Nov 28, 2007

Easily Download n Convert Youtube videos..!!

လွန်ခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က YouTube ကို Ban ထားရင် ဘယ်လို Bypass ပြီးကြည့်လို့ရလဲ ဆိုတာကို ရေးခဲ့ပါတယ်။ ဒီတစ်ခါကတော့ ကိုယ်ကြိုက်တဲ့ YouTube က Video တွေကို ဘယ်လို Download လုပ်မလဲဆိုတဲ့ နည်းပါ။ YouTube က Video တွေကို Download လို့ရတဲ့ နည်းတွေ အများကြီးရှိပါတယ်။ အဲဒါတွေထဲ ဒီတစ်ခုက ပိုပြီး လွယ်လို့ပါ။

Media Converter ဆိုတဲ့ Web Service ပါ။ YouTube က Movie တွေကို Download လုပ်လို့ရတဲ့အပြင် .flv format ကနေ .avi ကိုပါ တစ်ခါတည်း on the fly convert လို့ရပါတယ်။ ဒီတော့ FLV Player or VLC Player တွေ ရှိစရာမလိုတော့ဘူးပေါ့။ Convert လုပ်တာကလဲ အရမ်းမြန်ပြီး Download link ကိုလဲ download manager တွေနဲ့ ဆွဲလို့ရပါတယ်။ အဲဒါတွေအားလုံးကို FREE ပေးပါတယ်။ လှူချင်တယ်ဆိုရင်တော့ ဒီ Service အတွက် Bandwidth Exceed ဖြစ်တာကို ကုန်ကျငွေ ကို PayPal ကနေ လှူလို့ရပါတယ်။ ကိုယ့်စက်ထဲမှာ ရှိပြီးသား Movie တွေကိုလဲ Upload တင်ပြီး Online Convert လုပ်လို့ရပါသေးတယ်။

၁။ "Convert a file directly from youtube.com" ကိုရွေးလိုက်ပါ။
၂။ Youtube link ထည့်လိုက်ပါ။ ဒါကို ဖတ်ပြီး IP နဲ့ဝင်ထားတယ်ဆိုရင်တော့ IP နေရာမှာ www.youtube.com လို့ ပြန်ထည့်ပေးလိုက်ပါ။
၃။ "Select a video file type" မှာ ကိုယ်ပြောင်းချင်တဲ့ Video format ကိုပြောင်းလိုက်ပါ။
၎။ "Set Additonal Options:" မှာတော့ ဘာမှ မပြောင်းပဲ next သွားလို့ရပါတယ်။
၅။ Convert လုပ်နေတာကို ထိုင်စောင့်ပြီး "Download it now" ပေါ်လာရင် Download ဆွဲလိုက်ရုံပါပဲ။

Visit Media Converter

Read More...

Nov 27, 2007

MPT ကလဲ Blog တွေကို Ban လိုက်ပြီ..!!

MPT က တစ်ချို့သော Blog တွေကိုပဲ Ban ထားပြီး ကျန်တာတွေကို ပြန်ဖွင့်လိုက်ပါပြီ။ (Update: 10th Dec 07)

ဘယ်နေ့က အတိအကျ Ban လိုက်တယ်ဆိုတာ သေချာမသိရပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ ဖြစ်သွားတာပါ။ MPT ရဲ့ ပုံမှန် Ban ရင် တက်လာတဲ့ "STOP" ဆိုတဲ့ Page မဟုတ်ပဲ "The URL you requested has been blocked." ဆိုပြီး တက်လာမှာပါ။ ဒါနဲ့အတူ "blogspot.com" ကိုလဲ ban လိုက်ပြီး blogger.com ကတော့ ၀င်လို့ရနေပါသေးတယ်။ Domain ပြောင်းထားတဲ့ Blog တွေကတော့ ဒီပြဿနာကနေ လွတ်ကင်းနေပါတယ်။





Update: ဒီမနက်ကပဲ(၂၇.၁၁.၀၇) Ban လိုက်တယ်လို့ ထပ်သိရပါတယ်။

Read More...

Nov 23, 2007

How to uninstall Universal Customizer from U3 Drives and Restore Launch Pad back to Original?

Below is the simple steps if your U3 Drive was messed up by Universal Customizer. My U3 Drive is "Toshiba" and Universal Customizer mounted/changed the brand to "San Disk" and Uninstall from San Disk's U3 Launch Pad won't work. So I took a few risky testings :P but I was able to restore my U3 Launch Pad to Toshiba successfullly. Okie let's cut the crap and straight to the point.


1) You'll need a PC with Windows XP (Universal Customizer won't work on Vista)
2) Download this .ISO file (This ISO is only for Toshiba and I extracted from Toshiba U3 Updater)
3)Extract the "Dummy.iso" and "U3CUSTOM.iso" files to Universal Customizer folder (C:\Universal_Customizer\BIN)
4) Run the "Universal_Customizer"
5) It'll restore your U3 Launch Pad to original Toshiba U3 Launch Pad. That's All!

Note> For other brands (such as, Kingston, SanDisk, TwinMos)
- Download the latest U3 Updater from their official sites
- Extract the Updater with WinRAR or WinZip
- Check if there is a folder named "bin" that contains two ISO files ("Dummy.iso" and "LaunchPad.iso")
- Rename "LauchPad.iso" to "U3CUSTOM.iso"
- Replace "Dummy.iso" and "U3CUSTOM.iso" to Universal Customizer folder (C:\Universal_Customizer\BIN)
- Run the "Universal_Customizer" and that should restore your u3.

Read More...

Nov 22, 2007

Bagan Firewall ကို အလွယ်တကူ Bypass လုပ်ပြီး YouTube ကို ကြည့်မယ်

Ultra Surf, Your Freedom တို့ မသုံးပဲ Bypass လုပ်တဲ့နည်းပါ။

၁။ Start > Run > Type "cmd" and press enter
၂။ type "nslookup www.youtube.com" then press enter



၃။ ထွက်လာတဲ့ IP (ဥပမာ၊ ) ကို Browser ထဲက Address Bar ထဲမှာ ထည့်ပြီး Enter ခေါက်လိုက်ရင် YouTube ကို ရောက်သွားပါပြီ။ easy rite? :)




မှတ်ချက်။ MPT Firewall သုံးတဲ့ သူတွေလဲ အဲဒီလို လုပ်လို့ရပါတယ်။ YouTube တစ်ခုတည်း မဟုတ်ပါဘူး။ Unique IP ရှိတဲ့ Website တွေတော်တော်များများကို Ban ထားရင် ဒီလိုနည်းနဲ့ Bypass လုပ်လို့ရပါတယ်။ nslookup ကနေ ထွက်လာတဲ့ IP ကိုခေါ်လို့မှ ကိုယ်သွားချင်တဲ့ Site ကိုမရောက်ဘူးဆိုရင် အဲဒီ Site က Unique IP မရှိပဲ Shared IP နဲ့ဖြစ်နေလို့ပါ။ ချွင်းချက်အနေနဲ့ Google ရဲ့ Service (Blogger,Gmail, etc) အချို့ကို ဒီနည်းနဲ့ ၀င်လို့မရပါဘူး။ YouTube ကတော့ Google ရဲ့ Service တစ်ခုဖြစ်ပေမယ့် ဒီလိုဝင်လို့ရပါတယ်။ အဲ..နောက်ပြီး nslookup ခေါ်ချင်ရင် Bagan ရဲ့ Name Server တွေဖြစ်တဲ့ 203.81.71.69 (Primary) နဲ့ 203.81.71.73 (Secondary) ကို TCP/IP ရဲ့ DNS မှာထည့်ထားပေးရမှာ ဖြစ်ပါတယ်။ MPT အတွက်ကတော့ 203.81.64.19 (Primary) နဲ့ 203.81.64.20 (Secondary) ပါ။

Read More...

What is DoS Attack?

