Jan 30, 2008

Microsoft Extends Second Shot till June 30, 2008!

မနှစ်က စက်တင်ဘာလမှာ စပြီး ပေးခဲ့တဲ့ Microsoft ရဲ့ Second Shot အခွင့်အရေးဟာ ၂၀၀၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်း တိုးပေးလိုက်တယ်လို့ အကြောင်းကြားစာအရ သိရပါတယ်။

Second Shot ဆိုတာက Microsft ရဲ့ မည့်သည့် Certification Exam မှာ တစ်ကြိမ်ဖြေလို့ မအောင်ပဲ ကျသွားခဲ့ရင် နောက်ထပ် တစ်ကြိမ်ကို စာမေးပွဲကြေး ထပ်မံသွင်းစရာ မလိုပဲ Free ထပ်ဖြေခွင့် ပေးတဲ့ အခွင့်အရေးကောင်း တစ်ခုဖြစ်ပါတယ်။

ဒီနေရာကို နှိပ်ပြီး Register လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရန်ကုန်မှာရှိတဲ့ Prometric Exam Center တွေဖြစ်တဲ့ GlobalNet နဲ့ Myanmar Inspiration မှာလဲ Register လုပ်နိုင်ပါတယ်။