Sep 21, 2007

Picture တွေထဲမှာ သီချင်းတွေကို ပေါင်းထည့်မယ်..

စဉ်းစားကြည့်လိုက်... ကိုယ့်ရည်းစားက ကိုယ့်ဆီကို ပုံလေးတစ်ပုံ ပို့ လိုက်တယ်။ ဒီအတိုင်း ပုံကို double click လုပ်ပြီးဖွင့်ရင်ပုံလေးပဲတက်လာပြီးတော့ အဲဒီပုံလေးကို WinAMP လိုမျိုး Music Player ထဲကို ဆွဲထည့်လိုက်လို့  ကိုယ့်အကြိုက်ဆုံး သီချင်းသံလေးထွက်လာတယ်ဆိုရင် စိတ်ထဲမှာကြည်နူးသွားမယ်။ အဲ.. တစ်ခါမှ အဲဒီလို အပို့  မခံရဘူးလား ?? ဒါဆို အောက်မှာ ဖတ်ကြည့်ပြီးတော့ အခုချက်ချင်းပဲ တစ်ခုလုပ် ပြီးရင် ကိုယ့်အနှစ်သက်ဆုံးဆီကို ပို့  လိုက်ပေတော့...

၁။ ပြင်ဆင်ခြင်း


- ကိုယ်ထည့်ချင်တဲ့ ပုံနဲ့ သီချင်းဖိုင်ကို C:\ ထဲကိုကူးထည့်လိုက်။ (လုပ်ရလွယ်အောင် C:\ ထဲကိုထည့်တာ။ )
- သီချင်းဖိုင်ကို song လို့ ပဲ rename လုပ်လိုက်ပါ။ နောက်ပြီး ပုံကိုလဲ pic ပေါ့
- Windows Key + R တွဲနှိပ်လိုက်ရင် Run ဆိုတဲ့ box လေး ဘယ်ဖက် အောက်မှာ ပေါ်လာမယ်။ cmd လို့ ရိုက်ထည့် ပြီးEnter ခေါက်လိုက်။
- cmd ဆိုတဲ့ command prompt တက်လာမယ်။ cd C:\ လို့ ရိုက်ပြီး enter ခေါက်လိုက်။ ဒါဆိုရင် C:\> ဆိုပြီး ပေါ်နေပြီ။

၂။ စပြီ

- copy pic.jpeg /b + song.mp3 /b combined.jpg လို့ ရိုက်ပြီး enter ခေါက်လိုက်
- C: Drive ထဲကို ၀င်ကြည့်လိုက်ရင် combined ဆိုတဲ့  jpg ဖိုင်လေးတစ်ဖိုင်ရောက်နေလိမ့်မယ်။
- အဲဒါကို double click လိုက်ရင် pic ဆိုတဲ့ ပုံလေးပဲတက်လာပြီး WinAMP လို music player ထဲကိုဆွဲထည့်ရင်တော့
သီချင်းသံလေးထွက်လာမှာပါ။ ပို့ မယ်ဆိုရင် combined ဆိုတဲ့ file ကိုပဲ ပို့ စရာလိုတယ်။ ကျန်တဲ့ ၂ ခု ကို ပို့ စရာမလိုဘူး။

၃။ မှတ်ချက်များ
- Windows Media Player မှာ တော့ ဖွင့်လို့ မရဘူး။ WinAMP နဲ့ ပဲဖွင့်ပါ။ တခြား Media Player တွေ နဲ့ ဖွင့်လို့  ရလဲ ရနိုင်တယ်။
- JPEG, GIF, PNG, BMP, TIFF ပုံတွေကို MP3 နဲ့ ပေါင်းလို့ ရပါတယ်။ Wav,WMA နဲ့ ပေါင်းလို့  မရဘူး။
- WimAMP ထဲကို ဆွဲထည့်တယ်ဆိုတာ WinAMP ကိုဖွင့်, File ကို Drag n Drop လုပ်ပြီး ထည့်တာကို ပြောတာ။
- ဒီနည်းကို terrorist တွေ အချင်းချင်း သတင်းပို့ တဲ့အခါမှာ သုံးကြတယ်လို့လဲ သိရပါတယ်။ ဟုတ်မဟုတ်တော့မသိဘူး :P.

Update: အတော်များများက လုပ်တာ မအောင်မြင်ဘူးလို့ Feed back တွေပြန်လာနေလို့ သတိပြုရမယ့်အချက်
လေးတွေကို ထပ်ပြီး ထည့်ပေးလိုက်တယ်။

၁။ File Extension ကိုသေချာစစ်ပါ။ JPEG လို့ပြပေမယ့်လဲ .jpg ဖြစ်ရင်ဖြစ်နေတတ်တယ်။ Tools > Folder Options
View> Uncheck "Hide extensions for known file types" ဆိုတာကို uncheck လိုက်ပြီး apply နှိပ် လိုက်ရင်
File name အနောက်မှာ extension ကိုတွေ့ရမှာပါ။ (Folder Options ပျောက်နေလား?? ဒါကို ဖတ်ပါ။)

အောက်မှာ နမူနာ အနေနဲ့ ကျွန်တော်လုပ်ထားတဲ့ ပုံကိုထည့်ပေးလိုက်တယ်။ WinAMP ကို ဒီမှာ Download လုပ်ပါ။