DoS Attack ဆိုတာ website တစ်ခုရှိတဲ့ webserver တစ်ခုရဲ့ ခံနိုင်တဲ့ request ထက်ကျော်တဲ့ request တွေ အများကြီးကို တစ်ပြိုင်တည်း request လုပ်လိုက်တဲ့ အခါမှာ webserver က လေးသွားပြီးတော့ နောက်ဆုံးမှာ ရပ်သွားအောင်လုပ်တာပါ။ request ဆိုတာ ကျွန်တော်တို့ browser ကနေ website တစ်ခုရဲ့ address ကို ရိုက်ထည့်လိုက်တဲ့ အခါ ကျွန်တော်တို့ဆီက request က အဲဒီ website ဆီကို တက်သွားပါတယ် ဒီတော့မှ website က လိုအပ်တဲ့ processing တွေလုပ်ပြီး respond ပြန်လိုက်ရင် ကျွန်တော်တို့ဆီမှာ webpage ကိုမြင်ရတာပါ။

ဥပမာအားဖြင့် - ABC ဆိုတဲ့ webserver ပေါ်က xyz.com ဆိုတဲ့ site က request က 500 ထိတပြိုင်ထဲ လက်ခံနိုင်တယ် ဆိုရင် attack လုပ်တဲ့သူက "bot" လို့ခေါ်ကြတဲ့ software ကိုသုံးပြီးတော့ request 600 လောက်ကို စက္ကန့်တိုင်း စက္ကန့်တိုင်းဆက်တိုက်ပို့ ပေးလိုက်တဲ့အခါ webserver က requst တွေကို တန်းစီပြီး တော့ တစ်ခုချင်းဆီ အလှည့်ကျ process လုပ်ပေးပါတယ် ဒါပေမယ့် request တွေက တဖြည်းဖြည်း အရမ်းများလာတဲ့ အခါကျတော့ request တွေစုပြုံလာပြီး webserver ရဲ့ Memory usage တွေတက် CPU Usage တွေ တက်လာပြီး Webserver လည်း နှေးရင်းနှေးရင်း နောက်ဆုံး ရပ်သွားပါတော့တယ်။



Dos ဘာလို့ လုပ်ရလဲဆိုတာကို ပိုပြီးနားလည်ရ လွယ်အောင် ကျွန်တော်ရဲ့ ဆရာ ကိုဝင်းထိန်ဝင်း ပြောပြဖူးတဲ့ ဥပမာလေးကို ပြန်ပြောပြပါမယ်။

ဆရာက ရှင်းပြပါတယ်။ DoS Attack ဆိုတာ ဈေးမှာ အိမ်သာ လုပ်ငန်း ပြိုင်ဖက်တွေလိုပဲတဲ့။ ဥပမာ.. ဈေးတစ်ခုမှာ အိမ်သာ Service ပေးတဲ့ မောင်ဖြူနဲ့ မောင်မဲဆိုတဲ့ Service Provider ၂ ယောက်ရှိတယ်ထားပါတော့။ ၂ ယောက်လုံးမှာက အိမ်သာ ၅ လုံးစီရှိကြတယ်။ ၂ ယောက်လုံးကလဲ Service အတူတူပေးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မသာကြဘူးဆိုပါတော့။ ဒီတော့ လူတွေကလည်း ကြုံတဲ့ ဖက်ကို ပဲဝင်အားပေးလိုက်ကြတာပေါ့။ ဒီတော့ မောင်မဲက စဉ်းစားတယ်။ မောင်ဖြူ့ဖက်ကို လူမ၀င်ပဲ သူ့ဖက်ကိုပဲ လူတွေ အားလုံး လာကြရအောင် ဘယ်လိုလုပ်ရမလဲပေါ့။ လူမိုက်ငှားပြီး ဟိုဖက်ကို သွားရိုက်ခိုင်းလို့လဲမရ ဥပဒေနဲ့ လဲညီရမယ် မောင်ဖြူလဲ စီးပွားပျက်ရမယ်ဆိုပြီး အကြံကြီးကြံရော။ အကြံလဲရရော ချက်ချင်းကို အကောင်အထည်ဖေါ်လိုက်တော့တယ်။

ဘယ်လို အကောင်အထည်ဖေါ်လဲဆိုတော့ ဈေးအနီးနားမှာ ရှိတဲ့ ၁၀၉/ ၁၁၀ အလုပ်လက်မဲ့ ၅ ယောက်ကို တစ်နေ့ကို ၅၀ ပေးပြီး မောင်ဖြူရဲ့ အိမ်သာတွေကို မနက်ကတည်းကနေ ညနေအထိ သွားပြီး တက်ခိုင်းထားတာပါ။ ဒီတော့ လာသမျှလူတွေကလဲ မောင်ဖြူဆီမှာ မစောင့်နိုင်တော့ မောင်မဲရဲ့ Service ကို လာပြီးသုံးရတော့ မောင်မည်းက အမြတ်ကြမ်းကြမ်းရနေတာပေါ့။ ဒီလိုနဲ့ မောင်ဖြူကလဲ မောင်မဲရဲ့ အကြံအစဉ်တွေကို ရိပ်မိသွားတော့ အဲဒီ တစ်နေကုန် လာထိုင်နေတဲ့ ၅ ကောင်ကို အထဲက ဆွဲထုတ်ပြီး နောက်သူ့ Service ကို ဘယ်တော့မှ မသုံးရဆိုပြီး မောင်းထုတ်လိုက်တာပေါ့။ ဒါကို မောင်မဲကလည်း အငြိမ်မခံပဲ နောက်ထပ် လူတွေ ငှားပြီးတော့ ဟိုဖက်ကို တက်ခိုင်းပြန်တယ်။ မောင်ဖြူကလဲ သိသွားတာနဲ့ ဆွဲထုတ်တာပဲ။

DoS Attack ဟာ အဲဒီလို လုပ်သွားတာပါ။ တစ်ဖက်လူရဲ့ Service ကို လူမ၀င်အောင်.. ကိုယ့်ဖက်ကို လူဝင်များအောင် လုပ်တဲ့သဘောပါ။ မောင်ဖြူက လူတွေကို ဆွဲထုတ်သလို Attack လုပ်ခံရတဲ့ Website ရဲ့ Webmaster တွေကလည်း Attack လာတဲ့ IP တွေကို Ban ပစ်ပါတယ်။ ဒီလိုပဲ Attack လုပ်တဲ့သူကလည်း တတ်နိုင်သလောက် Attack IP တွေကို အမျိုးမျိုးပြောင်းပြီး တိုက်သွားတာပါ။


More on Wikipedia

Read More...

တကယ်မိုက်တဲ့ ဂေါ်ဒိုင် ဒေါ့ ကွန်း (Gawdi.com)

“ဟာ..သယ်ရင်း.. မင်းရဲ့ site က တယ်လန်းနေပါလား.. Design ပိုင်းလဲ လန်ထွက်နေတာပဲ..” လို့ လူငယ်တွေ ပြောတာကို နားမလည်ဘူးဆိုရင် ဂေါ်ဒိုင် ကိုသွားဖို့ လိုအပ်ပါတယ်။ ဂေါ်ဒိုင်ဆိုတာ မြန်မာ လူငယ်တွေ Web 2.0 ပုံစံ လုပ်ထားတဲ့ Site တစ်ခုပါ။ အခုခေတ် လူငယ် အချင်းချင်း သုံးနေတဲ့ ဗန်းစကားလို့ ခေါ်တဲ့ စကားလုံး စာစုတွေကို စုစည်းဖော်ပြထားပြီး ကိုယ်ကိုတိုင်လည်း စကားလုံး အသစ်တွေကို ထည့်သွင်းလို့ရပြီး ရှိပြီးသား ဗန်းစကားတွေကို Vote လုပ်ခွင့်နဲ့ အဓိပ္ပာယ် ထပ်မံ ဖွင့်ဆိုခွင့် (ဒါမှမဟုတ် ပြုပြင်ခွင့်) တွေပေး ထားတဲ့ website ပါ။

မြန်မာလို “၀င်းအင်းဝ” ဖောန့်ကို သုံးထားပြီး Search လုပ်လို့ရသလို မြန်မာလို မရိုက်တတ်ရင်လဲ Burglish လို Search ခွင့်နဲ့ Burglish လို ထည့်ထားတဲ့ ဗန်းစကားတွေကို မြန်မာလို ပြန်ပြောင်းဖို့ အကြံ ပေးလို့လဲရပါတယ်။ လက်ရှိ ဗန်းစကားတွေ အတော်များများကို စုံလင်အောင် ထည့်ထားပေးပါတယ်။ ဒါပေမယ့် သတိပေးချင်တာက တစ်ချို့သော ဗန်းစကားတွေက ယောင်္ကျားလေး အချင်း ချင်း သုံးတဲ့ စကားလုံးတွေ ဖြစ်တဲ့အတွက် အများအမြင်မှာ အတော်ကို ရိုင်းသလို ဖြစ်သွားနိုင်ပါတယ်။ မျက်စိရှက်တတ်တဲ့သူတွေ သတိထားပြီး ၀င်သင့်ပါတယ်။

ဂေါ်ဒိုင်ရဲ့ ရည်ရွယ်ချက်က တစ်ချိန်ချိန်မှာ ပျောက်ဆုံးသွားမယ့် ဗန်းစကားတွေကို မပျောက်အောင်လို့ တစ်နေရာမှာ စုစည်းထားပေးတဲ့သဘောပါ။


Read More...

This.Analyze("Rapster88") သို့မဟုတ် ငါ ဘာကောင်လဲ?? + ဘူးဒူး

ဟိုးအရင်ကတည်းက တက်ခ်(Tag) ထားတဲ့ ကိုတေဇာ ရဲ့ Tag ကို ရေးမယ်ရေးမယ်နဲ့ နေ့ရွှေ့ ညရွှေ့ လုပ်လိုက်တာ အခုတော့ ကို Zero Trash ကလဲ Tag ပြန်တော့ ၂ ခုပေါင်းပြီး တစ်ခါ တည်း Reply ပြန်လိုက်ပါတယ်။

ကို Zero Trash ရဲ့ Tag က တော့ ငါ..ဘာကောင်လဲ? ဆိုတဲ့ Tag ပါ။ ကိုတေဇာကတော့ ကိုယ့်ပုံကို ပြန်ဆွဲခိုင်းတာပါ။

ဒီနေရာမှာ တောင်းပန်ချင်တာက ကျွန်တော်က ကျွန်တော်ရဲ့ Personal အကြောင်းတွေကို Blog (Also online) မှာ အသေး စိတ်ဖေါ်ပြလိုစိတ် မရှိတဲ့အတွက် အခြား ဘလော့ဂါတွေ ရေးသလိုတော့ ဖတ်လို့စုံမယ် မထင်ပါဘူး။ ကဲစပြီ...

