလုပ်ကို လုပ်နေကြတယ်။ ဆိုင်ဖွင့်တဲ့လူတွေတော့ အလုပ်များနေတယ်။ ကမ္ဘာအေး ဘုရားလမ်း Micasa ရှေ့မှာတော့ ရေတက်နေသေးတယ်။ ပြည်လမ်း AD မီးပွိုင့်နားမှာ မနေ့က သစ်ပင်ကြီး ကျိုးပြီး လာနေတဲ့ Taxi ပေါ်ကိုကျလို့ လူသေတယ်လဲကြားတယ်။ တက္ကသိုလ်ရိပ်သာ လမ်းပေါ်က အမေရိကန်သံရုံး အသစ်စက်စက်ကြီးရဲ့ရှေ့ က အပင်ကြီးကတော့ အမြစ်ကနေ ပေါ်ပြီး လမ်းမပေါ်ကိုလဲသွားပြီ။ ရှင်းပေဦးတော့....။ ရုံးကလူတွေ တော့ ရောက်လာကြပြီ။ အတွေ့အကြုံကိုယ်စီ ရှင်းပြနေကြလေရဲ့။ အဲ..တိမ်တွေတော့ကျန်သေးတယ်။ ရွာဦးမယ်ထင်တယ်။ အိမ်မှာမီးလဲ မလာ သေးဘူး။