Sep 24, 2007

Gmail 2.0 ??


Google System ဆိုတဲ့ Google Products တွေ အကြောင်းကို အမြဲစောင့်ကြည့် နေတဲ့ Blog ရဲ့ ရေးသားချက်အရ Gmail က Version အသစ် 2.0 ကို ထုတ်တော့မှာလား ဆိုတာပါ။ 2.0 မှာ ဘာတွေ အသစ် ပါနိုင်လဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပေမယ့် ဖြစ်နိုင်တာက New Interface (Design အသစ်) နဲ့ Offline feature ဖြစ်ဖို့များ ပါတယ်။ Offline feature ဆိုတာ Google ရဲ့ Technology အသစ် ဖြစ်ပြီး Google ရဲ့ Offline Technology နဲ့ တည်ဆောက်ထားတဲ့ web applications (website) တွေကို internet connection မရှိပဲနဲ့ offline မှာ အလုပ်လုပ် နိုင်အောင် ပြုလုပ်ထားတဲ့ Technology ပါ။ အခုအချိန်မှာတော့ အဲဒီ Offline Technology ကို အသုံးချထားတာက Google Reader ပါ။ RSS Feeds တွေကို offline ထဲမှာ ကြည့်လို့ရပါတယ်။

Offline Technology ကိုရှင်းတာနဲ့ လမ်းကြောင်း လွဲသွားတယ်။ Gmail 2.0 မှာ Offline ကို ဘယ်လို အသုံးချနိုင်လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ Inbox ထဲက နောက်ပြီး Chat history ထဲက စာတွေ Contact book ထဲက contact's mail address တွေကို အင်တာနက် ကွန်နက်ရှင် ရှိစရာ မလိုပဲ offline မှာ ကြည့်နိုင်မှာပါ။ Email တွေကိုလဲ ရိုက်ထားနိုင်ပြီး Online ပြန်ရောက်ရင် ပို့လိုက်ရုံပါပဲ။

နောက်ထပ် feature အသစ်တွေ လဲထပ်ပါ နိုင်မှာပါ။ Google ရဲ့အကြောင်းကိုလဲ သိကြတယ်မှလား
;)