ပုံပန်းသဏ္ဍန်

- အရပ်ရှည်တယ်
- ပိန်တယ် ( Appeton Weight Gain ကြော်ညာထဲက ပုံနဲ့တူတယ်)
- မျက်မှန်အမြဲတပ်တယ် ( ၉ တန်းတုန်းက Game အရမ်းကစားလို့ မျက်စိ မှုန်သွားတာ)

စိတ်နေစိတ်ထား

- များသောအားဖြင့် သဘောကောင်းတယ်
- တော်ရုံ စိတ်မဆိုးတတ်ဘူး ဒါပေမယ့် စိတ်ဆိုးရင် ဒေါသကြီးတယ်
- မသိတဲ့လူတွေနဲ့ တွေ့ရင် စကားနည်းတယ်
- မျက်နှာထား ခပ်တည်တည် နေတတ်တယ် (အိမ်မှာဆိုရင်တော့ မဟုတ်ဘူး)

အထွေထွေ


- ဦးဏှောက် နည်းနည်း ပျက်နေတယ်။ (ငယ်ငယ်တုန်းက ကျောင်းမှာ ခေါင်းကို ခဏခဏ ခပ်ပျင်းပျင်း အတီးခံလို့ လို့ ထင်တာပဲ)
- Monitor ပေါ်မှာ Icon မလိုတဲ့ Icon တွေ တစ်ခုမှ မထားဘူး။
- အချိန်တိုင်း လိုလို အိပ်ငိုက်နေတတ်တယ်။
- စိတ်ခံစားချက်ပေါ်မှာ မူတည်ပြီး သီချင်း အမျိုးစုံ နားထောင်တယ်။
- Internet ထဲမှာ လိုက်မွှေနေရတာကို သိပ် ၀ါသနာ ထုံတယ်။

တွေးကြည့်ပြီး ထွက်လာတာတွေကို ပြန်စိစစ်လိုက်ပြီး ရေးထားတာပါ။ အောက်မှာ ဆွဲထားတဲ့ ပုံကတော့ ကျွန်တော်နဲ့ ဆံပင်က လွဲလို့ တော်တော်များများ တူပါတယ်။ ဒီပုံကို အပင်ပန်းခံ ပြီး ၂ ခါတောင် ဆွဲပေးတဲ့ Piyo Piyo ကိုလည်း ကျေးဇူး အကြီးကြီး တင်ပါတယ် :) ။ ဖိနပ်နားမှာ ရေးထားတဲ့ စာက "This is my scholl" ပါ။ ကျွန်တော်ရဲ့ ဖိနပ်ပြဿနာကို ဖတ်ချင်ရင် ဒီမှာ နဲ့ ဒီမှာ ဖတ်လို့ရပါတယ်။



ကဲ.. Tag အကြွေးတွေတော့ ရှင်းသွားပါပြီ။ စိတ်ထဲမှာ အခုမှပဲ ပေါ့သွားပါတော့တယ်။ (မဟုတ်ရင် ကို ZeroTrash က နေ့တိုင်း အိမ်စာ လာလာစစ်နေတာ။)

Read More...

Nov 20, 2007

Problem with New Header Image

ခုနကလေးတင်ပဲ Header Image တစ်ခုကို Photoshop နဲ့လုပ်ပြီး တင်ထားတာ ပြဿနာ နည်းနည်းရှိနေပါတယ် (အောက်ကပုံကိုကြည့်ပါ။) အပေါ်က Navigation Bar နဲ့ ပုံကြားထဲမှာ နေရာလွတ်တစ်ခု ဖြစ်နေတာကို ဖျောက်လို့ မတတ်လို့ပါ။ တတ်ကျွမ်းတဲ့သူများ ရှိရင် တစ်ချက်လောက် ကူညီပေးကြပါ :( ။

Read More...

How to avoid Rapidshare download limit easily??!

Yes, I mean "easily" and this method is only for Bagan Cybertech Users.

တစ်ခါတစ်လေ အရေးကြီးတဲ့အခါမှ Rapidshare က Free download limit ပြည့်နေလို့ 1mb တောင် မပြည့်တဲ့ file ကို download လို့ မရပဲ အချိန်အကြာကြီး ထပ်စောင့်ခိုင်းတာမျိုး ဖြစ်ဖူးကြမှာပါ။ ဘာလို့ အဲဒီလို ဖြစ်လဲဆိုတော့ Rapidshare က Free download လုပ်ရင် IP နဲ့ Log လုပ်တတ်ပါတယ်။ IP တစ်ခုက တစ်ကြိမ်မှာ file တစ်ဖိုင်ကိုပဲ download လုပ်ခွင့်ပေးတာပါ။ ကိုယ်က download မလုပ်ရသေးပဲ Rapidshare က စောင့်ခိုင်းနေတဲ့သဘောက Bagan Cyber Tech က Proxy Server ကိုသုံးပြီး Outbound IP တွေကို Share သဘောမျိုးနဲ့ လုပ်ထားလို့ပါ။ ဒီတော့ တစ်ခြားတစ်ယောက်နဲ့ ကိုယ်က ပြည်တွင်း IP မတူပေမယ့် ပြည်ပ IP တူနေတော့ သူက download လုပ်ရင် ကိုယ်က လုပ်မရဖြစ်တာပါ။



ဒါပေမယ့် အဲဒီ Bagan Cyber Tech ရဲ့ Proxy တွေကိုပဲ အသုံးချပြီး IP ပြောင်းပြီး Download Limit ကို အလွယ်တကူ ဖြတ်လို့ရပါတယ်။ လုပ်နည်းကို အောက်မှာ ဖတ်ကြည့်လိုက်ပါ :) ။

၁။ ဒီမှာ Bagan ရဲ့ Proxy တွေကို ဘယ်လိုရှာကြည့်ရလဲ ဆိုတာကို အရင်ဖတ်လိုက်ပါ။


၂။ လုပ်နည်းက ဒီလို - ဥပမာအားဖြင့် ကျွန်တော်က Proxy 203.81.71.234 နဲ့ Download လုပ်ဖို့ကြိုးစား တယ်ထားပါတော့ မရဘူးဆိုရင် Proxy ကို နောက်တစ်ခုကို ပြောင်းလိုက်ပါ (eg. 203.81.71.237)။ ဒီအခါ အပြင် IP က ပြောင်းသွားပြီး Download လုပ်လို့ ရသွားပါလိမ့်မယ်။ မရသေးရင် နောက်တစ်ခုကို ထပ်ပြောင်းပါ။ ပြောင်းပြီးရင် Page ကို Refresh လုပ်လိုက်ပါ။

၃။ Proxy ကို Firefox နဲ့ IE မှာ ပြောင်းတဲ့ Step တွေပါ။ Proxy ပြောင်းတာကို ဒီထက် လွယ်လွယ်ကူကူပြောင်းချင်ရင် Firefox အတွက် ဒီကိုဝင်ပြီး IE အတွက် ဒီကို ၀င်ဖတ်ကြည့်ပါ။

Firefox
Go to Tools > Options > Advanced > Network > Settings

IE
Go to Tools > Internet Options > Connections > Lan Settings (or Select Dialup Connection > Settings)



ဒါဆိုရင် Download ပြဿနာ အဆင်ပြေသွားမှာပါ။ Bagan က Proxy ၉ ခု (ဒီထက်မက ရှိပါသေးတယ် ;) ) ကို လှည့်ပတ်ပြီး ကြိုးစားကြည့်ပါ။ ဒါမှ မရသေးဘူးဆိုရင် Freedom or Ultra Surf တို့ သုံးပြီး IP ထပ်ပြောင်း လို့ရပါသေးတယ်(Ultra Surf အကြောင်း ဒီမှာဖတ်ပါ)။ ဒီလောက် လုပ်တာတောင်မှ Download မရရင်တော့ ကံသိပ်ဆိုးတဲ့နေ့ လို့သာ မှတ်ပြီး နောက်မှ ထပ်လုပ်ပါတော့ :D။ MPT က user တွေကတော့ UltraSurf or Freedom ကိုပဲ သုံးပြီး proxy ပြောင်းလို့ရပါမယ်။ MPT မှာအရင်က သုံးလို့ရတဲ့ Proxy ၂ ခု ရှိပေမယ့် အခုတော့ တစ်ခုပဲ ရပါတော့တယ်။

Read More...

Nov 15, 2007

PkBlogs.com back into action!

