Jan 15, 2008

j_neutron07, Another Hoax

လွန်ခဲ့တဲ့ လကုန်ပိုင်းလောက်က Life is beautiful ဆိုတဲ့ virus အတုအကြောင်းကို ကျွန်တော်တော် ရေးခဲ့ပါတယ်။ အခုရေးမယ့် တစ်ခုကလဲ ကျွန်တော်တို့တွေ ခဏခဏကို Warning လာပေးခဲ့ရတယ့် j_neutron07 ဆိုတဲ့ Messenger virus အတု အကြောင်းပါ။

If someone by the name of j_neutron07 wants to add you to their list dont accept it. Its a virus. Tell everyone on your list because if somebody on your list adds them you will get it too. It is a hard drive killer and is a quite nasty. Please pass this on to everyone on your list.

အဲဒီလို Warning စာနဲ့ လာသတိပေးတဲ့ J_neutron07 ဆိုတဲ့ virus ဟာ တကယ်တော့ အတုတစ်ခုပါ။ လူတွေကို သက်သက် အာရုံနောက်အောင် လုပ်တဲ့ Hoax ပါပဲ။ အရင်က MSN Messenger နဲ့ Yahoo Messenger မှာ ခေတ်စားလာပြီး အခုတော့ Google Talk ပေါ်မှာပါ တွေ့လာရပါတယ်။

ဒါ့အပြင် j_neutron07 ဆိုတဲ့ နေရာမှာ အခြား နာမည်အမျိုးမျိုးလဲ ပြောင်းတာတွေ့ရပါတယ်။ ဒီအကြောင်းကို TrendMicro နဲ့ j_neutron07 လို အလားတူ Hoax အကြောင်းကို Hoax-Slayer မှာကြည့်လို့ရပါတယ်။