iPods တွေက ကောင်းပါတယ်.. Design, Sound Quality ကအစအကုန်ကိုအဆင်ပြေတယ်.. အဆင်မပြေတာက software.
iPod ထဲကိုသီချင်းထည့်ချင်ရင် အရင်ဆုံး iTunes ကိုထည့်ရတယ်..
ကျွန်တော်ကအဲဒီလိုမလုပ်ချင်တာနဲ့  Internet ပေါ်မှာရှာကြည့်တယ်..
ပထမအနေနဲ့  Yamipod ဆိုတာကိုသွားတွေ့ တယ်.. သူ့ အဓိကအားသာချက်တွေက
· ဈေးနှုန်းက FREE
· iPod ထဲကသီချင်းတွေကို ပြန်ထုတ်လို့ ရတယ်..
· iTunes အသစ်ထွက်တိုင်း Yamipod ကလဲအသစ်ထွက်တယ်.. လက်ရှိက iTunes က 7.3.1 .. Yamipod က 1.5
အားနည်းချက်တွေကတော့
· Album Artwork မရသေးဘူး.. နောက်တော့ရမယ်လို့  Developer ကပြောထားတယ်
· iTunes version အသစ်ထွက်တိုင်းသူ့ ကိုလိုက်ပြီး update လုပ်ပေးရတယ်..
· WMA သီချင်းတွေကို ထည့် လို့ မရဘူး.. Converter လဲမပါဘူး.
ဒီရက်ပိုင်းလေးတင်ကပဲနောက်တစ်ခုတွေ့ တယ်… Floola တဲ့ . Yamipod လို ပါပဲ… Yamipod ထက်သာက Album Artwork ရတယ်.နောက်တော့မှသေချာလေ့လာပြီးဘယ်ဟာကောင်းလဲထပ်ရေးမယ်…
လက်ရှိတော့နစ်ခုလုံးကို သုံးနေတယ်.
Ps. Yamipod stands for Yet Another iPod Manager
External links:
· Yamipod
· Floola
|