Pkblogs.com ဆိုတာ Blogs တွေကို ဘန်းထားတဲ့ တိုင်းပြည်တွေမှာ Blog တွေကို ကြည့်လိုရအောင် လုပ်ထားတဲ့ Tunnel Service ပါ။ Kproxy လိုမျိုးပါ။ ဒါပေမယ့် Blogspot သီးသန့်ပါပဲ။ ဟိုတစ်လောက ဒီမှာ Blogspot ကို ဘန်းလိုက်တုံးက ဒီ Service ကို ၀င်ပြီး စမ်းကြည့်ခဲ့တုန်းက အလုပ်မလုပ်ပဲ ရပ်နေပါတယ်။ အခုတော့ ကောင်းသွားပါပြီ။ သုံးရတာ မြန်ပြီး လွယ်ပါတယ်။ PKBlogs.com ထဲကို ၀င်ပြီး box ထဲမှာ blog id ကို ရိုက်ထည့်ပေးလိုက်ရုံပါပဲ။ ဒါမှမဟုတ်လဲ "http://www.pkblogs.com/yourblogidhere" လို့ browser addressbar ကနေ တိုက်ရိုက် လှမ်းခေါ် ပြီး သုံးလို့ရပါတယ်။



Read More...

Windows XP ကို ၆ မိနစ်အတွင်း Hack လုပ်ချင်း

ဟုတ်ပါတယ်.. ၆ မိနစ်ထဲပါ။ UK အစိုးရ ထောက်လှမ်းရေးအဖွဲ့ရဲ့ Serious Organized Crime Agency မှာ အလုပ်လုပ်နေတဲ့ Security Experts ၂ ယောက်က Microsoft က လူတွေရှေ့မှာ လုပ်သွားတာပါ။ Windows XP Service Pack 1 ကို Security Patch တွေနဲ့ Security Application (Antivirus, Firewall etc) တွေတစ်ခုမှ မတင်ပဲ Unsecured Wireless Connection တစ်ခုပေါ်ကနေ Hack လုပ်ပြီး complete control လုပ်ခဲ့တာပါ။ Hack လုပ်မယ့် စက်ရဲ့ IP Address ကို Scan လုပ်လို့ ရသွားတဲ့အခါ Internet ပေါ်ကနေ download လုပ်လို့ရတယ် open source hack tool ကို သုံးပြီး စက်ရဲ့ အားနည်းချက်ကို scan ထပ်ရှာပါတယ်။ နောက်ထပ် Tools တစ်ခုကို အသုံးပြုပြီး စက်ရဲ့ Security Hole တွေကို attack လုပ်နိုင်မယ့် exploit ကို build လုပ်ပြီး attack ကို စလိုက်ပါတယ်။ အဲဒီ အလုပ်တွေအားလုံးကို ၆ မိနစ်ပဲ အချိန်ယူပါတယ်။

“မျက်စိရှေ့မှာတင် Windows XP ကို Hack လုပ်ခဲ့တာဟာ အသိပညာတွေရသလို တုန်လှုပ်စရာလဲ ကောင်းပါတယ်” လို့ Microsoft UK ရဲ့ Platform Strategy Director Nick McGrath ကပြော သွားပါတယ်။ “ဒါပေမယ့် Hack လုပ် ခဲ့တဲ့ စက်က အကာအကွယ် ဘာမှမရှိတဲ့ စက်ပါ” လို့လဲ သူက ထပ်ပြီးပြောသွားခဲ့ပါတယ်။ Service Pack 2 ကို နောက်ဆုံး Security Patch တွေနဲ့ upgrade လုပ်လိုက်တဲ့အခါ အားနည်းချက်တွေ အနည်းငယ်လျော့သွားပါတယ်။ Microsoft ရဲ့ နောက်ဆုံးထုတ် OS ဖြစ်တဲ့ Vista မှာကတော့ Security ပိုင်းကို ပိုမိုစိတ်ချရအောင် လုပ်ထားပါတယ်။

Keznews.com မှ "One More Reason to Upgrade to Vista: 6-Minute XP Hack Is Frightening!" ကို တတ်သလောက် အဆင်ပြေသလို ဘာသာပြန်သည်။

Read More...

Easily Ping With Ping Test Easy!

Ping Test Easy ဆိုတာ Free Application တစ်ခုပါ။ Network ထဲမှာ IP တွေ အတော်များများကို Ping ရတယ်ဆိုရင်တော့ Windows CMD ကနေ Ping တာထက် ဒီ Ping Test Easy ကနေ Ping တာ ပိုပြီး လွယ်ကူပါတယ်။ IP တွေကို Save မှတ်ထားလို့ရတဲ့အတွက် အချိန်ကုန် သက်သာတယ်။ Buffer Size, Ping Interval နဲ့ Ping Time တွေကို ကိုယ့်စိတ်ကြိုက် ပြောင်းလို့ရတာက Command Prompt ထက် အများကြီးသာပါတယ်။ IP Scan လို့ရတဲ့ Feature လဲပါပါတယ်။ Network သမားတိုင်း ဆောင်ထားသင့်တဲ့ Application တစ်ခုပါ။ Install လုပ်စရာ မလိုပဲ Vista မှာလည်း Run နိုင်ပါတယ်။ 252 KB ပဲရှိပါတယ်။



Read More...

Nov 14, 2007

Funny Cartoons

ကျွန်တော့်ရဲ့ အဖိုးပို့လိုက်တဲ့ပုံတွေပါ။ တစ်ချို့ပုံတွေက တော်တော်ကို ရီရပါတယ်။ Page Loading အပြည့်တက်တဲ့ အထိ စောင့်ပြီးမှ ပုံတွေကို Click နှိပ်ပေးပါ။ ဒါဆိုရင် Light Box Effect တက်လာပြီးတော့ ပုံတွေကို Left/Right key နှိပ်ပြီး ရွှေ့ကြည့်လို့ ရပါတယ်။ :)












Read More...

Nov 13, 2007

I'm going offline for a few days

ကျွန်တော် နေမကောင်းဖြစ်နေတဲ့ အတွက် ဒီရက်ပိုင်း Post တွေ မတက်နိုင်ဖြစ်ရင် ခွင့်လွှတ်ပေးပါလို့ တောင်းပန် ချင်ပါတယ်။ ဒါပေမယ့် မတင်ဖြစ်လဲ အလွန်ဆုံး ၂ ရက် ၃ ရက်ပေါ့ :) ။ နေကောင်းသွားရင် အရင်လို ပြန်ပြီး တင်သွားမှာပါ။ အခုတော့ ခေါင်းမူးတာ ချာချာကို လည်နေတာပဲ။

Read More...

Nov 12, 2007

Free PDF Converter Both Online/Offline

များသေားအားဖြင့် ဒီမှာသုံးကြတာက Adobe ထုတ်တဲ့ Adobe Acrobat Reader ပါ။ Acrobat Reader က Free Version ဆိုရင် PDF တွေကို ဖွင့်လို့ပဲရပြီး Convert လုပ်ချင်ရင်တော့ Pro Version ကို ၀ယ်ရပါတယ်။ ဒါပေမယ့် PrimoOnline ဆိုတဲ့ Website မှာ File Types တော်တော်များများ (အပြည့်အစုံကို ဒီမှာကြည့်ပါ) ကို PDF ဖြစ်အောင် FREE ပြောင်းပေးတဲ့ Online Service ရှိပါတယ်။ PDF ပြောင်းဖို့ကို Step ၃ ခုပဲ လုပ်ရပါတယ်။ Step တွေက ထွေထွေ ထူးထူးမဟုတ်ပါဘူး။ Mail Address ထည့်ပေးရတယ် နောက်ပြီး ပြောင်းချင်တဲ့ File ကို တင်ပေးလိုက်ရင် PDF ပြောင်းပြီးတာနဲ့ Mail box ထဲကို အကြောင်းကြားစာနဲ့ ပြောင်းထားတဲ့ PDF ကို Attach လုပ်ပြီးပို့လိုက်ပါတယ်။ ဒါ့အပြင် PrimoOnline PDF Converter ကို Windows Application လဲရှိပါတယ်။ ဒီမှာ Download လို့ရပါတယ်။








မှတ်ချက်။ Microsoft Office 2007 သုံးတဲ့သူတွေ သတိထားရမှာက Word Document အသစ်ဖြစ်တဲ့ .docx ကို PDF ပြောင်းလို့မရသေးပါဘူး။ ဒီအတွက် Save လုပ်တဲ့နေရမှာမှာ "Save As > Word 97/2003" Format နဲ့ Save ပေးပြီးမှ PDF ပြောင်းလို့ရပါမယ်။



Source: Raymond.CC Blog


နောက်ထပ် အသုံးဝင်တဲ့ Free Converter တွေနဲ့ Tools အနည်းငယ် ရေးဖို့ စီစဉ်ထားပါတယ်။ စောင့်မျှော် အားပေးပါဦးလို့ :) ။

Read More...

Nov 11, 2007

Hacker Puzzle နဲ့ ဦးနှောက်စားတဲ့ကျွန်တော်

သတိ!- Post ရဲ့အောက်ဆုံးမှာ Level တစ်ခုချင်းစီရဲ့ ဖြေပုံဖြေနည်းတွေကို ရေးထားတဲ့အတွက် အဖြေမသိချင်ပဲ ကိုယ့် သဘောနဲ့ ကိုယ်ဖြေချင်သူများ Scroll ကို သတိထားပြီး ဆွဲပါ။

ဟိုနေ့က ကိုမျက်လုံး ဆီကို ပထမဦးဆုံးအလည်ရောက်သွားတယ်။ ရောက်ရောက်ချင်းပဲ စိတ်ဝင်စားစရာ Game တစ်ခုကို တွေ့တယ်။ Hacker Puzzle တဲ့။ HTML based Text game လေးပါ။ Game သေးတယ်ဆိုပြီး အထင်သေး လို့မရပါဘူး။ တကယ်ကို ဦးနှောက်,Google နဲ့ Yahoo ၃ ခုပေါင်းသုံးပြီး အဖြေထွက်အောင် ရှာရပါတယ်။ Hacker လို့သုံးထားပေမယ့် တကယ်က IQ Test လို မျိုးပါ။ Internet နဲ့ URL အကြောင်း သေးသေးလေး သိရင် ကစားလို့ ရပါတယ်။ ရှေ့နောက် ဆက်စပ်တွေးတတ်ရမယ်။ နောက်ပြီး General Knowledge ရှိရမယ်။ ဒါဆိုရင် ကစားလို့ရပါပြီ။

စနေညနေမှာ စပြီးကစားလိုက်တာ စနေညမှ ခဏနားတယ်။ နောက်ဒီနေ့ တစ်နေကုန်နားပြီး အခုပြန်ကစားတာ အောင်မြင်သွားပါပြီ။ စုစုပေါင်း Level ၂၃ ခုရှိပါတယ်။ ထုံးစံအတိုင်း တဆင့်ချင်းဆီ ခက်အောင်လုပ်သွားတဲ့ ပုံစံပါ။ တစ်ချို့ Level တွေမှာ တော်တော်ကြာကြာ တစ်သွားတာမျိုးရှိပါတယ်။ Google မှာရှာလိုက်ရင် တခြား ဖြေပြီးလို့ အောင် သွားတဲ့လူတွေရဲ့ Website တွေ Blog တွေရှိပေမယ့် ၀င်မကြည့်ခဲ့ပါဘူး။ ဒါမှလည်း ကစားရတာ ပိုပြီးအရသာရှိပါတယ်။ အောက်မှာ အဖြေတွေကို ရေးထားပေးတယ်ဆိုတာက Level တစ်ခုကို လုံးဝ မဖြေနိုင်တော့မှ ၀င်ကြည့်လို့ရအောင်ပါ။ (ဒီအတွက် အဆင်ပြေအောင် အဖြေတစ်ခုကြည့်ရင် နောက်တစ်ခုကိုသွားမတွေ့အောင် အဖြေတွေကို အကျယ်ကြီး ခြားထားပေးပါတယ်။)

ကိုမျက်လုံးရဲ့ Original Post ကို ဒီမှာ ၀င်ဖတ်လို့ရပါတယ်။

START THE GAME HERE!

ကဲ.. အောက်မှတော့ အဖြေတွေနော်.. စိတ်မခိုင်ရင် ဆက်မဖတ်ကြနဲ့တော့ :D

++++++++++ Hacker Puzzle Answers written by Rapster ++++++++++





Level 1
ဒါကတော့ Intro Page ပါ။ ၀င်လိုက်ရင် "1" လို့ အကြီးကြီးရေးထားတာ တွေ့ရလိမ့်မယ်။ အဲဒါက Game ရဲ့ အဓိက Quiz နဲ့ Solution ပါပဲ။ နောက်ပိုင်း Level တွေမှာ အဲဒီ အလယ်မှာ ပေးထားမယ့် စာတွေနဲ့ လက်ရှိကိုယ်ရောက်နေတဲ့ Level number. နောက်ပြီး ရှေ့ဆက်တက်ရမယ့် Level Number ကို ဆက်ပြီးတွေးယူရမှာပါ။

Hint ဆိုပြီးပေးထားပါတယ်။ Page 2 ကိုရောက်အောင် သွားဖို့ Link မရှိဘူးတဲ့။ Hacker လိုတွေးပြီး URL တွေကို ကလိပြီးသွားပါတဲ့။ ဒါဆို URL တွေကို ကြည့်ရအောင်။ "http://www.freestuffhotdeals.com/hacker/1.html" Browser Addressbar ထဲမှာ တွေ့ပါတယ်။ Link နောက်ဆုံးအပိုင်းကိုကြည့်ရင် 1.html တဲ့။ အလယ်မှာ ပေးထားတဲ့ စာလုံးကြီးကလဲ 1 တဲ့။ ဒီတော့လွယ်ပါတယ် နောက်တ page ကိုသွားဖို့ အလယ်မှာပေးထားတဲ့ စာလုံးပုံစံနဲ့ တူရမယ်။ ဒီတော့ "1.html" ကို 2.html လို့ပြင်ပြီး Enter ခေါက်လိုက်။ ဒါဆို Level 2 ကိုရောက်ပြီ။






Level 2
Level 2 မှာတော့ အလယ်က စာလုံးကြီးကို "two" လို့ရေးထားတယ်။ ဒီတော့ Page 3 ကို သွားဖို့ အဲဒီစာလုံးပုံစံအတိုင်း ယူရမယ်။ 2.html ကို three.html လို့ပြင်လိုက်ရင် Level 3 ကိုရောက်တယ်။







Level 3
Level 3 ကတော့ အလယ်မှာ "iii" ဆိုတာရှိတယ်။ အဲဒါက ရောမခေတ်သုံး ဂဏန်းပါ။ ဒီတော့ Page 4 ကိုသွားမယ်ဆိုရင် three.html ကို ရောမဂဏန်း ၄ ဖြစ်တဲ့ "iv" ထည့်လိုက်။ ဒါဆို "iv.html" ဖြစ်ပြီး Level 4 ကိုရောက်ပြီ







Level 4
ဒီ Level ပြီးသွားရင် နောက်ထပ် Hint မရှိတော့ပါဘူး။ ကိုယ့်ဟာကိုတွေးရမယ့် အဆင့်တွေပါ။ အလယ်မှာဘာရေးထားလဲ? "ruof" တဲ့။ ပြောင်းပြန်ပြန်ဖတ်ကြည့် "ruof = four" ။ ဒါဆို "five" ကို ပြောင်းပြန်ဆိုရင် "evif" လေ။ URL ကို evif.html လို့ပြောင်းလိုက်။






Level 5
"ffiivvee" စာလုံး တစ်ခုဆီကို ၂ ခါစီရေးပေးထားတယ်။ ဒီတော့ လွယ်ပါတယ် သူ့ပုံအတိုင်း six ကို "ssiixx.html" လို့ ပြင်လိုက်ပေါ့။





Level 6
အပေါ်က Level နဲ့ဆင်တယ်။ 6 ကို ခြောက်လုံးရေးထားတော့ 7 ကိုလဲ "7777777.html" ဖြစ်အောင် ၇ လုံးရေးလိုက်။







Level 7
ဒီမှာ ဂဏန်းတွေ ခဏနားသွားပြီး စာလုံးတွေ ပြန်ဝင်လာတယ်။ "uranus" တဲ့ ဘာလဲ?? မသိရင် Google ကြည့်လိုက်။ Uranus ဆိုတာ Solar System (နေအဖွဲ့အစည်း) မှာ ၇ လုံးမြောက် ဂြိုလ်ပါ။ ဒါဆို ၈ လုံးမြောက်က?? Pluto မဟုတ် ဘူး Saturn မဟုတ်ဘူး။ ၈ လုံးမြောက်က Neptune ပါ (ဒီမှာဖတ်ကြည့်လို့ရတယ်) ။ URL ကို "neptune.html" လို့ ပြောင်းပေါ့။







Level 8
အလယ်က စာလုံးက "acht" တဲ့။ ကျွန်တော်လဲမသိဘူး။ ဒါနဲ့ Google ကြည့်တော့ ဒီမှာ(Yahoo Answers) မှာ acht ဆိုတာ ဂျာမန်လို ၈ ကိုပြောတာ။ ၉ ကြတော့ "neun" တဲ့။ ဒါဆို "neun.html" ပေါ့။






Level 9
"sept" ?? အဲဒါ September ရဲ့အတိုကောက်ပါ။ September က ၉ လမြောက်လလေ။ ဒါဆို October က ဆယ်လ မြောက်။ သူ့အတိုင်း အတိုကောက်ပြန်ရေးရင် "oct.html" ။






Level 10
ဟဲဟဲ.. ဒီနေရာမှာတော့ ဖဲကစားဖူးတဲ့ သူတွေက ပိုသိမယ်။ ဖဲချပ်မှာ ၁၀ ပြီးရင် ဘာလာလဲ?? Jack လေ ပြီးရင် Queen, King ။ So URL is "jack.html"






Level 11
ဒီအဆင့်မှာ ကျွန်တော် အချိန်နည်းနည်း သုံးလိုက်ရတယ်။ "eLeVeN" တဲ့။ တစ်လုံးခြားစီကို အကြီးနဲ့ရေးထားတယ်။ ဒါဆို နောက် page က "tWeLvE.html" လား?? URL မှာ Case Sensitive မဖြစ်ဘူးလို့ ထင်ထားတာ မှားသွားတယ်။ ဟုတ်ပါတယ် နောက် page က "tWeLvE.html" ပါ။






Level 12
ဂဏန်းတွေ ပြန်ရောက်လာပြီ :P ။ 144 ??? ဒီမှာလည်း အချိန်ထပ်ပေးလိုက်ရတယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့မှ 12 x 12 = 144 ပါ။ 13 x 13 = 169 ။ Then next page must be "169.html"






Level 13
ဟိုက်.. ဘာမှလည်းမမြင်ဘူး အမည်းကြီးတွေပဲ။ မီးပျက်နေတာလား?? :P ။ Page ရဲ့ အလယ်က စာလုံးနဲ့ Background က အရောင်ကို တစ်ထပ်တည်း လုပ်ထားလို့မမြင်ရတာပါ။ Page ထဲက တစ်နေရာမှာ Click နှိပ်ပြီး Ctrl+A လို့ တွဲနှိပ်လိုက်ရင် အလယ်က စာပေါ်လာမယ်။ "number13" တဲ့။ လွယ်ပါတယ်။ "number14.html" ပေါ့။








Level 14
ဒီ Level က Level 8 နဲ့ဆင်တယ်။ "catorce" ဆိုတာ စပိန်လို ၁၄ ပါ။ ၁၅ ကိုတော့ "quince" လိုခေါ်ပါတယ်။ "quince.html" ။ Read Here







Level 15
"buchanan" ?? မသိရင် Google မှာသာ ရှာကြည့်ပါ။ "define: the keyword you wanna search" ဆိုတဲ့ formula နဲ့ရှာရင်ရတယ်။ "define: buchanan " လို့ရှာတဲ့အခါ "Buchanan" ဆိုတာ အမေရိကန်နိုင်ငံရဲ့ ၁၅ ယောက်မြောက် သမ္မတပါ။ နောက် page ကို သွားချင်ရင် ၁၆ ယောက်မြောက် သမ္မတရဲ့ နာမည်ဖြစ်တဲ့ "Abaraham Lincoln" ကို သူပေးထားတဲ့ Hint အတိုင်း နာမည် နောက်ဆုံးစာလုံး "lincoln" ကိုသုံးပြီး "lincoln.html" လုပ်လိုက်ပါတယ်။









Level 16
"sédecim" က လက်တင်ဘာသာစကားမှာ ဂဏန်း ၁၆ ပါ။ ၁၇ ကိုတော့ "septendecim" လို့ခေါ်ပါတယ်။ ဒီတော့ "septendecim.html" ပေါ့။









Level 17
"10001" က ၁၇ ရဲ့ Binary Number ပါ။ ၁၈ ရဲ့ Binary ကတော့ 10010 ။ Then next step is "10010.html"









Level 18
ဒီ Level က ကျွန်တော့် Favourite ပါ။ "argon" တဲ့။ Argon ဆိုတာ ဓါတ်ငွေ့တစ်မျိုးပါ။ ငယ်ငယ်တုန်းက Chemistry မှာကျက်ခဲ့ဖူးတဲ့ Periodic Table (အလှည့်ကျ ဇယား) မှတ်မိသေးလား?? "ပို ဆို ဘေ ကယ်" ဘာညာ ဘာညာလေ :D။ မမှတ်မိရင် ဒီမှာ ကြည့်လိုရတယ်။ "argon" က Periodic Table မှာ ၁၈ ခုမြောက်ပါ။ 19 ခုမြောက်က "Potassium(K)"။ ဒါပေမယ့် သူပေး ထားတဲ့အတိုင်း "potassium.html" လုပ်လိုက်တယ်။







Level 19
ဒီ Level က နည်းနည်းစားတယ်။ ဟိုးအရင်တုန်းက ထုတ်တဲ့ “သုတဘဏ် ဥာဏ်စမ်း” ဆိုတဲ့ စာအုပ်တွေထဲမှာတော့ ခဏ ခဏ မေးလေ့ရှိတဲ့မေးခွန်းပါ။ "ojofuffo" ဆိုတာ ကိုယ်ရေးချင်တဲ့ Letter ကို တစ်လုံးကျော်ပြီးရေးထားတာပါ။ ဥပမာ Blog ဆိုရင် B ရဲ့နောက်စာလုံးက D ။ l က m ။ o က p ။ g က h ။ ဒါဆိုရင် "Blog = Dmph" and "ojofuffo = nineteen" so "twenty = uxfouz" . So answer to next level is "uxfouz.html"







Level 20
"define: icosagon" လို့ Google မှာရှာရင် Wiki က အဖြေထွက်လာပါတယ်။ icosagon ဆိုတာ ထောင့် အခု ၂၀ ရှိတဲ့ Polygon ပါ။ စက်ဝိုင်းပုံ နည်းပါးဖြစ်နေပါပြီ။ ထောင့် ၂၁ ခု ရှိတာကိုတော့ "icosihenagon" လိုခေါ်ပါတယ်။ အဖြေက "icosihenagon.html" ပါ။








Level 21
ကျွန်တော် ဒီမှာလည်း နည်းနည်း ထပ်ကြာသွားတယ်။ 1, 1, 2, 3, 5, 8, 13, 21, ... 10946 လို့ပေးထားတော့ တွက်ချက်စရာတွေ ပါလာပြီ။ 1, 1 ,2 ဆိုတော့ အရှေ့အလုံးနဲ့ အနောက် အလုံးပေါင်းရင် နောက်တစ်လုံး ထွက်ပါတယ်။ 1,1,2 မှာ 1 + 1 = 2. နောက်တစ်ခါ 1,2,3 မှာ 1+2 =3 ပါ။ ဒီလို အဆင့်ဆင့် တွက်သွားရင် 10946 က အဆင့် ၂၁ ဆင့်မြောက်ပါ။ သူ့အရှေ့က အဆင့် ၂၀ က 6765 ဒီတော့ အဲဒီနှစ်ခုပေါင်းရင် အဆင့် ၂၂ ကို ရတယ်။ 6765 + 10946 = 17711 . So the answer is "17711.html"
Special Thanks to Piyo and her brother.







Level 22
This is the last step of the puzzle. The clues are "Aoozy, Booyy, Cooxy,.. then Vooey". It's simple. ပထမဦးဆုံး စာလုံးက A ကနေ B နောက်ပြီး C အစဉ်လိုက်ပြောင်းသွားယ်။ စတုတ္ထမြောက် စာလုံးကတော့ Z To A ပြောင်းပြန် စီထားတာပါ။ ဒီတော့ Vooey ပြီးရင် Woody ပေါ့။ ဒါပဲ.. ထည့်လိုက်တော့ "Woody.html"



ကဲ ပြီးပြီဗျာ Congratulations!.. အဖွားကြီး ကနေတာကို ထိုင်ကြည့်ပေတော့ :D ကျွန်တော်လဲ တော်တော် လက်ညောင်းသွားပြီ :D. Special Thanks to Ko Myat Lone!

Here are direct links to each levels

Level 1
Level 2
Level 3
Level 4

Level 5
Level 6
Level 7
Level 8

Level 9
Level 10
Level 11
Level 12

Level 13
Level 14
Level 15
Level 16

Level 17
Level 18
Level 19
Level 20

Level 21
Level 22
Level 23

Read More...

Nov 9, 2007

Watch Live Network Cams!

ကျွန်တော်ရဲ့ ဘော်ဒါကြီး Ster.CPU က Google ကနေ inurl: ဆိုတဲ့ keyword ကိုသုံးပြီး Network Camera Server ရဲ့လင့်တွေကို ရှာတဲ့နည်းကို ပြပေးသွားတယ်။ တကယ်လဲကြည့်လို့ရပါတယ်။ တစ်ချို့ Camera ဆိုရင် Control လုပ်ပြီး ဟိုလှည့်ဒီလှည့် Zoom In/Out လဲလုပ်လို့ရတယ်။ များသောအားဖြင့်ကတော့ ကျောင်းတွေက လုပ်ထားတဲ့ Network
Camera တွေပါ။လူတွေ ဟိုသွားဒီသွားနေတာတွေ.. ကားတွေ လျှောက်မောင်းနေတာတွေ.. ဘာမှမရှိတဲ့နေရာကို အကြာကြီး ရိုက်ထားတာတွေ မြင်ရလိမ့်မယ်။ အကြာကြီးကြည့်ရင် ပျင်းလာနိုင်ပေမယ့် ခဏလောက်တော့ အပျင်းပြေ သဘော စမ်းကြည့်လိုက်ပေါ့။ တစ်ကြောင်းချင်းဆီကို ကူးပြီး Google မှာ ထည့်ပြီးရှာလိုက်ပါ။



inurl:"axis-cgi/mjpg"
- ဒါက Still ပုံတွေပါ။

inurl:"ViewerFrame?Mode="
inurl:"View/index.shtml"
inurl:"MulticameraFrame?Mode="
- ဒီသုံးခုက Motion ဖြစ်ပါတယ်။

ရှာရတာ ပျင်းတယ်ဆိုရင်တော့ ဒီမှာ ကျွန်တော် စမ်းကြည့်ထားတဲ့ Link နှစ်ခုသာ ၀င်ကြည့်ပေတော့။
>> Link 1
>> Link 2

Read More...

ကွန်ပြူတာကို အသေးစားရှင်းလင်းရေး လုပ်ရအောင်

Start > Run > Type "temp" > Press Enter
အဲဒီအထဲက ရှိသမျှ ဖိုင်တွေ အားလုံးကို Select All (Ctrl+A) ပေးပြီး ဖျက်ပါ။

Start > Run > Type "%temp%" > Press Enter
အဲဒီအထဲက ရှိသမျှ ဖိုင်တွေ အားလုံးကို Select All (Ctrl+A) ပေးပြီး ဖျက်ပါ။ (တစ်ချို့ဖိုင်တွေ ဖျက်လို့မရဖြစ်တတ်တယ်။ အဲဒါကိုချန်ပြီး ကျန်တာဖျက်လိုက်ပါ)

Start > Run > Type "prefetch" > Press Enter
အဲဒီအထဲက ရှိသမျှ ဖိုင်တွေ အားလုံးကို Select All (Ctrl+A) ပေးပြီး ဖျက်ပါ။

အဲဒါတွေက စက်သုံးတာ ကြာလာတာနဲ့ မလိုအပ်ပဲ ထွက်လာတဲ့ ဖိုင်တွေပါ။ အကုန်ရှင်းပစ်လိုက်ပြီး Disk Defragment လုပ်လိုက်ရင် စက် Performance အနည်းငယ် တက်လာပါမယ်။

Read More...

ဘယ်လိုလဲ?

စိတ်မကောက်ပါနဲ့ကွာ...
ဒါကိုလဲ ငါ ခဏခဏပြောရတယ်...
မင်းကလဲ နားမထောင်ချင်ဘူး...
ခက်တာက..
မင်းစိတ်ကောက်တာကလဲ..
လွန်လွန်းတယ်..

မင်းစိတ်ကောက်လို့ ..
ငါဘာတွေ ဖြစ်နေရလဲ မင်းသိလား..
ငါ့ အလုပ်တွေ ပျက်ရတယ်..
ညဖက်တွေ အိပ်မရဖြစ်နေရတယ်..
ကြာရင် လူလဲ ပိန်ချုံးပြီး ဂီလာန ဖြစ်တော့မယ်..

အမှန်အတိုင်း ၀န်ခံဆိုရင် ၀န်ခံပါတယ်..
ငါမင်းနဲ့ ဘယ်လိုမှ မခွဲနိုင်ဘူး..
ငါမင်းကို အရမ်းကိုမြတ်နိုးတယ်..
ဒါကို မင်းက သိလို့လဲ အခုလို အနိုင်ယူတာပေါ့..

မင်းကို စွဲလမ်းစေတတ်တဲ့
မင်းရဲ့ ပညာ..
မင်းရဲ့ အစွမ်းသတ္တိ..
အဲဒါကိုတွေကို..
ငါ သဘောလဲကျတယ်..
ကြောက်လဲကြောက်တယ်..

ဒီစာလေးကို ရေးနေတဲ့ အချိန်မှာတော့
မင်းက သဘောကောင်းနေပြန်ရော..
ဒီအတိုင်းပဲ အမြဲတမ်း နေသွားပါလားဟင်..
ကြည့်လေ...ငါ့မျက်နှာကြီး ပြုံးနေတာမမြင်ဘူးလား..

တစ်ဖက်နဲ့ တစ်ဖက် နားလည်နိုင်ရင်
အကောင်းဆုံးပေါ့..

ငါ့ဖက်ကတော့ ပြတ်သားတယ်..
တစ်သက်လုံး မင်းရှိမှဖြစ်မယ်..
မင်းကရော ဘယ်လိုလဲ..
ငါလခွီး Internet ရယ်.. :D

Rapster88
12:34 AM
Nov 9, 07

ဒီနေ့ရော.. မနေ့ညကပါ.. Connection တွေက စွတ်ပြီး ကောင်းနေလို့ အမှတ်တရ ရေးလိုက်တာပါ။ မကောင်းဘူးလို့ခံစားရပါတယ်။ ဖတ်ရတာ မကြိုက်ရင်လဲ Cbox ထဲမှာ ၀င်ဆဲသွားလို့ ရပါတယ်။ :D

Read More...

Nov 8, 2007

ဖိုးဝမှာ ကိုယ့် Blog ကို List လုပ်ထားမယ်


မြန်မာ Portal တစ်ခုဖြစ်တဲ့ ဖိုးဝ ရဲ့ Web Directory မှာ မြန်မာ Blog တွေရဲ့ Link တွေကို ထည့်လို့ရတယ် Feature ရှိပါတယ်။ List လုပ်ပေးထားတဲ့ Feature တွေအပြင် ကိုယ့် Link ကို ၀င်ကြည့်တဲ့ Hit, Ratings ကိုပါ ပြပေးမှာဖြစ်ပြီး ဖိုးဝ ရဲ့ Home Page မှာလဲ အလှည့်ကျ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Submit Your Blog
၁။ ဖိုးဝရဲ့ Web Directory ကို ၀င်လိုက်ပါ။


၂။ Page ရဲ့ ညာဖက် အပေါ်နားမှာ "Submit a Website" ကို ၀င်လိုက်ပါ။

၃။ Category ခွဲတဲ့ Page ကို ရောက်သွားပြီဆိုရင် "Myanmar" ကိုနှိပ်လိုက်ပါ။

၎။ Submit Form ကိုရောက်သွားရင်တော့ "Select a Sub-Category:" မှာ Blog လို့ရွေးလိုက်ပါ။ (** All fields are required ဖြစ်တဲ့အတွက် Fields တွေကို အကုန်ဖြည့်ပေးရပါမယ်။)

၅။ Link Name မှာတော့ ကိုယ့်ရဲ့ Blog နာမည်ပေါ့ (ဥပမာ. ကျွန်တော်ဆိုရင် ကျွန်တော့် Blog Title ဖြစ်တဲ့ R Blog..! ကိုထည့်ပါတယ်)။

၆။ Email ကိုတော့ ကိုယ့်ရဲ့ valid ဖြစ်တဲ့ mail address ကို ထည့်ပေးရပါတယ်။

၇။ URL နေရာမှတော့ Blog address ကို ထည့်ပေးပါ။

၈။ Description ကတော့ ကိုယ့် Blog ရဲ့ အကြောင်းကို စာလုံးရေ ၂၅၀ ထက် မပိုစေရပဲ ရေးပေးလို့ရပါတယ်။ (Zawgyi Supported)

၉။ Enter Code: ကိုတော့ အပေါ်မှ ပေါ်နေတဲ့ Security Code အတိုင်း ရိုက်ထည့်ပေးလိုက်ပြီး Submit ကို နှိပ်လိုက်ရင် ရပါပြီ။

၁၀။ Approve ကတော့ ၁ ရက် လောက်ပဲ အချိန်ယူပါတယ်။ Review လုပ်ပြီးတာနဲ့ သင့်တော်ရင် Approve လုပ်ပေးပါတယ်။


Read More...

Nov 7, 2007

Gmail Version အသစ်ထွက်နေပြီ!!

စက်တင်ဘာလထဲမှာကတည်းက သတင်းထွက်နေတဲ့ Gmail version အသစ်အကြောင်းကို ကျွန်တော် ရေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာ ၃၀ မှာတော့ Google ကနေ Gmail Version အသစ်ကို အချို့ User တွေကို ပေးသုံးခဲ့ ပါတယ်။ နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ user အာလုံးမှာ version အသစ်ရလာမှာဖြစ်ပါတယ်။ အကုန်လုံးက တစ်ပြိုင်တည်း မပေးတဲ့ရည်ရွယ်ချက်က version အသစ်ကို စမ်းသပ်စဲ ကာလဖြစ်နေလို့ပါ။ ဒီအတွက်လဲ bug အနည်းငယ်ရှိပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့တည်းက ကျွန်တော်စောင့်နေလိုက်တာ ဒီနေ့ ညနေကမှ ကျွန်တော် account က new version သုံးခွင့်ရသွားပါတယ်။ ကဲ.. GMail အသစ်မှာ ဘာတွေထူးခြားလည်း ကြည့်ရအောင်...

စပြီးထွက်တဲ့ ၃၀ ရက်နေ့ကတည်းက Google System ဆိုတဲ့ Blog က GMail အသစ်မှာ သိသိသာသာအပြောင်းအလဲ မပါဘူးလို့ဆိုထားပါတယ်။ တကယ်လည်းဟုတ်ပါတယ်။ သာမာန်သတိမထား မိဘူးဆိုရင် ကိုယ့် account အသစ်ဖြစ်သွားတာ သိချင်မှသိပါမယ်။

ပထမဦးဆုံးအပြောင်းအလဲက Login ၀င်ရင် ပုံမှန်ထက် နည်းနည်းလေးပဲ ပိုကြာပြီး "Loading" ဆိုတဲ့စာသားလေး နေရာပြောင်းသွားပါတယ်။ Login ၀င်တာ ကြာရတဲ့ အကြောင်းအရင်းကတော့ Prefetch ဆိုတဲ့ Feature အသစ်ကြောင့်ပါ။ Prefetch feature က mail တွေကို ကြိုပြီး loading လုပ်ပေးထားတဲ့အတွက် ဖွင့်ဖွင့်ချင်းမှာ မဆိုစလောက် အချိန်ကြာသွားပြီး inbox ထဲရောက်သွား တဲ့အခါမှာတော့ စာတွေကို ဖွင့်ကြည့်တဲ့နေရာမှာ အရင် version ထက်သိသိသာသာ မြန်သွားပါတယ်။ Old Version ကို ပြန်ပြောင်းချင်ရင်လဲ ပြောင်းလို့ရတဲ့ Link ပေးထားပါတယ်(ဒါပေမယ့် နောက်တစ်ခေါက်ပြန်ဝင်ရင် Version အသစ်နဲ့ပဲ ပြန်တက်မှာပါ။ မကြိုက်ရင် ထပ်ပြောင်းပေးရပါတယ်။)



ဒုတိယအပြောင်းအလဲက Page ရဲ့အောက်ဆုံးကို ဆင်းလိုက်ရင် Gmail View: ဆိုတာက အရင် version နဲ့မတူပဲ အ သစ်ဖြစ်သွားပါတယ်။ အရင် version မှာဆိုရင် Standard နဲ့ Standard without chat ကိုပြောင်းရင် Page တစ်ခုလုံး refresh ဖြစ်သွားပြီးမှ effect ဖြစ်ပြီး အခု version ကတော့ "Turn on/off chat" ကိုနှိပ်ရင် page refresh မဖြစ်ပဲ ဘယ်ဖက်က gmail chat ကပဲအပိတ်အဖွင့် လုပ်သွားပါတယ်။



တတိယအပြောင်းအလဲက Mail တွေပေါ်မှာ mouse pointer တင်ထားလိုက်ရင် contact manage ကိုလွယ်လွယ်ကူကူ လုပ်လို့ရတဲ့ feature ပါ။



စတုတ္ထကတော့ Contacts ကိုဝင်လိုက်ရင် Contact Manager လုံးဝ အသစ်ဖြစ်သွားတာပါ။

အသေးစား အပြောင်းအလဲလေးတွေကတော့ Settings > General > Change Picture ကိုဖွင့်လိုက်ရင် Upload ပုံစံအသစ်ဖြစ်သွားပါတယ်။ Google ရဲ့ Service တစ်ခုဖြစ်တဲ့ Picasa ကနေပုံတွေကို ခေါ်တင်လို့လဲရသွားပါတယ်။

ဘာတွေအားနည်းချက် ရှိသွားလဲဆိုတော့ Glite service တွေက Version အသစ်ပြောင်းသွားတဲ့ mail accout တွေကို ဖွင့်လို့မရပါဘူး Gmail Connection Error တက်ပါတယ်။ ဒီအတွက် MPT User တွေ connection ကျနေတဲ့အချိန်မှာ gmail ကို glite ကနေ ၀င်လို့မရတော့ပါဘူး (Glite ကတော့ ဒီရက်ပိုင်းအတွင်း ပြင်ပေးမယ်လို့ဆိုပါတယ်)။ Mozilla Firefox 2 နဲ့ IE 7 ပဲ Version အသစ်က support လုပ်ပါသေးတယ်။ Firefox 1.5 or IE 6 နဲ့ဆိုရင် အရင် version အဟောင်းပဲပြန်တက်လာပါတယ်။

အားလုံးကိုချုံပြီးပြေရမယ်ဆိုတော့ Version အသစ်က တော်တော်ကို မိုက်ပါတယ်။ Login ၀င်ဝင်ချင်း နောက်ပြီး Inbox ကနေ Chats or Settings လိုမျိုး တစ်ခုခုကို ပထမဦးဆုံးအကြိမ်နှိပ်မယ်ဆိုရင်တော့ နည်းနည်းလေး စောင့်ရပြီး နောက် ပိုင်းမှာတော့ သွက်သွားပါတယ်။ Version အသစ်မရသေးရင်လည်း ခဏပဲ စောင့်ရမှာပါ။ နောက်ပိုင်းမှာ အကုန်လုံး version အသစ်ဖြစ်သွားပါလိမ့်မယ်။ Google System မှာရေးထားသလို Setting ထဲက Language ကို "US" လို့ ပြောင်းလိုက်ရင် version အသစ်တက်တယ်ဆိုတာ မဟုတ်ပါဘူး။

Read More...

Nov 6, 2007

Back to old days with Nintendo Games!

Mario ကစားဖူးလား?? ကစားဖူးတာပေါ့ ဟုတ်တယ်မလား ဒါဆို Contra ရော? နောက်ပြီး Double Dragon နဲ့ Battle City ဒါတွေရော ဟိုးအရင် ကလေးဘ၀တုန်းက မက်မက်မောမာ ကစားခဲ့ဖူးတယ်မဟုတ်လား?? အဲဒါတွေက Nintendo games တွေလေ ဒီမှာကတော့ Family Game လို့ခေါ်ကြတယ်.. ကဲ.. အခုလူကြီးဖြစ်တော့မှ ထပ်ပြီး ကစားချင် တယ်ဆိုရင် အောက်မှသာဖတ်ပေတော့ ;) ။

အရင်ဆုံး Emulator လို့ခေါ်တဲ့ application လေးကို အရင် install လုပ်ရတယ်။ ဒါမှ Nintendo games လေးတွေကို ကစားလို့ရမှာ။ Emulator ထဲမှာ ကျွန်တော်က Nestopia ကို သဘောကျတယ်။ Interface ကရှင်းတယ်လွယ်တယ် Function စုံတယ်, Joypad နဲ့တွဲဆော့လဲရတယ် Save မှတ်လို့လဲရတယ် Cheat လုပ်ဖို့လဲလွယ်တယ် Vista မှာလဲ run ပါတယ်။ စမယ်..

Download Nestopia, Nintendo Emulator
၁။ ဒီကို(vimm.net) အရင် ဆုံးဝင်လိုက်ပါ။ Page ရဲ့အလည်မှာ Emulation Lair ထဲကို ထပ်ဝင်ပါ။
၂။ Nestopia ကိုတွေ့ရင် Windows အတွက် အပေါ်က "Download" ကိုနှိပ်ပြီး Mac အတွက်ဆိုရင် အောက်က button ကိုနှိပ်ပါ။
၃။ Nestopia ကို install လုပ်လိုက်ပါ။ လွယ်ပါတယ် next တွေသာဆက်တိုက်နှိပ်သွားရင် ရပါပြီ။
၎။ Install လုပ်ပြီးလို့ Desktop ပေါ်မှာရော Start Menu မှာပါ Nestopia ကို မတွေ့ရင် "C :\Program Files\NES\Nestopia\nestopia.exe" ကို short cut ထုတ်လိုက်ပါ။

Download Games
၁။ Vimm ရဲ့ page ဘယ်ဖက်မှာ "The Vault" ထဲကိုဝင်ပါ။
၂။ အ၀ိုင်းလေးတွေထဲက ဘယ်ဖက်က "Nintendo" ကို နှိပ်လိုက်ပါ။
၃။ ဒါဆိုရင် game တွေရဲ့ download page ကိုရောက်ပါပြီ။ အပေါ်နားက "# A B C D " ကနေ Alphabet အလိုက်သွားလို့ရသလို Search ကိုသုံးပြီး လိုချင်တဲ့ game ကိုရှာလဲရပါတယ်။
၎။ Download ချင်တာကို click နှိပ်ပြီး နောက် page ရောက်ရင် "Download" သာထပ်ပြီးနှိပ်လိုက်ပါ။ အဲဒီ page မှာတော့ game ရဲ့ information တစ်ချို့နဲ့ cheat ရှိရင် cheat တွေရေးထားပါတယ်။
၅။ Download ပြီးရင် zip ဖိုင်ကို Win Zip or Win RAR သုံးပြီးဖြည်လိုက်ပါ။

Load game into NES
၁။ Nestopia(NES) ကို run ပါ။
၂။ Click File > Open ကနေ download လုပ်ထားတဲ့ game ဆီကို browse လုပ်သွားလိုက်ပါ (Game တွေက .nes extension format ဖြစ်တာများတယ်)
၃။ Game load ဖြစ်သွားရင် ကစားလို့ရပါပြီ :)



A few configs in NES
၁။ Click Options> Preferences > ပြီးရင် File Association ထဲက .nes, .unf တွေကို အကုန်လုံး check ပေးလိုက်ပါ။ ဒါဆိုရင် File ကနေ browse လုပ်စရာမလိုပဲ game ကို double click ပြီး တစ်ခါတည်း run လို့ရပါတယ်။



ကဲ ဒါပါပဲ။ ကျန်တဲ့ Settings တွေအားလုံးက Options အောက်မှာရှိပါတယ်။ အဲ..တစ်ခုတော့ မှာလိုက်ပါရစေ.. ကလေးဘ၀က game တွေကို ရုံးမှပြန်ဆော့လို့ ငယ်သွေးပြန်ဝင်ပြီး ပါးစပ်ကနေ ငယ်ငယ်က အော်သလို ပြန်အော်မိတဲ့အခါ ဘေးက လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်သူငယ်ပြန်သွားပြီလို့ထင်ရင်တော့ ကျွန်တော်တာဝန် မယူနိုင်ဘူးနော်.... :D

>> Vimm Homepage

Read More...